DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, March 29, 2011

ပလောင်ဒေသတွင် ရှမ်းပြည်တပ်မတော်နှင့် နအဖတပ် တိုက်ပွဲဖြစ်

မတ်လ ၂၈ ရက်နေ့ မနက် ၁ဝနာရီအချိန်တွင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အား နအဖ စစ်တပ်များ ထိုးစစ်ဆင်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ ပလောင်ရွာများဖြစ်သည့် မန်လောင်နဲ့ မန်ငိုင်ကြားတွင် တိုက်ပွဲငယ်များဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ အင်အား ၇ဝ မျှရှိသည့် ရှမ်းပြည်တပ်မတော်နှင့် နအဖတပ်တို့ နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ရှမ်းပြည်တပ်မတော်မှ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်းသိရှိရပါသည်။ နအဖဘက်မှ အင်အား မည်မျှရှိသည်၊ အကျ အဆုံးမည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။ ယခုအခါ နအဖဘက်မှ တပ်အင်အားများကို ရသမျှ ပြန်လည် စုစည်းနေကြောင်း ဒေသခံများပြောပြချက်အရသိရှိရပါသည်။ “မနေ့တုန်းက နမ္မတူက နအဖစစ်ကြောင်းနဲ့ ရှမ်းပြည်တပ်မတော်တို့တို့က မန်လောင်နဲ့ မန်ငိုင်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရှမ်းပြည်တပ်အင်အားတော့ ၇ဝ လောက်ရှိတယ်။ နအဖတပ်ဘက်ကတော့ ဘယ်လောက်ရှိမှန်း...
Read more Âť

ရှမ်းပြည်မြောက်ပိုင်းတွင် တပေါင်းပွဲများ ကျင်းပ

ရှမ်းပြည်မြောက်ပိုင်းတွင် တပေါင်းပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ နမ့်ခမ်းမြို့နယ် မြို့ပေါ်၌ တပေါင်းပွဲကျင်းပခွင့်မရှိဘဲ ကျေးရွာများတွင်သာ ကျင်းပခွင့်ရှိကြောင်းသိရှိရပါသည်။ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုန်နှင့် အခြားသော မြို့နယ်များတွင် တပေါင်းပွဲများကို မတ်လ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ယခုနှစ် တပေါင်းပွဲတွင်မူ မန်အောင်မြို့နယ်တွင် ယခင်နှစ်များကဲ့သို့ စည်ကားမှုမရှိဘဲ နမ့်ဆန်မြို့တွင်သာ စည်ကားမှုရှိကားမှုရှိပါသည်။ နမ့်ဆန်မြို့နယ် တပေါင်းပွဲမှာ စည်ကားသော်လည်း ကုန်ဈေးနှုန်းများ ကြီးများမှုကြောင့် ဈေးရောင်းကုန်များ ရောင်းရခြင်းမရှိဘဲ...
Read more Âť

Saturday, March 26, 2011

ငလျင်ဒဏ်ကြောင့် အိမ်ခြေ ရာချီပျက်စီး အကူအညီမလုံလောက်

သျှမ်းသံတော်ဆင့်သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ်ခွဲ အတွင်း ဗဟိုပြု လှုပ်ခဲ့သည့် ငလျှင်ကြောင့် အိမ်ခြေ ရာချီပျက်စီးပြီး လူတစ်ရာကျော်သေဆုံးကာ ဒဏ်ရာရရှိသူလည်းအများအပြားရှိကြောင်းကြားသိရ ပါ သည်။“အကူအညီတော့ ရှိတယ် ဒါပေမယ့်မလုံလောက်ဘူး ကိုယ့်ဟာကိုဘဲလုပ်ရတာ၊ ဌာနဆိုင်ရာအခိျု့လာတယ်။ UN နဲ့ NGO တို့လာတယ်။ ဆေးတို့ သောက်ရေတို့ စားစရာခေါက်ဆွဲခြောက်တို့ဘာတို့တော့ လာပေး တယ်။အဆောက်အဦး ပျက်အောက်မှာ ပိနေသေးတာလဲ အများကြီးဘဲ” - တာချီလိတ်မြို့နေ တာလေဇာတိ အမျိုးသားတဦးကပြောပါသည်။ မတ်ခ်ျ ၂၄ ရက် ညဉ့်ဦးပိုင်းမှ စတင်လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တာလေမြို့နယ်ခွဲ မြို့ပေါ် ရပ်ကွက်အပျက်စီးများ သကဲ့သို့ မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းနောက်၊ မိုင်းလင်းရှေ့၊...
Read more Âť

Friday, March 25, 2011

ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်

မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်က ရွှေတြိဂံနယ်မြေကို ဗဟိုပြုပြီး မြေငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ပြင်းအား ၇ ရှိတဲ့ ဒီမြေငလျင်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ နေပြည်တော် အပါအ၀င် မြို့တော်တော်များများက သိရှိ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက် ဒေသကို ဗဟိုပြုပြီး ပြင်းထန်တဲ့ မြေငလျင်တခု ဒီကနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ မိုင် ၇၀ အကွာ အနက် ၆ မိုင် ဖြစ်တယ်လို့ USGS လို့ခေါ်တဲ့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက စာထုတ်ပြန်ပါတယ်။ ဒီငလျင်လှုပ်တာကို...
Read more Âť

မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသား (၂) ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နားအော်အုပ်စု၊ မန်စပ်ကျေးရွာအတွင်း  ၂၀၁၁၊မတ်လ၂၂ရက်နေ့  ညနေ (၇)နာရီခွဲအချိန်တွင်မြေမြုပ်မိုင်းလို့ယူဆရတဲ့ မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အသက်(၃၈)နှစ်အမျိုးသားတစ်ဦး နှင့် (၁၀) နှစ် အရွယ်ကလေးတစ်ဦး သေဆုံးသွားခဲ့ပါသည်။ သက်ကြီးရွယ်အိုများ တရားထိုင်ဖို့အဆောက်အဦး ဆောက်ပေးရန်အတွက် သွားရောက်ကူညီရာကနေ မီးလှုံရင်း ပေါက်ကွဲပြီးထိခိုက်သေဆုံးသွားတာဖြစ်တယ်လို့ ရွာသားတစ်ဦးကပြောပြပါတယ်။ "ရွာကသက်ကြီးရွယ်အိုများ တရားထိုင်ဖို့အဆောက်အဦးတစ်ခု ဆောက်မယ်ဆိုပြီး ၀ိုင်းဝန်းကူညီဆောက်ပေးနေတာ၊  အိမ်မပြန်ခင်မိုးအေးလို့ဆိုပြီး မီးလှုံရင်းမီးမွေးထားတဲ့နေရာအောက်ကနေ ပေါက်ကွဲမှုဖြစ်သွားတယ၊် သူတို့နှစ်ယောက်စလုံး ရင်ဘတ်တည့်တည့်ထိပြီး မျက်နှာတွေမှာလည်း စုတ်စုတ်ပျက်ပျက်ဖြစ်သွားခဲ့တယ်လို့...
Read more Âť

Saturday, March 19, 2011

ရှမ်းပြည်မြောက်ပိုင်းတွင် ဆားဈေးများ မြင့်တက်

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် ယခင်နှင့်မတူ ဆားဈေးများ အဆမတန် ထိုးတက်လာခဲ့ပြီး ဝယ်ယူ၍ မရရှိနိုင်သည့်အခြေအထိပင် ဖြစ်နေကြောင်း သိရှိရပါသည်။ ပုံမှန်အားဖြင့် ဆားတစ်ပိသာထုပ် တစ်ထုပ်လျှင် ငါးရာကျပ်ရှိသော်လည်း ပြီးခဲ့သည့်နေ့တွင် တစ်ထောင်ငါးရာကျပ်မှ တစ်ထောင့်ခြောက်ရာ ကျပ်အထိ ဈေးတက်သွားခဲ့ပြီး ယနေ့နံနက်တွင်မူ ဆားတစ်ပိသာလျှင် နှစ်ထောင်ကျပ်အထိ ဈေးတက်သွားကာ ဝယ်ယူ၍မရနိုင်တော့သည်အထိ ဖြစ်သွားခဲ့ပါသည်။ ယခင် ဆားအိတ်ကြီး တစ်အိတ်လျှင် နှစ်သောင်းငါးထောင်ကျပ်ရှိပြီး ယခုအခါတစ်အိတ်လျှင် တစ်သိန်းအထိ ဈေးတက်သွားပါသည်။ တရုတ်ဆားများမှာမူ တစ်ထုပ်လျှင် တစ်ယွမ်ခွဲမှ ယွမ် တစ်ဆယ်အထိ ဈေးတက်သွားခဲ့ပါသည်။ ရှမ်းပြည်မြောက်ပိုင်းအတွင်း ...
Read more Âť

ပလောင်ဒေသတွင် အလုပ်ရှားမှုကြောင့် တရုတ်ပြည်နှင့် အခြားသော ဘိန်းခြံအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်နှင့် အခြားသော မြို့နယ်ရှိကျေးရွာများမှ ရွာသူရွာသားများသည် အလုပ်အကိုင်ရှားမှုကြောင့် စားဝတ်နေရေးခက်ခဲသည့်အတွက် တရုတ်ပြည်ရှိ ရွှေလီနှင့် ကျယ်ကောင်ဘက်တွင် သာမက တခြားဘိန်းခြံစိုက်ပျိုးသည့် မြစ်ကြီးနား၊ တာချီလိတ်၊ တာမိုးငဲနှင့်အခြားသော ဘိန်းစိုက်ပျိုးသည့်နေရာများတွင် သွားရောက် အလုပ်လုပ်နေကြကြောင်း သိရှိရပါသည်။ “ကျမတို့ဆီမှာ အလုပ်တွေ သိပ်မဖြစ်ဘူးလေ။ အလုပ်က လက်ဖက်ပေါက်၊ အုတ်ခဲလုပ်တဲ့အလုပ်တွေလောက်ပဲ ရှိတယ်။ အဲတာတွေ လုပ်ရင် တစ်နေ့ကို လုပ်အားခက ၁၅ဝဝကျပ်ပဲရတယ်။ ပြီးတော့ ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ်လာရတယ်။ ကျမတို့အတွက်နဲ့ သိပ်ပြီး မကိုက်ဘူးလေ။ ပြီးတော့ ကုန်ဈေးနှုန်းလည်း အရမ်းကြီးတယ်။ ကုန်ဈေးနှုန်းက ဘာမဆို ဈေးတက်ကုန်ပြီ။ ကျမတို့ ရတဲ့ လုပ်အားခနဲ့ တစ်နေ့ တစ်နေ့ မိသားစု စားဝတ်နေရေးနဲ့ဆိုရင် ဘယ်လိုမှ ...
Read more Âť

Friday, March 18, 2011

သီပေါတံတားအသစ် ဖွင့်လှစ်ပွဲ ပြည်သူများ ဒုက္ခရောက်

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ရှိ သီပေါတံတားသစ်ဖွင့်ပွဲကို မတ်လ(၆)ရက်နေ့တွင် ပြုလုပ်ကျင့်ပခဲ့ပါတယ် ၄င်းတံတား ဖွင့်လစ်ပေး သည့် လက်ရှိစစ်အစိုးရသစ် နိုင်ငံတော် ဒုသမ္မတ တင်အောင်မြင့်ဦးကို ကြိုဆိုရန်အတွက် ဒေသခံတိုင်းရင်းသား များနှင့်ကျောင်းသား များကို အမိန့်ထုတ်ထားခဲ့ကြောင်းသိရသည်။ “လူကြီးကြိုဖို့ဆိုပြီး ကျောင်းသား၊သူ များကိုနေစဉ်အကတွေတိုက်ခိုင်းပြီး၊ ပြည်သူတွေကိုလည်း လူကြီးကြိဖို့ မလာမနေရ အမိန့်ထုတ် ထားတယ် တိုင်းရင်းသားဝတ်စုံတွေဝတ်ခိုင်းပြီး တချို့ဗမာတွေကို ဓနုရိုးရာ၊ တချို့ရှမ်းတွေကို တအာင်း(ပလောင်) ရိုးရာဝတ်စုံ၊ လီဆူရိုးရာဝတ်စုံတွေကို ဝတ်ခိုင်းတာတွေ...
Read more Âť

Wednesday, March 16, 2011

ဘိန်းခြစ်ချိန်မှာအာဏာပိုင်များကမကြာခဏငွေညစ်တောင်းရမ်း

မတ်လ ၄ ရက် ၂ဝ၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် တစ်ဝိုက်ရှိ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများထံ အာဏပိုင်များက မကြာခဏငွေညစ်တောင်းရမ်းနေကြောင်းသိရှိရသည်။ အခုကာလတွင် ဘိန်းစသီးချိန်ဖြစ်ပြီး နည်းနည်းစော၍ စိုက်ပျိုးသည့်ခြံများသည် ဘိန်းအဆီခြစ်ယူနေပြီးဖြစ်သဖြင့် ဘိန်းစိုက်ပျိုးသည့်မိသားစုများက ဘိန်းခြံဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များ၏ ငွေညစ်တောင်းရမ်းခြင်းကို ခံရသည်ဖြစ်ကြောင်း မီးသွေး ကုန်သည်တစ်ဦးကပြောပြပါသည်။ မီးသွေးကုန်သည်တစ်ဦးပြောပြချက်အရ“မန်စပ်ကျေးရွာ၊ မန်ပူးကျေးရွာ၊ ပန်ယုတ်ကျေးရွာတွေကို ကျနော်မီးသွေးလိုက်ဝယ် တယ် ကျန်တဲ့ရွာလဲကောက်ရင်ကောက်မှာ...
Read more Âť

ပလောင်လူမျိုးရဲ့ အလင်းမဲ့ဘဝ

Tuesday, 01 March 2011 12:30 ဒေါက်တာအောင်ခင် E-mail Printပညာသင်ဖို့အခွင့်အလမ်းမရှိတဲ့အတွက် အနာဂတ်ပျောက်နေတဲ့ ပလောင်တိုင်းရင်းသားအကြောင်း တအာင်းကျောင်းသား လူငယ်အဖွဲ့က စာမျက်နှာ ၇၀ ကျော်ရှိစာတမ်းတစောင် ၂၀၁၀ ဖေဖော်ဝါရီလမှာ ရေးသားထုတ်ဝေလိုက်ပါတယ်။ တအာင်းလူမျိုးကို ပလောင်လို့ဗမာကခေါ်ပါတယ်။ ဒါပေမယ့် ပလောင်ကတော့ သူတို့ကိုယ် သူတို့ တအာင်းလို့ခေါ်တာကြောင့် ၂၀၀၈ ကစပြီး ပလောင်လို့မသုံးတော့ပဲ တအာင်းလို့သုံးရတာ လို့ဆိုပါတယ်။ ဒါပေမယ့် ကျနော့် အစီအစဉ်မှာတော့ အများသိကြတဲ့ ပလောင်ဆိုတဲ့ အမည်ကိုပဲသုံးသွားပါမယ်။[ပလောင်ကျောင်းသူကျောင်းသားများ (photo: TSYO)]ပလောင်ကျောင်းသူကျောင်းသားများ (photo: TSYO)ဒီစာတမ်းကိုရေးဖို့အတွက် ၂၀၀၆ သြဂုတ်လက ၂၀၀၉-မတ်လအထိ သတင်းအချက်အလက်တွေ...
Read more Âť

Friday, March 11, 2011

တရုတ် ကမ္ဘာ့အကြီးဆုံး ဆည်တည်ဆောက်မှု နောက်ဆက် ပြဿနာများ (ဓာတ်ပုံ အက်ဆေး)

   ယန်ဇီမြစ်သည် ကမ္ဘာ့ တတိယ အရှည် ဆုံး မြစ်ဖြစ်သလို တရုတ်ရဲ့ အဓိက ရေကြောင်းလမ်းလည်း ဖြစ်သည်။ တိဘက် ကုန်းပြင်မြင့်တွင် စတင်ပြီး တရုတ်ပြည် အရှေ့ဖက်တလျှောက် ဖြတ်စီးဆင်းသည်။ ၄င်း ပုံမှန် စီးဝင်နေကြ ရှန်ဟိုင်းအနီးရှိ အရှေ့တရုတ်ပင်လယ်ထဲ ယခု စီးဝင်စရာ ရေမရှိသလို၊ မှီခိုအားထား ပြုနေတဲ့ လူသန်း ၄၀၀ အတွက်လည်း သောက်သုံးရေ မပေးနိုင် ဖြစ်နေသည်။ မြစ်ကြီးများ ပျက်ဆီးပစ်မှု အကျိုးဆက်အဖြစ် တရုတ် သဘာဝပတ်ဝန်းကျင် အခြေအနေမှာ ပိုမိုဆိုးရွား လာနေသည်။ အချင့်အချိန်မရှိ ဆည်တွေ ထုနဲ့ထည်နဲ့ တည်ဆောက်ခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မြစ်ကြောင်းသဘာဝ ပြောင်းလဲပစ်ခြင်း တို့ကြောင့် နှစ်နှစ်ဆယ်အတွင်း ဆိုးရွားတဲ့ ရာသီဥတုနဲ့ သဘာဝဘေးဒဏ်ကို...
Read more Âť

Monday, March 7, 2011

အချစ်နှင့် သူငယ်တန်းဖတ်စာ

A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား.. ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓါးပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံးစာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ မင်းပစ်ခဲ့တာလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့်မှာတော့ အခုချိန်ထိ တ.. လှပ်.. လှပ်.. B - bird, bell ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လလေးရဲ့ တစ်ဆယ့်ကိုးရက်တဲ့......
Read more Âť

ရှောင်ရန် ဆောင်ရန် သမီးများ

ဒီကနေ့ အလန်းတန်းရွာက ကျောင်းဆရာလေးမောင်သောကြာတစ်ယောက် ပျင်းပျင်းရှိသည်နှင့် အဖိုးနှစ်ဖေါ်ရှိရာ ရွာဦးကျောင်းတောင်ပေါ်ဘုရားသို့ ရောက်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း အဖိုးနှစ်ယောက်မှာ လောကရေး ဓမ္မရေး ဆွေးနွေးငြင်းခုံရင်း သူတို့၏လက်ကျန်ဘ၀သက်တမ်းကို ဘုရားရိပ်တရားရိပ်မှာပင် ကုန်လွန်စေနေကြသည်။ အဖိုးနှစ်ဦးနှင့်စကားပြောရသောအခါမှာဖြစ်စေ၊ ယင်းတို့ဆွေးနွေးသည်ကို နားထောင်ရသောအခါမှာဖြစ်စေ ကျောင်းဆရာလေး မောင်သောကြာအတွက် ဗဟုဿုတရဖွယ်အလီလီပင် ဖြစ်နေတော့ရကား အိမ်မှုကိစ္စ၊ ကျောင်းကိစ္စတွေပစ်ပယ်ကာ အဘိုးတို့နှင့်သာ အတူလာနေလိုက်ချင်တော့သည်ဟု မောင်သောကြာမကြာခဏအတွေးပေါက်နေမိသည်။ သို့သော်လည်း ငယ်ရွယ်သေးသော ကျောင်းဆရာလေးခမျာမှာ လူငယ်တို့ဘာသာဘာဝ ဖြစ်ပေါ်တတ်သော လောကီသားတို့၏...
Read more Âť

Tuesday, March 1, 2011

ဦးတေဇ ပိတ်ဆို့ သဖြင့် အနောက်နိုင်ငံသားတို့ စီးပွား ပျက်ပြီ

:) စားဝတ်နေရေး တွင်းဆုံးကျသဖြင့် အနောက်နိုင်ငံမှ အမျိုးသမီးတဦး အတွင်းခံအင်္ကျီများ၊ အနွေးထည်များ ရောင်းလိုက်ရသည်ကို အထက်ပါပုံတွင် တွေ့ရသည်။ အရိုးကွဲလုမတတ် အေးခဲသည့်ရာသီတွင် အနွေးထည်များပင် ထုတ်ရောင်းနေရသည်အထိ စီးပွားရေးပျက်သွားသဖြင့် တကမ္ဘာလုံးက အံ့သြနေကြလေသည်။ (ဓာတ်ပုံ-အင်တာနက်) အမေရိက၊ ဥရောပ တို့သည် မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇ၏ ပိတ်ဆို့ မှုဒဏ်ကို ခံရသဖြင့် ပျက်စီးခြင်း ၉၆ ပါးနှင့် ကြုံနေရသည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ ၂ ရက်လုံး အနောက်နိုင်ငံအားလုံးရှိ အစိုးရရုံးများကို ပိတ်ထားလိုက်ရသည်။ ဆင်းရဲသားများ၊ လူလတ်တန်းစားများ အတိ ဒုက္ခရောက်သဖြင့် စိတ်သဘောထားများလည်း ပြောင်းလဲသွားကြသည်။ အထူးသဖြင့် တဦးနှင့်တဦး မုန်းတီးမှုက ဤ စီးပွားပျက် ကာလတွင်...
Read more Âť

Pages 261234 Âť

ကော်န်းတအာင်းအူချှေး

 
Powered by Blogger