DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, January 31, 2011

ဘိန်းစားများ


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်အများစုသည် ယခုနှစ်အတွင်း ဘိန်းသုံးစွဲမှု ပိုမိုများပြားလာပြီး အကျင့်စာရိတ္တပျက်ပြားကာ ခိုးဆိုးလုယက်မှုများလည်း အလွန်တရာ ပေါများလာသည်ဟု သိရှိရပါသည်။

လာမည့် ၂ဝ၁၅ ခုနှစ်တွင် နအဖမှ ဘိန်းလုံးဝပပျောက်ရေးအတွက် အစီအစဉ်ရေးဆွဲခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုကို သံန္နိဌာန်ချမှတ် တိုက်ဖျက်နေသည်”ဟု ပြောဆိုခဲ့ပါသည်။ ထို့ပြင် မြို့နယ်တိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအစားထိုးသီးနှံများ ဆိုင်ဘုတ်များတပ်ပါသည်။ သို့သော် ဆိုင်ဘုတ်ပေါ်မှာသာ စာသားများရှိထားပြီး လက်တွေ့ဘဝတွင်မူ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမျိုးမရှိပေ။

နမ့်ဆန်မြို့နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ထိထိရောက်ရောက် တိုက်ဖျက်ခြင်းမရှိသည့်အတွက် ဘိန်းသုံးစွဲသူများသည် ယခင်ထက်ပင် ပိုမိုများပြားလာပါသည်။ ထို့ပြင် ဘိန်းစားများသည် အကျင့်စာရိတ္တပျက်ပြားပြီး မိမိအိမ်တွင်းမှ ပစ္စည်းများသာမက ပတ်ဝန်းကျင်ရှိ ပစ္စည်းများကိုပါ ခိုးယူရောင်းချကာ ဘိန်းဝယ်သုံးကြသည်ဟု သိရှိရပါသည်။

“ကျမတို့ဆီမှာ ဘိန်းစားတွေအရမ်းပေါတယ်။ ဘိန်းစားတွေက အလုပ်အကိုင်လည်းမရှိ တာဝန်ရှိသူတွေလည်း တာဝန်ယူဖျက်ပေးတာမျိုးလည်းမရှိ၊ ပြီးတော့ ဘိန်းက ဘယ်ကနေဝင်လာမှန်းလည်း မသိဘူး။ ရွာမှာလည်း ဘိန်းစိုက်တာမရှိဘူး။ ဒါပေမယ့် ဘိန်းစားတွေက အရမ်းများလာတယ်။ ဘိန်းစားတွေက အလုပ်လည်းမလုပ် ပိုက်ဆံကလည်းမရှိတော့ သူတို့အိမ်ကပစ္စည်းတွေခိုးရုံမက ပတ်ဝန်းကျင်ရဲ့ ပစ္စည်းတွေပါ ခိုးကြတယ်။ အခုဆို ရွာမှာ သူခိုးအရမ်းကြောက်ရတယ်။ မိလို့ရှိရင်လည်း သူတို့မှာ ပြန်လျော်စရာမရှိပြန်ဘူး” ဟု ရွာသူတစ်ဦးမှ ပြောပြသွားပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger