DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, June 12, 2011

ကချင်နယ်အတွင်းရှိ တအာင်းလူမျိုးများအား နေရပ်ပြန်ခိုင်း

၂၀၁၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ဦးလွမ်းခေါင် ဦးစီးသော ကေအိုင်အေ(KIA) တပ်မဟာ(၅)မှ ဒေသတွင်း လာရောက်အလုပ်လုပ်နေသော တအာင်း(ပလောင်)လူမျိုးများအား နေရပ်သို့မပြန်မနေရ အမိန့်ထုတ်ပြန်ခဲ့ပါသည်။

တအာင်းလူမျိုးများသည် မီးသွေးဖုတ်အလုပ်သမားများ၊ သစ်လုပ်ငန်းလုပ်နေသူများ နှင့် တခြားလုပ်ငန်းများဖြင့်ကချင်နယ်စပ်သို့ သွားရောက်လုပ်ကိုင်လျက်ရှိသည်။အဓိကအကြောင်းရင်းကတော့ စစ်ရေးကိစ္စရှုပ်ထွေး မှုတွေကြောင့် ဖြစ်သည့်ဟု ထိုဒေသမှ ပြန်လာသော အလုပ်သမားတစ်ဦးမှ ပြောပြခဲ့သည်။

ယခုလိုအမိန့်ထုတ်ပြန်ခြင်းမှာ နအဖနှင့်ကချင်ပြည်နယ် လွပ်လပ်ရေးတပ်မတော်(KIA) တို့အကြားစစ်ဖြစ်ပြီးနောက် ပြည်သူလူထုအတွက် လုံခြုံရေးအရ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger