DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, March 19, 2011

ပလောင်ဒေသတွင် အလုပ်ရှားမှုကြောင့် တရုတ်ပြည်နှင့် အခြားသော ဘိန်းခြံအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်နှင့် အခြားသော မြို့နယ်ရှိကျေးရွာများမှ ရွာသူရွာသားများသည် အလုပ်အကိုင်ရှားမှုကြောင့် စားဝတ်နေရေးခက်ခဲသည့်အတွက် တရုတ်ပြည်ရှိ ရွှေလီနှင့် ကျယ်ကောင်ဘက်တွင် သာမက တခြားဘိန်းခြံစိုက်ပျိုးသည့် မြစ်ကြီးနား၊ တာချီလိတ်၊ တာမိုးငဲနှင့်အခြားသော ဘိန်းစိုက်ပျိုးသည့်နေရာများတွင် သွားရောက် အလုပ်လုပ်နေကြကြောင်း သိရှိရပါသည်။

“ကျမတို့ဆီမှာ အလုပ်တွေ သိပ်မဖြစ်ဘူးလေ။ အလုပ်က လက်ဖက်ပေါက်၊ အုတ်ခဲလုပ်တဲ့အလုပ်တွေလောက်ပဲ ရှိတယ်။ အဲတာတွေ လုပ်ရင် တစ်နေ့ကို လုပ်အားခက ၁၅ဝဝကျပ်ပဲရတယ်။ ပြီးတော့ ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ်လာရတယ်။ ကျမတို့အတွက်နဲ့ သိပ်ပြီး မကိုက်ဘူးလေ။ ပြီးတော့ ကုန်ဈေးနှုန်းလည်း အရမ်းကြီးတယ်။ ကုန်ဈေးနှုန်းက ဘာမဆို ဈေးတက်ကုန်ပြီ။ ကျမတို့ ရတဲ့ လုပ်အားခနဲ့ တစ်နေ့ တစ်နေ့ မိသားစု စားဝတ်နေရေးနဲ့ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ တရုတ်ပြည်မှာဆိုရင် အလုပ်လုပ်အမျိုးမျိုးရှိပါတယ်။ ကြံခုတ်တဲ့အလုပ်လား။ ပန်းရံအလုပ်လား။ ပန်းရံအလုပ်တောင်မှ စရိတ်ငြိမ်ဆိုရင် ယွမ် ၆ဝမှ ၈ဝအထိရတယ်။ ဒါတောင်မှ အေးအေး ဆေးဆေးလုပ်တယ် ဒီလောက်ရတယ်။  ကြံခုတ်တယ်ဆိုရင်လည်း တစ်ရက်ကို အနည်းဆုံး ၅ဝရတယ်၊ ၁၅ရက်နေ့ ၁၆ရက်နေ့တုန်းဆိုရင် ကျေဖိုင်မှာ လူ ၃၀ကျော်ထပ်တက်လာတယ်။ လူကတော့ အဆက်မပြတ်တော့ တက်လာဦးမှာပဲ”ဟု နမ့်ဆန်မြို့နယ်ရွာသူတစ်ဦးမှ ပြောပြခဲ့ပါသည်။

ဘိန်းခြံမှာ သွားရောက်လုပ်ကိုင်စားသောက်မှသာလျှင် စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်သည်ဟု သိရရှိရပါသည်။ သာမန်လက်လုပ်လက်စားသူများသည် ကျေးရွာတွင် အလုပ်သမားအဖြစ် လုပ်ကိုင်စားသောက်မည်ဆိုလျှင် စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိသည်ဟု ဘိန်းခြံသွားရောက် လုပ်ကိုင်သူတစ်ဦးမှ ပြောပြခဲ့ပါသည်။

“ကျမတို့ ရွာမှာဆိုရင်လေ လူမရှိသလောက်ပဲဖြစ်နေတယ်။ အရမ်းကို ခြောက်ကပ်နေတာပဲ။ အိမ်စောင့်တဲ့ လူအိုးတွေပဲ ရှိတော့တယ်။ အလုပ် လုပ်နိုင်တဲ့အရွယ်ဆိုရင် ခရီးတွေထွက်ကြကုန်တယ်။ ရွာမှာနေလဲ အလုပ် မဖြစ်ဘူးလေ။ အလုပ်တွေလည်း သိပ်မရှိ။ ရှိတဲ့အလုပ်လဲ လက်ဖက်ခြံပေါက်အလုပ်တွေပဲလေ။ လက်ဖက်ခြံ ပိုင်ရှင်တွေဆိုရင် ပိုဆိုးရောပေါ့။ ဝင်ငွေမရှိဘဲ ထွက်ငွေတွေပဲရှိတော့ တချို့ဆိုရင် လက်ဖက်ခြံတွေ မပေါက်တော့ဘဲ ဘိန်းခြံသွားကြတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန်တက်တာလည်း ပါတယ်။ ရတဲ့ပိုက်ဆံနဲ့ စားဝတ်နေရေးအတွက် မလုံလောက်ဘူး။ တရုတ်ပြည်ဘက်မှ အလုပ်တွေ သွားလုပ်ကြတယ်။ ဘိန်းခြံလုပ်တယ်ဆိုရင် ပိုက်ဆံ အရမ်းရလာတယ်။ အခုအချိန်ဆိုရင် ဘိန်းခြစ်တဲ့အချိန်။ ဘိန်းခြစ်တဲ့အချိန်ဆိုရင် ပိုက်ဆံပိုရတယ်။ တချို့သဘော ကောင်းတဲ့အလုပ်ရှင်ဆိုရင် ဘိန်းရွက်ပေါ်က ဘိန်းကို အလကားတောင် ပေးယူတယ်။ ဘိန်းခြံက ပြန်လာတယ်ဆိုရင် ဘိန်းခြစ်တဲ့ရာသီ မဟုတ်ဘူးနော်။ တစ်ယောက်ကို အနည်းဆုံးပိုက်ဆံ ခြောက်သိန်းကနေ ရှစ်သိန်းကြား ပိုက်ဆံရလာတယ်” ဟု ရွာသူတစ်ဦးမှ ပြောပြခဲ့ပါသည်။
  source: PWO

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger