DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Wednesday, April 27, 2011

ပြည်သူ့စစ်သင်တန်းပေး အရံတပ်သားအဖြစ်စုဆောင်း

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အထက်ပါင်ယုတ်နှင့် အောက်ပါင်ယုတ်ရှိ ရွာသားအယောက် ၉၀ကို မန်တပ်ကျေးရွာအခြေစိုက်တပ်ရင်း ၁၄၄ ကအတင်းပြည်သူ့စစ်သင်တန်းတက်ခိုင်းခဲ့ပါတယ် အဲဒီရွာသားအယောက် ၉၀ ထဲမှာ အမာခံအဖြစ် အယောက်၃၀ ရွေးပြီး သေနတ်ပစ်ကျင့်ရန်အတွက် ဧပြီ ၂၂ရက်နေ့ကနမ့်ဖက်ကာကျေးရွာဘက်ကိုခေါ်သွားခဲ့ပြီး ကျန်တဲ့ရွာသား ၆၀ ကို  ယခုချိန်ထိ မန်တပ် တပ်ရင်းမှာအရံတပ်သားအဖြစ်စုဆောင်းထားတယ်လို့သိရပါတယ်။

တအာင်း ရွာသားတွေခေါ်ပြီး ဒီလိုပြည်သူစစ်သင်တန်းတွေ အရင်ကလည်းတက်ခိုင်းတာရှိခဲ့ပေမယ့် အခုလိုသေနတ်ပစ်
လေ့ကျင့်ပေးတာမျိုးတွေ အရံတပ်သားအဖြစ်ခေါ်ထားတာမျိုးတွေမရှိတဲ့အတွက် ဒီတစ်ခေါက်ပြည်သူစစ်သင်တန်းက
တိုက်ပွဲအတွက်အသုံးချခြင်းနဲ့  တိုင်းရင်းသားအချင်းချင်းကြား ရန်တိုက်ပေးတာလည်းဖြစ်တယ်လို့ ရွာသားတွေကပြော
ပါတယ်။
“ ပြည်သူစစ်သင်တန်းတွေ အတင်းတက်ခိုင်းတာရှိခဲ့ပါတယ် ဒါပေမယ့် ဒီတစ်ခေါက်သင်တန်းမှာ သေနတ်ပစလေ့ကျင့်
ပေးတာ ၊ အရံတပ်သားအဖြစ်ခေါ်ထားတယ်ဆိုတာ SSA-N နဲ့ တိုက်ပွဲဖြစ်သွားတဲ့နောက်ပိုင်း သူတို့ဘက်ရှေ့တန်း
တိုက်ဖို့အတွက်အရံတပ်သားအဖြစ်စုဆောင်းထားပဲ ကျနော်တို့ တအာင်းလူမျိုးတွေကို အသုံးချပြီး ရှမ်း နဲ့ တအာင်း တိုင်းရင်းသားအချင်းချင်းကြား ရန်တိုက်ပေးတာဖြစ်တယ်” လို့သူကပြောပါတယ်
သင်တန်းသွားတက်ပြီး အရံတပ်သားအဖြစ် စုဆောင်းခံရတဲ့ ရွာသားတွေရဲ့ မိသားစုတွေက စီးပွားရေးပြသာနာ
ကြုံတွေ့နေရတယ်လို့သိရပါတယ် တအာင်း ဒေသခံတွေမှာလက်ဖက်၊ တောင်ယာ ၊လယ်လုပ်ငန်းနဲ့ အသက်မွေး
ဝမ်းကြောင်းဖြစ်တဲ့အတွက် အခုလိုသင်တန်းတွေ ၊ သေနတ်ပစ်လေ့ကျင့်တာတွေ၊ အရံတပ်သားအဖြစ်စုဆောင်ခံရတာကို
မိသားစု စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။
နောက်မှာကျန်ရစ်တဲ့ သူတို့ ရဲ့  အရွယ်အို မိဘ ၊ သား သမီးများကလည်း မိမိသားအတွက်အဖေအတွက် စိုးရိမ်သလို မိသားစု
စားဝတ်နေရေးအတွက်လည်း အလုပ်လုပ်မယ့်သူမရှိတာမို့ အခက်ခဲများကြုံတွေ့နေရပါတယ်လို့သိရပါတယ်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger