DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, June 14, 2011

စစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပြဿနာ တိုးပွားလာခြင်း

သတင်းထုတ်ပြန် ကြေငြာချက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် စီးပွားရေးကြပ်တည်းမှုတို့ကြောင့် တရုတ်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းအလုပ် လုပ်သူ များပြားလာပြီး လူကုန်ကူးမှုပြဿနာများ စိုးရိမ်ထိတ်လန့်ရသည့် အခြေအနေအထိ မြင့်မားနေသည်ကို ပလောင်အမျိုးသမီး အစည်းအရုံးမှ ယနေ့ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် တင်ပြထားပါသည်။


လွန်ခဲ့သည့် ၆ နှစ်တာကာလအတွင်း တရုတ်-မြန်မာနယ်စပ်တွင်ဖြစ်ပျက်ခဲ့သည့် လူကုန်ကူးခံရသူ ၁၁ဝ ဦးပါဝင်သော လူကုန်ကူးမှု ဖြစ်စဉ် ၇၂ ခုကို သိမ်းပိုက်ခံဘဝများ အစီရင်ခံစာတွင်မှတ်တမ်းတင်ထားပါသည်။ လူကုန်ကူးခံရသူ အများစုမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်ဖက်တောင်သူအသိုင်းအဝိုင်းမှ ပလောင်အမျိုးသမီးငယ်များ ဖြစ်ကြသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် လက်နက်ချခဲ့သည့် ၂ဝဝ၅ ခုနှစ် မှစ၍ မြန်မာစစ်တပ်ဖွဲ့တို့ စစ်အင်အား တိုးချဲ့ခြင်း၊ လက်အောက်ခံပြည်သူ့စစ်ဖွဲ့စည်းခြင်းတို့ဖြင့် ပလောင်ဒေသကို ပိုမိုထိန်းချုပ်လာခဲ့သည်။ ထိုဒေသခံ အာဏာပိုင်များသည် စိုက်ပျိုးရေး နှင့် ကုန်သွယ်ရေးအပေါ်တွင် အခွန်တိုးမြင့်ကောက်ခံလာခဲ့သည်။ ထို့ကြောင့် အမြတ်ဝင်ငွေနည်းလာသောလက်ဖက်လုပ်ငန်းဖြင့် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် ပလောင်အမျိုးသမီးငယ် များမှာ တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြရပြီး၊ ယင်းတို့ကို လူကုန်ကူးခံရနိုင်မည့် အန္တရာယ်စက်ကွင်းသို့ တွန်းပို့သကဲ့သို့ဖြစ်နေပါသည်။

“ပလောင်အမျိုးသမီးအများစုက အိမ်တွင်းမှုကိစ္စနဲ့ ကလေးပြုစုစောင့်ရှောက်ရတဲ့အတွက်ကြောင့် အမှီအခို ကင်းကင်းနဲ့ ခရီးသွားလာ တတ်တဲ့ အတွေ့အကြုံမရှိဘူး။ အဲဒါကြောင့် အမျိုးသမီးတော်တော်များများက သူတို့တွေရောင်းစားခံရတာကို နောက်ကျမှသိတယ်၊၊ အဲဒီအမျိုးသမီးတွေ တရုတ်ပြည်ရောက်တဲ့အချိန်မှာ တရုတ်အမျိုးသားရဲ့ဇနီးမယားအဖြင့် အတင်းအဓမ္မ လက်ထပ်ခံရတယ်၊ ဒါမှမဟုတ် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတယ်”ဟု သိမ်းပိုက်ခံဘဝများ အစီရင်ခံစာကို သုတေတန ပြုစုသူ လိုည်းမိုးခမ်းမှပြောကြားခဲ့ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူကုန်ကူးမှုများဖြစ်ပေါ်စေရန်ဖန်တီးပေးနေသော အခြားအကြောင်းရင်းများဖြစ်သည့် ပညာရေး အခြေအနေ နိမ့်ကျခြင်းနှင့် ဒေသတွင်းဘိန်းစိုက်ပျိုးရေးမြင့်မားလာခြင်းတို့ကိုလည်း ဤအစီရင်ခံစာတွင် ရှာဖွေတင်ပြထားပါသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်ကတည်းက လူကုန်ကူးမှုဆန့်ကျင်တိုက်ဖျက်ရေးကို စတင်ဆောင်ရွက်နေသည်မှာ ထိရောက်မှုရှိပြီး လူကုန်ကူးမှု ပမာဏ လျော့ကျလာလျှက်ရှိသည်ဟု မြန်မာစစ်အုပ်စု၏ဖွင့်ဟပြောဆိုမှုမှာ မှားယွင်းနေပြီး လူကုန်ကူးမှုဖြစ်ပေါ်စေသောအရင်းအမြစ်များကို စံနစ်တကျကိုင်တွယ်ဖြေရှင်းရန်လိုအပ်နေသည်ကို သိသာထင်ရှားစွာ ထောက်ပြထားပါသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့် လူမှုရေးပြဿနာကြောင့် လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရာ မြင့်မားလာတာကို ဖြေရှင်းနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းအဖြစ် မြန်မာနိုင်ငံရှိတိုင်းရင်းသားများမျှော်မှန်းထားတဲ့ စစ်မှန်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ စတင်ရန် လိုအပ် ပါတယ်”ဟု သိမ်းပိုက်ခံ ဘဝများ အစီရင်ခံစာကို အဓိက သုတေတနပြုသူ လိုည်းမိုးခမ်း မှပြောကြားခဲ့ ပါသည်။

ဤအစီရင်ခံစာကို- www.womenofbuma.org နှင့် www.palaungland.org တွင် ရယူ ဖတ်ရှုနိုင်ပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger