DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, March 18, 2011

သီပေါတံတားအသစ် ဖွင့်လှစ်ပွဲ ပြည်သူများ ဒုက္ခရောက်




ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ရှိ သီပေါတံတားသစ်ဖွင့်ပွဲကို မတ်လ(၆)ရက်နေ့တွင် ပြုလုပ်ကျင့်ပခဲ့ပါတယ် ၄င်းတံတား ဖွင့်လစ်ပေး သည့် လက်ရှိစစ်အစိုးရသစ် နိုင်ငံတော် ဒုသမ္မတ တင်အောင်မြင့်ဦးကို ကြိုဆိုရန်အတွက် ဒေသခံတိုင်းရင်းသား များနှင့်ကျောင်းသား များကို အမိန့်ထုတ်ထားခဲ့ကြောင်းသိရသည်။


“လူကြီးကြိုဖို့ဆိုပြီး ကျောင်းသား၊သူ များကိုနေစဉ်အကတွေတိုက်ခိုင်းပြီး၊ ပြည်သူတွေကိုလည်း လူကြီးကြိဖို့ မလာမနေရ အမိန့်ထုတ် ထားတယ် တိုင်းရင်းသားဝတ်စုံတွေဝတ်ခိုင်းပြီး တချို့ဗမာတွေကို ဓနုရိုးရာ၊ တချို့ရှမ်းတွေကို တအာင်း(ပလောင်) ရိုးရာဝတ်စုံ၊ လီဆူရိုးရာဝတ်စုံတွေကို ဝတ်ခိုင်းတာတွေ တွေ့ရှိရတယ်”လို့ ဒေသခံပြောပြချက်အရသိရပါတယ်။

ဒါ့အပြင် လူကြီးခရီးစဉ်ဆိုပြီးအခြားမြို့နယ်မှ ရဲများ၊ယဉ်ထိန်းများရောက်လာပြီး တည်းခိုးခန်းတွင် အတင်းအဓမ္မ လာအိပ်ကြတယ် မန်နေဂျာကခွင့်မပြုသော်လည်းသူတို့က ခွင့်မပြုလည်းအိပ်မှာပဲ ကြိုက်တဲ့နေရာတိုင်ဆိုပြီးအိပ်ကြတယ်  ရဲနှင့် ယဉ်ထိန်းပေါင်း (၂၂)ရောက် ဆိုတော့အခြားဧည့်သည် များတောင်လက်ခံလို့မရတော့ဘူးလို့ဆိုပါတယ်။

ဖွင့်ပွဲမတိုင်ခင် မတ်(၄)ရက်ကတည်းက  သီပေါမြို့အတွင်းလမ်းဘေးဈေးသည်များ၊ လင်ပန်ခေါင်းပေါ်ရွက်ပြီး မြို့ပတ်ဈေးရောင်းနေ သည့်ဈေးသည်များအား ဖွင့်ပွဲမပြီးမချင်းဈေးမရောင်းရဘူးလို့ အာဏာပိုင်များ ကတားမြစ်ထားသည်။

ဈေးသည်တစ်ဦးပြောပြချက်အရ “ ဈေးရောင်းမှထမင်းစားရတယ် ပြီးတော့ ငွေအတိုးယူပြီးလုပ်စား နေရတယ် ဒါကိုသူတို့က လူကြီးခရီးစဉ် ရှိတယ်လို့အကြောင်းပြပြီးဈေးမရောင်းခိုင်းတော့ ကျမတို့က ဘာစားတောမှာလဲ” လို့ပြောကြားခဲ့သည်။

သီပေါတံတားသည် အေးရှာဝေါလ်ကုမ္မဏီမှ ဦးဆောင်ဆောက်လုပ်ထားသောတံတားဖြစ်ပြီး တံတား အလုပ်သမားများမှာ မနက် (၇)နာရီကနေ ညနေ(၆)နာရီအထိအလုပ်လုပ်နေကြသော်လည်း တစ်နေ့လျှင် ကျပ်ငွေ(၁၅၀၀)ခံစားခွင့်ရှိကြောင်း သိရသည်။
 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger