DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

အပြစ်မဲ့ ရွာသားအား ရိုက်နှက်ခြင်း


နမ့်ဆန်ခရိုင်၊မန်တုံမြို့နယ်၊ မန်မောင်ကျေးရွာရှိ ကိုကျော်ယဉ်အား မန်တုံရဲစခန်း ရဲတပ်ဖွဲ့မှ မတရားရိုက်နှက်ခဲ့ပါသည်၊၊

ဇူလိုင်လ.၁.၂၀၁၁.နေ့လည်တွင် ကိုကျော်ယဉ်သည် ပန်ခါးကြီးရွာကနေ မန်မောင်ရွာသို့ သွားစဉ် မန်တုံလမ်းမပေါ်တွင် မန်တုံဒုရဲအုပ်နှင့်အဖွဲ့မှ ရဲစခန်းသို့ ဖမ်းခေါ်သွားခဲ့သည်။ ရဲစခန်းတွင် စခန်းမူးသန်းအေး နှင့်အဖွဲ့သည် ကိုကျော်ယဉ်အား အကြောင်းမဲ့မေးမြန်းပြီး ထိုးကြိတ် ရိုက်နှက်ခဲ့ပါသည်။

အကြောင်းရင်းမှာ မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှုနှင့်သုံးစွဲမှု သံသယဖြင့် ရှာဖွေခဲ့သည်။ တစုံတရာရှာဖွေတွေ့ရှိခြင်းမရှိေ​သ်ာလည်း အကြောင်းမဲ့ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦး ပြောပြချက်အရသိရှိရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger