DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, January 16, 2011

တအာင်းလူမျိုးတို၏နေရာထိုင်ခင်းများ သတ်မှတ်ထားပုံ

ပလောင်လူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်များစွာကတည်းက ယခုချိန်ထိ အိမ်ရှင်မများသည် မိမိ၏ လင်ယောက်ျားအား အိမ်ဦးနတ်အဖြစ် သက်မှတ်ကြသလို သားသမီးများမှလည်း မိမိတို့၏ ဖခင်အား အိမ်ဦးနတ်အဖြစ်သတ်မှတ်၍ ကိုးကွယ်ကြပြီး  မိသားစုအတွင်းတွင် ဖခင်သည် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါသည်။
မိသားစုအတွင်း တစ်စုံတစ်ရာသော ဆုံးဖြတ်ချက်လိုအပ်သည့်အခါတွင် ဖခင်၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ဆုံးဖြတ်ကြရပါသည်။ ဖခင်အတွက် အရာရာတိုင်းကို ဦးစားပေး လုပ်ဆောင်ပေးရပါသည်။ နေရာထိုင်ခင်းမှအစ အဖေနှင့် အမေကို သတ်မှတ်၍ ခွဲထားပါသည်။

ယခင်က ပလောင်လူမျိုးတို့သည် မီးဖိုချောင်အဖြင့် နေရာသက်သက်တစ်နေရာ သတ်မှတ်ထားခြင်းမျိုးမရှိပဲ အိမ်၏အလည်ခေါင်တွင် ထားလေ့ရှိကြပါသည်။ ထို့နောက် မီးဖိုးဘေး အပေါ်ဆုံးနေရာတွင် ဖခင် ထိုင်ရန်အတွက် နေရာကို သက်သက်ထားပါသည်။ ဖခင်နေရာပေါ်သို့ သူစိမ်းဧည့်သည်များကို မဆိုထားနှင့် မိမိတို့ မိခင်အပါအဝင် မည်သည့် အိမ်သူ၊ အိမ်သားမှ တက်ခွင့်၊ ထိုင်ခွင့်၊ အိပ်ခွင့် မပြုကြပေ။ ပလောင်ဓလေ့ကို နားလည်သော ဧည်သည့်တို့သည် အိမ်ရှင်ထိုင်သောနေရာကို အကဲခတ်မေးမြန်း၍ ထိုင်လေ့ရှိပါသည်။

ထို့ပြင် လူကြီး၊ လူငယ် နှင့် အမျိုးသမီးတို့ထိုင်သော နေရာများကိုလည်း ခွဲခြားထားပါသေးသည်။ အိမ်ရှင်အမျိုးသားများသည် အသက်ငယ်သော်လည်း သူသည် အိမ်ရှင်ဖြစ်သည့်အတွက် သူ့ကို ရိုသေပေးရပါသည်။ အမျိုးသမီးဧည့်သည်များသည် အသက်ဘယ်လောက်ကြီးသည်ဖြစ်စေ အိမ်ရှင်ထိုင်သည့်နေရာတွင် ထိုင်ခွင့်မရှိချေ။

အကယ်၍ ဖခင်ခရီးထွက်သွားပါက အချို့အိမ်သားများသည် ဖခင်ထိုင်သောနေရာကို လိပ်ထား၍လည်းကောင်း အချို့သော အိမ်များသည် ပုလင်းလေးလုံးထဲတွင် တုတ်လေးချောင်ထည့်ကာ ပရိတ်ကြိုးကိုချည်၍ လေးထောင့်ပုံစံ ကာထားပါသည်။ ထို့အပြင် သီးသန့်ပန်းအိုးတစ်လုံးထိုး၍ ပန်းအိုးညှိုးနွယ်မသွားအောင် အထူးဂရုထားပါသည်။ အဘယ်ကြောင့်ဆိုသော် ခရီးသွားနေသူတစ်ယောက် ဘေးအန္တရာယ် တစုံတရာမဖြစ်အောင် ဆောင်ရွက်ပေးသည့် အယူအဆဖြစ်ပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger