DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, November 29, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိ TNP နေပြည်တော်သို့ တိုင်ကြားမည်


PDF Print E-mail

နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တရားမျှတမှုလုံးဝမရှိကြောင်း တအာင်းအမျိုးသားပါတီမှ နေပြည်တော်သို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားမည်ဟု သိရသည်။


ရွေးကောက်ပွဲအပြီးတွင် ကြိုတင်မဲ မသမာမှုများရှိခြင်း၊ မဲရုံကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်စားပြုဆန္ဒမဲပေးခြင်း နှင့် မဲဆန္ဒရှင်များက မြိုနယ်ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ပေးအပ်လိုက်သော ပုဂ္ဂိုလ်များဖြစ်သည့် မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်ခံရခြင်းများရှိသည်ဟု တွေ့ မြင်လိုက်သည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ပါတီစုံ ရွေးကောက်ပွဲမှ တရားမျှမှုမရှိကြောင်း TNP မှ နေပြည်တော်သို့ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိပါသည်။

မှတ်ချက်= အပြည့်အစုံရရှိရန် ဆက်လက်စုံးစမ်းနေဆဲ

Read more »

မဲလက်မှတ် အရေ (၅၀၀) လျှို့ ဝှက်သိမ်းဆည်းနေ


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာနှင့် မိုင်းပူးကျေးရွာတွင် တအာင်း အမျိုးသားပါတီ “TNP” ၊ “USDP”ပါတီ၊ “တစည”ပါတီ နှင့် “ကျားဖြူ” ပါတီတို့ဝင်ရောက်ယှဉ် ပြိုင်ရာမှာ “USDP” ပါတီစည်းရုံးရေး မှူးတစ်ဦး ဖြစ်သော ပန်းဆေး ဦးကျော်မြင့်က မဲလက်မှတ် အရေအတွက် (၅၀၀) လျှို့ဝှတ်သိမ်းဆည်းထား ကြောင်း အမည်မဖေါ်လိုသူတစ်ဦး ထံသိရသည်။


ထို့အပြင် ပန်းဆေး ဦးကျော်မြင့်သည် ရွေးကောက်ပွဲစည်းကမ်းချက်အရ အသက်မပြည့်သေးသောကလေးများကို မဲထည့် ပိုင်ခွင့်မရှိဟုဆိုထား သော်လည်း ၄င်းက ထည့်ခိုင်းသည်၊ ဒ့ါအပြင် မဲဆန္ဒရှင်တစ်ဦးလျှင် မဲတစ်ခါမက သုံးလေးခါ ထည့်ခိုင်းသည်ဟု အဆိုပါ အမည်မဖေါ်လိုသူက အခုလိုပြောသည်။

"မနေ့က မဲပေးတဲ့အချိန်မှာ ပန်းဆေး ဦးကျော်မြင့်က အသက်မပြည့်သေးတဲ့သူတွေပါ မဲထည့်ခိုင်းတယ် မဲထည့် စာရင်းထဲမှာ မပါတဲ့သူတွေပေါ့ ပြီးတော့မှ လူတစ်ယောက်ကို မဲခဏခဏထည့်ခိုင်းတယ်" ဟု သူကပြောပြသည်။

အသက်မပြည့်သေးသောသူများနှင့် အသက်ပြည့်ပြီးသောသူများကိုပါ ယခုလို ထပ်ခါထပ်ခါ မဲပေးနိုင်တာဟာ ၄င်းဦးကျော်မြင့် ၀ှက်ထားသော မဲလက်မှတ် အရေအတွက်( ၅၀၀)တွင်သုံး၍ ပေးခိုင်းတာဖြစ်မည်ဟု မသင်္ကာသူများက ဝေဖန်းပြောဆိုသည်။

လက်ရှိအခြေအနေတွင် အဆိုပါ ဦးကျော်မြင့် လျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)အား ကြံ့ဖွံ့ ပါတီထဲ ရောက်မသွားအောင် တအာင်းအမျိးပါတီ TNPနှင့် ကျားဖြူပါတီ က ၄င်းမဲပြားကိုလိုက်လံ စုံးစမ်းနေပြီး မဲထည့်၍ မရသေးသော ဒေသခံကို တွေ့ဆုံမည် မေးမြန်းမည်ဟု ပြောကြောင်း သိရသည်။

ဤပြသာနာကြောင့် တအာင်းအမျိုးသားပါတီ ၊ တစည ပါတီ နှင့် ကျားဖြူပါတီတို့က ၄င်းလျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)ကို ပယ်မဲအဖြစ် လုပ်ဆောင်နိုင်ရန် ပူးပေါင်းတိုင်ပင်နေကြသည်ဟုသိရသည်။

Read more »

မဲမပေးချင်လည်း နေလို့ မရ


PDF Print E-mail

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာမှ ဒေသခံများသည် ရွေးကောက်ပွဲ စည်းကမ်းအရ မဲပေးချင်သောဆန္ဒမရှိပါက မဲမပေးပဲနေနိုင်ခြင်း အခွင့်အရေး မရှိကြောင်းသိရသည်။ ထို့အပြင် ပြစ်မှုနှင် အကျဉ်းကျခံနေသော အကျဉ်းသားများကိုယ်စား ပါ ကိုယ်စားမဲထည့်ပေးရခြင်းဖြစ်သည်။


ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ပုဒ်မ ၇ (ခ) ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ ဟုရေးထားပြီးသော်လည်း ၄င်းဒေသတွင် ပြစ်မှုနှင့် အကျဉ်းကျနေသော အကျဉ်းသားများအတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင်မှာလည်း ကိုယ်စားပြု ကြိုတင်မဲ ထည့်ခိုင်းခြင်းပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် မဲလက်မှတ်များကို ကျေးရွာ ဥက္ကဌ အဖွဲ့ ဦဆောင်ပြီး ဒေသခံများထံ လိုက်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲ စည်းကမ်းချက်အရဆိုရင် မဲမထည့်ချင်ရင် နေလို့ရတယ်လို့ကြားရတယ် ဒါပေမဲ့ ဖာလင်ကျေးရွာ မှာတော့ မဲထည့်နိုင်သူများ အားလုံး မဲမထည့်မနေရဖြစ်သည်" ဟု ဒေသခံရွားသား တစ်ယောက်က ပြောခဲ့ပါသည်။

ဖာလင်ကျေးရွာမှာ လာရောက်အရွေးခံမည့် ပါတီများကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ကျားဖြူပါတီများ ဖြစ်ကြပါသည်။ ၄င်းပါတီများ ၄ ခုသည် တအာင်းအမျိုး သားပါတီက မဲအများဆုံး ရနိုင်သည့်အခြေအနေရှိကြောင်းသိရသည်။

တအာင်းလူမျိုးဖြစ်သည့် ရွာသားတစ်ယောက်က လေးပါတီထဲက ဘယ်သူ့ကို မဲပေးချင်လည်း မေးမြန်းခဲ့သည်မှာ “ကျတော်က တအာင်းလူမျိုးကိုပဲချစ်တယ်။ တအာင်းအမျိုးသားပါတီ လက်ဖတ်ရွက်ပဲ မဲပေးမယ်။ တခြားပါတီတွေ မဲပေးရင်တော့ တအာင်းလူမျိုးတွေမှ ကိုယ်စားမှမပြုတာ။ တအာင်းပါတီကိုမဲပေးရင် ကျတော်တို့နယ်မြေ လည်းရမယ်။ ကျတော်တို့ တအာင်းပါတီက တအာင်းလူမျိုးတိုးတက်ဖို့အတွက် လုပ်သွားနိုင်မယ်လို့ ယုံကြည်တယ်" ဟုသူက ပြောသည်။

Read more »

ခရီးလွန်သူများ ကိုယ်စား မဲပေးနိုင်


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် မဲပေးသူဒေသခံများက မိသားစုကိုယ်စား အိမ်ထောင် ဦးစီးဖြစ်သူတစ်ဦးကသာ မဲသွားပေးနိုင်ကြသည် ဒါ့အပြင် အိမ်ထောင် ဦးစီးက မိသားစုမှခရီးလွန်သူများ အတွက်ပါ မဲပေးရကြောင်းသိရသည်။


မန်အောင်ကျေးရွာရှိ မဲရုံနှစ်ခုသည် ဓမ္မာရုံ နှင့် အထက်တန်းကျောင်းကိုနေရာယူလုပ်ဆောင်ပြီး လုံခြုံရေးလည်း
အများအပြားချ ထားကြောင်းသိရသည်။

အဆိုပါ ကိုယ်စားမဲပေးနိုင်ခြင်းနှင့်ပါတ်သက်၍ သွားရောက်မဲပေးသောဒေသခံတစ်ဦးက" သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက မဲရုံကို မနက် ၅ နာရီကတည်းကစဖွင့်တယ် ကျတော်ရောက်တဲ့အချိန်မှာ မဲပေးပြီးသူဦးရေ ၅၀၀ လောက်ရှိပြီး အများအားဖြင့် က လ္ဘက်ညွန့် တံဆိတ်ကိုသာ အဓိကထားပြီးပေးကြတယ် သိပ်တော့မခက်ပါဘူး တချို့ဆိုရင် သူတို့မိသားစုအတွက် လာပေးကြတယ် တချို့လူတွေ ကျတော့ ကိုယ်တိုင်သွားပေးချင်တယ်ဆိုရင် သွားပေးကြတယ် ဒါပေမဲ့ အဲဒီမဲတွေက ဘယ်လိုဖြစ်လာမလဲတော့မသိဘူးလို့ သူကပြော သွားသည်။

မဲရုံတွင် လုံးခြုံရေးအပြည့်ချထားသော်လည်း မဲပေးသည့်အခါတွင် ခြိမ်းခြောက်မှုများပြုလုပ်တာမရှိဘဲ လွတ်လွတ်လပ်လပ် ပေးနိုင် ကြကြောင်းဟု သူကဆက်ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ တွင် တအာင်းအမျိုးသားပါတီ ၊ ကျားဖြူပါတီ ၊ USDP ပါတီ နှင့် တစည ပါတီတို့ မှ မန်အောင် ကျေးရွာတွင် ကြိုတင်မဲကောက်ခံရာမှာ တအာင်းအမျိုးသားပါတီက မဲရေ ၅၀၀ ဖြင့် ရရှိပြီး ကျန်ရှိပါတီများက မဲအနည်း အကျဉ်းသာရရှိကြောင်း သိရသည်။

ထိုအပြင် USDP ပါတီက မန်အောင်ကျေးရွာရှိ အချို့ကျေးရွာအုပ်စု ဒေသခံများကို ငွေပေးပြီး မဲထည့်ခိုင်းတာမျိုး လည်းရှိကြောင်း အဆိုပါဒေသခံကပြောသည် အလားတူ အခြားအုပ်စုရှိ မဲရုံတွင်လည်း အသက်ကြီးသူများကိုယ်စား မဲရုံးမှူးများက ကိုယ်စား မဲပေးနေခြင်းရှိကြောင်းသိရသည်။


Read more »

မဲရုံမှူးများမှ ကိုယ်စားပြုမဲထည့်ပေး


PDF Print E-mail

ရုမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးများမှ ဒေသခံအသက် ကြီးသူများနှင့် စာမဖတ်တတ်သူများအတွက် ကိုယ်စားပြုမဲထည့်ပေးနေ ကြောင်းသိရသည်။


၎င်းဒေသခံ အသက် (၆၀)ရှိ အဖွားတစ်ယောက်မှ ပြောပြရာတွင် “အဖွားကတော့ စာမဖတ်တတ်သည့်အတွက် ပလောင်ပါတီကို မဲထည့်ပေးပါလို့ မဲရုံအဖွဲ့တွေကို ပြောလိုက်တယ်။ သူတို့က ဘယ်ပါတီမဲ ထည့်တယ်ဆိုတာ စာရွက်မပြတော့ဘူး ဒီတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟု ပြောပြသည်။

ထို့အတူ အခြားအသက်ကြီးဒေသခံများလည်း ထိုနည်းတူ မဲရုံကော်မရှင်များက ကိုယ်စားမဲပေးနေကြ သူအများ အပြားရှိသည်ဟု သူကဆက်ပြောသည်။

ဖာလင်ရွာတွင် ကြံ့ဖွံ့ပါတီ ကျားဖြူပါတီ တစည နှင့် TNP တို့မှ ၀င်ရောက မဲယှဉ်ပြိုင်နေကြောင်းသိရှိရပါသည်။

အခြားကျေးရွာတွင်လည်း အလားတူပင် ကိုယ်စားမဲပေးနိုင်ကြသည် ထို့အပြင် USDPပါတီက ပလောင် ဒေသခံတစ်ဦးအား ကျပ်ငွေ ၅သိန်းပေးပြီး မဲပေါင်း (၁၀၀၀) ၀ယ်ပေးရန်အတွကငွေးပေးထားပြီး ဒေသခံတစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ ပေးပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ပါဟုစည်းရုံးခိုင်းကြောင်းသိရသည်။


Read more »

Saturday, May 29, 2010

USDA party hand in incentive and canvass in Namhsan Township

17/5/2010

U Khun Pont led Namhsan USDA party is canvassing for coming election in Shan state (north), Kyaukme district, in Namhsan township of villages.

Further more, as the Namhsan USDA party is organizing and canvassing in community they have request and promise to the village youth leader and village based CBO, USDA member teacher that they will support the material and money for who organize and canvass the people to come and vote for government political party of USDA. Additionally, Namhsan USDA party has started their canvassing since April and they almost finished that process.

Particularly, U Khun Pont led Namhsan USDA party said that they will give a computer, hand phone, as well as transportation fee and some amount of money; in total approximately it will be fifteen hundred thousands (150000)Kyats for every person who organize and canvass villagers to come and vote for USDA party in 2010 general election.

“Not only right now they come persuade us but also they have came and persuade us in previous time too. For instant, school committee and teacher, than some villager who concern with TPDC have shared us about the good points of USDA and how excellent of USDA. According to their word, they said if we vote for USDA we will have more opportunities in our town or village” said one of local man

However, some local people report that they do not trust on issue that if we voted for government’s USDA party; it will support us in our future freedom and community development in anyway.

Information and documentation department

Ta’ang Student and Youth Organization

Contact; ph 080 118 4479/ 082 887 8443
Read more »

Innocent villagers arrested, tortured and accused of drug trafficking by Militia

We have concrete news that on May 16th, 2010, Tun Myat lay militia group who are based in Nahsam Township, Nonsai village accused and arrested three villagers for using opium. However, they did not have any evidence that the villagers were using opium. The three villagers, U chit Shwe, U Aik Hlaing and U Own Pae, are from upper Man Lawi village. These three villagers were tortured and abused by Tun Myat lay’s militia group, although, they did not use any illegal opium.

“Yes, that right we have an addict in our village, but I believe these three people did not use it. Because we are in the village and we know each other, if they used opium, we will hear the news as we have heard about others addicts” said a villager who was concerned with this case.

“Even though they were arrested, they were only suspected by militia. When they were arrested, there was no evidence of opium use. They did not have any opium in their possession. Afterwards, the militia told us that if we be able to give money of over three hundred thousands Kyat (300,000) or four hundred thousand Kyat (400,000), they will release them” said a person who was concerned with the case.

Since early April, the three villagers arrested are still being detained. The families of the detainees could not afford to give four hundred thousand Kyat (400,000), which the militia asked of them.

Local communities mainly depend on tea for an income and on previous occasions when there have been arrests it cost a lot of money for the cases to be resolved or paid off. Like wise, this year in Ta’ang region there was less rain and thus less production of tea. As a result in local people are in financial difficulty and unfortunately they are suspected and being detained by militia. Consequently, the local communities’ are really anxious about the future.

Information and documentation department

Ta’ang Students and youth Organizations

Contact; ph 08011844799

0828878443
Read more »

Authorities putting security in place around Ruili electric power a cause of community discontent

12/May/2010

According to local authority’s orders the police and militia are watching the Ruili electric power very closely. This has been happening since third week of April 2010 in Shan State (north), Muse district, Numkham Township in Mantak Ruili electric power.

The reason for this occurrence is because when the communities are using the electric from china they have a rapport, and after they have to change and use the Myanmar Ruili electric power, they are often faced with a shortage of electricity problem. Although, this happens the community still have to pay for electricity every month. Moreover, Myanmar Ruili electric power fee is not pleasant for the community and even though, they are giving the electric fee regularly, they oftentimes do not have electricity for whole month. As a result of this, the communities around the Ruili electric power are discontent.

“Currently, we have heard a lot of explosions, the communities do not get the electricity from this Ruili electric power and they are discontent. We worry that the local people will detonate the Ruili electric power called Ruili dam and the militia will come and take a security base here.” said a guard of Ruili electric power.

”After we have changed the electric meter box, we do not get the electric regularly. Thus, even we do not get it we have to give one thousand for meter box maintenance not only that one but also the community people are really discontent because of the change of electricity supply. During Myanmar water festival, we did not have any electric and the Kaung Tak villagers went and argued with electrical office. Therefore, they put all at Ruili dam at a security risk because they afraid of that local people will detonate the Ruili dam” one woman who lives in Namkham Township said

“Some villages have asked the authority if they can return their meter box fee and some have got one third of their money, some do not get anything they are discontent” she continued to say.

The bombs that explored during water festival do not have any benefit to the people and it result is only losing the damming electricity. For this reason, the authority put in security at Ruili dam.

Information and documentation department

Ta’ang Students and Youth Organization

Contact: ph 08011844799

0828878443
Read more »

Thursday, May 20, 2010

နမ့်ဆန်မြို့နယ်အတွင်း ကြံ့ဖွံ့ အဖွဲ့ ဝင်များ မက်လုံးပေးမဲဆွယ်

၁၇၊ ၅၊ ၂၀၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့ နယ်ရှိ ကျေးရွာအများစုကို နမ့်ဆန်အခြေစိုက်“ဦးခွန်ပွင့်” ဦးဆောင်
သော ကြံ့ဖွံ့ အဖွဲ့ ဝင်များသည် မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြောင်း ယမန်နေ့ က စုံးစမ်းသိရှိရသည်။

အဆိုပါကြံ့ဖွံ့ အဖွဲ့ များသည် ဧပြီလမှစ၍ စည်းရုံးမှုဆင်းကာ ယခုလအတွင်းတွင် ပြီးစီးသလောက်ရှိပြီဖြစ်ကြောင်းလည်း
ဖြစ်သည်။ ထိုသို့ ” ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များ သည် ကျေးရွာများတွင်ရှိသော လူငယ့်ခေါင်းဆောင် ၊
ရွာဖွံ့ ဖြိုရေးလုပ်ဆောင်နေသည့် ရွာတွင်းအဖွဲ့ ငယ်များ နှင့်ကြံ့ဖွံ့ အဖွဲ့ ဝင်ကျောင်းဆရာ ၊ မ များကိုပါ နိုင်ငံတော်၏
ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို ဒေသခံမိဘပြည်သူများက မဲပေးလာနိုင်ရန်အတွက်စည်းရုံးပေးမည်ဆိုလျှင် ပစွည်းများနှင့်
ငွေပါ ကူညီပေးသွားမည် ဟု ကတိပေးခဲ့ကြောင်းလည်းသိရှိရသည်။

ထို “ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များသည် ၂၀၁၀ရွေးကောက်ပွဲတွင် မှတ်ပုံတင်ပြီးသွားသည့်ကြံ့ဖွံ့ ပါတီကို
မဲပေးလာနိုင်ရန်အတွက်မဲဆွယ်စည်းရုံးပေးနိုင်သူတိုင်း ကွန်ပျူတာ ၊ လက်ကိုင်ဖုန်း နှင့် လာရောက်မဲပေးသည့်အချိန်
အသွားအပြန်ဆိုင်ကယ်ဆီဖိုးနှင့် ငွေများ ပေးမည်ဟု ခန့် မှန်းငွေအားဖြင့် တစ်ရွာ လျှင်ဆယ်သိန်းခွဲ (၁၅၀၀၀၀)ကျပ်ဖြစ်
မက်လုံးပေးစည်းရုံးသွားသည်ဟုသိရသည်။

ရွာသားတစ်ဦးက “ အရင်ကလည်း ကြံ့ဖွံ့ ပါတီတွေရဲ့ ကောင်းကြောင်းကိုလာပြီးပြောပြတာတော့ရှိပါတယ်။ ဥပမာ
ကျောင်းကော်မတီ တို့ ကျောင်းဆရာ၊ မတို့ ပေါ့လေ နောက်မြို့ က မယက နဲ့ ဆက်စပ်မှုရှိတဲ့ ရွာကလူတစ်ချို့လည်း
ပါတယ်။ အေပေါ့ သူတို့ ပြောပုံကဆိုရင် ဒီရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ ကြံ့ဖွံ့ ပါတီကို မဲပေးရင် ကျနော်တို့ ရွာတွေမြို့ တွေ
လုပ်ပိုင်ခွင့်ပိုရလာမယ်” ဟု ပြောပြသည်။

အချို့ ပြည်သူများကလည်း နိုင်ငံတော်၏ ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို မဲပေးမည်ဆိုလျှင် ကျတော်တို့၏ အနာဂါတ်
လွတ်လပ်ခွင့် နှင့် ကျနော်တို့ ဒေသဖွ့ံဖြိုရေးအတွက် အထောက်ကူပြုမှု တစ်စုံတစ်ရာရှိလာမည်မယုံကြည်ကြောင်း
သိရှိရသည်။

သတင်းနှင့်ပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
ဆက်သွယ်ရန် 080 118 4479/ 082 887 8443
Read more »

အပြစ်မဲ့ပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးညှင်းပန်းနေ

နမ့်ဆန်မြို့ နယ် ငွန်စိုင်းကျေးရွာ အခြေစိုက် ပြည့်သူစစ်ခေါင်ဆောင် “ထွန်မြတ်လေး” ဦးဆောင်သောပြည်သူစစ်အဖွဲ့ 
သားများသည် အထက်မန်လွယ်ကျေးရွာနေ ဦးချစ်ဆွေ ၊ ဦးအိုက်လှိုင် နှင့်ဦးအုန်းဖေတို့ ဖြစ်ကြသည့် ရွာသားများကို
သက်သေမရှိဘဲမူးယစ်ဆေးဝါးသုံးဆောင်နေသည့်ဟု အကြောင်းပြပြီးမတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း
မေ. ၁၆ .၂၀၁၀ ရက်နေ့ တွင် စုံးစမ်းသိရှိရသည်။

၎င်းအဖမ်းခံရသည့် ရွာသား သုံးယောက်သည် ထိုစွပ်စွဲမှု မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုမပြုလုပ်မသုံးစွဲဘဲ
” ထွန်းမြတ်လေး “ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းကို
ခံရခြင်းဖြစ်သည်။

အဆိုပါအကြောင်းရာနှင့်ပါတ်သက်၍ “ ဟုတ်ပါတယ် ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေရှိတယ်ဆိုတာမှန်ပါတယ်
ဒါပေမဲ့လေ အခုအဖမ်းခံရတဲ့ လူလေးယောက်က မသုံးစွဲဘူးဆိုတာယုံတယ်။ဘာဖြစ်လဲဆိုတော့ ကျနော်တို့ က
တစ်ရွာထဲသားတွေပဲ တကယ်လို့ သူတို့ သုံးစွဲနေတယ်ဆိုရင်သူတို့ သတင်းတွေကြားရမှာပေါ့ တစ်ချို့ သုံးစွဲနေတဲ့
လူတွေရဲ့ သတင်းကြားရသလိုပေါ့ “ ဟု အဖမ်းခံရသူနှင့်တစ်ရွာတည်းန်ေရွာသားတစ်ဦးပြောပြချက်အရသိရသည်။

“အခုသူတို့ ကိုဖမ်းသွားတယ်ဆိုတာလည်း ဘာမူးယစ်ဆေးမှ သူတို့ လက်ထဲမိတာမရှိဘူး သံသယဖြစ်ပြီးဖမ်းသွား
တာပဲ။ တစ်ယောက်ကို ကျပ်ငွေ( ၃၀၀၀၀၀ ) ကျော် ( ၄၀၀၀၀၀) ပေးနိုင်မယ်ဆိုရင်လွတ်ပေးမယ်လို့  “ဟု
၎င်းအဖမ်းခံသူ တစ်ရွာတည်းနေတဲ့ ရွာသားတစ်ဦးကဆက်ပြောသည်။

အဖမ်းခံရသည့်ရွားသားသုံးယောက်သည် ဧပြီလဆန်ပိုင်းမှ ဖမ်းဆီးချုပ်နှောင်ခံရသော်လည်း ပြည်သူစစ်တောင်းထား
သောငွေ ( ၄၀၀၀၀၀) ကိုမပေးနိုင်သဖြင့် ယခုချိန်ထိ၎င်းတို့ ၏ဖမ်းဆီးချုပ်နှောင်းခြင်းကိုခံနေရဆဲဖြစ်သည်။

လက်ဖက်ကိုအဓိကစိးပွားရေးအဖြစ်လုပ်ကိုင်စားသောက်နေသည့်ဒေသခံမိဘပြည်သူများသည် ယခင်ကလည်း
မတရားဖမ်းဆီမှုကိုခံနေရပြိး ငွေအမြောက်များကုန်ခံနေရသည်။ အလားတူယခုနှစ်တွင်လည်း မိုးနည်းသော
ကြောင့်လက်ဖက်ထွက်နုန်းလျော့ကျသဖြင့် မိသားစု စီးပွားရေးပြသာနာရင်ဆိုင်နေရသည့်ကြားတွင် အခုလို
သံသယအဖြစ် ဖမ်းဆီးချူပ်နှောင်နေရသည်ကို၎င်းမိသားစုတို့ ၏ အနာဂါတ်စီးပွားရေးနှင့် စားဝတ်နေရေး
အလွန်ပင်စိုးရိမ်နေရကြောင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ။ph:၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃
Read more »

ရွှေလီရေအားလျှပ်စစ် အပေါ် ပြည်သူတွေ မကျေမနပ်ဖြစ်သောကြောင့် အာဏာပိုင်များကလုံခြုံရေးချ

12-မေလ-၂၀၁၀
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်အတွင်း မန်တပ်ရွှေလီရေအားလျှပ်စစ်ရေကာတာ၏ပတ်ပတ်လည်တွင်
အပေါ်ကအာဏာပိုင်အမိန့် အရ ရဲများနှင့် ပြည်သူ့ စစ်တို့ ကို ၂၀၁၀ဧပြီလတတိယအပတ်မှ စ၍ လုံခြုံရေးကင်းလှည့်ခိုင်း
ကြောင်းသိရသည်။

အဆိုပါကင်းလှည့်စောင့်ရခြင်းသည် မြန်မာလျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာဖိုးကို ငွေပမာဏမနည်း လစဉ်ပုံမှန်
ဆောင်ခိုင်းပြီး မီးတစ်လလုံးလုံးမလာဘဲပျက်နေသည်ကိုလည်းရှိသဖြင့် ၄င်းလျှပ်စစ်ရေကာတာ ပတ်ဝန်းကျင်တွင်
နေထိုင်သည့် မိဘပြည်သူများ မကျေနပ်ကြပေ။ ထိုဒေသခံပြည်သူများ တရုတ်မီးသုံးနေစဉ်တွင် အဆင်ပြေမူရှိပြီး
လက်ရှိမြန်မာရွှေလီရေကာတားရေအားလျှပ်စစ် ပြောင်းသုံးသည့်အခါ မီးခကိုပုံမှန်ဆောင်ရပြီး မီးပုံမှန်မလာဘဲ
ခဏခဏပျက်နေသည်ဟုသိရသည်။

ဤအကြောင်းရာနှင့်ပါတ်သက်၍ ကင်းစောင့်တစ်ဦးက “ အခုလက်ရှိအခြေနေမှာ ဗုံးပေါက်ကွဲမူခဏခဏကြားနေရ
တယ်လေ အဲတော့ အခုလို ဒီရွှေလီရေအားလျှပ်စစ်ကရလာတဲ့မီးကလည်း ပုံမှန်မလာတဲ့အတွက်ကြောင့် ရွာကလူတွေ
မကျေနပ်ချင်ကြဘူး။ ပြည်သူတွေ ဒီရေကာတာကို ဖေါက်ခွဲမှာစိုးလို့ ကျတော်တို့ ကိုလုံခြုံရေးအဖြစ် ကင်းစောင့်ခိုင်း
တယ်” ဟု ပြောပြသည်။

နမ့်ခမ်းမြို့ဒေသခံတဦးက “ကျမတို့ မီးမီတာ ပြောင်းပြီးနောက်ပိုင်းမှာ မီးက ပုံမှန်မလာတော့ဘူး။ မီတာထိန်းသိမ်းခ
၁၀၀၀ကျပ်လဲ ပုံမှန်ပေးရသေးတယ် မီးမီတာ ပြောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လူထုတွေ သိပ်ပြီးမကျေနပ်
ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်ကာလအတွင်းမှာ မီးလုံးဝမလာဘူး ပြီးတော့ ကောင်းတပ်ရွာက လူတွေဆိုရင်
လျှပ်စစ်ရုံးမှာ သွားပြီး စကာများရန်ဖြစ်တာရှိသေးတယ်ဆိုတော့ ပြည်သူတွေ ဖေါက်ခွဲမူလုပ်မှာကြောက်လို့ သူတို့ 
အခုလိုရွှေလီရေအားလျှပ်စစ်ရေကာတာကို လုံခြုံရေးတွေချနေတာ” ဟုပြောပြသည်။

“တချို့ ရွာကလူတွေ ပေးဆောင်ရတဲ့ မီတာခ ကုန်ကျငွေတွေကိုပြန်တောင်းတယ်သုံးပုံတစ်ပုံပြန်ရတဲ့လူတွေရှိသလို
ဘာမှပြန်မရတဲ့လူတွေလည်းရှိတော့ လူတွေကမကျေနပ်ကြဘူး “ ဟု သူကဆက်ပြောသည်။

၂၀၁၀ သင်္ကြန်ကာလအတွင်း ဖြစ်ပြတ်ခဲ့သည့် ဗုံးပေါက်ကွဲမူများသည် ပြည်သူတွေအတွက်အကျိုးမရှိ ဆုံးရှုံးမူသာ
ရရှိပြီး တည်ဆောက်ထားသည့် ရေအာလျှပ်စစ်ရေကာတာ များကို ဖေါက်ခွဲမူဖြစ်သည့်အတွက် သို့ ဖြစ်၍ယခုလို
ရွေလီရေအားလျှပ်စစ်ရေကာတာကိုလုံခြုံရေးချခြင်းဖြစ်သည်။

တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး
သတင်းပြန်ကြာရေးဌာန
Read more »

ပလောင်ဒေသတွင် ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်အတင်းဖွဲ့ပေးခြင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းများ ပြုလုပ်နေ

၎ရက်၊ ဧပြီလ၊ ၂၀၁၀ခုနှစ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်ရှိ မန်တပ်အခြေစိုက်သော ခလရ ၁၄၄ နှင့်
ရဲများပူးပေါင်း၍ ၂၀၁၀ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်လူဦးရေ ပိုမိုများပြားလာရန်အတွက် နမ့်ခမ်းမြို့နယ်ရှိ
စယ်လုံကျေးရွာနှင့် ပန်ကူကျေးရွာရှိ ရွာသူ၊ သားများကို တအိမ်လျှင် လူငယ်တဦး ပြည်သူစစ်အသင်းဝင်ရန်အတွက်
စာရင်းကောက်ခံပြီး ရွာသားများကို စစ်သုံးသော သေနတ်များ စစ်တပ်သုံး စစ်လက်နက်များတပ်ဆင်ပေးထားသည်ဟု
သတင်းရရှိပါသည်။

ရွာသားတဦးပြောပြချက်အရ “သေနတ်ပေးတဲ့အချိန်မှာ နောက်လိုအပ်ရင် သုံးဖို့နဲ့ မိမိလုံခြုံရေးအတွက်နဲ့ ကိုယ့်ကိုယ်ကို
ကာကွယ်ဖို့ဆိုပြီး ပေးသွားတယ်။ မယူလို့လဲမရဘူး။ ပြီးတော့ တအိမ်ကိုတယောက် သေနတ်ယူထားရပါတယ်။”
ဟု့ပြောသည်။

ရွာသားများသည် မိမိဆန္ဒမပါဘဲ ပြည်သူ့စစ်လုပ်ရန် အတင်းအဓမ္မ နာမည်စာရင်းသွင်းခံရခြင်းဖြစ်သည်။ ထို့ပြင်
ပြည်သူ့ဝင်သော သူများကို လစာတစ်လလျှင် ကျပ်ငွေ ၃၀၀၀၀ (သုံးသောင်း)ထောက်ပံ့မည်ဟု သိရရှိရပါသည်။

ထိုနည်းတူစွာဖြင့် ၃၀ရက်နေ့၊ ဧပြီလ၊ ၂၀၁၀ခုနှစ် နမ့်ခမ်းမြို့နယ် နမ့်စိပ်ဘက်မှ မန်စပ်ကျေးရွာကို နမ့်ခမ်းမြို့နယ်တွင်းရှိ
ကြံ့ဖွံ့အသင်းများက ရောက်လာ၍ ရပ်ရွာလူကြီးများနှင့် အစည်းအဝေးပြုလုပ်ပါသည်။ အစည်းအဝေး အကြောင်းအရာ
များပြည်သူ့စစ်အဖွဲ့ဝင်လိုသူများအတွက် ၀င်နိုင်ကြောင်း၊ မှတ်ပုံတင်မရှိသေးသော လူငယ်များကိုလည်း မှတ်ပုံတင်
ကဒ်ပြား ထုတ်ပေးမည်ဟုလည်း ဆွေးနွေးခဲ့ပါသည်။ ဤပုံမှတ်တင်ထုတ်ပေးခြင်းသည် ၂၀၁၀ရွေးကောက်ပွဲအတွက်
အရေးပေါ်ထုတ်ပေးသည်ဟု သိရရှိရပါသည်။

”တကယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင်ရင် မှတ်ပုံတင်ကဒ်ပြားထုတ်ပေးမယ်။ အဲဒီမှတ်ပုံတင်ကို ကိုင်ဆောင်တဲ့သူက
မြန်မာနိုင်ငံတခုလုံး ဘယ်နေရာပဲ သွားသွား၊ ဘယ်ဂိတ်ပဲဖြတ်ဖြတ် တာဝန်ခံဂိတ်တွေ မစစ်ဆေးဘဲ ကိုယ်သွားချင်တဲ့
နေရာကို လွတ်လွတ်လပ်လပ်သွားနိုင်“ဟု ဒေသခံတဦးက ပြောခဲ့ပါသည်။ ”မှတ်ပုံတင်မရှိတဲ့ လူတွေကို အရေးပေါ်
ထုတ်ပေးတယ်ဆိုတာ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖြစ်ပါတယ်“ နောက်ဒေသခံတဦးက ပြောပြခဲ့ပါသည်။

ထိုနည်းတူစွာဖြင့် နမ့်ခမ်းမြို့နယ်၊ ပန်ခါးအုပ်စု၊ ဟိုနားကျေးရွာရှိ ကျေးရွာဥက္ကဌများသည် အထက်ကပေးထားသော
အမိန့်နှင့် ၈တန်းအောင်သော ကျောင်းသားများဖြစ်၍ အသက်၂၅နှစ်အောက် လူငယ်များကို ရဲဝန်ထမ်းလုပ်ဆောင်ရန်
အတွက်လိုက်လံစည်းရုံးသည်ဟု သတင်းရရှိပါသည်။ ”ရဲလုပ်ရင် လစာတစ်လကို ၅၀၀၀၀ကျပ်(ငါးသောင်း)ရမယ်တဲ့။
ပြီးတော့ တခြားသော ကြားပေါက်ဝင်ငွေလည်း ရှာတတ်ရင် ရဦးမယ်“ ဟု စည်းရုံးခံရသည့် လူငယ်တစ်ဦးက
ပြောပြခဲ့ပါသည်။

၂၀၁၀ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်များ တိုးချဲ့ခြင်း၊ ရဲများလုပ်ဆောင်ရန် စည်းရုံးခြင်း၊ အရေးပေါ်မှတ်ပုံတင်
ပြုလုပ်ပေးခြင်းသည် အမြတ်ရမည်ကို ပြောပြီး မက်လုံသွားသည်ဟု သိရရှိရပါသည်။

ယခင်တွင်လည်း မန်စပ်ကျေးရွာတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်များသည် မန်စပ်ကျေးရွာတွင် ရပ်ရွာလုံခြုံရေး
အတွက် အိမ်တိုင်းကို တစ်လလျှင် ကျပ်ငွေ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျပ်ဖြင့် အတင်းအဓမ္မကောက်ခံခဲ့သည်။
ကောက်ခံရရှိသော ပိုက်ဆံကို မည်သည့်နေရာတွင် အသုံးပြုသည်ကို ရွာသူ၊ သားများက သေသေချာချာ
မသိပေ၊ ပြည်သူ့စစ် လုံခြုံရေးအတွက်ဆိုပြီး လုံခြုံရေးကင်းလှည့်တာကိုလည်းမတွေ့ဟု ရွာသာများ၏
ပြောပြချက်အရ သိရရှိရပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းနှင်သုတေသနဌာန
ဆက်သွယ်ရန်-၀၈၂၁၆၄၈၁၁၅
Read more »

ပလောင်ဒေသရှိ နအဖတပ်ရင်များမှ ပြည်သူ့စစ်ကောက်ခံပြီး စစ်သင်တန်းပို့ချ

ကျောက်မဲမြို့ အခြေဆိုက် ခလရ (၅၀၁၊ ၅၀၂) မှ မိုင်းငေါ့မြို့နယ် ကျေးရွာအုပ်စု နှစ်ခုဖြစ်သော မြို့သစ်ကျေးရွာအုပ်စုနှင့်
အုမ်းမဆွန်ကျေးရွာ အုပ်စုတို့တွင် ၂၀၁၀ ဧပြီလ အတွင်း (၅) ရက် ကြာ စစ်သင်တန်း နှစ်ကြိမ် ပေးသွားသည် ဟုသိရသည်။

“ ကျနော်တို့ ရွာမှာက ပြည်သူစစ်ခေါင်းဆောင် ဦးကျော်အုန်း ဦးဆောင်ပြီးတော့ပေါ့ အုပ်စုဝင် ရွာတွေဖြစ်တဲ့ ရွာငါးရွာက
ပြည်သူ့စစ် (၆၀) ကို ၅၀၁၊ ၅၀၂ က စစ်သားတွေနဲ့ ဒီမှာ သင်တန်း ပေးတာပေါ့ အဲ့ဒီ စစ်သားတွေရဲ့ ရာထူးနဲ့ နာမည်
ကိုတော့ ကျနော်လည်း မပြောတတ်ဘူး ၄ ရက် ကနေ ၈ရက် နေ့ထိ(၅) ရက်သင်တန်းပေးသွားတယ်။ လိုအပ်တဲ့
ရိက္ခာနဲ့ စစ်ဝတ်စုံတွေကိုတော့ ရွာကလူတွေဆီဘဲ ပိုက်ဆံကောက်ပြီး လုပ်သွားတယ် ” ဟု အုမ်းမဆွန် ကျေးရွာမှရွာ
သားတစ်ဦး မှပြောပြသည်။

ယင်း ခလရ (၅၀၁၊ ၅၀၂) မှ စစ်သားများကပင် အုမ်းမဆွန် အုပ်စု ပြည်သူ့စစ်များအား စစ် သင်တန်းပေးအပြီး
ဧပြီလ ၁၀ ရက်မှ ၁၅ ရက်ထိ မြိုသစ်ကျေးရွာအုပ်စု တွင်လည်း မြို့သစ် ကျေးရွာအပါအ၀င် ရွာလေးရွာမှ ပြည်သူစစ်
အင်အား (၅၀)အား စစ်သင်တန်းပေးခဲ့သည်ဟု သိရသည်။ သင်တန်းအပြီးတွင်လည်း တစုံတရာ လက်နက်ပေးထား
ခြင်းမရှိကြောင်းလည်း သိရသည်။

ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက “ ဒါသူတို့က ရပ်ရွာလုံခြုံရေးလို့ပြောနေပေမဲ့ သူတို့ရဲ့ တကယ် ရည်ရွယ် ချက်က ရှမ်းတွေ၊
ကချင်တွေနဲ့ စစ်ဖြစ်ရင် အခုစစ်သင်တန်းတက်တဲ့လူ ပြည်သူစစ်တွေကို ရှေ့ တန်းမှာ အသုံးပြုဖို့ လုပ်နေတာတယ် ပြီးရင်
၂၀၁၀ ရွေကောက်ပွဲကို ဆန့်ကျင့်မည့်သူများကို ဖော် ထုတ်ရန်ဖြစ်သည့်” ဟု ဆက်လက်ပြောပြသည်။

ကျောက်မဲခရိုင် မိုင်းငေါ့ မြို့ ၊ နမ့်ဆန်မြို့ ၊ မန်တုန်းမြို နယ်များအတွင်းရှိကျေးရွာများတွင်ယခင်က ကျေးရွာလုံးခြုံ ဟု
အကြောင်းပြပြီး ပြည်သူစစ်များစုဆောင်နေသော်လည်းယခု အချိန်လောက် မိဘပြည်သူတွေ ထိတ်လန့် စိုးရိမ်နေရ
ခြင်းမရှိပေ။ ယခုခါတွင်နယ်ခြားစောင့် တပ်အသွင်ကူး ပြောင်း ရေး နှင့်ပါတ်သက်ပြီးစစ်ရေးအရအသုံးချနိုင်ရန် အခုလို
ပြည်သူစစ်စုဆောင်မူ အရှိုန်မြှင့်တင် နေ တာဖြစ်သည်ဟု မိဘပြည်သူများကသံသယရှိနေခြင်းဖြစ်သည်။

ယင်းစစ်သင်တန်းအတွက် ကုန်ကျစရိတ်အားလုံးအား ကျေးရွာ ဥက္ကဌ မှ ၄င်းတို့၏ အုပ်စုဝင်ကျေးရွာ များထံမှ
ပြန်လည်ကောက်ခံရသည်ဟုလည်း သိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇ ၄၄၃
Read more »

မိုးသည်းထန်ခြင်းနှင့် လေပြင်းစွာတိုက်ခတ်

၇-မေလ-၂၀၁၀ခုနှစ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ် ရှိ နောင်စန်.ရပ် ကွက်၊ဟိုကတ်ရပ်ကွက်နှင့်
ဆာလုရွာ ၊ မန်ခမ်းရွာ ၊ ဖာလင်ရွာနှင့် လွယ်အင်ကျေးရွာ စသည့်နေရာများတွင် အနောက်ရပ်မှ မိုးပြင်း၊ လေပြင်းများ
( ၃ ) နာရီခန့်  ၀င်ရေက်တိုက်ခတ်သွားခဲ့သည်။

၎င်းတိုက်ခတ်မူကြောင့် ပြည်သူများအချို့ ကောက်ပဲသီးနံ နှင့် အိုးအိမ်များ ထိခိုက်ဆုံးရှုံး သွားသည်။ နမ့်ခမ်းမြို့ အတွင်းရှိ
ဓါတ်တိုင်များပြိုလဲခြင်း ၊ စိုက်ထူထားသော စည်ပင်ဆိုင်းဘုတ်များပြိုလဲခြင်း နှင့် လျှပ်စစ် ပြတ်တောက် မူများလည်
ကြုံတွေ့ သည်ဟုသိရသည်။

လေပြင်းမုန်တိုင်းတိုက်ခတ်မူဒဏ်ကို မြို့ ခံတစ်ဦးက “ တော်တော်ကိုဆိုးပါတယ်ကွာ စတိုက်ချိန်မှာ ဘယ်လောက်
မှမပြင်းဘူး တစ်နာရီ နီးပါးလောက်ကြာမှ တိုက်ခတ်မူကအရှိုန်တစ်ဖြည်းဖြည်းနဲ့ ပြင်းလာ တယ် အဲနောက် ပိုင်းအချို့ 
အိမ်တွေ ဓါတ်တိုင်တွေ အပေါ်ကကျိုးကျလာတဲ့သစ်ကိုင် ကြီးရိုက်ခတ်မူ ကြောင့် စပြီးပြိုကျ ပျက်စီး တော့တာပဲ”

ထိုတိုက်ခတ်မူကြောင့် ထိခိုက်နစ်နာကြုံတွေ့ နေရသော အိမ်ထောင်စုစုပေါင်း ( ၅၀ ) ခန့် ဖြစ်ပြီး လေပြင်း တိုက်ခတ်
နေချိန်ကာလတွင် မိုးသည်းထန်ပြီး မိုးသီးများပါကျလာပြီး ရေကြီးမှုများဖြစ်သောကြောင့် စိုက်ထားသည့် အချို့ သီးနှံများ
နှင့် အချိုးခူးလို့ မပြီးသေးသည့်လက်ဖက်များလည်း ပျက်စီးခြင်းရှိသည် ဟုလည်း သူက ဆက်ပြောသည်။

ယခုလိုလေပြင်းထန်စွာတိုက်ခတ်ခြင်းနှင့် အလားတူ ပြိးခဲ့သည့်လ တတိယအပါတ်တွင် မန်တုန်မြို့ နယ် နှင့်
မူဆယ်မြို့ နယ် မှာလည်းကြုံတွေ့ ခဲ့ရပြီး အဆောက်အဦးနှင့် ပြည်သူအချို့ များမှထိခိုက်ဒဏ် ရာရပြီး ဆေးရုံး
တက်ရ သူများရှိခဲ့ပါသည်။

၎င်းဒေသခံပြည်သူများသည် စီးပွားရေးအဆင်မပြေမူ နှင့်အတူ ယခုလို လေပြင်းတိုက်ခတ်ဒဏ်ကြုံတွေ့ နေရ
သောကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့ နေရပါသည်၊၊

သတင်နှင့်းပြန်ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇၈ ၄၄၃
Read more »

Sunday, May 9, 2010

နမ့်ဆန် ပညာရေး ၀န်ထမ်းများအား ရွေးကောက်ပွဲ ကြည့်ကြပ်ရေး သင်တန်းပေးနေ

ဧပြီ ၃၀ ရက် ၂၀၁၀ တွင် နမ့်ဆန် ပညာရေးမှူး ဦးသိန်းဟန် မှ နမ့်ဆန်မြို့နယ် နှင့် မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု
(၁၀) ခုရှိ ပညာရေး ၀န်ထမ်းများအား သင်ကြားမှု စွမ်းရည်မြင့်တင်ရေးနှင့် ပတ်သက်သည့်သင်တန်းဟု အကြောင်းပြ၍
ရွေးကောက်ပွဲ ကြည့်ကြပ်ရေးနှင့် ပက်သက်သည့် သင်တန်းများပေးနေသည်ဟု သိရသည်။

“ ပညာရေးမှူး ဦးသိန်းဟန် က မြေပြန်ကနေ ရောက်လာပြီး ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်
၏တွေက တဆင့် အဲ့ဒီသင်တန်းတက်ဖို့ကျနော်တို့ကိုခေါ်တာလေ ဧပြီ ၃၀ ရက် နေ့ကစာရောက်တယ် မေလ ၂ ရက် နေ့
ပညာရေးမှူးရုံးကို အရောက်လာ ရမယ်ပေါ့” ဟု နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု ပညာရေးဝန်ထမ်းတစ်ဦးက
ပြောပြသည်။

“ကျောက်ဖြူ၊ အရမ်၊ ဟိုချောင်း၊ ဘုရားကြီး၊ ဟူခင်၊ မန်လုံး၊ ကယာလမ်း၊ ပန်စရီ၊ အပါအ၀င် အုပ်စု (၁၀)ခုက
ပညာရေးဝန်ထမ်း (၂၀၀) ကျော်လောက် လာတက်ကြမယ် ပညာရေးမှူးရုံး မှာဘဲပေါ့ ၃ရက်နေ့ ကနေ ၉ ရက်နေ့ထိ
(၇) ရက် သင်တန်းပေါ့ သင်ကြားမှုစွမ်းရည် မြင့်တင်ရေး သင်တန်း လို့တော့ ပြောတယ် ဒါပေမဲ့ ကျနော်သိရ
သလောက်တော့ ဒီရွေးကောက်ပွဲ ဖြစ်လာရင် ကြည့်ကြပ်ဖို့အတွက် သင်တန်းပေးမှာဖြစ်တယ်လို့ သိရတယ်” ဟု
နမ့်ဆန်မြို့ ပေါ်ရှိ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောပြသည်။

ပြီးခဲသော ၂၀၀၈ လုထု ဆန္ဒခံယူပွဲတွင်လည်း ပညာရေး ၀န်ထမ်းများသာလျှင်ကြည့်ကြပ် ခဲ့ရပြီး ယခု ၂၀၁၀
ရွေးကောက်ပွဲဖြစ်လာလျှင်လည်း ပညာရေးဝန်ထမ်းများသာလျှင် အသုံးပြုမည်ဖြစ်သဖြင့် ယခုကဲ့ သို့ သင်တန်း
ပေးနေခြင်းဖြစ်သည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်။
၀၈၀ ၁၁၈ ၄၄၇၉
Read more »

စစ်အစိုးရရုံးများပြင်ဆင်ရန် ပြည်သူများထံ အတင်းအဓမ္မငွေကောက်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်မြို့နယ်တွင် ၁၇ ရက် ဧပြီလ ၂၀၁၀ ညနေ (၃) နာရီမှ (၅) နာရီထိ ခလရ (၁၃၀)
တပ်ကုန်းအား ဗဟိုပြုပြီးပြင်းထန်သောလေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်ခဲ့သည်။ ထို တိုက်ခတ်မှုကြောင့်
အစိုးရရုံး၊ စစ်စခန်း၊ လ္ဘက်စက်ရုံနှင့် လူနေအိမ်များ ပျက်စီးဆုံးရှူံးခဲ့သည်။

ထိုတိုက်ခတ်မှုကြောင့် ဆုံးရှုံမှုများကို ရွာသားတဦးက “မန်တုန်မြို့တွင်း လ္ဘက်စက်ရုံတစ်ရုံ၊ အိမ်ခြေပေါင်း (၃၀)၊
စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ အထက်တန်းကျောင်း နှင့်စစ်တပ်တွင်းမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ကုန်တယ်။
ကာလငွေတန်ဖိုး ကျပ်သိန်း (၃၀၀) ကျော် လောက် ဆုံးရှုံးမယ်” ဟုပြောခဲ့သည်။

စည်ပင်ရုံးနှင့်စိုက်ပျိုးရေးကို ပြန်လည်ပြုပြင်ရန်အတွက် မယက ဥက္ကဌ မှ မေလ (၁) ရက်နေ့ တွင် သက်ဆိုင်ရာ
မြိုနယ်ရပ်ကွက် လူကြီးများနှင့် အစည်းအဝေးပြုလုပ်ပြီး ရွာသားများထံမှ ငွေကောက်ခံ ခိုင်းကြောင်းသိရှိရသည်။
ထိုကောက်ခံငွေများကို မေလ(၇) ရက်နေ့ နောက်ဆုံးထားပြီး ငွေအပ်ရမည်” ဟုလည်းအမိန့်ထုတ် ထားသည်။

ငွေကောက်ခံရာတွင် ဆင်းရဲသားမိသားစုများကို ကျပ် ၂ သောင်း၊ လူလတ်တန်းစားများကို ၅ သောင်း နှင့် ချမ်းသာတဲ့
မိသားစု(၁)သိန်း၊သစ်ကုန်သည်တရုတ်သူဌေးများထံ(၅)သောင်း၊ ကုန်စုံဆိုင် အသေးစားတွေဖွင့် ထားတဲ့ပလောင
်မိသားစုများထံမှ ကျပ်ငွေ(၁)သိန်းကောက်ခံသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ် နေသည်။

ဒေသခံတဦးပြောပြရာတွင် “ပလောင်လ္ဘက်စက်ရုံပိုင်ရှင်တစ်ယောက်ဆိုရင် အမိုးတွေ လေနဲ့ ပါပြီးပျောက်ကုန်လို့
သွပ် အချပ် (၂၅၀) ကျော်လောက်ပြန်ဝယ်ပြီး လက်ဖက်စက်ရုံကိုပြန်မိုးရ လို့ ငွေကုန်ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မယက
ဥက္ကဌ က ‘မင်းစက်ရုံပြိုတာ မင်းကိစ္စ အခု ပြိုသွားတဲ့ ရုံးတွေပြုပြင်ဖို့ အတွက် မင်း ငွေ (၅) သောင်းပေးရမယ်’ လို့
ခြိမ်းခြောက်ပြောဆိုခဲ့သည်။ထိုစက်ရုံပိုင်ရှင်က အဆင်မပြေကြောင်း မယကဥက္ကဌ ကိုတောင်းပန်သော်လည်း
လက်မခံခဲ့ဘူး”

ထိုရက်အတွင်းတိုက်ခတ်ခဲ့သောလေဆင်နှာမောင်းသည် စစ်တပ်စခန်းအား (၃) ကြိမ် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး
မြို့တွင်းတစ်ခါသာလျှင် တိုက်ခတ်ခံရသည်ဟုသိရသည်။ ထိုလေးပြင်းတိုက်ခိုက်မှုကြောင်း ဖြစ်ပေါ်သော ဆုံးရုံးမှုများ
ကိုမည်သည့်အဖွဲမှဝင်ရောက်ကူညီမှု မရှိသေးကြောင်းသိရသည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈ ၇၈၄၄၃
Read more »

Thursday, April 29, 2010

ကွတ်ခိုင် ခလရ(၄၅) ဗျူဟာမှူး ခြိမ်းခြောက်စာပို့ခံရ

၂၆ ရက် ၄လ ၂၀၁၀ တွင် ကွတ်ခိုင်မြို့နယ် ခလရ(၄၅) ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်း ကိုအမည်မသိလူတစ်ဦးမှ
စစ်တပ်အတွင်းဗုံးလာခွဲမည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်းကို မြို့ခံတစ်ဦးထံ၏ ပြောပြချက်အရ သိရှိရပါသည်။

“အဲ့ဒီလူက ကလေးတစ်ယောက်ကို ခိုင်းလိုက်တာလေ၊ အဲ့ဒီစာအိတ်ကို ဟိုမှာစောင့်နေတဲ့ စစ်သားကို သွားပေးလိုက်
ဆိုပြီးတော့ပေါ့၊ ကလေးကလည်း ဘာမှမသိတော့ အဲ့ဒီမှာစောင့်နေတဲ့ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ တပ်ထိန်းကို
သွားပေးလိုက်တာပေါ့၊ တပ်ထိန်းကလည်း ဗျူဟာမှူးကို လိပ်မူထားတဲ့စာဆိုတော့ ဖွင့်မဖတ်ရဲဘဲနဲ့ တခါတည်းဗျူဟာမှူး
ကိုသွားပေး လိုက်တာပေါ့”

“စာထဲမှာက ခလရ(၄၅) စစ်တပ်အတွင်းကို ဗုံးလာခွဲ မယ်လို့ကိုရေးထားတာ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်းလည်း
တစ်ခါမှအဲ့ဒီလို ခြိမ်းခြောက်စာပို့ခံရတာမျိုးမရှိတော့ အတော့်ကို လန့်သွားတယ်ပြောတယ်ပြီးတော့ အဲ့ဒီစာလာပို့ပေးတဲ့
တပ်ထိန်းကိုလည်း တစ်ခါတည်း အချုပ်ထဲ ထဲ့ထားလိုက် တော့တာပါဘဲ” ဟုပြောပြသည်။

ထိုစာအား မည်သူမည်ဝါ ပေးပို့သည်ကို မသိရဘဲ စစ်တပ်အတွင်း အသံအမျိုးမျိုးကြားနေရ သည်။ တချို့က စစ်တပ်
အချင်းချင်းဖန်တီးသည့် လုပ်ကြံခြိမ်းခြောက်မှုဟုထင်၍ တချို့မှာလည်း ကချင်နှင့် ရှမ်း လက်နက်ကိုင် ငြိမ်းအဖွဲ့တို့၏
လက်ချက်ဟုထင်နေကြသည်။

သင်္ကြန်အတွင်း ရန်ကုန်မြို့နှင့် မူဆယ်တွင် ဆက်တိုက်ဆိုသလို ဗုံးကွဲပြီးနောက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့အထွက်
ခလရ(၂၄၁)အနီး အေးရှားဝေါလ်ဂိတ်တွင် သာသနာရေးဝန်ကြီးဌာန၊ မြေစာရင်းဌာန၊ အားကစားမှူးမှအစ ဌာနအလိုက်
ပါဝင်ပြီး စီမံချက်ဖြင့် ရဟန်းရှင်လူခရီးသွားများအား တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်ကြားမှ ယခုကဲ့သို့ခြိမ်းခြောက်
စာပေးပို့ခံခဲ့ ရခြင်းဖြစ်သည်။

သတင်းနှင့် ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး

ဆက်သွယ်ရန်။ ။ ၀၈၀ ၁၁၈ ၄၄၇၉
၀၈၂ ၈၈၇ ၈၄၄၃
Read more »

အကြောင်းပြချက်မရှိ ကျေးရွာလူအ၀င်အထွက်စာရင်း ကောက်ခံခိုင်း

နမ့်ဆန်မြို့ အတွင်း ငွန်ဆိုင်ကျေးရွာအခြေစိုက် ပြည်သူစစ်ခေါင်းဆောင် ထွန်မြတ်လေး ဦးဆောင်သော ပြည်သူစစ်
အဖွဲ့ သားများသည် နမ့်ဆန်မြို့ အရှေ့ ပိုင်း ပလောင်ကျေးရွာများဖြစ်သည့် နမ့်လင်း၊ အောက်မန်လွယ်၊
အထက်မန်လွယ်၊ ခေးခင်၊လုံတောက်စသည့် ကျေးရွာဥက္ကဌများကို ဇန်န၀ါရီလ အတွင်းတွင် လူအ၀င်အထွက်စာရင်း
ကောက်ခံခိုင်းကြောင်းသိရရသည်။

ဒီလိုလူအ၀င်အထွက်စာရင်း ကောက်ခံသည်မှာ ဘာအတွက်ကြောင့်ကောက်ခံရမည်ကို မေးခွင့်မရသောကြောင့်
ဒေသခံများသည် တိတိကျကျမသိရပေ၊ ထိုလူအ၀င်အတွက်စာရင်းပြုစုကောက်ခံရာတွင်လည်း လူအမည်၊ အသက်၊
ကျား၊ မ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် စသည့်အချက်များပြည့်စုံရမည်ဟုလည်း အမိန့်ပေးသွားခြင်းဖြစ်သည်၊

“သူတို့ ကိုယ်တိုင်တော့မကောက်ဘူးပေါ့ ကွာ ထွန်မြတ်လေး ကသူရဲ့တပည့်တွေကို ဦးဆောင်ပြိးတော့ ကျတော်တို့ ရဲ့ 
ရွာဥက္ကဌကို ကောက်ခိုင်းလိုက်တာပါ၊ တော်တော်တော့ ခက်ပါတယ်ဗျာ တကယ်လို့  ကျတော်တို့ စာရင်းတိတိကျကျ
မကောက်နိုင်ရင် သူတို့ ကရွာဥက္ကဌကော ရွာသူရွာသားတွေကအစ ခေါ်တွေ့ပြီး အရေးယူမယ်လို့ လည်း ရွာဥက္ကဌကို
ကြိမ်းဆိုလိုက်တယ် “ဟု ရွာသားတစ်ဦးပြောပြချက်အရ သိရသည်၊

အဆိုပါရွာများသည် ယခုလိုအကြောင်းပြချက်တိတိကျကျမရှိဘဲ ခြိမ်းခြောက်မူ. အမိန့် အောက်က လုပ်ပေးရသော
ခိုင်းစေခြင်းကို အမိန့် အတိုင်းလွဲချော်မူတစ်ခုခုရှိပါက ဒဏ်ငွေပမာဏမနည်း ပေးရခြင်းသည် ယခင်ကအတွေ့ကြုံ နှင့်
အလာတူကြောင်းသိရှိရသည်၊

ယခုလိုရွာအတော်များများတွင် လူအ၀င်အထွက်စာရင်း တိကျခက်ခဲလှသည့်အချက်လက်များကိုကောက်ခံခြင်းသည်
လာမဲ့ရွေးကောက်ပွဲ နှင့် ပယောဂမကင်းကြောင်းဟု ဒေသခံပြည်သူများက ယုံကြည့်ကြသည်၊

တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
သတင်းပြန့် ကြားရေးဌာန
Read more »

ဘုန်းတော်ကြီးကျောင်းမီးလောင်

၁၀-မတ်-၂၀၁၀
နမ့်ဆန်မြို့နယ်အတွင်းရှိ အားရမ်းကျေးရွာတွင်ရှိသော ဘုန်းတော်ကြီးကျောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ 
ညနေ ၅ နာရီ လောက်တွင်မီးလောင်သွားကြောင်းစုံးစမ်းသိရှိ ရသည်။

ဤဘုန်းတော်ကြီးကျောင်းမီးလောင်ရခြင်းနှင့်ပတ်သက်၍ အားရမ်းရွာသားတစ်ဦးက “ဟုတ်တယ် လူတွေတော်တော်
များများက လက်ဖက်ခြံသွားကြတယ်လေ ကျတော်တို့ လည်းသွားတယ။် ညနေ လက်ဖက်ခြံကနေပြန်လာပြီး
ရွာအ၀င်မှာရောက်တော့ ဘုန်းကြီးကျောင်းမီးလောင်နေတာကို မြင်ရတယ် ကျတော်တို့ ရွာကလူတွေ ၀ိုင်းငြိမ်းတယ်
ဒါပေမဲ့ မနိုင်ဘူး၊ အစက ကပ်ဆက်ရှော့ဖြစ်တာကို ဓါတ်ဆီ ပုလင်းနဲ့ တိုက်မိပြီး စလောင်တော့တာပါပဲ၊ နောက်အခြား
သိုလှောင်ထားတဲ့ လောင်စာဆီနေရာမှာကူးသွားတော့ မီးကမငြိမ်းနိုင်လောက်အောင်တောက်ပြီး တစ်ကျောင်းလုံး
လောင်ကျွမ်းသွားတယ်” ဟု ပြောပြသည်၊

နမ်ဆန့် မြို့နယ်အတွင်းရှိ ကျေးရွာများသည်လည်း အားရမ်းရွာကဘုန်းတော်ကြီးကျောင်းမီးလောင်ခြင်းနှင့် ပတ်သက်ပြီး
အလုငွေများ တစ်ရွာတွင် (၅၀၀၀၀) ခန့် ကူညီလုဒါန်းခဲ့သည်၊ ဘုန်းတော်ကြီးကျောင်းမီးလောင်ပြီး ဆုံးရှုံးသွားသည့်
ပစ္စည်းများသည် ငွေပမာဏ သိန်း ( ၅၀၀) ခန့် မနည်းဆုံးရှုံးသွားကြောင်းလည်း သိရသည်၊

နမ့်ဆန့်မြို့ပေါ်တွင် မီးသတ်ကား နှစ်စီးရှိသော်လည်း လမ်းပန်ဆက်သွယ်ရေးအဖြစ်လည်းကောင်း တာဝန်အဖြစ်သော်
လည်းကောင်း မည်သည်မျှအကူညီမရခြင်းဖြစ်သည်၊ ထိုမီးလောင်သည့် အချိန်ကာလတွင် ၀န်ကြီးခရီးစဉ်ကာလဖြစ်
သောကြောင့် ငွေအနည်းငယ်ဖြင့်ကူညီပေးပြီး ၂၀၁၀ အတွက်စည်းရုံးရေးပါ လုပ်ဖြစ်သွားကြောင်းသိရသည်၊

သတင်းပြန့် ကြားရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး
Read more »

ယခင်ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း လက်ရှိဆေးရုံး ဖျက်ဆီး

၁၀-မတ်-၂၀၁၀
နမ့်ဆန်မြို့နယ်တွင်းရှိ ယခင်က ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း ဆေးရုံးအဖြစ်တည်ဆောက်ထားသည့်
လက်ရှိပြည့်သူဆေးရုံးကြီးသည် ယိုယွင်းခြင်းမရှိဘဲ အထက်ကအမိန့် ဖြင် ဖေဖေါ်ဝါရီလအတွင်းတွင် ဖျက်ဆီးထား
ကြောင်းသိရသည်။

အထက်ပါအကြောင်းနှင့်ပတ်သက်၍ မည့်သည့်ဌာနမှ ဦးဆောင်လာရောက်သိမ်းယူ ဖျက်ဆီးသည်ကို ရှင်းရှင်းလင်းလင်း
မရှိဘဲ သွပ်မိုးပင်မက အခြားသောအဆောက်အဦး ပစ္စည်းများကိုလည်း ဖျက်ဆီးသိမ်းဆည်းထားသည်၊ ထိုယိုယွင်းမူမရှိ
ဆေးရုံးကို ဖျက်ဆီးထားသည်မှာ အသစ်တည်ဆောက်မွမ်းမံရန် အစီစဉ်ရှိသည်ဟုဆိုထားသောလည်း အခုချိန်ထိ
အချိန်ဆွဲ ကြန့် ကြာနေခြင်းဖြစ်သည်၊

ဤဆေးရုံးကြီးဖျက်ဆီးခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်ကို အများကပြည်သူဆီက မရှင်းပြဘဲ
ဆောင်ရွက်သွားသည်၊ တွေ့ရှိသူများလည်း ထိုသို့ ပြည်သူ့ ဆေးရုံးကြီးဖြစ်သောကြောင့်စိတ်မကျေမနပ်ဖြစ်သည်
ဟုလည်းသိရသည်၊

ထိုဆေးရုံးကြီးသည် ယခင်ကပလောင်စော်ဘွား ဟော်နန်းဖြစ်ပြီး နှစ်အကြာမှာ ဆေးရုံးအဖြစ်ဆောက်လုပ်ရာတွင်
ပလောင်အမျိုးသားများက စိတ်မကျေမနပ်ဖြစ်ခဲ့ပြီး အလာတူအခုလက်ရှိဆေးရုံးကိုလည်း အကြောင်းပြချက်မရှိ
ဖျက်ဆီးခြင်းလည်း ပလောင်လူမျိုးများ သမိုင်းကြောင်းကို ဖျက်ဆီးရာဖျက်ဆီးကြောင်းသိသာထင်ရှားသည်၊

ယခုလို ယိုယွင်းခြင်းမရှိဆေးရုံးကြီးကို အသစ်မွမ်မံရန်ဟုအကြောင်းပြချက်ပေးပြီး ၂၀၁၀ အတွက်လိုမဲ့အဆောက်အဦး
များပြုပြင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ယုံကြည်ထားသည်ကိုလည်းသိရသည်၊

သတင်းပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
Read more »

Wednesday, April 21, 2010

စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေးစနစ်အပေါ်ထုတ်ပြန်ကြေညာချက်

Posted By admin on April 20, 2010

တအာင်းလူငယ်များ၏ ယနေ့ထုတ်ပြန်သည့် အလင်းမဲ့ဘဝ ပညာရေးအစီရင်ခံစာသည် စစ်အုပ်စု၏ထိန်းချူပ်မှုအောက်
ဆိုးဝါးနိမ့်ကျ နေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလူမျိုးတို့ပညာရေးစနစ်အကြောင်းကို အများပြည်သူသိရှိ
စေရန် ထုတ်ဖော်ထားပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံ စသည့် မြို့နယ်သုံးမြို့နယ်မှ
ရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၁၇၅ ဦးတို့ကို တွေ့ဆုံ မေးမြန်းမှူအပေါ် အခြေခံပြီး အချက်အလက်များ
ကောက်ယူခဲ့ပါသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ ယခုအစီရင်ခံစာသည် စစ်အုပ်စု၏တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ
အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်းပြည်သူလူထုတို့၏ဘဝ အနာဂတ်မဲ့နေကြရသည်ကို အချက်အလက်
စုစည်းတင်ပြထားပါသည်။ တအာင်းဒေသတွင် စာသင်ကျောင်းအနည်းငယ်သာရှိပြီး ကျောင်းသုံးပစ္စည်းလည်း
မပြည့်စုံပါ။ နအဖ စစ်အုပ်စုသည် အရည်အချင်း ပြည့်ဝသော ဆရာများထားရှိခြင်း၊ ဆရာများကိုလေ့ကျင့်သင်ကြား
ပေးခြင်း၊ ပညာရေးသင်ထောက်ကူများပံ့ပိုးခြင်း အစရှိသည့် ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင်
မရှိသလောက်အလွန်နည်းပါသည်။ ကျောင်းသင်ထောက်ကူပစ္စည်းအတွက် ပညာသင်ကြားသည့် တအာင်းကျောင်းသား
လူငယ်များထံသာ ကောက်ခံခဲ့ကြပါသည်။

ကျောင်းတကျောင်းတွင် ၂ဝဝဝ ခုနှစ်တွင် စတင်ပညာသင်ကြားခဲ့သော ကျောင်းသူ/သား ၁၇၂ ဦးသည် ၂ဝဝ၉ ခုနှစ်
ရောက်သောအခါ ကျောင်းသူ /သား ၃ ဦးခန့်သာ ဆယ်တန်းအထိရောက်ရှိသင်ကြားနိုင်ခဲ့သည်ကို အစီရင်ခံစာ
အတွက် လေ့လာသုတေသန ပြုသည့် အဖွဲ့မှ လေ့လာတွေ့ရှိရပါသည်။ ထိုအတူ ပညာရေးသင်ရိုးညွန်တမ်းတွင်
တိုင်းရင်းသားလူမျိုးများအား ကိုယ်ပိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုများကို တရားဝင်လေ့လာသင်ယူခွင့်ကို
တားမြစ်ပိတ်ပင်ထားပြီး စာသင်ကျောင်းများတွင်လည်း မြန်မာစာ ကိုသာ အခြေခံ အသုံးပြု၍ သင်ကြားနေသည်။

နအဖ စစ်အုပ်စုသည် ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးထက် စစ်အင်အားပြင်ဆင်တိုးချဲ့ရေးတွင်
နိုင်ငံ့ဘဏ္ဌာငွေကို အဆ ပေါင်းများစွာ အသုံးပြုထားပြီး၊ နိုင်ငံထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ၏ ၁.၄ ရာခိုင်းနုန်းသာ
ပညာရေးနှင့်ကျန်မာရေးအတွက် သုံးစွဲသည် ကိုတွေ့ရှိရပါသည်။ ပညာသင်ကြားသော ကျောင်းသာလူငယ်များမှာ
အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်းသွတ်သွင်းခြင်းအပြင် လူ့အခွင့်အရေးချိုး
ဖောက်မှုများစွာ ခံစားနေကြရသည်ကိုလည်း တွေ့ရှိရပါသည်။

ပညာရေးအခြေအနေမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အဘက်ဘက်တွင် ဆိုးရွားစွာ ဆက်လက်ဖိနှိပ်ချိုးနှိမ်ခံ
ထားရပါသည်။ စာသင်ကျောင်းတွင် အချိန်ကြာမြင့်စွာသင်ယူခဲ့သည့် ကျောင်းသားတစ်ယောက်အတွက် ဆက်လက်ပြီး
တဆင့်မြှင့်ပညာသင်ကြားရန် အခြေအနေလုံးဝ မရှိသလောက် နည်းပါးလှပါသည်။ “ကျနော်သင်ကြားခဲ့တဲ့
ပညာရေးဟာ ကျနော်လုပ်နေတဲ့အလုပ်နဲ့ ဘာမှ မဆက်စပ် ပါဘူး။ တက္ကသိုလ် မှာ ဥပဒေပညာကို သင်ယူခဲ့ပြီး
အခုလက်ဖက်ရောင်းနေပါတယ်။ ပညာရေးဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက် အာမခံချက်လုံးဝ မရှိဘူး။ အခုပညာ
ရေးစနစ်ဟာ အစိုးရကို ကြောက်လန့်အောင်၊ အမိန့်နာခံအောင်ပဲ သင်ပေးပါတယ်။ လာဘ်စားမှု တွေလဲ အင်မတန်
များပါတယ်” ဟု အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခံခဲ့သူ လူငယ်တဦးပြောပြပါသည်။

“နအဖ စစ်အုပ်စု ရဲ့ ပညာရေးစနစ်ကို အချိန်မှီပြုပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုရင် ပညာရေးဟာအလျှင်အမြန် ယိုယွင်း
ပျက်ဆီး သွားမှာဖြစ်ပါတယ်၊ ဒေသခံပြည်သူလူထုတွေရဲ့ ပညာရေးအခြေအနေဟာ ဘတ်ဂျတ်မရှိလို့ကျောင်းပိတ်တာ၊
ဘတ်ဂျတ်ငွေကြေး မတတ်နိုင်လို့ကျောင်းထွက်ရတာ၊ ပညာရေးအတွက် အခြားဘာမှ ရွေးချယ်စရာအခွင့်အလမ်း
မရှိတော့တာတွေဟာ လုံးဝစိတ်ဓါတ် ကျဆင်းစရာဖြစ်နေပါတယ်” ဟု တအာင်းတအာင်းကျောင်းသားနှင့်လူငယ်များ
အစည်းအရုံး၏ ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်း မှ စစ်အုပ်စု၏ မှားယွင်းသော ပညာရေးစနစ်ကို အချိန်မှ
ပြုပြင်ရန် ထောက်ပြပြောဆိုထားပါသည်။

Contact:
Mai Mao Dang -၆၆-ဝ၈၇ ၅၂၄ ၆ဝ၇၂
Mai Aung Ko – ၆၆-၀၈၀ ၁၁၈၄၄၇၉
The full report lightless Life can viewed at www.palaungland.org
Read more »

Friday, March 26, 2010

နော;ကမေဲ;ခြိုဝ်း

ကံမ်စီုန်းကိက်ဖျက်
တံင်စယ်တိုန်းဒေဲ;
ဂေါ,ကမေဲ;ခြိုဝ်းနှာမ်း
ကကာမ်းကတာန်း
နံင်အာန်းဇိုက်ဖိုက်
ဘေဲ,ဇိုက်ဇားဟာဝ်း
ဘာည်းမာဝ်းဇံင်းဓီုန်း
တီုန်းအာဝ်ဆမားပေ†;
ခူးဒေဲ;ပူ,စံမ်း
နှာင်ကိုဝ်းဆနံမ်းမာ်
နံင်ဘူအာန်းရည်း
ဂါဆငည်းညျံမ်ကမာ်;
အာဝ်ကာ်;နော;ကမေဲ;ခြိုဝ်း။
Read more »

Thursday, March 25, 2010

ချှီနံင်

ကျော;အဲ ဆ်ာအဲအာဝ်ဒါ်;
အီး ချှီနံင်ဒေဲ;ဒါ်;
ဂျိုးအဲ ဆ်ာအဲဘူချှေဲပ်
အီးချှီ နံင်တေဲ;ချှေဲပ်
ဘေဲ,အဲ ဆ်ာအဲအာဝ်ပနံဝ်း
အီးချှီ နံင်ဒေဲ;ပနံဝ်း
ထုင်းအဲ ဆ်ာအဲဘူထိင်း
အီးချှီ နံင်တေဲ;ထိင်း
ခြိုဝ်းအဲ ဆ်ာအဲအာဝ် ကမေဲ;
အီးချှီ နံင်ဒေဲ;မမေဲ; ။
Read more »

ပ†ါင်ပညာ

လာဝ်ဆမဲန့် ဆငည်းပကျိုဝ်း
ဆိုဝ်းထော်င်ကဒါးမာ်,
မေဲ;ယာမ်းကတ်ယာ်,
အာဝ်လော်တ်အာ်,
ငည်းထာတ်ငည်းရာင်း
ထော်င်ပ†ါင်ကဘ†ာင်းမာ်
မေဲ;ဒီကတေဲ;ယာ်,
အာဝ်လော်တ်အာ်,
ဟိုဝ်ပ†ါင်ပညာ
တော်န်းနှာအာဝ်ဓါင်း
အာဝ်ကျာင်းဒီကတေဲ;
အာဝ်မေဲ;ယာမ်းယာ်,
အာဝ်မေဲ;အာ်,။
Read more »

ခေဲင်းနော;ကော်န်းစော်င်း

စီဓါမှေဲမ်တခိုည်း
အိုည်း.. အဲကော်န်းစော်င်းပည်မေဲ;
နော;ပျော်ခိုည်းဆေဆေ
ဒါ်;ဆကျင်းတံန်တော,
မိုဝ်မှည်စူးမာ် ပူ,ချှဲဝ်ချှဲဝ်
နော;လှဲဝ်အာဝ်မေဲ;
ဂေါ်ည်းပါ့်နောဇား
တိုဝ်;ယေဲဝ်းအေဲမ်းတေဲ;မာဝ်း
လေ;ဟာဝ်းခေဲင်းဘျည်း
လှည်းစော်တ်ကီုင်းအီး
ချှိဆာ် ဓ်ါန်းဒေဲ;စ်ာမ်း
နှာင်းမေဲ;နော;တခိုည်း
အိုည်းတေဲ,ဒါ်;ကျော;ချှီ,
ရံပ်ရီ,အီုန်ရို;အူန်း
စိုဝ်းယေးကော်န်းစော်င်းပည်းမေဲ;
ကျော;”မေဲ;ကျော;ကပါဝ်းစ်ာမ်း တ်ာမ်းတာ့်ဓါးဓည်းအဲ
တော်န်းခြိုဝ်းဒဲ;ဂေါ်ည်းချှီ,မေဲ;ရိုန်းတော်န်းချှေ;အော်”
မာဝ်းစဲတ်
Read more »

အံင်နှံက်အူန်းမည်း

တော်နောဇားယ်ာည်,ဟာဝ်း
အေဲမ်းတေဲ;မာဝ်းဘူလှည်း
ဆငည်းလေ;နှာကတ်
ပကျိုဝ်းလတ်ဘိုဝ်ဓါ;
မာဝ်းကညျာ;တေဲင်းအေဲမ်း
နှာချေဲမ်းပေန် နှာပ†ါ်န်း
ဆံမ်လှာ်န်းနှာင်ကမ‰ာ
အံင်နှံက်အူန်းမည်းဒေဲ;။
Read more »

ခူပံင်ခနှေး

ချှိခူယိုင်မားအရိုက်
ဂေါ်ည်းအေဲမ်းတက†ိုက်ဘ်ာန်းကျ
ဒါ်;ဟည်ကျနတိုဝ်းမှယ်
အူန်းနော;ခါကယ်မာတ်ဇား
ဆ်ာစာ်စ်းဒေဲ;ခိင်ခေါ;
က†ာည်းမ်ာဘူတက†ူ;ဇော;
ဟည်ဟီ,ခေါ;တော်န်းတက†ိုက်
ယံဝ်းအရိုက်ဒါ်;အိုည်းအံဝ်း။
Read more »

Wednesday, March 24, 2010

ထွေ/အုပ် စာရေး ပလောင်ကျေးရွာများတွင် မူယစ်ရမ်းကား ဆပ်ကြေးတောင်း

၉ ရက် မတ်လ ၂၀၁၀တွင် တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ် အထွေထွေအုပ်ချူပ်ရေးဌာနမှ အုပ်စုစာရေး
ဦးစိုင်းမြင့်အောင်နှင့် အဖွဲ့ (၃)ယောက်နှင့် မြေစာရင်းဌာနမှ (၂) ယောက်တို့သည် မန်တုံမြို့နယ် အတွင်းရှိမြို့နှင့်ဝေး
သည့် ကျေးရွာများတွင် ဘိန်းအားအကြောင်းပြ၍ ဆပ်ကြေးကောက်ခြင်း၊ မူးယစ်သောင်းကျန်းခြင်း၊ ပလောင်အမျိုးသမီး
ငယ်များအား နှောက်ယှက်များပြူလုပ်ပြီး မကျေမနပ်ဖြစ်နေသော ဒေသခံလူငယ် များအားလည်း ၎င်းတို့အား အတင်း
အဓမ္မ ပြန်တောင်းပန်ခိုင်းခြင်းများ ပြုလုပ်ခံ့ကြသည်ဟု မန်တုံမြို့နယ်အတွင်းရှိ ရွာသားတစ်ဦးထံမှ သိရသည်။

“သူတို့က ဘိန်းစိုက်တဲ့ မြေခွန် ဆိုပြီးတော့ မန်တုံမြို့နယ် လွယ်ကြူကျေးရွာအုပ်စုမှာရှိတဲ့ တောနေ ရွာသူကြီးကို
ကျပ်ငွေ တစ်သိန်းငါးသောင်း (၁၅၀၀၀၀ကျပ်) တောင်းသွားတယ်၊ ပြီးတော့ သူတို့က အဲ့ဒီရွာမှာ (၃)ရက် အိပ်တယ်
သူတို့တွေ အရက်သောက် မူးပြီးတော့ အဲ့ဒီရွာက လူငယ်တွေကိုရန်ရှာတယ် ရွာခံလူငယ်တွေပြန်ပြောတော့ သူတို့က
မကျေမနပ်ဖြစ်ပြီး သူတို့ကို အတင်းပြန်တောင်းပန်ခိုင်းတယ်၊ သူတို့က အစိုးရ၀န်ထမ်းတွေဆိုတော့ လူငယ်တွေက
ကြောက်ပြီး တောင်းပန်ရတယ် အဲ့ဒီ အုပ်စုစာရေး ဦးစိုင်းမြင့်အောင်ကိုယ်တိုင်” မင်းတို့ကျေနပ်လား၊ မကျေနပ်လည်း
ဒီကိစ္စ ဒီမှာဘဲ ပြီးပါစေ “ဆိုပြီးတော့ ပြောဆိုခြိမ်းခြောက်သေးတယ်”

ရွာသားတစ်ဦးမှ “သူတို့လာတဲ့အချိန်က မင်္ဂလာဆောင်ပွဲနဲ့တိုးတော့ အဲ့ဒီမှာလည်း ဦးစိုင်းမြင့်အောင် ကိုယ်တိုင်ဘဲ
အရက်မူးမူးနဲ့ မင်္ဂလာဆောင်လာတဲ့ လူငယ်တွေ၊ အမျိုးသမီးငယ်တွေနဲ့၊ အဘိုးကြီး၊ အဘွားကြီး၊ အဘွားကြီးတွေပါ
မကျန်တွေ့တဲ့ သူတွေကို သင်္ကြန်မဟုတ်ဘဲနဲ့ ရေတွေလောင်းတယ် မင်္ဂလာပွဲလုက်နေလို့ မလောင်းနဲ့လို့ တောင်းပန်း
လည်း မရဘူး၊ ပြန်ပြောတော့လည်း ရန်ရှာပြီးပြန် တောင်းပန်ခိုင်းတယ်၊ ပြီးတော့ ရွာက အပျိုမလေးတွေကိုလည်း သူတို့
ရဲ့ ခွင့်ပြုချက်မတောင်းဘဲနဲ့ ဆန္ဒမပါဘဲနဲ့ အတင်းဓာတ်ပုံတွေ လိုက်ရိုက်ပြီးတော့ အနှောက်အယှက်တွေပေးတယ်”
ဟုပြောပြသည်။

“သူတို့အလုပ်တာဝန်နဲ့ ကောင်းကောင်းမွန်မွန်နေရင် ကျွန်တော်တို့က သူတို့ကိုကျွေးမွေးရတာ ကိစ္စမရိုပါဘူး၊
အခုတော့ဗျာ ကျွေးလည်းကျွေးရသေးတယ်၊ ကိုယ့်တိုင်လည်း ရန်ရှာသွားသေးတယ်ဆိုတော့ ကြာလာသော့ ဘယ်သည်း
ခံနိုင်တော့မလဲ၊ ပေးလိုက်ရတဲ့ ဆပ်ကြေးတွေကလည်း အများကြီး ဘာလုပ်စားလို့လုပ်စားရမှန်တောင် မသိတော့ဘူး၊
မန်တုံမြို့နယ်က ဌာနဆိုင်ရာ တွေဆိုလည်း တဖွဲ့ပြီးတဖွဲ့ ဘာကြေးညာကြေးဆိုပြီး လာလာတောင်းတယ် အမျိုးမျိုးဘဲ
ဒါတောင် မန်တုံမှာ ဗိုလ်ချူပ်သိန်းစိန် ပြောသလိုမျိုး ရွေးကောက်ပွဲ တောင်မလုပ်ရသေးဘူး သူတို့က ကျနော်တို့ကို
အမျိုးမျိုး နှောက်ယှတ်နှိပ်စက်နေတယ် ပြီးရင် ဘယ်လိုလာမလဲ မသိဘူး ဒီထက်ပိုဆိုးမယ်ထင်တာဘဲ”ဟု အဆိုပါဒေသခံမှ ပြောပြသည်။

အဆိုပါ ဦးစိုင်းမြင့်အောင်သည် မန်တုံမြို့နယ်နှင့် ဝေးလံသော ကျေးရွာများတွင် (အထူးသဖြင့် လွယ်ကြူကျေးရွာအုပ်စု
ဖြစ်သော တောနေ၊ လွယ်မွန်း၊ လွယ်ခွါန်၊ မန်စော၊ ပန်ကော်၊ မန်အီ) ငွေကြေးခဏခဏ ကောက်ခံခြင်း၊ ယခင်နှစ်များ
တွင်လည်း မန်တုံမြိုနယ်မှ ဆန်စက်တစ်လုံးလျှင် ကျပ် တစ်သောင်း (၁၀၀၀၀) သာကောက်ရန် ချမှတ်ထားသော်လည်း
ကျပ် သုံးသောင်း (၃၀၀၀၀) ထိကောက်ခံခြင်းများ ပြုလုပ်ခဲ့ဖူးပြီး ယခုလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

သတင်းနှင့် ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး
Read more »

အတင်းအဓမ္မ စစ်သားထဲသို့ ဝင်ခိုင်း၍ ထွက်ပြေးလာသော နအဖ ပလောင်စစ်သား

၁၅ရက်-မတ်လ-၂ဝ၁ဝခုနှစ်
၂ဝရက်နေ၊ ၈လပိုင်း၊ ၂ဝဝ၉ခုနှစ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ နယ်၊ မိုင်းဝီးကျေးရွာနေ အမျိုးသားတဦး
အသက် ၂၃နှစ်အရွယ်ရှိသော သူကို ရွာထဲတွင် လည်ပတ်စဉ် ခလရ (၁၄၄)၏ စည်းရုံးသိမ်းသွင်းခံခဲ့ရပါ သည်။ ခလရ
(၁၄၄) အရာရှိသူတဦးသည် သူကို စစ်တပ်ထဲ ဝင်လျှင် ဘာမှ စိုးရိမ်စရာမရှိဟု မက်လုံပေးခဲ့ပါသည်။ ၁ရက်နေ့မတ်လ
၂ဝ၁ဝခုနှစ်တွင် စစ်တပ်မှ ထွက်ပြေးလာခဲ့သည်။

သူသည် တပ်ထဲသို့ဝင်ပြီးနောက်တရက်တွင် မန္တလေးမြို့ရှိ စစ်သားစုဆောင်ရေးဌာနသို့ ပို့ပေးဆောင်ခဲ့ပါသည်။
ထို့နောက် မန္တလေး (၂)ရက်နားပြီး စစ်သင်တန်းလေ့ကျင့်ရန်အတွက် သပိတ်ကျင်းသို့ပိုဆောင်ခဲ့ပါသည်။ သပိတ်ကျင်းမ
အခြေခံသင်တန်း (၄)လခွဲ တက်ခဲ့ရပါသည်။ သင်တန်းတက်သည့်ကာလတွင် သင်တန်းသားပေါင်း(၁၂၅ဝ) ဦးရှိပါသည်။
သင်တန်းတက်သည့်ကာလတွင် တဖက်ကို တိုက်ခိုက်ရန်နှင့် စိတ်ဓါတ်ခိုင်မာအောင် လေ့ကျင့်ပေးခဲ့သလို ထွက်ပြေး
သော စစ်သားများကို ပစ်သတ်၊ စိတ်ရိုင်းဝင်လာအောင်လည်း လေ့ကျင့်ပေးခဲ့ပါသည်။ တော်လှန်ရေး ပုလိပ်လျှောက်ရန်
အတွက် နေပြည်တော်မြို့သို့ဆက်လက် ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ဟိုပန်မြို့ရှိ ခလရ(၁၄၃)ထံသို့ ပို့ဆောင်ခဲ့ပါသည်။

ထွက်ပြေးလာသော စစ်သားတဦး၏ ပြောပြချက်အရ “စစ်တပ်ထဲလည်းရောက်တော့ ခလရ(၁၄၄)အရာရှိတစ်ဦးက
ကျနော်ကို ဘာမှစိုးရိမ်စရာမလိုဘူး၊၊ ဒီမှာတာဝန်ကျအောင်လည်း လုပ်ပေးမယ်။ ကျနော် သူတို့နဲ့လိုက်ပြီးနောက်တရပ်
မှာ မန္တလေးမြို့ခေါ်ဆောင်သွားပါတယ်။ ကျနော် နှစ်ရက်နားတယ်။ ပြီးတော့ ကျနော်ကို စစ်သင်တန်း လေ့ကျင့်ဖို့
အတွက်ဆိုပြီး သပိတ်ကျင်းကို ပို့တယ်။ ကျနော် သပိတ်ကျင်းမှာ စစ်သင်တန်း (၄)လခွဲ တက်ရတယ်။ စစ်သင်တန်းပြီး
တော့ တော်လှန်ရေး ပုလိပ်လျှောက်ဖို့ဆိုပြီး ကနော်ကို နေပြည်တော်မြို့သို့ ပြန်လည်း ပိုဆောင်လိုက်တယ်။
အဲကနေတဆင့် ကျနော်ကို ဟိုပန်မြို့နယ်မှာရှိတဲ့ ခလရ (၁၄၃)မှာ တာဝန်ထမ်း ဆောင်ခိုင်းပါတယ်။ ကျနော်တို့ သင်တန်း
တက်တဲ့ အသုတ်မှာဆိုရင် လူဦးရေ (၁၂၅ဝ)ယောက်ရှိပါတယ်။ သင်တန်း တက်တဲ့အတောအတွင်းမှာဆိုရင် စိတ်ရိုင်း
ဝင်လာအောင်၊ စိတ်ဓါတ်ခိုင်မာလာ အောင် နည်းလမ်းအမျိုးမျိုးနဲ့ကျနော်ကို လေ့ကျင့်ပေးပါတယ်။ အချင်းချင်း
ရိုက်နှပ်တာတို့၊ ထွက်ပြေးရင် ပစ်သတ်တယ်။ အရမ်းကို ဒုက္ခရောက် ခဲ့ပါတယ်။ သေနတ်ကို ကိုင်ဆောင်ဖို့ကြောက်
လျှင်လည်းအော်ဆူခံရပါတယ် ”

“ရှေ့တန်းထွက်တဲ့အခါ မဟုတ်ရင် ကြံတွေ ခုတ်ရတယ်။ ထမင်းဟင်းတွေလည်း ကောင်းကောင်းမစားရသလို
ဆားတောင်မှ လူကြီးတွေ လာတဲ့အချိန်ပဲ ချပေးထားတယ်။ လူကြီးတွေ ပြန်သွားရင် ပြန်သိမ်းလိုက်တယ်။ ပြန်ချင်တယ်
လို့ ပြောရင်လည်းမရဘူး။ သေဒဏ်ပဲလို့ ကျနော်တို့ကို ခဏခဏ ခြိမ်းခြောက်တယ်။ သာမာန် အရပ်သားတွေဆီလည်း
ကျနော်တို့ကို စောင့်ကြည့်ခိုင်းတယ်။ ထွက်ပြေးသွားတဲ့စစ်သားတယောက်မိရင် ကျပ်ငွေ သုံးသောင်း (၃ဝဝဝဝ) ပေး
ဆောင်ရတယ်။ ဘယ်သူမှ မပြေးရဲဘူး။ ထွက်ပြေးတဲ့သူက သေနတ်နဲ့ပါသွားရင် တခါထဲ ပစ်သတ်တယ်။

တပ်မ (၉၉) ရဲဘော်နှစ်ယောက် ထွက်ပြေးလို့ သတ်ပစ်ခံရတယ်။ ရဲဘော်တယောက်ဆိုရင် အသက် (၁၆)နှစ်ကျော်
ကျော်လောက်ပဲ ရှိသေးတယ်။ နောက်တယောက်ဆိုရင် အသက် (၂ဝ)လောက်ရှိတယ်။ သူတို့နှစ်ယောက်ဆိုရင်
ကွမ်းလုံတပ်က ဖမ်းမိပြီး တပ်မ (၉၉) က စစ်သားတစ်ယောက်ကို ခေါ်ပြီး ပစ်သတ်ခိုင်းတယ်။ ဒီ ၂ဝ၁ဝအတွက်လည်း
စစ်သားတွေ အများကြီး စုဆောင်းဖို့ ရှိပါသေးတယ်။ တအိမ်လျှင်တယောက် မဝင်မနေရ ဝင်နေရတယ်။ ပြီးရင်
လစာလည်း သုံးသောင်း ထပ်တိုးဦးမယ်လို့ ပြောပါတယ်။ စစ်သားကို လစာ ခုနှစ်သောင်း ကျပ်ရမယ်လို့ ပြောတယ်။
လေးလပိုင်းလောက်ဆိုရင် လစာကို ထပ်တိုးပေးမယ်လို့သူတို့က ပြောတယ် ”

ရှေ့တန်းထွက်သည့်အခါမဟုတ်လျှင် ကြံခုတ်ပေးဆောင်ရပါသည်။ အစားအသောက်လည်း ကောင်းမွန်စွာမကျွေးပေ။
စစ်တပ်ထဲသို့ နေရန်အတွက် နည်းလမ်းအမျိုးမျိုးနှင့် ခြိမ်းခြောက်ထားခြင်းဖြင့် တကယ်ထွက်ပြေးလျှင် ပစ်သတ်သည်
ဟု စစ်တပ်ထဲ မနေနိုင်၍ ထွက်ပြေးလာသော စစ်သားတဦး၏ ပြောပြချက်အရ သိရှိရပါသည်။

သတင်းနှင့် သုတေသန ဌာန
ပလောင်အမျိုးသမီးအစည်းအရုံး
Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger