DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, April 30, 2011

Children of Pan-Tha-Pyay Palaung village ( ကောန်းဒဲ့တအာင်း )

Read more »

Wednesday, April 27, 2011

ပြည်သူ့စစ်သင်တန်းပေး အရံတပ်သားအဖြစ်စုဆောင်း

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အထက်ပါင်ယုတ်နှင့် အောက်ပါင်ယုတ်ရှိ ရွာသားအယောက် ၉၀ကို မန်တပ်ကျေးရွာအခြေစိုက်တပ်ရင်း ၁၄၄ ကအတင်းပြည်သူ့စစ်သင်တန်းတက်ခိုင်းခဲ့ပါတယ် အဲဒီရွာသားအယောက် ၉၀ ထဲမှာ အမာခံအဖြစ် အယောက်၃၀ ရွေးပြီး သေနတ်ပစ်ကျင့်ရန်အတွက် ဧပြီ ၂၂ရက်နေ့ကနမ့်ဖက်ကာကျေးရွာဘက်ကိုခေါ်သွားခဲ့ပြီး ကျန်တဲ့ရွာသား ၆၀ ကို  ယခုချိန်ထိ မန်တပ် တပ်ရင်းမှာအရံတပ်သားအဖြစ်စုဆောင်းထားတယ်လို့သိရပါတယ်။

တအာင်း ရွာသားတွေခေါ်ပြီး ဒီလိုပြည်သူစစ်သင်တန်းတွေ အရင်ကလည်းတက်ခိုင်းတာရှိခဲ့ပေမယ့် အခုလိုသေနတ်ပစ်
လေ့ကျင့်ပေးတာမျိုးတွေ အရံတပ်သားအဖြစ်ခေါ်ထားတာမျိုးတွေမရှိတဲ့အတွက် ဒီတစ်ခေါက်ပြည်သူစစ်သင်တန်းက
တိုက်ပွဲအတွက်အသုံးချခြင်းနဲ့  တိုင်းရင်းသားအချင်းချင်းကြား ရန်တိုက်ပေးတာလည်းဖြစ်တယ်လို့ ရွာသားတွေကပြော
ပါတယ်။
“ ပြည်သူစစ်သင်တန်းတွေ အတင်းတက်ခိုင်းတာရှိခဲ့ပါတယ် ဒါပေမယ့် ဒီတစ်ခေါက်သင်တန်းမှာ သေနတ်ပစလေ့ကျင့်
ပေးတာ ၊ အရံတပ်သားအဖြစ်ခေါ်ထားတယ်ဆိုတာ SSA-N နဲ့ တိုက်ပွဲဖြစ်သွားတဲ့နောက်ပိုင်း သူတို့ဘက်ရှေ့တန်း
တိုက်ဖို့အတွက်အရံတပ်သားအဖြစ်စုဆောင်းထားပဲ ကျနော်တို့ တအာင်းလူမျိုးတွေကို အသုံးချပြီး ရှမ်း နဲ့ တအာင်း တိုင်းရင်းသားအချင်းချင်းကြား ရန်တိုက်ပေးတာဖြစ်တယ်” လို့သူကပြောပါတယ်
သင်တန်းသွားတက်ပြီး အရံတပ်သားအဖြစ် စုဆောင်းခံရတဲ့ ရွာသားတွေရဲ့ မိသားစုတွေက စီးပွားရေးပြသာနာ
ကြုံတွေ့နေရတယ်လို့သိရပါတယ် တအာင်း ဒေသခံတွေမှာလက်ဖက်၊ တောင်ယာ ၊လယ်လုပ်ငန်းနဲ့ အသက်မွေး
ဝမ်းကြောင်းဖြစ်တဲ့အတွက် အခုလိုသင်တန်းတွေ ၊ သေနတ်ပစ်လေ့ကျင့်တာတွေ၊ အရံတပ်သားအဖြစ်စုဆောင်ခံရတာကို
မိသားစု စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။
နောက်မှာကျန်ရစ်တဲ့ သူတို့ ရဲ့  အရွယ်အို မိဘ ၊ သား သမီးများကလည်း မိမိသားအတွက်အဖေအတွက် စိုးရိမ်သလို မိသားစု
စားဝတ်နေရေးအတွက်လည်း အလုပ်လုပ်မယ့်သူမရှိတာမို့ အခက်ခဲများကြုံတွေ့နေရပါတယ်လို့သိရပါတယ်။

Read more »

Thursday, April 21, 2011

လက်ဖက်ဈေးနှုန်း မကောင်းသည့်အတွက်ကြောင့် ပလောင်ပြည်သူလူထုများ စိတ်ပျက်မိ

ရှမ်းပြည်မြောက်ပိုင်းတွင် ရွှေဖီဦးလက်ဖက်သည် ခါတိုင်းနှစ်ထက် မတူဘဲ လက်ဖက်အထွက်နှုန်းပိုများသော်လည်း လက်ဖက်ဈေးများ မကောင်းသလို ဝယ်ယူလိုသူများလည်း နည်းပါးသည်ဟု သိရှိရပါသည်။ နမ့်ဆန်မြို့နယ်တွင် ခါတိုင်းနှစ် ပွဲစားများသည် လက်ဖက်ရွက်စိမ်း၊ လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အလုအယက်ဝယ် ယူကြပါသည်။ ဤနှစ်တွင် လက်ဖက်ဝယ်သူ အလုပ်အယက် မရှိသည့်အပြင် လက်ဖက်ဈေးနှုန်းကို ဈေးနိမ့်ပြီး ပေးကြသည်ဟု ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။ 

နမ့်ဆန်မြို့နယ်ရှိ လက်ဖက်ခြောက်တစ်ပိဿာလျှင် ၃၅ဝဝကျပ်နှင့် ၄ဝဝဝကျပ်အကြားတွင် ရှိပြီး နမ့်ခမ်းမြို့နယ်တွင် ရွှေဖီဦးစပေါ်သည့်အချိန်တွင် လက်ဖက်ခြောက်တစ်ပိဿာလျှင် ၄ဝဝဝကျပ် ဝန်းကျင်ရှိပြီး သင်္ကြန်ပြီးသည့် နောက်ပိုင်းတွင် ၂၅ဝဝကျပ်နှင့် မန်တုန်မြို့နယ်တွင် တစ်ပိဿာလျှင် ၁၅ဝဝကျပ် ရှိပါသည်။ လက်ဖက်စိုသည် ပေါက်ဈေးမရှိဟု သိရှိရပါသည်။

“ လက်ဖက်ဈေးတွေ မကောင်းဘူးဟေ့။ လက်ဖက်ဝယ်တဲ့သူတွေ သိပ်မရှိဘူး။ ပြီးတော့ အကမရှိတဲ့သူတွေဆိုရင် လက်ဖက်စိုတွေပဲ လုပ်ကြတယ်။ လက်ဖက်စိုက အကြာကြီးထားလို့ရတယ်လေ။ လက်ဖက်စိုက ပေါက်ဈေးတောင် မရှိဘူး။ လာဝယ်တဲ့သူတစ်ဦးတစ်ယောက်တောင် မရှိဘူး။ ရွက်စိမ်းဆိုရင် ပြောမနေနဲ့တော့။ ရွှေဖီ စစတုန်းဆိုရင် ၈ဝဝလောက်ရှိသေးတယ်။ အခုဆိုရင် ၃ဝဝတဲ့။ လက်ဖက်ခြောက်ဆိုရင် ၃၅ဝဝ စိတ်ပျက်ဖို့ကောင်းပါတယ်။ ကုန်ဈေးနှုန်းတွေလည်းဈေးကြီး၊ အစစအရာရာ ဈေးတွေတက်ပြီး လက်ဖက်ဈေးတော့ မတက်ဘူး” ဟု နမ့်ဆန်မြို့နယ်ရှိ ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။ 

လက်ဖက်ဈေးလည်းမကောင်းသည့်အပြင် ရွှေလီမီးကို မယူမနေရ အိမ်တိုင်းလိုလို ယူနေရသည့်အတွက်ကြောင့် အကြွေးမကျေကြမှာလည်း စိုးရိမ်နေကြသည်ဟု “ ကျမတို့ ဒီနှစ် အကြွေးမကြေမှာ အရမ်းစိုးရိမ်တယ်သိလား။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်ဈေးကလည်း မကောင်းဘူး။ ရွှေလီမီးလဲ ယူထားရတယ်။ မယူလို့လည်း မရဘူး။ မီးကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ခွဲပြီး ပေးကြတယ်။ ပထမအဖွဲ့တော့ မီးရပြီ။ လမ်းဘေးမီးလဲ လင်းနေပြီ။ ကျမတို့က နောက်ဆုံးအဖွဲ့ဆိုတော့ မီးဆင်တာအပြီးအစီး ၆သိန်း ၅သောင်းလောက်ပေးရတယ်။ ဒီဟာကို ကဆုန်လကုန်ရင် အကုန်လုံးပေးရမယ်။ ဒီနှစ်လဲ ဘယ်လိုပဲဖြစ်ဖြစ် အကြွေးတော့ ကြေနိုင်မှာ မဟုတ်တော့ပါဘူး” နမ့်ဆန်မြို့နယ်ရှိ ရွာသားတစ်ဦးမှ ထပ်မံပြောပြခဲ့ပါသည်။ 

နမ့်ဆန်မြို့နယ်နှင့် မန်တုန်မြို့နယ်တွင် သင်္ကြန်မတိုင်ခင်ကာလတွင် လက်ဖက်ရွက်စိမ်းဈေး တပိဿာလျှင် ၈ဝဝကျပ်ရှိပြီး သင်္ကြန်ပြီးသည့်အတောအတွင်းတွင် ၆ဝဝကျပ်နှင့် သင်္ကြန်ပြီးသည့်နောက်ပိုင်းတွင် ရွက်စိမ်းဈေးသည် ၄ဝဝကျပ်မှ ၃ဝဝကျပ်အထိ ထိုးစီးဆင်းခဲ့ပါသည်။

မန်တုန်ရွာခံတစ်ဦး “ အခုဆိုရင် ရွက်စိမ်းဈေးက ၃ဝဝပဲ ရှိတော့တယ်။ ရွက်စိမ်းကတော့ ဘယ်သူမှ သိပ်ပြီး မရောင်းကြတော့ဘူး။ လက်ဖက်ခြောက်ပဲ လုပ်နေကြတယ်။ လက်ဖက်ခြောက်တောင်မှ ၁၅ဝဝဈေးပဲ ရှိတယ်။ လက်ဖက်ကတော့ အထွက်များပါတယ်။ လက်ဖက်ဈေးနှုန်းပဲ မကောင်းတာ။ စိတ်ညစ်ပါတယ်”

နမ့်ခမ်းမြို့နယ်ရှိ လက်ဖက်တောင်သူများသည် လက်ဖက်ရွက်စိမ်းနှင့် လက်ဖက်စိုကို ပြုလုပ်လေ့မရှိဘဲ လက်ဖက် ခြောက်ကိုသာ အဓိကထား၍ ပြုလုပ်ကြပါသည်။ လက်ဖက်ဈေးမကောင်းသည့်အတွက်ကြောင့် ပြုလုပ်ထားသော လက်ဖက်ကို ပွဲစားများ လာဝယ်ကြပေမယ့် ရောင်းထွက်လိုချင်မရှိဟု “ဒီနှစ်က လက်ဖက်အရမ်းပေါ်တယ်။ သင်္ကြန်အတောအတွင်းဆိုရင် လူတွေတောင် သိပ်ပြီး မနားရပါဘူး။ လက်ဖက်အလုအယက်သွားခူးကြတယ်။  လက်ဖက်တွေ ပေါ်ပေမယ့် လက်ဖက်ခြောက်ဈေးက မကောင်းဘူး။ ရွှေဖီစစထွက်တဲ့အချိန်ဆိုရင် ၄ဝဝဝလောက်ရသေးတယ်။ အခုဆိုရင်တော့ ၂၅ဝဝအထိ ကျသွားတယ်။ ဝယ်တဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သိပ်ပြီး မရောင်းထွက်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတာ သူတို့ပေးတဲ့ဈေးက အရမ်းကို နည်းတယ်။ အချိန်ခဏလောက်စောင့်ပြီး လက်ဖက်ဈေးတက်လာမှရောင်းမယ်။ ကျနော်တို့က အဓိက လက်ဖက်ခြောက်ပဲ ပြုလုပ်ကြပါတယ်။ လက်ဖက်ရွက်စိမ်းကို ဒီတိုင်းရောင်းထွက်တာမျိုးတော့ မရှိသလောက်ပါဘဲ။ ပြီးတော့ လက်ဖက်စိုကိုလည်း မလုပ်ကြပါဘူး” ဟု နမ့်ခမ်းမြို့နယ်ရှိ ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။

ပလောင်တောင်သူများသည် လက်ဖက်ဈေးမကောင်းသည့်အတွက်ကြောင့် စိတ်ပျက်ပြီးဘိန်းခြံသို့ သွားရောက်အလုပ်လုပ်ကြသည်ဟု သိရှိရပါသည်။ “ကျမတို့က ဒီနှစ် လက်ဖက်တွေအထွက်နှုန်းကောင်းတယ်ဆိုပြီး ဘိန်းခြံကနေ ကမန်းကတန်း ပြန်လာကြတယ်။ ဒီရောက်တော့ကွာ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ လက်ဖက်ဈေးက လုံးဝ မကောင်းဘူး။ အခုဆိုရင် ပိုဆိုးသေးတယ်။ ရွက်စိမ်းဈေးက ၃ဝဝလောက်ပဲ ရှိတယ်။ လူတစ်ယောက်မှာ လက်ဖက်ခူးတော်ရင်တောင် တစ်ရက်မှ အချိန် ၁ဝ-၁၅ပိဿာလောက်ရတယ်။ လက်ဖက်ခူးမတော်တဲ့လူဆိုရင်တော့ အချိန် ၁၀တောင် မရနိုင်ဘူး၊ လက်ဖက်ခြံမရှိတဲ့သူတွေက လက်ဖက်ခွဲခူးကြတယ်မဟုတ်လား၊  ဒုက္ခရောက်တာပေါ့။ ဘိန်းခြံပဲ အလုပ်သွားလုပ်ရင် ပိုကောင်းပါတယ်။ ကျမတို့ ဘိန်ခြံမှာသွားလုပ်တယ်ဆိုရင် တစ်ယောက်တစ်ဝက်လဲ ခွဲစရာမလိုဘူး။ လစာမကောင်းတာတောင်မှ စားဝတ်နေရေးအတွက် ဖြေရှင်းပေးနိုင်တာပေါ့။ အခုဆိုရင် လူတွေက လက်ဖက်ခြံကို ပစ်ပြီး ဘိန်းခြံမှာ အလုပ်သွားလုပ်ကုန်ကြပြီ။ လက်ဖက်တွေ ရင့်ကုန်ကြတယ်။ စိတ်ပျက်တယ်။ ဘာမှ မပြောချင်တော့ဘူး” နမ့်ဆန်မြို့နယ် ရွာခံတစ်ဦးမှ ပြောပြခဲ့ပါသည်။

ပလောင်လူမျိုးများသည် အဓိက ပင်မအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါသည်။ တပေါင်းလသည် မိုးစပြုရွာပြီး ရွှေဖီဦး လက်ဖက်အဖူး၊ အညွှန့်များ ဝေဝေဆာဆာ ဖူးပွင့်ကြပါသည်။ ရွှေဖီချိန်တွင် များသောအားဖြင့် လက်ဖက်ခြံပိုင်ရှင်များသည် လက်ဖက်ဈေးနှုန်း မမှီမှာ စိုးရိမ်သလို လက်ဖက်ရင့် သွားမှာကြောက်ကြပြီး ရွှေဖီဦးမတိုင်ခင်ကာလတွင် ဗမာပြည် အောက်ပိုင်းသို့ ဆင်းပြီး လက်ဖက်ခူးကူရန်အတွက် ဗမာပြည်သူများကို အကူညီတောင်းကြပါသည်။ အချို့သော လက်ဖက်ပိုင်ရှင်များသည် သီပေါနှင့် ကျောက်မဲရှိ ရှမ်းလူမျိုးများကို ခေါ်ယူလေ့ရှိပါသည်။ 
Read more »

Wednesday, April 20, 2011

မီးသွေးတင်ကားများအပေါ်အဆမတန်ငွေတောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် တောင်ဘက်၂၈ မိုင်ကွာဝေးသော မိုင်းဝီးရွာမှ နမ့်ခမ်းမြို့သို့ မီးသွေးသယ်ဆောင်သည့် မီးသွေးကုန်သည်များနှင့် ကားသမားများအပေါ် အာဏာပိုင်များက မတရားငွေကောက်ခံ နေကြောင်းသိရတယ်။
မီးသွေးကုန်သည်များကသရီးကရောင်းကား၊ ထော်လာဂျီ၊  ခြောက်လုံးထိုး၊လေးလုံးထိုးကားများဖြင့်တင်ပို့ကြတာဖြစ်တာပြီး  မိုင်းဝီးရွာမှ နမ့်ခမ်းမြို့ အထိဆိုရင်  ဂိတ်ပေါင်း ၂၆ ခုဖြတ်ရတယ် ဂိတ်တိုင်းလည်း ပိုက်ဆံတောင်းနေတယ် လို့သိရပါတယ်။
တစ်ခေါက်ဖြတ်လျှင်ဘယ်လောက်လောက်ပေးလိုက်ရပြီး ဘယ်ဂိတ်က ဘယ်လောက်တောင်းတယ်ဆိုတာ ကိုမေးကြည့်လိုက်တော့ မီးသွေးကုန်သည်တစ်ဦးက အခုလိုပြောပါတယ်။
“ မိုင်းဝီးကနေ နမ့်ခမ်း အထိဆိုရင် ဌာနပေါင်းစုံက ပိုက်ဆံကောက်ခံတယ် တချို့ဂိတ်တွေဆိုရင် တာဝန်နဲ့မဆိုင်ဘဲ မတရားကောက်ခံနေတယ် ကောက်တယ်ဆိုတာလည်းအနည်းအကျဉ်းမဟုတ်ဘူး မိုင်းဝီးအထွက် ဂိတ်မှာ - ၂၆၀၀၀ ကျပ် ၊ မန်ယိုမ်ဂိတ် - ၄၀၀၀ ကျပ် ၊ ကွယ်ချိုက်ဂိတ် - ၁၀၀၀၀ ကျပ်၊ မန်ပူးဂိတ် - ၂၀၀၀ ကျပ် ၊  နမ့်ပိုဂိတ် - ၂၀၀၀ ကျပ် ၊ စိုက်ခင်းဂိတ် - ၁၀၀၀၀ ကျပ်၊ ဟိုနားဂိတ် - ၁၅၀၀၀ ကျပ်၊ စ.ရ.ဖ - ၅၀၀၀ ကျပ် ၊ ကောင်တပ်ရွာ မ.ယ.က - ၁၀၀၀၀ ကျပ၊် မြို့မ ပြည်သူ့စစ် - ၅၀၀၀ ကျပ်၊ S.P - ၁၂၀၀၀ ကျပ်၊ မူးယစ်(၄) ဖွဲ့ - ၄၀၀၀၀    ကျပ်၊လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ - ၅၀၀၀ ကျပ၊်နမ့်ခမ်းရဲ - ၁၅၀၀၀ ကျပ်၊ နမ့်ခမ်းရဲ ယာဉ်ထိန်း - ၅၀၀၀ ကျပ်၊ ပြည်သူ့စစ်(ပန်းဆေး) - ၃၀၀၀ ကျပ၊်  က.ည.န - ၈၀၀၀ ကျပ်၊ သစ်တော (ဝင်းကန့်ရွာ) - ၃၂၀၀၀ ကျပ်၊ စသုံးလုံး - ၅၀၀၀ ကျပ်၊ ငွန်အင်စည်ပင် - ၅၀၀၀ ကျပ်၊နမ့်ခမ်းမြို့ဝင်ဂိတ် - ၄၄၀၀၀ ကျပ်၊ လှည့်ကင်းရဲ - ၁၅၀၀၀ ကျပ်၊ C.I.D ရဲ - ၁၀၀၀၀ ကျပ်၊နမ့်ခမ်း(သစ်တောဝန်ထမ်းဟောင်း) - ၁၅၀၀၀ ကျပ်၊ လ.ဝ.က - ၆၀၀၀ ကျပ်၊ပန်ခမ်းရဲ - ၃၀၀၀ ကျပ် အားလုံးစုစုပေါင်း     ( ၃၂၀,၀၀၀)ကျပ် ပေးဆောင်ရတယ်”လို့ပြောပြခဲ့တယ်။

သရီးကရောင်းကားတစ်စီးတွင် မီးသွေးပိဿာချိန်ပေါင်း ၃၀၀၀ ကနေ ၄၀၀၀ ဝန်းကျင်အထိတင်လေ့ရှိသည်။ ရွာပိုင်းတွေမှာဆိုရင် မီးသွေး တစ်ပိဿာ လျှင် ကျပ်(၂၅၀/၂၇၀) ဝန်းကျင်လောက်သာရရှိပြီး နမ့်ခမ်းမြို့ပေါ်မှာတော့ တစ်ပိဿာကို ကျပ်(၅၀၀/၆၀၀) ဈေးနဲ့အရောင်းအ၀ယ်ရှိပြီး ထိုမှတဆင့် ကုန်သည်ကြီးများက တရုတ်ပြည်တို့တင်ပို့ကြသည်။

မိုင်းဝီးရွာနှင့် နမ့်ခမ်းကြားရှိ တအာင်း(ပလောင်) ပြည်သူလူထုအများက မီးသွေးဖုတ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြရပါတယ် သို့သော်လည်း ယခုလို အာဏာပိုင်တွေရဲ့ မတရားငွေကောက်  အမြတ်ထုတ်မှုကြောင့် မီးသွေးကုန်သည်များရောင်း၍ရလာတဲ့ပိုက်ဆံသည်  ဂိတ်မှာပေးရတာနဲ့တင် အမြတ်မကျန်သလောက်ဖြစ်နေရတယ် ဒါ့အပြင် ၀မ်းရေအတွက် မီးသွေးဖုတ်ရောင်းတဲ့ ဒေသခံတွေအပေါ်မှာလည်း ထိခိုက်နစ်နာစေကြောင်းသိရပါတယ်။
 
Read more »

Friday, April 8, 2011

Ta'ang traditional tea production

Read more »

တအာင်းမလေးတွေလို ငွေသွားလေးမတတ်ချင်ဘူးလား

Read more »

School opening ceremony at Pan Tha Pyay

Read more »

လမ်းစီမံကိန်းကြောင့် ခြံမြေသိမ်းဆည်းမှုနှင့်အတင်းအဓမ္မပြောင်းရွှေ့ခံနေရ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊နမ့်ဆန်မြို့နယ်မှ နမ့်ဆန်- မန်တုန်သို့ အကျယ်(၃၄)ပေရှိ ကားလမ်းမကြီးဖောက်လုပ်မှုကြောင့် လမ်းကြောတလျောက်ရှိ လက်ဖက်ခြံမြောက်များ သိမ်းဆည်းခံရသည့်အပြင် လမ်းဘေးရှိအိမ်များလည်းအတင်းအဓမ္မပြောင်းရွေ့ခံနေရကြောင်းသိရှိရသည်၊၊

ယခုနှစ် ၂၀၁၁၊ဖေဖော်ဝါရီလအတွင်း နမ့်ဆန်-မန်တုန်လမ်းပေါ်၊ ဟိုမိန်းကျေးရွာရှိ အိမ်(၂) အိမ်ထပ်မံ အတင်းအဓမ္မပြောင်းရွေ့ခံခဲ့ရသည်။

“ အခုအိမ်ပြန်ဆောက်တော့ မြေညှိဖို့ ဘူဒိုဆာကား ငှားခတောင် (၈၀၀၀၀) ကျပ်ပေးရတယ်၊ ကျန်တဲ့တအိမ်လည်း ကျပ်(၅၀၀၀၀)ပေးရတယ်၊ ဒါပေမယ့် သူတို့က ဘာလျော်ကြေးမှမပေးဘူး” ဟုပြောင်းရွှေ့ခံရသည့် အိမ်ရှင်ပြောပြချက်အရ သိရသည်။

ကားလမ်းဘေးအိမ်ဈေးဆိုင်ရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက  “ ကျမတို့ မန်မောက်ရွာမှာလည်း လမ်းဘေးအိမ်တွေ ပြောင်းရွေ့ရပါတယ်၊ ကျမအိမ်ဆိုင်ကို ဒီတစ်ခါနဲ့ဆိုသုံးခါရှိပြီ ပြောင်းနေရတယ်” လို့ပြောပြ ခဲ့ပါသည်။

နမ့်ဆန်-မန်တုန် ကားလမ်းတလျောက်တွင် လက်ဖက်ခြံများ၊ တောတောင်များ၊ စိုက်ပျိုးခြံများ မကြာခဏ သိမ်းဆည်းခံနေရသောကြောင့် ပြည်သူများမကျေမနပ်ဖြစ်နေကြောင်း သိရှိရသည်။

နမ့်ဆန်-မန်တုန် ကားလမ်းစီမံကိန်းကို ဖြူစင်(Phyu Zin)၊ ( Excellence Engineering)၊ချမ်းသာရွှေမြေနှင့် မန်းမြင့်မိုရ်ဟိန်းကုမ္မဏီများမှပူးပေါင်းတာဝန်ယူ ဖောက်လုပ်နေလျက်ရှိသည်။
Read more »

Tuesday, April 5, 2011

တအာင်းဒေသမှ ရွှေတွင်းတူးဖော်တွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊နမ့်လင်းအုပ်စု၊ အထက်မန်ငိုင်းကျေးရွာအတွင်း ၂၀၁၁ခုနှစ်၊     မတ်လ ပထမပတ်တွင် ရွှေအလေးချိန် တန်ပေါင်း(၂) ထောင်လောက် ထွက်မယ်လို့ တရုတ်ပညာရှင်များခန်းမှန်းထား သည့်  ရွှေတွင်းတစ်ခုတွေ့ရှိခဲ့သည်။

တရုတ်ကုမ္မဏီတစ်ခုမှဦးဆောင်ပြီး (၂)ရက်နေ့မြောက် တူးဖော်စဉ် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာနေ ပြည်သူ့စစ်  ခေါင်းဆောင် ဦးထွန်းမြတ်လေးဦးဆောင်သောအဖွဲ့သည် တရုတ်(၄)ရောက်နှင့်အတူ မန်ငိုင်းကျေးရွာ ဥက္ကဠအပါ လာရောက်ဖမ်းဆီးသွားခဲ့သည်။

“လာတူးတဲ့တရုတ်တွေက (၁၂)ယောက်ရှိတယ်၊ ကျန်တဲ့လူတွေကို ထွက်ပြေးလို့ လွတ်သွားတယ်၊ ထွန်းမြတ်လေးကတော့ သူ့ခွင့်ပြုချက်မရဘဲ တူးတယ်ဆိုပြီးဖမ်းတာ၊ အချုပ်ထဲမှာ တစ်ပတ်လောက်ထည့်ပြီးတရုတ်ကုမ္မဏီက ပိုက်ဆံပေးတော့ပြန်လွတ်ပေးလိုက်တယ်” ဟုရွာသားတစ်ဦးကပြောပြပါသည်။

ဆက်လက်ပြီးသူက ယခုတော့ တရုတ်ကုမ္မဏီက တိုင်းမှူးနဲ့ညိုနှိုင်းပြီး တရားဝင်တူးခွင့်ရလိုက်ပြီ၊ တရုတ်အလုပ်သမား(၂၅) ယောက်နှင့် ပလောင်အလုပ်သမားများရှိပြီး နောက်ထပ်ရောက်လာဖို့ လည်းရှိသေးကြောင်းပြောပြခဲ့ပါသည်။  ထိုနေရာတွင် အသိမ်းခံလိုက်ရသော လက်ဖက်ခြံမှာလည်း အခုချိန်ထိလျော်ကြေးတစ်စုံတရာ ပေးတာမျိုးလည်းမရှိသေးကြောင်း ပြောဆိုသွားပါသည်။

ပြီးခဲ့နှစ်တုန်းကလည်း ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေးကိုယ်တိုင်တစ်ခါ၊ မယကဥက္ကဋ္ဌကိုယ်တိုင် တစ်ခါ တရုတ်လောပန်းတွေနဲ့အတူ လာရောက်ကြည့်ရှုပေမယ့် အဲဒီတုန်းက တူးလို့မရသေးဘူးဆိုပြီး ပြောသွားခဲ့သည်။
 
Read more »

စစ်ပွဲကာလတွင်း ဒေသခံများ ပေါ်တာဆွဲခံရ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ၊် နမ့်လင်းအုပ်စု၊ မန်ငိုင်းရွာနှင့် မန်လန်ကျေးရွာကြား မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) နှင့် နအဖ စစ်ပွဲပြီးနောက် မတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီမှ ၉ နာရီအထိ နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာအုပ်စု၊ အထက်မန်လွယ် ကျေးရွာအနီး ပန်ခါးတောင်တွင် ထပ်မံဖြစ်ပွားခဲ့တယ် လို့သိရပါတယ်

“မတ်လ ၂၈ ရက် မန်ငိုင်းတိုက်ပွဲအပြီး ရှမ်းစစ်သားတွေတက်လာသည့်လမ်းကြောင်းကို နအဖ စစ်တပ်အချို့နှင့် နမ့်ဆန်မြို့ ငွန်ဆိုင်းကျေးရွာနေ  ဦးထွန်းမြတ်လေး ဦးဆောင်တဲ့ ပြည်သူစစ်အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)စစ် အင်းအား ၆၀ နှင့်  ၈၀ ၀န်းကျင်လောက်ရှိတယ် နအဖ စစ်တပ်အင်းအားဘယ်လောက်ရှိတယ် ဆိုတာကို အသိအကျမသိရသေးဘူး အဲနေ့ပဲ လားရှိုးတိုင်းစစ်တပ်အကူ စစ်ကား ၃ စီးနှင့် စစ်ပွဲဖြစ်ပွားခဲ့သည့်နေရာ မန်လွယ်ကျေးရွာ ဘက်ကို တက်လာတယ်”လို့ ရွာသားများပြောပြချက်အရသိရပါတယ်

စစ်ပွဲကာလမှာ နအဖ စစ်သားများက ဒေသခံပြည်သူများကို ပေါ်တာဆွဲ ၊ ကားချောဆွဲတာတာရှိတယ်လို့ ဒေသခံတစ်ဦးကအခုလို ပြောပါတယ်”မတ်လ၂၉ ရက်နေ့မှာပဲကျောက်မဲမှာစစ်သားတွေ သွားခေါ်ဖို့ဆိုပြီး
ဟိုမိန်းကျေးရွာက(ကိုကျိန်း) ကားတစ်စီးနှင့်အခြားတစ်စီးတော့နာမည်မသိဘူး ကားနှစ်စီးချောဆွဲခံရတယ်ကျောက်မဲက ခေါ်လာတဲ့စစ်သားတွေကို မန်မိုင်ရွာမှာ ထားခဲ့တယ်။အခုလည်း စစ်သားတွေက ယာယီစခန်းအဖြစ် မန်မိုင်ရွာမှာ ရှိနေပါတယ်” သူကပြောပါတယ်

တစ်ချိန်တည်းမှာဘဲ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSA-N ရဲ့လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ဖို့အတွက် မန်တုန်မြို့
တပ်ရင်း(ခလရ- ၁၃၀) စစ်တပ်က ပလောင်ပြည်သူ့စစ်အဖွဲ့ကို ခေါ်ပြီး မန်တုန်မြို့ရှိ မန်တပ်ကျေးရွာမှာရှမ်းအဖွဲ့တွေရဲ့အလာကို သွားပိတ်ရာမန်တပ်ကျေးရွာက ရွာသား ၅ ယောက်ကို ပေါ်တာဆွဲပြီး လောင်ချာတွေ လက်နက်ကြီးတွေ ထမ်းခိုင်းတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပြခဲ့ပါတယ်။

၂၉ ရက်နေ့ ပန်ခါးတိုက်ပွဲဖြစ်ပြီးနောက် ရှမ်းအဖွဲ့တွေဟာပန်တောင်ကျေးရွာဘက် ဆုတ်ခွာသွားပြီး အစအနပျောက်သွားခဲ့တယ် လို့ဆိုပါတယ် သို့သော်နအဖ စစ်တပ်တွေကနမ္မတူဘက်မှာလည်းလမ်းကြောင်း
တွေပိတ်ဆို့ထာပြီးနေရာအနှံ့တွေမှာ ကင်းအပြည့်နဲ့စောင့်နေတယ် လို့လည်းသိရပါတယ် ဒါပေမယ့်လည်း ဧပြီလ  ၁ -၂ ရက်မှာတော့ စစ်ပွဲအခြေအနေက တည်ငြိမ်သွားခဲ့ပါပြီလို့ဆိုပါတယ်။

စစ်ပွဲရဲ့ ဂယက်ရိုက်မှုကြောင့် ဒေသခံပြည်သူတွေက အခက်အခဲကြုံတွေ့နေရပါတယ်လို့ လက်ဖက်ခြံပိုင်ရှင်တစ်ဦးကဆို
ပါတယ်“ အခုအချိန်မှာရွေဖီချိန်လည်းဖြစ်တဲ့အခါကျတော့  ရွာကလူတွေလက်ဖက်ခူးအလုပ်သမားတွေခေါ်ကြတယ်လေ
ဒီစစ်ပွဲကာလမှာလက်ဖက်လာခူးကြတဲ့  အလုပ်သမားတွေကကြောက်လို့ဆိုပြီး  သူတို့ရဲ့မွေးရပ်ကိုပြန်သွားကြတယ်သွားခေါ်ရတဲ့ လမ်းစရိတ်တွေ အများကြီးကုန်ခဲ့ပေမယ် လက်ဖက်မခူးဖြစ်တော့ အခုဆိုရင်လက်ဖက်တွေရင့်ကုန်ကြတယ်မိသားစုတော်တော်များက  လက်ဖက်တွေဆုံးရှုံးခံရတယ် အများသောအားဖြင့် ရွေဖီဦးလက်ဖက်ကိုသာ  အားကိုးတာမို့ ဒီနှစ်တော့ အခက်အခဲရင်ဆိုင်နေရတယ် “ လို့ သူကပြောပါတယ်။
 
Read more »

Sunday, April 3, 2011

ပွဲမိန့် မပါဘဲရိုးရာတပေါင်းပွဲကျင်းပ


တပေါင်းလ ၂၃ရက်နေ့၊  ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ၊် နမ့်လင်းအုပ်စု၊ နမ့်လင်းကျေးရွာတွင် နှစ်စဉ်ကျင်းပတဲ့ တပေါင်းပွဲတော်ကို  ကျင်းပပြုလုပ်ဖို့ ရွာလူကြီးများက နမ့်ဆန်မြို့ မယက ဥက္ကဋ္ဌထံ သွားရောက်အကြောင်းကြားရာမှာ မယကဥက္ကဌက ကကျင်းပဖို့ ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

“ကျေးရွာလူကြီးတွေက ပွဲတော်ကို အစစအရာရာ ပြင်ဆင်နေပြီးသားဖြစ်တာမို့ ကျင်းပခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း မယက ဥက္ကဌက ခွင့်မပြုတဲ့အပြင် ရွာအနေနဲ့ ကျင်းပလို့ ပြသာနာတစ်စုံတရာဖြစ်ရင် တာဝန်မယူနိုင်ဘူးလို့ပြောပါတယ် ကျေးရွာလူကြီးတွေလည်း မရရတဲ့နည်းနဲ့ ဘုန်းကြီးတွေ အကူအညီတောင်းပြီး ပွဲကိုဝိုင်းဝန်းကြပ်မတ်ပေးရန် လျှောက်ထားရပါတယ်” လို့ ရွာသားတစ်ဦးက အခုလိုပြောပြပါတယ်။

“တပေါင်းလ ၂၃ ရက် နှစ်တိုင်းကျင်းပပြုလုပ်တဲ့ ပွဲတော်မတိုင်ခင် ၂ ပတ် ၃ ပတ်အကြိုမှာ တာဝန်ရှိတဲ့ ရွာလူကြီးတွေက ရွာသားများနဲ့ တိုင်ပင်ညှိနှိုင်းဆွေးနွေးပြီး  အစအစအရာရာ ပြင်ဆင်ထားရပါတယ်  ရွာလူကြီးတွေက မယက ကိုသွားပြီး အကြောင်းကြားတဲ့အခါမှာ မယက ကခွင့်မပြုဘူး ဆိုတဲ့အကြောင်း ပြောပါတယ် ပြင်ဆင်ပြီးသားဖြစ်တာမို့၊ နောက်ပြီး ရွာကလူတွေအားလုံးကလည်း ရိုးရာပွဲဖြစ်တဲ့ တပေါင်းပွဲကို   ကျင်းပချင်ကြတာမို့  ပွဲကိုဝိုင်းဝန်ကြပ်မတ်ပေးဖို့ ရွာဘုန်းကြီးထံ လျှောက်ထားပြီး ကျင်းပခဲ့တယ်” လိုပြောပါတယ်။

နမ့်လင်းတပေါင်းပွဲကို ကျင်းပခဲ့တာ ဒီနှစ်နဲ့ဆိုရင် ၅ နှစ်မြောက်ရှိပြီလို့ဆိုပါတယ် မတ်လ ၂၃ -၂၆ ရက်နေ့အထိ ၄ ရက်ကြာပွဲဖြစ်ပြီး ရွာအနီးနားက အိမ်နီးချင်းရွာတွေအားလုံးကို ဖိတ်ကြားပြီး တအာင်းရိုးရာအကနှင့် စတိတ်ရှိုးပွဲတွေလည်း ပါတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပွဲကတော့ ၃ ည ၄ ရက်ပေါ့၊ ၂၃ ရက်ကနေ့စပြီး ၂၆ ရက်နေ့အထိ နေ့ရောညပါ ကျင်းပခဲ့တယ် ရိုးရာအကတွေ စတိတ်ရှိုးအကဖျော်ဖြေပေးတဲ့သူတွေက နမ့်လင်းရွာက ကျောင်းသူ၊ကျောင်းသားများနဲ့  စတိတ်ရှိုးအဖွဲ့သူ၊သားများ နောက်ပြီး အိမ်နီးချင်းများဖြစ်တဲ့ မန်လန်ကျေးရွာက စတိတ်ရှိုးအဖွဲ့များ၊ တောင်ကျော်ကျေးရွာက စတိတ်ရှိုးအဖွဲ့များနဲ့ အခြားသောအကအဖွဲ့ များက ပါဝင်ကပြဖျော်ဖြေခဲ့ပါတယ်လို့” ပြောပါတယ်။

နမ့်လင်းတပေါင်းပွဲတော်တွင် အိမ်နီးချင်း ကျေးရွာများနှင့် နမ့်ဆန်မြို့ပေါ်ကလူတွေလည်း လာရောက်လည်ပတ်ကြပါတယ် ပွဲကိုလာရောက်ကြည့်ကြတဲ့လူဦးရေ ၂၀၀၀ ၀န်းကျင်လောက် ရှိတယ်လို့ဆိုပါတယ် ခါတိုင်းနှစ်တွေထက် လူဦးရေနည်းပါး သွားတယ်လို့သိရပါတယ်။

ဒီလိုတပေါင်းပွဲဆိုတာ တအာင်းလူမျိုးတွေအတွက် ဘာသာရေးပွဲတော်တစ်ရပ်ဖြစ်သည့်အပြင်၊ အမှန်တကယ် အလေးအနက်ထားကြောင်းနှင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်လို့ဆိုပါတယ် တအာင်းလူမျိုးများဟာ လက်ဖက်ကို မှီခိုအားထားပြီး အသက်မွေးဝမ်းကျောင်းပြုကြရတာမို့ ရွှေဖီဦးလည်းဖြစ် တပေါင်းလပြည့်လည်းဖြစ်တဲ့ တအာင်းရိုးရာတပေါင်းပွဲတော်၌ လက်ဖက်အထွက်နှုန်း ကောင်းစေရန်အတွက် ဆုတောင်းခြင်းများပြုကြတဲ့ ပွဲတော်ဖြစ်တယ်လို့သိရပါတယ် နှောင်လာမည့် နှစ်တွေမှာလည်း ကျင်းပနိုင်ဖို့ကြိုးစားရဦးမှာဘဲလို့ ဆိုပါတယ်။

ခွင့်ပြုချက်မပါဘဲရိုးရာတပေါင်းပွဲကိုကျင်းပပြီးစီးသွားသော်လည်းအာဏာပိုင်များမှတစုံတရာ လာရောက်နှောက်ယှက်ပြောဆိုမှုမရှိခဲ့ ကြောင်းဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger