ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့အမှတ်(၁) ရွှေလီရေကာတာ အနီးတွင် KIAတပ်မတော်နှင့် မြန်မာစစ်တပ် ခလရ တပ်ရင်း (၁၄၄)တို့ တိုက်ပွဲဖြစ်ခဲ့ပါသည်၊ ၄င်းနောက်ပိုင်းတွင် အမှတ်(၁) ရွှေလီရေကာတာတွင် အလုပ်လုပ်နေသော တရုတ်အလုပ် သမား တချို့အပါအ၀င် အမှတ်(၂)ရွှေလီရေကာတာကို တည်ဆောက်နေကြသော တရုတ်အလုပ်သမားများနှင့် ပညာရှင်တွေ တရုတ်ပြည်ကိုပြန်သွားကြပြီး ရေကာတာတည်ဆောက်မှုကိုလည်း ခေတ္တရပ်ဆိုင်းထားကြကြောင်း သိရှိရပါသည်။
၎င်းတို့သည် ၁၅ရက်နေ့တွက် ဖြစ်ခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် ထိတ်လန့်စိုးရိမ်ကြောင့်ကြနေကြပြီး ရေကာတာ အနီး တ၀ိုက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားမည် စိုးရိမ်ပြီး တရုတ်ပြည်သို့ ပြန်သွားကြတာဖြစ်ကြောင်းဒေသခံများမှ သုံးသပ်ကြပြီး ဒေသခံများလည်း စိုးရိမ်မကင်းဖြစ်နေကြသသည်ကိုလည်း ပြောပြချက်အရ သိရသည်။

အမှတ်(၂)ရွှေလီရေကာတာသည် ရွှေလီအမှတ်(၁)ရေကာတာ၏ အောက်ပိုင်း ၁၇ နှင့်၂၀ မိုင်အကွာတွင် တည်ရှိပြီး ၂၀၁၀ ခုနှစ် အကုန်ပိုင်းတွင် တရုတ်ကုမ္မဏီမှ ပညာရှင်များလာရောက်တည်ဆောက်နေကြပါသည်၊ ရွှေလီရေကာတာ အမှတ် (၂)လုံခြုံရေးကို ခလရ တပ်ရင်း (၁၄၄) မှ တာဝန်ယူထားတာဖြစ်ကြောင်းသိရပါသည်။ ဤရေကာတာ တည်ဆောက်ရေး အတွက် ဒေသခံများ၏ လယ်မြေများလျော်ကြေးမပေး ဘဲသိမ်းဆည်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုခံနေရကြ သည်လည်း သိရှိရပါသည်။
ရွှေလီအမှတ်(၁)ရေကာတာသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ အနောက်တောင်ဖက် (၁၇) မိုင်ခန့်အကွာတွင် တည်ရှိပြီး ၂၀၀၉ နှစ်ဦးပိုင်းတွင် စတင်လျှပ်စစ်ထုတ်လုပ်ခဲ့ပါသည်။ ဤရေကာတာတည်ဆောက်စဉ်ခါတွင်လည်း ဒေသခံ များ၏ လယ်မြေများ စိုက်ပျိုးမြေများ အသိမ်းဆည်းခံခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ခဲ့ခြင်းကြောင့် ပြည်သူများ အတိဒုက္ခရောက်ခဲ့ကြသည်။
ယခင်စစ်အစိုးရသည် ရွှေလီမြစ်ပေါ်တွင် အမှတ်(၁)ရေကာတာ တည်ဆောက်ပြီးဖြစ်ရာ ယခု စစ်တပ်လက်အောက်ခံ အစိုးရသစ်သည်လည်း ထပ်မံပြီး ရွှေလီရေကာတာ အမှတ်(၂)နှင့် အမှတ်(၃)ရေကာတာ ဆက်လက်တည်ဆောက်နေ ကြောင်း သိရှိပါသည်။
သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ။၀၈၀ ၁၁၈ ၄၄၇၉
0 comments:
Post a Comment