DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Wednesday, July 16, 2008

ဘ၀ရဲ့ ကြယ်တခွန်-2


နှစ်တွေ ဘယ်လောက်ကြာပြီလဲ
ရေခြား မြေခြား
ကိန္ဒရာ ချောင်းခြားခဲ့သော
ကမ်းပါတွေ။
စာမလာ သတင်းမကြား
သတိရခြင်း ပန်းပွင့်တွေ နေ့တိုင်းကြွေလို့
မှတ်ညဏ်ထဲမှာ
ဆယ်ကျော်သက်ရဲ့ ရုပ်ပုံလွှာ။
" တစ်နေ့နေ့ ငါတို့ပြန်ဆုံမယ် "
အိပ်မက်လား
အာရုံမောက်မှားမှုလား
ကလေးဘ၀ရဲ့ အသံတွေလှိုင်းထဆဲ။
သူ ဘယ်မှာလဲ ကိုယ်မသိရ
ကိုယ် ဘယ်မှာလဲ သူမသိရ
မီးပြတ်သလို
အဆက်အသွယ်ပြတ်သွားတဲ့ ဘ၀များ။
အသက်တွေက ကြီးလာတယ်
ဒဏ်ရာတွေသာ များလာတယ်
ကိုယ့်အကြောင်းနဲ့ ကိုယ်
ခေတ်ရေစီးထဲ စုန်ဆန်မျောလို့။
စိတ်ချောက်ချားစရာ
အတိတ်တစ္ဆေ။
ငယ်ဘ၀အပေါ်
ဖြတ်စီးသွားတဲ့ မြစ်ရေတွေဟာ
နောက်တစ်ခါ ပြန်မလာကြတော့ဘူး။


0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger