DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, March 29, 2011

ရှမ်းပြည်မြောက်ပိုင်းတွင် တပေါင်းပွဲများ ကျင်းပ


ရှမ်းပြည်မြောက်ပိုင်းတွင် တပေါင်းပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ နမ့်ခမ်းမြို့နယ် မြို့ပေါ်၌ တပေါင်းပွဲကျင်းပခွင့်မရှိဘဲ ကျေးရွာများတွင်သာ ကျင်းပခွင့်ရှိကြောင်းသိရှိရပါသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုန်နှင့် အခြားသော မြို့နယ်များတွင် တပေါင်းပွဲများကို မတ်လ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ယခုနှစ် တပေါင်းပွဲတွင်မူ မန်အောင်မြို့နယ်တွင် ယခင်နှစ်များကဲ့သို့ စည်ကားမှုမရှိဘဲ နမ့်ဆန်မြို့တွင်သာ စည်ကားမှုရှိကားမှုရှိပါသည်။ နမ့်ဆန်မြို့နယ် တပေါင်းပွဲမှာ စည်ကားသော်လည်း ကုန်ဈေးနှုန်းများ ကြီးများမှုကြောင့် ဈေးရောင်းကုန်များ ရောင်းရခြင်းမရှိဘဲ ဈေးသည်များမှာ လက်ကျန်ကုန် များစွာကျန်ရှိနေကြပါသည်။ နမ့်ခမ်းမြို့နယ်ပေါ်တွင်မူ တပေါင်းပွဲအား ကျင်းပခွင့်မရရှိသောကြောင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်အောင်ကျေးရွာတွင်သာ ကျင်းပပြုလုပ်နေကြရကြောင့် နမ့်ခမ်းမြို့ခံတစ်ဦးမှ ပြောပြခဲ့ပါသည်။

တပေါင်းပွဲကို မန်အောင်ကျေးရွာတောင်ပေါ်အထိသွားရတာ ခရီးတော့ အရမ်းဝေးတယ်။  ဒါပေမယ့် နမ့်ခမ်းမြို့ပေါ်မှာ တပေါင်းပွဲကို အစိုးရက မပေးလုပ်တာ အတော်ကြာနေပြီဆိုတော့ နှစ်တိုင်းလိုလို မန်အောင်ကိုပဲသွားရတယ်လေ မန်အောင်တပေါင်းပွဲကလည်း နှစ်တိုင်းလိုလို လူစည်ကားတယ်။  ဒီနှစ်တော့ လူမစည်နိုင်တော့ဘူး

ပစ္စည်းတွေအရမ်းပိုနေတယ်၊ မနှစ်ကလောက်ရောင်းမကောင်းတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် ရွှေလီရေအားလျှပ်စစ်မီးရဖို့အတွက် လူတွေက ပိုက်ဆံတော်တော်လေးကုန်နေလို့ ပစ္စည်းတွေသိပ်မဝယ်ဘူး။ ပြီးတော့ ဈေးသည်တွေလည်း အလုအယက် ဈေးရောင်းတော့ ရောင်းမကောင်းတော့တာ။ ကွမ်းတောင့်ကို မနှစ်ကဆိုရင် တအိမ်ကို ၄- ငါးပိဿာလောက်ဝယ်ကြတယ်။ ဒီနှစ်တော့ ၁ -၂ပိဿာဘဲဝယ်တော့တယ်။ တပေါင်းပွဲမှာဆိုရင် ကွမ်းတောင့်၊ ငါးချဉ်၊ ဝက်သားချဉ်၊ ပုဇွန်ချဉ်၊ ပေါင်းတင်းဝါးမုန့်၊ မီးဖိုချောင်သုံးပစ္စည်းတွေကိုရောင်းချတယ်။ ကွမ်းတောင့် တစ်ပိဿာ ၇၅ဝဝကျပ်၊ ငါးချဉ်ကိုတစ်ပိဿာကို ၅ဝဝဝကျပ် ဈေးရောင်းနေတယ်။  ငါးချဉ်ဆိုရင် နမ့်ဆန်မှာ တိုက်ရိုက်မရဘူး။ ကျောက်မဲမြို့ လားရှိုးမြို့ကလူတွေ လာရောင်းကြပြီး ကွမ်းတောင့်ကိုကျတော့ နမ့်ခမ်းဘက် တဆင့်ဝယ်ပြီး ရောင်းကြတယ်။ ကလေးကစားစရာတွေနဲ့ အိမ်သုံးပစ္စည်းတွေဆိုရင် လားရှိုးဘက်ကသယ်လာရောင်းတာမို့ ဈေးနှုန်းကိုတဝက်တင်ပြီရောင်းတယ်။ လူတွေက သိပ်ပြီးမဝယ်ဘူး၊ နည်းနည်းပါးပါးတော့ဝယ်တယ်။ ဈေးကြီးလို့ပြီးတော့ ဒီနှစ်တော့ပိုက်ဆံသိပ်မရှိကြဘူး ဟု နမ့်ဆန်ဈေးသည်တဦးက ပြောပြခဲ့ပါသည်။

မန်အောင်တပေါင်းပွဲအတွင်းတွင် ဘုန်းကြီးကျောင်း၌ တရားပွဲလုပ်လေ့ရှိပြီး သက်ကြီးရွယ်အိုများမှာ တရားပွဲသို့သာ သွားလေ့ရှိကြပါသည်။ နေ့ခင်းပိုင်းတွင်မူ လာရောက်ကြသည် ဧည့်သည်များအားမန်အောင်ရွာ တပေါင်းပွဲ လူအိုတွေဘုရားရှိးနေစဉ် ဘုန်းကြီးကျောင်းဝေယျာဝစ္စအဖွဲ့မှ အကျွေးအမွေးဖြင့်ဧည့်ခံပြီး ညနေပိုင်းတွင်မူ ရံပုံငွေရှိရန်အတွက် ပြဇတ်နှင့် စတိတ်ရှိုးကို စိတ်ဝင်စားသည့် လူငယ်များ လာကြကြောင်း သိရှိရပါသည်။ ထိုနည်းတူစွာဖြင့် နမ့်ဆန်တပေါင်းပွဲတွင် အဘိုးအဘွားများသည် နေ့လည်တရားနာပြီး ညနေပိုင်းတွင် မိမိအိမ်သို့ ပြန်သွားကြပါသည်။ အကျွေးအမွေးပြုလုပ်လေ့မရှိချေ။

မန်အောင်တပေါင်းပွဲ နေ့ခင်းပိုင်းတွင် သက်ကြီးရွယ်အိုများ ဘုန်းကြီးကျောင်းမှာ တရားသွားနာကြတယ်။ ပြီးတော့ ဝေယျာဝေစ္စအဖွဲ့တွေက ဧည့်သည်တွေကို အစားအသောက်နှင့် ဧည့်ခံကျွေးမွေးကြတယ်။ နေ့လည်လောက်ဆိုရင် ပွဲခင်းမှာတော့လေ လူမရှိသလောက် နည်းပါးတယ်။ ဒါပေမယ့် ညနေလောက်ဆိုရင်တော့ ပွဲခင်းမှာ ရွာရံပုံငွေရရှိဖို့ဆိုပြီး စတိတ်ရှိုးနဲ့  ပြဇာတ်၂ခု လုပ်ထားတော့ မန်အောင်ရွာနဲ့ အနီးဆုံးနဲ့ နမ့်ခမ်းမြို့ပေါ်က လူငယ်တွေက စိတ်ဝင်စားပြီး လာကြပါတယ်ဟု ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။

မန်အောင်တပေါင်းပွဲအတွင်းတွင် အရက်ဆိုင်နှင့် လောင်းကစားဝိုင်းများမှာ လူအများဆုံးဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းလည်း မြို့ပေါ်ထက် တ၀က်ဈေးတင်ရောင်းသော်လည်း အလုအယက်ဝယ်ယူနေကြသည်ဟု နမ့်ခမ်း တပေါင်းပွဲ သွားရောက်ခဲ့သူ တစ်ဦးမှ ပြောပြခဲ့ပါသည်။

လောင်းကစားဝိုင်းမှာဆိုင်ရင် မနက် ၈မှ ညနေအထိ လူတွေများတယ်။  အစားအသောက်တွေလဲအရမ်းဈေးကြီးတယ်၊ ဘီယာ၁ပုလင်းကို ကျပ် တစ်ထောင်(၁၀၀၀) အထိ ရောင်းတယ်၊ ခါတိုင်းဆိုရင် ၇ဝ၇ကျပ်ဘဲ ရောင်းတာ။ ဈေးကြီးလဲ ဂရန်းအရက်၊ ဘီယာ၊ အကင်တွေဆိုရင် ရောင်းကောင်းလွန်းလို့ တခါတခါ မြို့ပြေးပြီးပြန်ဝယ်နေရတယ်။ ညညလူများလွန်လို့ ဆိုင်တွေမှာထိုင်စရာနေရာတောင် မရှိတော့ဘူး။ ဈေးသည်တွေကတော့ ကုန်ဈေးနှုန်းတွေကို မြို့ပေါ်က တဝက်နှုန်းနီးပါးတင်ပြီ ရောင်းကြတယ်

ယခုနှစ် နမ့်ဆန်တပေါင်းပွဲတွင် ဈေးသည်များ အလွန်များသောကြောင့် တချို့သောဈေးသည်များမှာ ဈေးရောင်ရန် နေရာပင်မရရှိလိုက်ကြပေ သို့သော်လည်း အရင်နှစ်များကဲ့သို ဈေးရောင်းမကောင်းသည့်အတွက်ကြောင့် ဈေးသည်များမှာ လက်ကျန်ကုန်ပစ္စည်းများစွာ ကျန်ရှိကြကြောင်း သိရှိရပါသည်။


0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger