DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, March 19, 2011

ရှမ်းပြည်မြောက်ပိုင်းတွင် ဆားဈေးများ မြင့်တက်

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် ယခင်နှင့်မတူ ဆားဈေးများ အဆမတန် ထိုးတက်လာခဲ့ပြီး ဝယ်ယူ၍ မရရှိနိုင်သည့်အခြေအထိပင် ဖြစ်နေကြောင်း သိရှိရပါသည်။
ပုံမှန်အားဖြင့် ဆားတစ်ပိသာထုပ် တစ်ထုပ်လျှင် ငါးရာကျပ်ရှိသော်လည်း ပြီးခဲ့သည့်နေ့တွင် တစ်ထောင်ငါးရာကျပ်မှ တစ်ထောင့်ခြောက်ရာ ကျပ်အထိ ဈေးတက်သွားခဲ့ပြီး ယနေ့နံနက်တွင်မူ ဆားတစ်ပိသာလျှင် နှစ်ထောင်ကျပ်အထိ ဈေးတက်သွားကာ ဝယ်ယူ၍မရနိုင်တော့သည်အထိ ဖြစ်သွားခဲ့ပါသည်။ ယခင် ဆားအိတ်ကြီး တစ်အိတ်လျှင် နှစ်သောင်းငါးထောင်ကျပ်ရှိပြီး ယခုအခါတစ်အိတ်လျှင် တစ်သိန်းအထိ ဈေးတက်သွားပါသည်။ တရုတ်ဆားများမှာမူ တစ်ထုပ်လျှင် တစ်ယွမ်ခွဲမှ ယွမ် တစ်ဆယ်အထိ ဈေးတက်သွားခဲ့ပါသည်။
ရှမ်းပြည်မြောက်ပိုင်းအတွင်း ရှမ်းပြည်တပ်မတော် နှင့် နအဖ တပ်တို့ တိုက်ပွဲများ အဆက်မပျက် ဖြစ်နေသောကြောင့် ယခုကဲ့သို့ ဆားဈေးများ နေ့ခြင်းညခြင်း အဆမတန် ထိုးတက်လာရခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးမှ ပြောပြခဲ့ပါသည်။

" အခုရက်ပိုင်းမှာ တိုက်ပွဲတွေက အဆက်မပျက်ဖြစ်နေတော့ ဆားဈေးတွေက အရမ်းပဲတက်နေတယ်။ အရင်က ဆားတစ်ပိဿာထုပ် တစ်ထုပ်မှ ငါးရာပဲပေးရတာ မနေ့တုန်းကဆိုရင် ထောင်ငါး၊ ထောင့်ခြောက်ရာအထိပေးရတယ်။ အဲ့ဒါတောင် လိုချင်ရင် မြို့ပေါ်မှာ တက်ဝယ်မှရတာ ရွာမှာဆို ရှိတောင်မရှိတော့ဘူး။ ဈေးသည်တွေကလည်း ရောင်းရမှန်းသိတော့ ဈေးတွေအရမ်းတင်ရောင်းတာ ကြောက်ဖို့တောင်ကောင်းတယ်။ ဆားတစ်ထုပ်ကို ထောင့်ငါးရာ ထောင့်ခြောက်ရာဆိုတဲ့ဈေးက တစ်ခါမှမကြားဖူးတဲ့ဈေးပဲ ဒီနေ့မနက်ဆိုရင် နှစ်ထောင်အထိတောင်ရောက်သွားတယ်။ တရုတ်ဆားတွေဆိုရင် တစ်ထုပ်မှ တစ်ယွမ်ခွဲပဲ၊ အခုဆိုရင် ဆယ်ယွမ်တောင်ပေးရတယ်"

ထို့ပြင် ဂျပန်နျူကလီးယား ဓါတ်ရောင်ခြည်သင့်သည့်ပြဿနာကြောင့် ယခုကဲ့သို့ ဆားဈေးများ တက်လာရခြင်းဖြစ်တယ်လို့လဲ ဒေသခံတစ်ဦးမှ ထပ်မံပြောပြခဲ့ပါသည်။
" ဆားဈေးတွေက အရမ်းတက်တယ်ဗျ ဂျပန်က နျူကလီးယားဓါတ်ပေါင်းဖို ပေါက်တော့ နျူကလီးယား ဓါတ်ရောင်ခြည်သင့်လို့ ဆားတွေရှားလာလိမ့်မယ်ဆိုပြီးတော့ အခုလိုတက်လာတာပဲ ပြီးတော့ MRTV မှာလဲ ဆားဈေးတွေတက်မယ်လို့ကြေညာတော့ မနေ့တုန်းကဆိုရင် လူတွေက ဆားကိုအလုအယက်ပဲ ဝယ်ကြတော့တာ ဒါပေမဲ့ ဒီမနက်တော့ ဝယ်တာသိပ်မတွေ့တော့ဘူး ဘာဖြစ်လို့လဲဆိုတော့ ဆားဈေးတွေက အရမ်းကြီး ဈေးကြီးလွန်းတဲ့အခါကျတော့ လူတွေက မဝယ်နိုင်ကြတော့ဘူးလေ "
  source: PWO

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger