DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, June 12, 2011

ပညာရေးမှုးမှ ကျောင်းသုံးဗလာစာအုပ်များ မဝယ်မနေရဖြင့်ရောင်းချနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုန်မြို့နယ်ပညာရေးမှုးဖြစ်သူ ဦးတင်ငွေသည် ၂၀၁၁ ပညာသင်နှစ် ကျောင်းစဖွင့်ချိန်မှစ၍ မန်တုန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံးထံ ကျောင်းသုံးဗလာစာအုပ်များကို မဝယ်မနေရစနစ်ဖြင့် ရောင်းချနေကြောင်း သိရှိရသည်။

ကျောင်းတိုင်း သက်ဆိုင်ရာကျောင်း ပညာရေးဝန်ထမ်းများမှ ပညာရေးမှုးထံ ကျောင်းသားတစ်ဦးလျှင် တစ်ဒါဇင်နှုန်းဖြင့် လာရောက်ထုတ်ယူပြီး ပြန်ရောင်းချပေးရသည်။

" ကျမတို့ကျောင်းမှာဆိုရင် ကျောင်းသူ၊သား ပေါင်းတစ်ရာကျော်ရှိတယ်၊ တချို့ကလေးတွေက တကယ်ကိုခက်ခဲတာတွေ တွေ့ရတယ် ဒါပေမယ့် အထက်ကမယူမနေရဆိုတော့ ကျမတို့လည်းမတတ်နိုင်ဘူး" ဟု ပညာရေးဝန်ထမ်း တစ်ဦးမှပြောပြ ခဲ့သည်၊၊

ပညာရေးမှုးထံမှ ရောင်းချပေးသောစာအုပ်များမှာ အညံ့စားများဖြစ်ပြီး၊ ပြင်ပဆိုင်များတွင် တစ်ဒါဇင်ကို ကျပ်(၁၄၀၀) သာရှိသော်လည်း ပညာရေးမှုးက (၁၈၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရသည်။ သို့အပြင် မြို့နှင့်ဝေးသော ကျေးရွာများတွင် တစ်ဒါဇင်ကို ကျပ်(၂၀၀၀) ကနေ (၂၅၀၀)အထိ ကျောင်းပညာရေး ဝန်ထမ်းများထံ ပြန်လည်ဝယ်ယူ နေရသည်ဟု ကလေးမိဘများမှပြောပြခဲ့သည်။

"ကျမအိမ်မှာ ကျောင်းတတ်နေတဲ့ကလေး (၅)ယောက်ရှိတော့ ဘယ်လိုမှအဆင်မပြေဘူး နည်းနည်းစီခွဲဝယ်မယ်လို့ ပြောလည်းမရဘူး၊ သူတို့ဝယ်ခိုင်းသလောက် ပဲဝယ်ရတယ်"ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောပြခဲ့သည်၊၊

ဒေသခံများမှာ လက်ဖက်ဈေးနှုန်း ကျဆင်းမှုကြောင့် စားဝတ်နေရေးအဆင်မပြေသည့်အပြင်   ၄င်းတို့၏ ကလေးများကို ကျောင်းထားဖို့အနိုင်နိုင်  ကြိုးပမ်းနေရသည့်အချိန်တွင် ယခုလိုကျောင်းသုံးဗလာစာအုပ်တွေ မဝယ်မနေရသည် ကြီးမားသော အခက်အခဲကြုံတွေ့နေရပါသည်။

လက်ရှိမန်တုန်မြို့နယ်တွင်း အစိုးရပညာရေးကျောင်းပေါင်း(၇၀)ကျော်ရှိပြီး ကျောင်းသားပေါင်း(၄၀၀၀၀) ခန့် ပညာသင်ကြား နေကြရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger