DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, June 18, 2011

နမ့်ခမ်းဘက်သို့ စစ်ပြေးဒုက္ခသည်များတိုးပွားလာ

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော KIA နှင့် စစ်အစိုးရ တိုက်ပွဲကြောင့် ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ အထက်မန်လွယ် နှင့် အောက်မန်လွယ်ရွာရှိ ကချင်လူမျိုးများအပါအဝင်၊ တအာင်းလူမျိုးတော်တော်များ နမ့်ခမ်းဘက်သို့ ထွက်ပြေးလာနေကြောင်း သိရှိရသည်။
တအာင်းလူမျိုးအချို့မှာ တရုတ်နယ်စပ်သို့ ထွက်ပြေးသွားပြီး၊ တချို့မှာ နမ့်ခမ်းမြို့နယ်အတွင်းရှိ နီးစပ်ရာ အသိကျေးရွာများသို့ ခိုလုံကြသည်။ ဇွန်၁၆ရက်နေ့ထိ  နမ့်ခမ်းမြို့သို့ထွက်ပြေးလာသော တအာင်း စစ်ပြေးဒုက္ခသည် အယောက်(၂၀၀)ခန့်ရှိသည်ဟု ဒုက္ခသည်တချို့ကို လက်ခံကူညီထားသည့် အိမ်ရှင်တစ်ဦး ပြောပြချက်အရသိရှိရသည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger