DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, March 26, 2011

ငလျင်ဒဏ်ကြောင့် အိမ်ခြေ ရာချီပျက်စီး အကူအညီမလုံလောက်

သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ်ခွဲ အတွင်း ဗဟိုပြု လှုပ်ခဲ့သည့် ငလျှင်ကြောင့် အိမ်ခြေ ရာချီပျက်စီးပြီး လူတစ်ရာကျော်သေဆုံးကာ ဒဏ်ရာရရှိသူလည်းအများအပြားရှိကြောင်းကြားသိရ ပါ သည်။“အကူအညီတော့ ရှိတယ် ဒါပေမယ့်မလုံလောက်ဘူး ကိုယ့်ဟာကိုဘဲလုပ်ရတာ၊ ဌာနဆိုင်ရာအခိျု့လာတယ်။ UN နဲ့ NGO တို့လာတယ်။ ဆေးတို့ သောက်ရေတို့ စားစရာခေါက်ဆွဲခြောက်တို့ဘာတို့တော့ လာပေး တယ်။အဆောက်အဦး ပျက်အောက်မှာ ပိနေသေးတာလဲ အများကြီးဘဲ” - တာချီလိတ်မြို့နေ တာလေဇာတိ အမျိုးသားတဦးကပြောပါသည်။
မတ်ခ်ျ ၂၄ ရက် ညဉ့်ဦးပိုင်းမှ စတင်လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တာလေမြို့နယ်ခွဲ မြို့ပေါ် ရပ်ကွက်အပျက်စီးများ သကဲ့သို့ မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းနောက်၊ မိုင်းလင်းရှေ့၊ မိုင်းလင်းအတွင်း၊ မိုင်းလင်းအပြင်၊ ဝမ့်လုံ၊ လန့်တောင်း၊ မတ်ကိုင်းယွန်း၊ မတ်အန့်ခန် နှင့် လားဟူဂျကူးနီရွာ တို့ဘက်တွင် အပျက်စီးသေကျေဒဏ်ရာရသူ ပိုမိုများပြား ကြောင်း ဆိုဒ်အတွင်းသွားရောက်ခဲ့သည့် ပုဂ0x081ဂိုလ်တဦးက ဤကဲ့သို့ပြောပြပါသည်။“မိုင်းလင်းနဲ့ တာလေမှာ လမ်းဘေးဝဲရာ နှစ်ထပ်တိုက် သုံးထပ်တိုက်တွေ ပြားနေအောင်ကို ပြိုကျကုန်တယ်။ တာလေတံတား ထိပ်နှစ်ဘက်လုံး တစ်လံလောက်မြေရှုံသွားတယ်၊ ပင်မတံတားတော့မကျိုးဘူး၊ နားယောဝ်း တံတားတော့ အပေါက်အပြဲတွေဖြစ်ကုန်တယ်၊ မွန်းလွဲပိုင်း ၂ နာရီတုန်းကလောက်အထိ မိုင်းလင်းမှာဆို အလောင်း တွေ ၈-၉ လောင်းထပ်ထုတ်နေတုန်း၊ တာချီလိတ်ဆေးရုံမှာ လူနာတွေလဲ ကုတင်တောင် မဆန့်တော့ဘူး၊ ရာချီတယ်”
မိုင်းလင်းကျေးရွာအုပ်စု မတ်အန့်ခန်ရွာတရွာတည်း ၁၆ ယောက်၊ ဒဏ်ရာရရှိသူ ၅၀ ကျော်၊ လားဟူရွာ (ဂျကူးနီရွာ) ၂၂ ယောက်၊ ဒဏ်ရာရှိသူ ၅၆ ယောက် ရှိကြောင်း၊ ရှမ်းအဆိုတော် စိုင်းဟန်လျဲန်းမိသားစုပင် ၆ ယောက်သေဆုံး ကြောင်း မိုင်းလင်းသားတဦးက ဤကဲ့သို့ပြောပြပါသည်။“တာလေမှာ ၄၀ ကျော် မိုင်းလင်းကျေးရွာအုပ်စုမှာ ၆၀ ကျော်သေတယ်။ မတ်အန်ခန်မှာဆို အဆိုတော် စိုင်းဟန်လျဲန်း မိသားစုဘဲ ၆ ယောက်တောင်သေတယ် သူ့အဖေနဲ့ အမျိုးတွေပေါ့။ အဲ့ဒီ့အထဲမှာ ဧည့်သည်လဲပါ တယ်။ အမေ နဲ့ သူ့ညီတယောက်ပါမသွားဘူး။ သူကတော့ တာချီလိတ်မှာနေတယ်ဆိုတော့ လွတ်သွားတာ ပေါ့။ တခိျု့အိမ်ဆို လူ ၁၀ ယောက်ရှိတယ် ၂ ယောက်ဘဲကျန်တယ်။”ငလျင်ဒဏ်ကြောင့် နမ့်တွန်ချောင်းအနီးရှိ အိမ်အခိျု့ ကျွံကျပြိုလဲသွားကြောင်း၊ အက်ကြောင်းကြီးများလည်း ၃-၄ ကီလိုမီတာအထိ ရှည်ကြောင်း မျက်မြင်တဦးက ဤကဲ့သို့ပြောပြပါသည်။“အဲဒီအက်ကြောင်းကလေ မိုင်းကိုးကျေးရွာအုပ်စု ဝမ့်ဟိုပုံ - ဟိုယန်း ဘက်ကနေ မိုင်းဟဲ လမ်းခွဲအထိ ရှည်တယ်။ နမ့်နိျု့ ချောင်းနားနေတဲ့ နန်းဆိုင်မွန်းအိမ်၊ နမ့်တွန်ချေင်းနားနေတဲ့ စိုင်းလျော နန်းလာ့ တို့လိုမျိုးဆိုချေင်းထဲကျွံကျပြိုလဲသွား တယ်။ ရေရှိတော့ သူတို့တော့ အသက်လွတ်မြောက်သွားတယ်”
နမ့်ပုံယိဆေးပြည်သူ့စစ်တပ်ဖွဲ့အခြေစိုက်သည့် တာချီလိတ်အနောက်ဘက် နမ့်ပုံရေပူစမ်းလည်း ရုတ်ချည်း ခန်းခြောက်သွားခြင်း၊ ရွှေတြိဂံဒေသ နမ့်ဟုတ်နယ်ခြားချောင်းလည်း ဒူးနေရာမှ ခါးနေရာအထိနက် ဝင်သွား ခြင်း၊ လမ်းထက်နိမ့်သောလယ်ကွင်းက လမ်းနဲ့တပြေးညီဖြစ်လာခြင်း စသည့် ထူးခြားမှုများ ယနေ့ဖြစ်ပေါ်ခဲ့ သည် ဟုဆိုသည်။တာချီလိတ်မြို့တွင်လည်း ငလျင်ဒဏ်ကြောင့် ခမယ ၅၂၆ တပ်တွင်းမှ တပ်သား ၂ ဦးလဲ တိုက်ပြိုပိမိသော ကြောင့် သေဆုံးသွားကြောင်း ဆိုသည်။ထိုင်းနိုင်ငံတီဗွီလိုင်းအခိျု့မှာမူ နအဖ မီဒီယာကြေငြာချက်ကိုးကားပြီး အိမ်ခြေ ၃၉၀ ကျော်၊ ဘုန်းတော်ကြီး ကျောင်း ၁၇ ကျောင်း၊ လူ ၆၅ ယောက်သေဆုံးကာ ၁၁၀ ကျော် ဒဏ်ရာရှိကြောင်း ကြေငြာပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger