DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, January 16, 2011

တအာင်းစာပေဖြစ်ပေါ်လာပုံသမိုင်းကြောင်း

ရှေးယခင်က ပလောင်တို့သည် ယွန်းပါဠိစာနှင့် ရှမ်းယွန်းစာကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းများတွင် ရှမ်းစာပေကို အသုံးပြုလာကြသည်။ ပထမဦးဆုံးပလောင်စာပေ ဖြစ်ထွန်း စေရန် ကြိုးပမ်းခဲ့သူများ အမေရိကန်သူ မစ္စမက္ကလင်းဆိုသူ အမျိုးသမီးဖြစ်သည်။ ဥရောပဗျည်း အက္ခရာကို အခြေခံ၍ ၁၉၁၂ ခုနှစ်တွင် တည်ထွင်ပေးခဲ့သည်။

၁၉၁၂- ခုနှစ်တွင် Mrs.LesLie Milneက အင်္ဂလိပ် - ပလောင်/ ပလောင် - အင်္ဂလိပ် အဘိဓါန်နှင့် ပလောင်သဒ္ဒါကျမ်းကို ပြုစုပေးခဲ့ပါသည်။
၁၉၂၄ - ခုနှစ်တွင် The Study of the Palaungs of the Shan State ကို ပြုစုပေးထားခဲ့သည်။

ခုနှစ် သက္ကရာဇ်အလိုက် ပလောင်စာပေ ရေးသားပြုစုခဲ့သူများ

စဉ်
စာပြုပဂ္ဂိုလ်အမည်
လူမျိုး
အသုံးပြုသည့်အက္ခရာ
၁
မစ္စမက္ကလင်း
အမေရိကန်
ရောမအက္ခရာ (၁၉၁၂)
၂
ဦးဆန်သီရိ
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၁၈)



V အက္ခရာတစ်ခုတိုး
၃
ဦးခွန်ဆန်ဒေ၀ါ
ပလောင်
ရှမ်းယွန်းအက္ခရာ (၁၉၂၁)
၎
ဦးစာဂရ(စော်ဘွားစာရေးကြီး)
ရှမ်း
ရှမ်း- မြန်မာအက္ခရာ (၁၉၂၆)
၅
ဦးပေါစံ (ရွှေတံဆိပ်ဆုရ)
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၅၅)
၆
ဦးကျော်စိန်
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၅၅)
၇
ဦးကျော်ဟန်
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၅၂)
၈
အသျှင်ဠာဝစကြာ

ယိုးဒယားအက္ခရာ (၁၉၅၄)

အသျှင်နန္ဒိယ(ရဟန်း)          ယိုးဒယား

။

အသျှင်ကဏ္ဍိတ(ရဟန်း)

။
၉
အသျှင်နာရသေန (ရဟန်း)
ပလောင်
ရှမ်းအက္ခရာ (၁၉၅၄)
၁၀
ဦးသန်းမောင်(နမ့်ခမ်း)
ပလောင်
မွန်မြန်မာအက္ခရာ (၁၉၅၄ )
၁၁
အသျှင်နန္ဒာစရိယ (ရဟန်း)
ပလောင်
ရှမ်းအက္ခရာ (၁၉၅၄)
၁၂
အသျှင် ပညာဝံသ(ရဟန်း)
ပလောင်
ယွန်းအက္ခရာ (၁၉၅၄)
၁၃
ဦးဒေ၀ါ
ပလောင်
ရှမ်းအက္ခရာ (၁၉၅၄)


၁၉၆၅ခုနှစ်တွင် ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဥက္ကဌနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များ နမ့်ဆန် ရောက်လာပြီး တောင်ပိုင်နယ်၊ ပလောင်စာမူအဖွဲ့ ဖွဲ့ရန် မေတ္တာရပ်ခံခဲ့သော်လည်း အောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရှမ်းပြည်နယ်ဦးစီးအဖွဲ့က အောက်ပါအဖွဲ့ကို ၁၉၆၇ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖွဲ့စည်းလိုက်သည်။

ဥက္ကဌ ဦးကျော်ဇော်             ရှမ်းပြည်နယ်ဦးစီးအဖွဲ့ ယဉ်ကျေးမှုတာဝန်ခံ
အတွင်းရေးမှူး           ဦးစစ်ခွန်ဆန်             ယဉ်ကျေးမှုဌာနမှူး

အဖွဲ့ဝင်
စဉ်
အမည်
နေရပ်
နေရပ်လိပ်စာ
၁
ဦးနာဂသေန
ဂိုဏ်းထောက်ဆရာတော်
နမ့်ဆန်
၂
ဦးနေမိန္ဒ
ရဟန်း
။
၃
ဦးပေါ်စံ
ကယားလမ်းကျေးရွာ
။
၎
ဦးကျော်စိန်
ကယားလမ်းကျေးရွာ
။
၅
ဦးဒေ၀ါ

။
၆
ဦးက္ကုန္ဒက

။
၇
ဦးအောင်ထွန်း
ရေးရာမှူး
မိုးမိတ်
၈
ဦနေမိန္ဒ

ကျောက်မဲ
၉
ဦးစံဖိုး

သီပေါ
၁၀
ဦးသုနန္ဒာ

မိုးမိတ်
၁၁
ဦးပညာဝံသ
ကွမ်းလုံခရိုင်
ဟိုပန်
၁၂
ဦးနန္ဒာ

နမ့်ခမ်း
၁၃
ဦးသန်းမောင်

နမ့်ခမ်း
၁၄
ဦးစ၀်ခူး
လွယ်လင်ခရိုင်
မိုင်းကိုင်း
၁၅
ဦးချစ်ထွန်း
။
။
၁၆
ဦးနိက္ခမ္မ

ကလော
၁၇
ဦးစိတ္တ

ကလော
၁၈
ဦးအဆန်မာအင်

ကျိုင်တုံ
၁၉
ဦးခမ်းလှိုင်
တိုင်းပညာဝန်
ရှမ်းပြည်နယ်ပညာရေးမှူ

ဤအဖွဲ့သည် ၁၉၆၇ခုနှစ် ဇူလိုင်လ (၃၁) ရက်မှ သြဂုတ်လ (၄) ရက်နေ့အထိ ပထမအကြိမ်အစည်းအဝေးကျင်းပကာ အောက်ပါ ပလောင်စာမူကို တင်ပြကြသည်။

က) မွန်မြန်မာအက္ခရာ    (၁) ဦးပေါ်စံ
(၂) ဦးကျော်စိန်
ခ) ရှမ်းအက္ခရာ 
(၁) ဦးနာဂသေနာ
(၂) ဦးနန္ဒာစရိယ
(ဂ) ယွန်းအက္ခရာ   
(၁) ဦးနိက္ခမ္မ
ဃ) မြောက်ပိုင်းရှမ်းစာမူသစ် 
(၁) ဦးသန်းမောင်
ရန်ကုန်-မန္တလေးတက္ကသိုလ်များတွင် ပညာသင်ကြားနေကြသော တအာင်းကျောင်းသူ/ သားများကြိုးစား အား ထုတ်မှု၊ နယ်ခံတအာင်းစာပေ တမူတည်းဖြစ်မြောက်စေလိုသော ဆန္ဒပြင်းပြမှုကြောင့် နမ့်ဆန် ၊နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊တောင်ကြီး၊ ကလော၊ မိုးကုတ်၊ မန္တလေး၊ ရန်ကုန်မြို့များမှ ကိုယ်စားလှယ်များ ပါဝင်သော  ပလောင် စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကို ပထမအကြိမ်ညီလာခံ (၂၉-၂-၇၃)နေ့ တွင် ဖွဲ့ စည်းလိုက်သည်။

ပထမအကြိမ်ညီလာခံတွင် ပလောင်စာပြု ပုဂ္ဂိုလ်များက အမြော်အမြင်ကြီးစွာဖြင့် မိမိအနှစ်နှစ်အလလ ပြုစုခဲ့သော စာမူကို ဗဟိုကော်မတီသို့အသီးသီးပေးအပ် လှူဒါန်းခဲ့ပါသည်။ ၎င်းစာမူများကို တအာင်းတက္ကသိုလ် ကျောင်းသူ/သားများက စာပြု ပုဂ္ဂိုလ်များထံလေ့လာမှတ်သားခြင်း၊ အကြံဥာဏ်များ တောင်းခံပြီးနောက် ပလောင်တစ်မျိုးသားလုံး  အသုံးပြုနိုင်မည့် တမူတည်းသော ပလောင်စာမူကို ပြုစုပြီး ဒုတိယအကြိမ်ညီလာခံ (၃၀-၈-၇၂) နေ့ တွင်တညီတညွတ်တည်း အတည်ပြု ပြဌာန်းလိုက်ပါသည်။

* ဒုတိယအကြိမ်ညီလာခံကို ၁၉၇၂ -ခု ၊သြဂုတ်လ(၃၀)မှ စက်တင်ဘာ(၂)ရက်အထိ နမ့်ခမ်းတွင်ကျင်းပသည်။
* တတိယအကြိမ်ညီလာခံကို ၁၉၇၃-ခု ဧပြီလ(၉)ရက်မှ ဧပြီလ(၁၁)ရက်အထိ မိုးကုတ်မြို့ တွင်ကျင်းပသည်။
* စတုတ္တအကြမ်ညီလာခံကို ၁၉၈၂-ခု၊အောက်တိုဘာလ (၂၄)ရက်မှ (၂၇) ရက်အထိနမ့်ခမ်းတွင် ကျင်းပခဲ့သည်။
* ပဉ္စမအကြိမ်ညီလာခံကို ၁၉၉၂-ခု မတ်လ(၃)ရက်မှ (၅)ရက်နေ့ အထိကျောက်မဲမြို့ တွင်ကျင်းပခဲ့သည်။
* ဆဌမအကြိမ်ညီလာခံကို ၁၉၉၆-ခု၊ မတ်လ(၂၀)ရက်မှ (၂၂)ရက်နေ့ အထိနမ့်ဆန်မြို့ တွင်ကျင်းပခဲ့သည်။
* သတ္တမအကြိမ်ညီလာခံကို ၂၀၀၀- ပြည့်နှစ်မတ်လ ၉၂၂)ရက်မှ (၂၄)ရက်နေ့ ထိနမ့်ဆန်မြို့ တွင်ကျင်းပခဲ့သည်။


မြန်မာနိုင်ငံပလောင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီကို နမ့်ဆန်မြို့ ၌ထားရှိပြီး မြို့ နယ်ပလောင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကို နမ့်ဆန်၊ကျောက်မဲ၊သီပေါ၊ နမ္မတူ၊လားရှိုး၊ကွတ်ခိုင်၊မူဆယ်၊ နမ့်ခမ်း၊မန်တုန်၊ မိုးကုတ်၊ မန္တလေး၊ ကလေ၊ ရန်ကုန်မြို့ များတွင် ဖွဲ့စည်းထားရှိသည်။

မယ်တို့ပလောင် စာအုပ်မှ ကောက်နုတ်ပြီး ရေးသားထားပါသည်။
Read more »

လက်ဖက်အပြင် တခြားသော အသက်မွေးဝမ်းကျောင်းများ

တောင်ယာ၊ လယ်ယာ ။     ။ ပလောင်လူမျိုးများသည် လက်ဖက်အပြင် ဒုတိယ ပင်မ အသက်မွေးဝမ်းကျောင်း တောင်ယာ၊ လယ်ယာကိုလည်း စိုက်ပျိုးစားသုံးကြပါသည်။ တောင်ယာစိုက်ပျိုးရာတွင် သုံးနှစ်တစ်ကြိမ်နေရာပြောင်းရွှေ့စိုက်ပျိုးရပါသည်။ တောင်ယာစိုက်ပျိုးသည့်အခါတွင် ရေမလိုအပ်ပေ။ တောင်ယာစိုက်ပျိုးသည့်အခါတွင် တောင်စောင်း၊ တောင်ကမ်းပါးများ၊ ကုန်းမြင့်များတွင် စိုက်ပျိုးပါသည်။
လူအင်အားနှင့် ရင်းနှီးပြုလုပ်ထားရပါသည်။ လက်ယာစိုက်နိုင်ရန်အတွက် သစ်ပင်ချုံနွယ်အစ ရှိသည့်တို့ကို ခုတ်ရှင်းလေ့ရှိပါသည်။ ခုတ်ထားသော သစ်ပင်တို့ကို တန်ခူးလတွင် မီးပြန်ရှို့ရပါသည်။ များသော အားဖြင့် တောင်ယာထိုးထားသည့်အခါတွင် ပေါက်ပြားထူးရွင်းများနှင့် တူးဆွခြင်းဖြင့် လူအင်အားနှင့် အသုံးပြုရပါသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် တောင်ယာ စပါးကောက်လှိုင်များကို တလင်း၌နှယ်ကြသည်။


တောင်ယာစိုက်ပျိုးခြင်း ပင်ပန်းသော အလုပ်တခုဖြစ်ပါသည်။ သုံးလေးကြိမ် စိုက်ပျိုးသည့်အခါတွင် မြေသြဇာနည်းပါး သည့် အခါတွင် တနေရာသို့ ပြောင်းရွှေ့ရပါသည်။

လယ်ယာ ။     ။ လယ်ယာများကို နွေရာသီတွင် လယ်ယာမြေကို ပြန်လည်တူးဆွခြင်းပြုလုပ်ပါသည်။ စပါးပျိုးသည့်အခါတွင် တပေါင်းလလောက်ဖြစ်ပါသည်။ မိုးတွင်းချိန်တွင် စပါးကောက်စိုက်ချိန်ဖြစ်ပါသည်။ ဝါခေါင်နှင့်တော်သလင်းလတွင် စပါးပေါင်းသင်းရှင်းလင်းချိန်ဖြစ်ပါသည်။ သီတင်းကျွတ်လ၊ စပါးရိတ်သိမ်းထားပါသည်။ တန်ဆောင်မုန်းလတွင် စပါးကို ရုပ်သိမ်းအချိန်ဖြစ်ပါသည်။ လယ်ယာတွင် ရေရှိသော နေရာတွင် စိုက်ပျိုးရပါသည်။ လူအင်အားကို အသုံးပြုရသလို ကျွဲအင်အားကိုလည်း များသောအားဖြင့် အသုံးပြုရပါသည်။

မီးသွေး ။     ။ နမ့်ခမ်းမြို့နယ်တွင် လက်ဖက်ခြောက်ဈေးနှုန်း ကျဆင်းမှုကြောင့် ပင်မလက်ဖက်ကို မီးသွေးအရောင်းအဝယ်သို့ ပြောင်းလဲရှာကြပါသည်။  မီးသွေးကို နွေရာသီနှင့် ဆောင်းရာသီတွင် အဓိကပြုလုပ်ပါသည်။ ကျန်သော မိုးရာသီတွင်လည်း အချို့မိသားစုတွင် မီးသွေးဖုတ်နေပါသည်။ မီးသွေးပြုလုပ်သည့်အခါတွင် ပထမဦးဆုံး တောပေါများသောနေရာတွင် ရှာဝယ်ထားရပါသည်။ ပထမအဆင့်တွင် ကျင်းတူးနိုင်မယ့်နေရာတွေ ရှာပြီး ရှင်းရပါသည်။ ထို့မှတဆင့် ကျင်းတူးရပါသည်။  ကျင်းမကောင်းလျှင် ကျင်းပြိုတက်ပြီး မီးသွေးပေါင်းများစွာ ဆုံးရှုံးရပါသည်။ တခါတလေမှာ လူခွဲပြီး တချို့သောလူကို ကျင်းတူးနေစဉ်မှာ ကျန်လူများကို ထင်းခုတ်ရပါသည်။ ထင်းနှင့်ကျင်းတူပြီးပြီနောက်ပိုင်း မီးသွေးစဖုတ်နိုင်ပါသည်။ မီးသွေးကို ဆောင်းရာသီတွင် အကောင်းဆုံးထုတ်လုပ်ချိန်ဖြစ်ပါသည်။  ဤရာသီတွင် မီးသွေးဖုတ်၍ မြို့တွင်း(သို့)တခြားနေရာတွင် ရောင်းဝယ်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူပါသည်။  နွေရာသီတွင် ရာသီဥတုပူလွန်းတဲ့အတွက် မီးသွေးကျင်းထဲ မီးပေါက်နိုင်ပါသည်။  မီးသွေးထုတ်ချိန်တွင် ရေအများကြီး လိုအပ်ပါသည်။ လူပင်ပန်းပြီး မီးသွေးထွက်တဲ့ပမာဏလည်း လျော့နည်းပါသည်။ မိုးရာသီတွင် မီးသွေးဖုတ်သည့်အခါတွင် အန္တရာယ်များလှပါသလို မိုးရာသီတွင် ကျင်းများပြိုတတ်သည်။ တချို့မီးသွေးထုတ်နေစဉ်မှာ မြေပြိုပြီး လူကို ထိခိုက်စေပါသည်။ ထင်းခုတ်၊ ထင်းသယ်၊ မီးသွေးဖုတ်သည့်အခါတွင် လူနှင့်ငွေအင်အား အသုံးပြုရပါသည်။
Read more »

ပလောင်လူမျိုးများ အဓိက ပင်မ အသက်မွေးဝမ်းကျောင်း

(၁)
ပလောင်လူမျိုးများရဲ့ အဓိကပင်မအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီး မာလာယုကျွန်းသို့ ရောက်တော်မူစဉ်အခါက အင်္ဂတိဒေဝ၊ ဇေယျ၊ သသြု၊ ဗါနုဒိဗ္ဗ အမည်ရှိသော နတ်ဘီလူးညီနောင် လေးယောက်တို့က ဟင်္သသာဇလုပ်အတွင်းမှရှိတဲ့ “နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ကို ဆက်သလိုက်ရာ ထိုနတ်သစ်စေ့ကို ပလောင်လူမျိုးများ စိုက်ပျိုးစားသောက်ကြရန် ပေးသနားတော်မူလေတယ်။

ပလောင်တို့ကို မင်းကြီးတွင်ပါလာသော “နိလဗီဇ” သစ်စေ့ကို စိုက်ပျိုးစားသောက်ရန် ပေးသနားတော်မူ၍ ပလောင်လူမျိုးတို့က စိုက်ပျိုးပြီးနောက် အပင်အရွက်ဖြစ်သည့်အခါ ခူးဆွတ်၍ မင်းကြီးထံဆက်သသြသော် မင်းကြီးသည် ထိုသစ်ရွက်တို့ကို စားတော်ခေါ်လေတယ်။ မင်းကြီးမှာ လက်ဖက်ကို စက်တော်မခေါ်နိုင်ဘဲ လက်ဖက်ကိုပိုက်ပြီး နေရသောကြောင့် ထိုသစ်ရွက်ကို လက်ပိုက်ဖက်ရွက်ခေါ်ရာမှ ကာလကြာ၍ “လက်ဖက်ရွက်ကို ” ၄င်းမှာ “လက်ဖက်” ခေါ်သည်ဟုဆိုလေတယ်။

မင်းကြီးပေးသနားတော်မူသော နိလဗီဇ၊ ရသဝသီ နတ်သစ်စေ့ကို ပလောင်အမတ် အမျိုးသားတဦးထံ (တာမောင်ငွိုင်း) ပေးကမ်းတဲ့အခါမှာ လက်တဖက်နှင့် ခံယူတဲ့အတွက်ကြောင့် လက်တဖက်ပင်လို့ စတင်ခေါ် ဝေါ်ခဲ့ကြတယ်။ ကာလကြာပြီး “လက်တဖက်”ပင်မှ “လက်ဖက်ပင်” ၄င်းမှ လဘက်ပင် ဘကုန်းပေါ်လဆင့်၍ “လဖက်” ဟုလည်းရေးထုံးပြုကြလေတယ်။

အလောင်းစည်သူမင်းကြီး လဘက်မျိုးစေ့ပေးသော နေရာအထိမ်းအမှတ်အဖြစ် အဆောက်အဦးအတွင်း၌ မင်းကြီးက လဘက်မျိုးစေ့ ပေးသနားတောင်မူစဉ် “တာမောင်ငွိုင်း”က လက်တစ်ဖက်တည်းခံယူနေတဲ့ပုံ ကျောက်ရုပ်ရှိ ထားတယ်။ ပလောင်ဘာသာနှင့် လဘက်ကို “မြန်း” ရှမ်းဘာသာဖြင့် “နိမ့်” ဟုခေါ်သည်။ အဓိပ္ပါယ်တူဖြစ်ရာ ဇလုပ်ထဲက မျိုးစေ့ဟုဆိုလိုရင်းဖြစ်ပေတယ်။

ရွှေဖီချိန် ဦးဦးဖျားဖျားမှ ရရှိလာသော မိုးလွတ်လေလွတ် လက်ဖက်ခြောက်၊ အချိုခြောက်၊ လက်ဖက်စိုတို့ကို အလောင်းစည်သူမင်းအား ပူဇော်သကြပါတယ်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျေးဇူးကြောင့် ပလောင် လူမျိုးများက လက်ဖက်ကို ကောင်းမွန်စွာဘဝရပ်တည်ရေးအတွက် ဖြေရှင်းနိုင်ခဲသလို လက်ဖက်အထွက်ကောင်း အောင်လည်း အမြဲတမ်း ပူဇော်ပသကြပါတယ်။
(၂)
လက်ဖက်ဖူးပွင့်ရန်အတွက် တပေါင်းလလောက်တွင် မိုးဦးစပြီး ရွာသွန်းပါတယ်။ အဘယ်ကြောင့်ဆိုသော် ကျမတို့ဆီမှာ ပြောလေ့ရှိတာကတော့ ရွှေဖီဦးအတွက် ရွက်နုလေးတွေ ဖူးပွင့်ဖို့ ရွာချပေးသလို ရွှေဖီဦးကို ကြိုဆိုတာဖြစ်ပါတယ်။ လက်ဖက်အဖူး အညွန့်များ မိုးအရှိန်နှင့် လေအရှိန်ကြောင့် ဝေဝေဆာဆာ ဖူးပွင့်လာပါတယ်။

ရွှေဖီချိန်တွင်များသောအားဖြင့် လက်ဖက်ခြံပိုင်ရှင်တွေက လက်ဖက်ဈေးနှုန်းမမှီမှာ တကြောင်း၊ လက်ဖက်ရင့်သွားမှာ ကြောက်တာကတကြောင်း လက်ဖက်ခူးကူဖို့ ဗမာပြည်သူများကို အကူညီတောင်းပါတယ်။ နေရာပေါင်းစုံ ဒေသပေါင်းစုံပဲ သွားခေါ်ကြပါတယ်။ အချို့သောကျတော့ သီပေါရှမ်း၊ ကျောက်မဲရှမ်းတွေကို ခေါ်ပါတယ်။ ရွှေဖီဆိုရင် ကျမတို့ဆီမှာ ပွဲအစီဆုံးဖြစ်သလို လူပေါင်းစုံနဲ့စုပေါင်းပြီး နေထိုင်ကြပါတယ်။
(၃)
ကဆုန်လဆိုရင် ရွှေဖီချိန်ပြီးခါးနီးဖြစ်ပြီး လက်ဖက်နည်းနည်းပါးပါးကျန်တာကို ခူးဆွတ်တဲ့အချိန် ဖြစ်သလို ခါးကန်ကို ကြိုဆိုတဲ့အနေနဲ့ ပိုက်ဆံတတ်နိုင်တဲ့ လက်ဖက်ခြံပိုင်ရှင်တွေက လက်ဖက်ပေါက်၊ ခြံရှင်း၊ လက်ဖက်အပင် ထိပ်ဖျားကို ခုတ်ဖြစ်ထားရပါတယ်။ ကဆုန်လကုန် နယုန်လလောက်ဆိုရင် ခါးကန်ချိန်ပြန်ရောက်လာပြီ။ မိုးရာသီလည်းဖြစ်တဲ့ ခါးကန်ချိန်ဆိုရင် ခူးဆွတ်ဖို့အတွက် တအိမ်ပြီးတအိမ် ကိုယ်နဲ့ရင်းနှီးတဲ့သူနှင့် လှည့်လှယ်ပြီး သူတလှည့် ကိုယ့်တလှည့် သွားလေ့ရှိပါတယ်။ မိုးရာသီချိန်ဖြစ်တော့ လူတွေတော်တော်လေးနဲ့ ပင်ပင်ပန်းပန်း လက်ဖက်ခူး ရပါတယ်။ မိုးဘယ်လောက်ပဲရွာရွာ လက်ဖက်ကို မပြစ်ထားရက်ဘူး။ ဘာဖြစ်လို့ဆိုတော့ ပလောင်တွေရဲ့ အသက်မွေးကျောင်းဟာ လက်ဖက်ဖြစ်တယ်ဆိုတော့ လက်ဖက်ရှိမှ တခြားသော စားသောက်ကုန်ကို ဝယ်စားနိုင် မှာဖြစ်ပါတယ်။ ပျော်စရာလည်း တော်တော်ကောင်းပါတယ်။ ဒေသပေါ်မှာမူတည်ပြီး လက်ဖက်ကို ပြုလုပ်ကြပါတယ်။
(၄)
သတင်းကျွတ်လနှင့် တဆောင်မုန်းလ လောက်ဆိုရင် ခါးကန်ကုန်ခါးနီးချိန်ဖြစ်ပါတယ်။ လက်ဖက်ကုန်ခါးနီးလဲဖြစ်တော့ လက်ဖက်သီးကို စပြီးခူးဆွတ်တယ်၊ လက်ဖက်ပင်ပျိုးထောင်တယ်၊ အပင်သေနေရာများတွင် အစားထိုးစိုက်တယ် အစရှိသည့်တို့ပြုလုပ်လေ့ရှိပါတယ်။ ခူးဆွတ်ပြီးတဲ့လက်ဖက်သီးကို တစ်လ၊ နှစ်လလောက် သိုလှောင်ထားပြီးမှ အချို့ပေါင်းပေါက်ပြီး အပင်ပျိုးကာ ပြန်စိုက်ပါတယ်။ လက်ဖက်ပင်ကို (၃)နှစ်ကြားထားပြီးမှ လိုအပ်တဲ့ နေရာတွင်ပြန်လည်အစားထိုးစိုက်ပျိုးမှုများ ပြုလုပ်ပေးရပါတယ်။ တချို့မှာ လက်ဖက်ခြံထဲရှိ လိုအပ်တဲ့ လက်ဖက်ပင်ပါးတဲ့နေရာကို တတောင်အနက်နဲ့ တပေပတ်လည်ဝန်းကျင်ရှိ အကျင်းများတူးပြီး မျိုးစေ့လေး၊ ငါးစေ့ ထည့်ပျိုးကြပြီး (၃)နှစ်ကြာ အပင်ပေါက်များအား အချို့နှုတ်၍ အခြားနေရာတွင် ပြန်စိုက်များရှိသလို ပြန်မစိုက် သူတွေလဲရှိပါတယ်။ ပြန်စိုက်ရာတွင် အပင်ပေါက်များကို အတော်လေး ဂရုစိုက်ပြုစုပေးရပါတယ်။ ကြမ်းကြမ်း တမ်းတမ်းလည်း ခူးဆွတ်လို့မရပါဘူး။
(၅)
နတ်တော်၊ ပြာသိုနှင့် တပို့တွဲလဆိုရင် လက်ဖက်အရွက်များ အထွက်တိုးစေရန်အတွက် နောက်ထပ်တကြိမ် လက်ဖက်ခြံကိုပေါင်းသင်း၊ ရှင်းလင်းပေးခြင်းကို အပြန်အလှန် အင်အားသုံးပြီးပေါက်ထွင် ရှင်းလင်းပေးရပါတယ်။ ရွှေဖီအလွန်မိုးလက်ဖက်မတိုင်မှီကြားကာလအတွင်း အပင်မြင့်နဲ့ ခူးဆွတ်ရန်ခက်ခဲတဲ့လက်ဖက်ပင်များကို (၇)နှစ် တကြိမ်ချိုင်းပြီး နောက်ထပ်(၃)နှစ်စောင့်၍ ကောင်းကောင်းခူးရပါတယ်။ လက်ဖက်ကို ခူးလွယ်ရန်ဖြစ်သလို အိုသော အပင်ကိုပြန်လည် နုပျိုးလာအောင်လည်းချိုင်းပေးခြင်းဖြစ်ပါတယ်။ လက်ဖက်ခုတ်ထိလိုက်လျှင် လက်ဖက်အထွက် ကောင်းအောင်ဖြစ်ပါတယ်။
၎င်းရာသီကိုလည်း တနှစ်ပတ်လုံး လိုအပ်သော ထင်းများခုတ်ခြင်း၊ အိမ်အရောက် လူအားနဲ့သော်လည်းကောင်း၊ နွား၊ မြင်းအစရှိသည့်တို့ကို အသုံးပြုပြီးသယ်ရပါတယ်။ ဒီအချိန်ဆိုရင် လူတွေက တော်တော်လေးကိုပင်ပန်းတဲ့ ရာသီဖြစ်ပါတယ်။ ဟင်းသီး၊ ဟင်းရွက် မစိုက်တဲ့အချိန်ဖြစ်သလို အလွန်ခြောက်သွေ့တဲ့ရာသီဖြစ်ပါတယ်၊၊ ဤ ရာသီကို ဝင်ငွေမရှိတဲ့အချိန်လို့ ပလောင်လူမျိုးများသည် အလွန်ဆင်းရဲသောအချိန်ဖြစ်ပါတယ်။
(၆)
လက်ဖက်ခြောက်လုပ်ပုံလုပ်နည်း လက်ဖက်လုပ်ပုံလုပ်နည်းမှာ ဦးစွာလက်ဖက်အပင်မှ လက်ဖက်ရွက်များအား ခူးဆွတ်ရမည်။ ၄င်းအရွက်များကို ရေနွေးငွေ့အသုံးပြုကာ ပေါင်းချောင်အတွင်း ထည့်၍ပေါင်းရမည်။ အရွက်များ လိမ်စေရန် အဖန်ဓါတ်များလျော့စေရန်အတွက် လှိမ့်ပေးရမယ်။ ပြီးတော့ အခြောက်ဖြစ်လာစေရန်အတွက် ဖျာများ ပေါ်တွင်နေလှန်းပေးရမည်။ မနက်မိုးမလင်းခင် ၅-၆ နာရီတွင် စလှန်ပြီးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ များသောအားဖြင့် ပလောင်လူမျိုးများက လက်ဖက်သွားခူးတဲ့အချိန်ဖြစ်ပါတယ်။ ၄င်းအခြောက်များမှ အကောင်း (အမာ)နှင့်အပွ (အရင့်) ရောနေသော လက်ဖက်များအား သီးသန့်စီပြန်ခွဲရဦးမယ်။ ပြီးတော့ လက်ဖက်အညွန့် စင်းစင်းလေးများဖြစ်လာရန်အတွက် ၄င်းအား စကာကျဲများဖြင့် ပြန်ချပေးပါတယ်။

လက်ဖက်ခြောက်လုပ်ငန်းအား အဓိကအားဖြင့် ရွှေဖီချိန်တွင်သာ ပြုလုပ်ကြပြီး ခါးကန်ချိန်တွင် လက်ဖက်စို၊ လက်ဖက်လှော်စက်များဖြင့် အချိုခြောက် လက်ဖက်သာလျှင် ပြုလုပ်ကြ ပါတယ်။ ပျှမ်းမျှအားဖြင့် လက်ဖက်စို ၃ ပိသာကို လက်ဖက်ခြောက် (အဖန်သောက်) ပြုလုပ်လျှင် တပိသာ ထွက်ပါတယ်။ ရွှေဖီဦး (သို့) ရွှေဖီမိုးလွတ်၊လေလွတ် လက်ဖက်ခြောက်ဟာ အရောင်အဆင်းတောက်ပြောင်ခြင်း၊ သေးငယ်ခြင်း၊ လက်ဖက်ခြောက် အရိုးတံကလေးများပေါ်တွင် ငွေခြည်ရောင်ခေါ်သော အဖြူရောင်အစင်း ကလေးများပါခြင်း၊ လက်ဖက် ရိုးတံကလေးတွေ ခတ်များများသာ ပါရှိသောကြောင့် လက်နှင့်ဆုပ်ကိုင်ကြည့်လျှင် ဆူးများစူး သကဲ့သို့ရှိပြီး အခြားအမျိုးအစား လက်ဖက်ခြောက်များထက် အလေးချိန်ပို၍စီးခြင်း၊ ဖျဉ်ခြင်းချုပ်သော အပ်နဖျားပေါက်တွင် ထည့်သွင်းဝင်ရောက်သော ပုရစ်ဖူးကလေးများစွာ ရှိသည့်အပြင် ဖြူး၊ ပြောင်၊ မာ၊ သေး၊ ရသာ ချဉ်ဖန်မွှေးဟူသော ဂုဏ်ရှစ်မျိုးနှင့်လည်း ပြည့်စုံလှပါတယ်။ အရည်မလင့်ကြိုသဖြင့်ကား ဝါကျင့်လျှံ ရွှေရည်ကြံရှိသလို ပျားရည်စံ မျှရှိပါတယ်။

လက်ဖက်ခြောက်ကို တဝသောက်သုံးသူများ အဆိပ်အတောက်ကို ပြေစေခြင်း အမောအပန်းကို ပြေစေခြင်း၊ စိတ်နှလုံးကြည်လင်စေခြင်း၊ သွေးအားလေအားနည်း နေသူများကို လေအားသွေးအားကောင်းစေနိုင်ခြင်း၊ ဆီး ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်ခြင်းစတဲ့ အစွမ်းသတ္တိများနဲ့လည်း ပြည့်စုံပါတယ်။

သင်္ကြန်ကျပြီးနောက် ၁၅ ရက်အတွင်းခူး၍ ပြုလုပ်သော လက်ဖက်ခြောက်ကို “ရွှေဖီရွက်သား” လို့ခေါ် တတ်ကြပါတယ်။ လက်ဖက်ခြောက်ကောင်းဆိုလျှင် နမ့်ဆန်မြို့နယ် တောင်ကျော်ကျေးရွာနှင့် ဟွမ်ဟဲကျေးရွာတွင် အကောင်းဆုံးဟု သတ်မှတ်ကြပါတယ်။
(၇)
ပလောင်လူမျိုးများသည် လက်ဖက်ခြောက်ပြုလုပ်တဲ့အပြင် လက်ဖက်စိုကိုလည်း မြောက်များစွာ ပြုလုပ်ကြပါတယ်။ လက်ဖက်စိုများအနက် နမ့်ဆန်မြို့နယ် ဇယန်းကြီးအရပ်မှထွက်သော လက်ဖက်ကိုသာ အကောင်းဆုံးဟု သတ်မှတ်ထားပါတယ်။ ဇယန်းကြီးအရပ်မှ မြေသြဇာ အကောင်းဆုံးဖြစ်တယ်။ နေရောင်ခြည်စ၍ ထွက်လျှက်ထွက်ခြင်း လက်ဖက်ပင်များအတွက် လိုအပ်သော အပူရှိန်ကိုလည်း မှန်မှန်ရရှိတယ်။ ရွာချသော မိုးရေလည်း လက်ဖက်ပင်များအောက်တွင် ဝပ်မနေဘဲ လျှောကျသွားစေနိုင်တဲ့ သဲမြေ၊ ကျော်ကစရစ်ခဲမြေ၊ အခံဓါတ်နဲ့ အအေးဓါတ်များရှိပါတယ်။ အရပ်လေးမျက်နှာ (သို့) အရပ်ရှစ်မျက်နှာမှ တိုက်ခတ်သော လေပြင်းမုန်တိုင်း ဒဏ်များကို မထိခိုက်နိုင်ရန် တောင်များကလည်း ပတ်လည်ဝိုင်း၍ ကာကွယ်ပေးလျက်ရှိတယ်။ ထိုသို့သော ပထဝီအနေအထားကို အကြောင်းပြု၍ ဇယန်းကြီးအရပ်မှ လက်ဖက်မှာ အကောင်းဆုံးဟု သတ်မှတ်ကြပါတယ်။

လက်ဖက်စိုလုပ်နည်းမှာ လက်ဖက်စိုလုပ်နည်းမှာ လက်ဖက်ပင်မှ မနုမရင့်ကျင့်ကျင့်။ ငါးထွေးရွက် လက်ဖက်ရွက်များကို ခူးယူရပါတယ်။ ခူး၍ပေါင်းပြီး နယ်ကာမြေကျင်းထဲရှိ နှီးနှင့်ရက်လုပ်ထားသော ပုတ်ထဲသို့ ထည့်ရတယ်။ ပြီးတော့ ဂုတ်နှိပ်သိပ်ထားကာ ဖျာကြမ်းများဖုံး အုပ်လျက် မြေဓါတ်နှင့် နှပ်ထားရပေသည်။ လက်ဖက်စို ပြုလုပ်တဲ့အချိန်မှာ အိပ်ရေးအရမ်းပျက်ပါတယ်။ ည ၈ နာမှ ၁ နာရီအထိ လက်ဖက်ပေါင်း လှိမ့်ပေးရတယ်။ လူအင်အားနဲ့ လှိမ့်ပေးရတယ်။ ရနံ့သင်း၍ ဖန်ချိုအရသာရှိသော လက်ဖက်ခြောက်နှင့် လူတကာလျှာလည်အောင် အရသာကောင်းသည့် လက်ဖက်စိုများအားပြုလုပ်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ ခေတ်မှီဖွံ့ဖြိုးမှု မရှိသောကြောင့် လူအင်အားဖြင့်သာ နေရာတကာ လုပ်နေရသော ပလောင်လူမျိုးများအတွက် ပင်ပန်းလှပါတယ်။
(၈)
လက်ဖက်ခြောက်၊ လက်ဖက်စိုများကို မြန်မာပြည်အနှံ့တွင် ဆိုင်များတွင် တင်ပို့ရောင်းချပါတယ်။ အချို့မှာ မိမိရွာတွင်းရှိ ပလောင်ပွဲစားများ၊ တရုတ်ပွဲစားများထံ ရောင်းချပြီး တရုတ်နယ်စပ်ရှိ ပလောင်များမှာလည်း တရုတ်ပြည်ဘက်သို့သွား၍ ရောင်းချကြပါတယ်။ တချို့များသောအားဖြင့် မြန်မာပြည်အောက်ပိုင်း၊ အထက်ပိုင်း၊ အလယ်ပိုင်းရှိ လက်ဖက်ကုန်သည်များ ပွဲစားများက လာရောက် ဝယ်ယူသူများထံ ရောင်းချပါတယ်။ တချို့ငွေကြေး တတ်နိုင်သူများ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့ ဆင်းပြီးကိုယ်တိုင် ရောင်းချပါတယ်။
နိဂုံးချုပ်နေနဲ့- “လက်ဖက်ကောင်းစားလိုလျှင် ပလောင်တောင်တက်နှေး” “လက်ဖက် ကောင်းစားချင်လျှင် ပလောင်တောင်တတ်နေရမယ်” ဟု စကားပုံအရ တင်စားခေါ်ဝေါ်ကြပါတယ်။
မယ်တို့ပလောင် စာအုပ်တွင် ကိုးကားရေးသားထားပါသည်။
Read more »

ပလောင်တို့၏ လအလိုက် ပွဲတော်များ

တပို့တွဲလ ။     ။ ပလောင်လူမျိုးများသည် တပို့တွဲလတွင် များသောအားဖြင့် မုန့်လုပ်စား တတ်ပါတယ်။ အဓိကမုန့်များမှာ မုန့်ဖက်ထုပ် (ကောက်ညှင်းဆန်ကို အမုန့်ကြိတ်ပြီး ကြံသကာ၊ အုန်းသီး၊ နှမ်း၊ ဖတ်ရွက် နှင့် ထုပ်ထား) မုန့်လက်ကောက်၊ ခေါပုတ်၊ ခေါင်ယာဂု စအရှိသည်ကို ပြုလုပ်ပါတယ်။ ခြောက်သွေ့တဲ့ရာသီဖြစ်သလို အစားအသောက်ဆင်းရဲတဲ့အချိန်ဖြစ်ပါတယ်။
ကြမ်းတမ်းစွာအလုပ်လုပ်ရတဲ့ အချိန်ဖြစ်တာကြောင့် တပို့တွဲ မတိုင်ခင် (၃-၄)အလိုမှာ အနားယူပါတယ်။ ကောက်ညှင်းဆန်၊ ကြံသကာတို့ လုယက်ဝယ်ယူထားကြပါတယ်။ ပြီးတော့ များသောအားဖြင့် နေ့ခင်း (သို့) ညဆိုရင် လူပျို၊ အပျိုများက အချိန်ယူပြီး မုန့် ကြိတ်ကြပါတယ်။ လူငယ်များက တအိမ်တက် တအိမ်ဆင်း ကူညီလေ့ရှိပါတယ်။

မုန့်ရတဲ့အချိန်မှာ အိမ်တွင်းရှိ ဘုရားကို အထွဏ်ထိပ်ထားပြီး အရင်လှူသလို ဘုန်းကြီးကျောင်းမှာရှိသော ဘုရားကိုလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ဆွေမျိုးအိမ်များကို မုန့်လိုက်ပေးပါတယ်။ သူအိမ်လည်းလုပ် ကိုယ်အိမ်လည်းလုပ် မုန့်များကို ဖလှယ် ပေးကြပါတယ်။ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ အိမ်တိုင်းလိုလို အလုပ်နားပြီး အချိန်ပေး မုန့်လုပ်လေ့ရှိပါတယ်။

ပြီးတော့ ထင်ဖြူ (မိုင်လို)ကို စေတီပုံဆောက်ပါတယ်။ တပို့လပြည့်ရောက် တယ်ဆိုရင် ထင်ဖြူ မီးပုံပွဲကို ဗုံမောင်းတီးပြီး မီးရှုကြပါတယ်။ ဒါဟာလဲ ပလောင်တို့ရဲ့ ရိုးရာဖြစ်ပါတယ်။


တပေါင်းလ ။     ။ တပေါင်းလဟာ ပလောင်တို့အတွက် အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါတယ်။ နယ်အရပ်ရပ်က ပလောင် လူမျိုးများ စုပေါင်း၍ ပွဲတော် ဆင်နွဲတဲ့ အချိန်ဖြစ်ပါတယ်။ နမ့်ဆန်မြို့မှာဆိုရင် ဘုရားကြီးရှိပါတယ်။ ဘုရာကြီးပေါ်မှာ ဆိုင်ခင်းအတွက် သဲကလေးတွေ ဆောက်လုပ်ထားပါတယ်။ နမ့်ခမ်းဘက်ဆိုရင် နမ့်ခမ်းမြို့မှာဖြစ်ဖြစ် ကျေးရွာအုပ်စုပဲဖြစ်ဖြစ် စုပေါင်းပြီး လုပ်ဆောင်ကြပါတယ်။ မန်တုန်မှာဆိုရင် လည်း ထိုနည်းတူစွာဖြင့် ပြုလုပ်သလို တခြားသော မြို့နယ်တွေမှာ လည်း ပြုလုပ်ပါတယ်။

နောက် တခြားသော သီပေါ၊ လားရှိုး၊ ကျောက်မဲ ရှမ်းလူမျိုးက လာရောက်၍ စားစရာ ငါးချဉ်ကောင်း၊ ၀က်သချဉ်းကောင်း၊ မုန်ညင်းချဉ်းခြောက်၊ မုန်ညင်းခြောက်၊  မုန့်မျိုးစုံတို့ အစရှိတဲ့ ရွှေဖီချိန် သုံးဖို့ ခမောက် တွေကို လည်း ရောင်းချပါတယ်။ ဘုရားကြီး၊ ဘုန်းကြီးကျောင်းတွေမှာလည်း လူတွေ စည်းကားတဲ့ အချိန်ဖြစ်ပါတယ်။ စည်းကားလွန်းလို့ လူရပ်တဲ့နေရာတောင် တခါတလေ မရှိဘူး။ ပျော်စရာလဲ အရမ်းကောင်းပါတယ်။ ငါးချဉ်ကို ၀ယ်စား ချင်ရင် တဆိုင်ဝင် တဆိုင်ထွက် လိုက်မြီးပြီးမှ ကောင်းတဲ့ဆိုင်တွေ့ရင် ၀ယ်ပါ တယ်။ ဘုရားကို ရွှေဖီချိန် စစထွက်တဲ့ မိုးလွတ်၊ လေလွတ် လက်ဖက် ခြောက်ကို သွားရောက် လှူဒါန်းတဲ့ အချိန်လဲဖြစ်ပါတယ်။



တန်ခူးလ ။     ။ သင်္ကြန်ပွဲတော်ဆိုရင်လည်း အပျော်ဆုံးအချိန်ဖြစ်ပါတယ်။ ရွှေဖီချိန် အလုပ်နားတဲ့ အချိန်ဖြစ်ပါတယ်။ လူပေါင်းစုံနဲ့ ရွာကို လက်ဖက်လာခူးတဲ့အချိန်ဖြစ်တော့ လူပေါင်းစုံ စည်းကားတဲ့ အချိန်ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်မှာဆိုရင် ဘုရားကို ရေသပ္ပါယ်ပေးတယ်။  လူကြီးတွေကို လိုက်ပြီး ရေချိုးပေး အစရှိသည့်တို့ကို လိုက်လုပ်လေ့ရှိပါတယ်။

တချို့သော မြို့မှာဆိုရင် မုန့်ဖတ်ထုပ်တွေ လုပ်စား၊ ရေစိမ်းခေါက်၊ မုန့်ဟင်းခါး၊ ရွှေရည်အေး အစရှိတဲ့ မုန့်မျိုးစုံကို လုပ်တတ်ကြပါတယ်။ ကိုယ့်နဲ့ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကျွေးပါတယ်။ ကိုယ့်နဲ့အသိမိတ်ဆွေများ တယ်ဆိုရင် တအိမ်ပြီး တအိမ်လိုက် ဖိတ်ကြပါတယ်။ တချို့ကျတော့ လူပျို၊ အပျိုတွေပေါင်းပြီး ၀င်ငွေရှာ စုဆောင်း လာသမျှ ဧည့်သည်များကို ကျွေးမွေး ပါတယ်။



ကဆုန်လ ။     ။ ကဆုန်လဆိုရင် များသောအားဖြင့် ပိုက်ဆံတတ်နိုင်သော ရွာဆိုရင် ပါဌာန်းပွဲ (ဘုန်းကြီးတရားဟော်ပွဲ) ကို ပြုလုပ်လေ့ရှိပါတယ်။

ဝါတွင်းသုံးလ ဆိုရင် သက်ကြီး ရွယ်အိုးတွေက ဥပုဒ်အဖိတ်တိုင်းတွင် ဇရပ်မှာ သွားစောင့်ပါတယ်။ ဥပုဒ်သွားစောင့်တဲ့အချိန်ဆိုရင် ရွာမှာကြီးတဲ့ လူပျို၊ အပျိုတွေ၊ အသက် ၃၀-၄၀ရှိတဲ့အမျိုးသမီးတွေက ညရောက်ရင် အချိုပွဲတခုခု သွားကျွေးပါတယ်။  တချို့သော လူငယ်တွေက အဖွဲ့ ဖွဲ့ပြီး ၀င်ငွေရှာပါတယ်။ အဘိုး၊ အဘွားတွေကို ကျွေးမွေးဖို့ဖြစ်ပါတယ်။

အဖိတ်ညနေဆိုရင် ကုမ္မာရီအဖွဲ့များက လပြည့်နေ မနက်ဆွမ်းတော် တင်ရန်အတွက် အသီးအနှံကို ပုံစံအမျိုးမျိုးနဲ့ ပန်းပုံဖော်ပါတယ်။ ပြင်ဆင် ထားပါတယ်။ ဘုန်းကြီးနဲ့ ဥပုဒ်စောင့်သော အဘိုးအဘွားတွေအတွက် ထမင်းဟင်းကို ပြင်ဆင်ထားပါတယ်။ တခါတလေ တ--ခံပေးတဲ့လူရှိတယ်။

ရွာသူရွာသားတွေလည်း အဖိတ်၊ ဥပုဒ်ဆိုရင် အလုပ်နားကြပါတယ်။ အဘိုး၊ အဘွားတွေလည်း လပြည့်နေ့မတိုင်းခင် (၈)ရက်မှာ ဘုန်းကြီးကျောင်း၊ စေတီမှာ ရှိတဲ့ မြက်ပင်တွေကို သွားရောက်ရှင်းလင်းကြပါတယ်။ ၀ါတွင်းသုံးလဆိုရင် လူငယ်တွေ၊ သက်ကြီး ရွယ်အိုးတွေက အရမ်းပျော်ရွှင်ကြပါတယ်။



သီတင်းကျွတ်လ ။     ။ သီတင်းကျွတ်ဝါဆိုပွဲတော် ဆိုရင်တော့ တရွာပြီး တရွာ လိုက်လံ လှူဒါန်းကြပါတယ်။ ကျမတို့နဲ့ ရင်းနှီးတဲ့ရွာဖြစ်သလို ကျမတို့နဲ့ အလှူအဒါန်း လုပ်ချင်သောရွာလည်းဖြစ်ရမယ်။ ကျမတို့ ဘုန်းကြီးက ၀ါကြီးတယ်ဆိုရင် ကျမတို့ဆီ အရင်လှူရပါတယ်။ တခြားရွာ ဘုန်းကြီး ၀ါကြီးတယ်ဆိုရင် တခြားရွာကို သွားလှူရပါတယ်။

သီတင်းကျွတ်ဝါဆိုပွဲဆိုရင် လူဦးရေကို မသတ်မှတ်ထားပါဘူး။ လာချင် သလောက် လာလို့ရပါတယ်။ မလာခင်ဆိုရင်တော့ လူဦးရေ ဘယ်လောက်လာ မလဲဆိုတာ ခန့်မှန်းပြီး ပြောပေးရပါတယ်။ ဒါမှ ရွာအိုးသူကြီးတွေ ဟင်းချက်၊ ထမင်းချက်ဖို့ ခန့်မှန်းနိုင်ပါတယ်။ ဟင်းတွေက များသောအားဖြင့် ရွာမှာရှိသော ဖရုံသီး၊ ဗူးသီး၊ မျဉ်းချဉ်နဲ့ ဟင်းချက်ဖို့ ထင်း အစရှိသည်တို့ကို ရွာအိုးသူကြီးထံ စေတနာရှိသလောက် ပေးရပါတယ်။ ထမင်းကို ရပ်ကွက်အလိုက် သတ်မှတ်ပြီး ချက်ခိုင်းပါတယ်။ ကျန်ရှိသော လိုအပ်သော အသုံးစရိတ် များကိုရွာများက စေတနာရှိသလောက် လှူဒါန်းကြပါတယ်။

တချို့ရွာတွေဆိုရင် ပိုက်ဆံတတ်နိုင်သော လူငယ်အဖွဲ့ရှိတယ်ဆိုရင် စတိတ်ရှိုးပွဲ ထောင်ပါတယ်။ များသောအားဖြင့် စတိတ်ရှိုးရှိသော ရွာကို လူတွေက စည်းကားလေ့ရှိပါတယ်။

တရွာပြီးတရွာလိုက်လှူဒါန်းတဲ့အချိန်မှာ ပျော်စရာ အလွန်ကောင်းပါတယ်။ ကိုယ့်ရွာအလှည့်ရောက်ရင် တခြားရွာကို ကြိုဆိုဖို့အတွက် အိုးစည်းမောင်းသံနဲ့၊ ဗုံမောင်းသံနဲ့ ကြိုဆိုပါတယ်။ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်နဲ့အတူ လူပျို၊ အပျိုနဲ့ ပေါင်းပြီး ကြိုဆိုပေးရပါတယ်။ တချို့ရွာဆိုရင် အရမ်းကို ဝေးလွန် လှပြီး တညစောပြီး လာအိပ်ပါတယ်။ သတင်းကျွတ်ပွဲတော်သည် ပလောင်တွေရဲ့ တန်ဖိုးထားသော အရာဖြစ်ပါတယ်။



တန်ဆောင်မုန်း ။     ။ တန်ဆောင်မုန်းလ ဆိုရင် ဆီးမီးခွက်ထွန်းပွဲ ပြုလုပ်လေ့ရှိပါတယ်။ အဖိတ်နေ့ဆိုရင် လူပျို၊ လူပျိုခေါင်းဆောင်များက ဗုံမောင်းနဲ့အတူ သိုင်းအကကို ကပါတယ်။ အပျိုခေါင်းဆောင်တွေ အပျိုချောလေးနှစ်ယောက်ကို  ရွေးချယ်ပြီး လက်ကိုင်ပ၀ါ ခါးကြားမှာ ထိုးခိုင်းပါတယ်။ တချို့သောလူပျိုတွေက အပျိုလေးကို စနောက်ချင်တာနဲ့ ဟိုရှောင် ဒီရှောင် လိုက်နောက်နေပါတယ်။ အချိန် ၅-၁၀မိနစ်လောက်ကြားမှ လက်ကိုင်ပါဝါ ထိုးရပါတယ်။ တချို့အပျိုလေးက ကြမ်းတမ်းတယ်။ အိတ်ထောင်ထဲကိုရအောင်ထည့်သလို တခါတလေ အိတ် ထောင်ပြဲတဲ့အထိ ဖြစ်ပါတယ်။ ညနေ (၈)နာရီမှ (၁၂)နာရီအထိ သိုင်းအက ကလေ့ရှိပါတယ်။ အဖိတ်နေ့နဲ့လပြည့်နေ့ဆိုရင် ဖယောင်တိုင်းကို အိမ်တိုင်းလိုလို ထွန်းကြပါတယ်။

လပြည့်နေ့ဆိုရင် ထင်းရှုမီးပုံနဲ့ ဆီးမီးထွန်းပုံပွဲကို စေတီမှာ ထွန်းပါတယ်။  စေတီတော်မှာ အဘွားကြီးတွေရဲ့အလှည့်ဖြစ်ပြီး ဗုံမောင်းအကြီးကို တီးခတ်ရင်း ကပါတယ်။ မီးပုံပွဲကို ကြိုဆိုတဲ့အနေနဲ့ဖြစ်ပါတယ်။

ဒီနေ့ထူး၊ နေမျှတွေဟာ ကျမတို့ ပလောင်လူမျိုးတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေ့တွေဖြစ်ပါတယ်။
Read more »

ရူမည် ပလောင်ရိုးရာလက်ထပ်ဓလေ့ထုံးတမ်းများ

ကျမတို့ပလောင်လူမျိုးတွေဟာ နေရာဒေသချင်းကွဲပြားသလို လက်ထပ်ထိမ်းမြားတဲ့အချိန်မှာလဲ ကွဲပြားတာကို တွေ့ရပါတယ်။ နမ့်ခမ်းဒေသမှာတော့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှကြတဲ့ လူပျိုတွေ အပျိုတွေကို သတို့သားဘက်က ခိုးရာလိုက်ပြေးတာရှိသလို သတို့သားဘက်က မိဘတွေကိုဖွင့်ပြောပြီး သက်ဆိုင်ရာလူကြီးတွေကနေတဆင့် သတို့သမီးမိဘထံ တောာင်းရမ်းတာကိုလဲရှိပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် မိန်းခလေးတွေက ညဘက်ဆိုရင် ဘယ်မိဘမဆို ကိုယ့်သမီးကို အပြင်သွားခွင့်မပြုပါဘူး။ ဒါကြောင့်မို့ အပျိုတွေ နေ့လည်ဘက် လယ်ယာ၊တောင်ယာသွားနေချိန်မှာ လူပျိုတွေက လမ်းတ၀က်မှာ ကြိုတင်သွားစောင့်နေတယ်။ အပျိုမတွေ လယ်ယာ၊ တောင်ယာသွားချိန်မှာ တွေ့ကြပြီး ခိုးရာလိုက်ပြေးကြပါတယ်။

သတို့သမီးကိုခိုးယူတဲ့အချိန်မှာ သတို့သားနဲ့လူပျိုသူငယ်ချင်းတွေဘဲဖြစ်ဖြစ် ကိုနဲ့ခင်မင်တဲ့အပေါင်းအဖော် ဖြစ်ဖြစ် အပျိုမလေးရှိတဲ့နေရာကို သွားရောက်ပြီး ခိုးယူလေ့ရှိပါတယ်။ ခိုးယူတဲ့အချိန်မှာဆိုရင် သတို့သားဘက်က သူငယ်ချင်းတစ်ယောက် နှစ်ယောက်ဖြစ်ဖြစ် လူပျိုနှင့် အပျိုခေါင်းဆောင်တွေကို အရင်အသိပေးရပါတယ်။ အသိပေးတဲ့အချိန်မှာဆိုရင် နို့ဆီ၊ သကြား၊ ဆေးပေါ့လိပ်၊ လက်ဖက်ခြောက် နဲ့ ပိုက်ဆံ(သတ်မှတ်ချက်မရှိ) ဖြစ်ဖြစ်သွားပေးရပါတယ်။ သည်လိုပေးခြင်းအားဖြင့် လူပျိုနှင့် အပျိုခေါင်းဆောင်တွေကို လက်ထပ်ခွင့်တောင်းတဲ့ သဘောကိုဆောင်တယ်။

အဲဒီညမှာ သတို့သားနဲ့သတို့သမီးက သူငယ်ချင်းတွေနဲ့အတူ တနေရာရာမှာ သွားနေပြီးစားသောက် ပျော်ပါးကြပါတယ်။ တခါတလေကျရင် သတို့သားက အပျိုးမိန်းခလေးကို မခိုးမီ မိန်းမခိုးလာမယ်ဆိုတဲ့အကြောင်းကို မိဘထံကိုယ်တိုင်ပြောပြီး သွားခိုးပါတယ်။ မိဘတွေလဲ ပြင်ဆင်တာလေးတွေရှိရင် ပြင်ဆင်ရအောင်ပေါ့။ တချို့ကျတော့ ခိုးတဲ့ညမှ သူငယ်ချင်းတွေကနေတဆင့် မိဘတွေကို သွားပြောခိုင်းပါတယ်။ အပျိုမိန်းခလေးဘက်ကလည်း ညဘက်ပျောက်လို့မနက်အထိပြန်မလာရင် ခိုးရာလိုက်ပြေးတယ်ဆိုတာ မိဘတွေနားလည်ထားပါတယ်။ ပြီးတော့လည်း အပျိုမိန်းခလေးမိဘတွေကိုလည်း သူငယ်ချင်းများက သွားပြောပါတယ်။

ညသန်းခေါင်ရောက်လာမှ သူငယ်ချင်းတွေနဲ့အတူ သတို့သမီးကို သတို့သားအိမ်ထံခေါ်ပြန်ပါတယ်။ အိမ်ရောက်ရင် သတို့သမီးက သတို့သားရဲ့မိဘကို ပန်းကို ဗန်း(သို့) ပန်းကန်ပြားတခုခုထဲထည့်ပြီး သတို့သားရဲ့မိဘတွေကို ကန်တော့ရပါတယ် အိမ်နီးချင်းတွေလည်း လာပြီးကြိုဆိုကြပါတယ်။ ချီးကျုးတယ် ဂုဏ်ယူတဲ့စကားတွေ ပြောပြီးကြိုဆိုကြတာပေါ့။ သတို့သားမိဘတွေလည်း ၀မ်းသာကြောင်း ပြောကြပါတယ်။

ညအိပ်ယာမ၀င်ခင် သတို့သမီးနဲ့ သူငယ်ချင်းတွေက မနက်စောစောထလာရင် ထမင်းဟင်းတွေချက်ဖို့ မီးဖိုချောင်ကိုသွားပြီးလေ့လာရပါတယ်။ ဆန်၊ဆီ၊စားကအစဘယ်နေရာရှိတယ်ဆိုတာကို ရှာဖွေရပါတယ်။ အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ကလည်း ပစ္စည်းတွေဘယ်နေရာမှာ ဘာထားတယ်ဆိုတာပြောပြပါတယ်။

အဲဒီညမှာတာ့ သတို့သားက သတို့သမီးကို မပိုင်သေးပါဘူး။ သတို့သမီးနဲ့ သူငယ်ချင်းတွေကို တခန်းတည်း ပေးအိပ်ပါတယ်။ သူတို့သားကလည်း အိမ်မှာလူပျိုသူငယ်ချင်းတွေနဲ့တစ်ခန်းတည်း အိပ်ကြပါတယ်။ သူငယ်ချင်းအိမ်မှာလည်း သွားအိပ်တာမျိုးလည်းရှိပါတယ်။ သတို့သမီးနဲ့ သူငယ်ချင်းတွေ ထမင်းဟင်းချက်ဖို့ မနက်စောစော ထလာမှ သတို့သားလည်းပြန်လာတယ်။

ခိုးပြေးပြီး မနက်မှတော့ သတို့သားဘက်က သက်ဆိုင်ရာလူကြီးမင်းတွေက သတို့သမီးမိဘထံ အကြောင်းကြားပါတယ်။ အကြောင်းကြားတဲ့အချိန်မှာလဲ လက်ဖက်ခြောက်၊ ဆေးပေါ့လိပ်၊ သကြား၊ နို့မှုန့်၊ ပိုက်ဆံ (တန်ဖိုးပမာဏ မသတ်မှတ်ပါ) တွေနဲ့အတူ ကန်တော့ပွဲလိုထဲ့ပြီး ကန်တော့ရပါတယ်။ ဒါကတော့ သတို့သားနဲ့သတို့သမီး ပေါင်းသင်းနိုင်ရန်အတွက် မိဘတွေထံပြန်ပြီး ခွင့်တောင်းတဲ့သဘောကို ဆောင်ပါတယ်။ သတို့သမီးမိဘတွေက ကန်တော့တာကို လက်ခံတယ်ဆိုရင် သတို့သားနဲ့သတို့သမီး ပေါင်းသင်းနိုင်ရန်အတွက် ခွင့်ပြုတဲ့သဘောကို ဆောင်ပါတယ်။

နောက်တညမှ သတို့သမီးနဲ့ အိမ်နီးနားချင်း သူငယ်ချင်းနဲ့ သတို့သားရဲ့ အဒေါ်တော်စပ်သူတွေနဲ့ သတို့သမီးကို သူ့မိဘထံပြန်အပ်ပြီး ကန်တော့ပါတယ်။ မိဘတွေရဲ့ ဆုံးမသြ၀ါဒတွေကိုနာခံပြီးမှ သတို့သမီးကို သတို့သားအိမ်ထံပြန်ခေါ်လာကြပါတယ်။ သတို့သားကတော့ မလိုက်သွားပါဘူး။ မင်္ဂလာမဆောင်မချင်း သတို့သမီးအိမ်ကိုသွားလေ့မရှိပါဘူး။

ခိုးပြေးပြီး တစ်ပတ်နှစ်ပတ်ကြာမှာတော့ သတို့သားဘက်ကလည်း မင်္ဂလာဆောင်ရန်အတွက် သတို့သမီးကို သက်ဆိုင်ရာလူကြီးတွေကိုခေါ်ပြီး တင်တောင်းရပြန်ပါတယ်။ တင်တောင်းတဲ့အချိန်မှာလဲ သူတို့သမီးဘက်ကလည်း (ကျာင်းနန်း) ကိုထာပေးရပါတယ်။ သတို့သားဘက်ကလည်းဘဲ (ကျာင်းနန်း) ထားပေးရပါတယ်။

(ကျာင်းနန်း ဆိုတာက သတို့သားနဲ့ သတို့သမီး မင်္ဂလာကိစ္စကို ဖြစ်မြောက်အောင်၊ နှစ်ဖက်မိဘတွေနဲ့ ကူညီဆောင်ရွက်ပေးတဲ့သူပါ။ အကယ်၍ နောင်တချိန်မှာ ကွာရှင်းပြတ်စဲဖြစ်ခဲ့ရင်လည်း ကျာင်းနန်းက သတို့သမီးနဲ့ သတို့သား ကွာရှင်းပြတ်စဲကြောင်းကို နှစ်ဦးမိဘတွေကို အသိပေးရတယ်။ ပြီးတော့ သားမက်တော်စပ်သူကဘဲ ကျာင်းနန်းဖြစ်ပိုင်ခွင့်ရှိတယ်။ )

သတို့သမီးဘက်ကလည်း လိုချင်တဲ့ငွေတန်ဖိုးပမာဏကို တင်တောင်းပိုင်ခွင့်ရှိတယ်။ သတို့သားဘက်ကလည်း ပေးနိုင်တဲ့ ငွေတန်ဖိုးပမာဏကို တင်ပြပိုင်ခွင့်ရှိတယ်။ တခါလေကျရင် သတို့သားနဲ့ သတို့သမီးတို့ခိုးရာလိုက်မပြေးခင်မှာ လက်ထပ်မယ်ဆိုရင် ဘယ်လောက်တင်တောင်းရမယ်ဆိုတာကိုလည်း သဘောတူထားလေ့ရှိတယ်။ သက်ဆိုင်ရာလူကြီးတွေကလည်း နှစ်ဦးနှစ်ဘက်အတွက်မျှတအောင် ဆောင်ရွက်ပေးပါတယ်။

တင်တောင်းပြီး သတို့သားဘက်က တင်တောင်းတဲ့ငွေပမာဏကို သတို့သမီးမိဘတွေက လက်ခံပါတယ်။ ဒါပေမဲ့ သတို့သားဘက်က တင်တောင်းတဲ့ငွေကို သတို့သမီးမိဘတွေက မင်္ဂလာဆောင်ခန်းဝင်ပစ္စည်းမှန်သမျှ ပြန်ပြင်ဆင်ပေးရပါတယ်။ ဥပမာ- အိပ်ယာခင်း၊ ဗီဒို၊ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်၊ အိုး၊ခွက်၊ ပန်းကန်၊ အ၀တ်အထည်စသည့်ဖြင့် ၀ယ်ပေးရပါတယ်။

မင်္ဂလာမဆောင်ခင် တစ်နှစ်ရက်မှာ သတို့သမီးက မင်္ဂလာဆောင်အတွက် မိဘအိမ်ကိုပြန်နေရပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သားက သတို့သမီးကို ပြန်သွားခေါ်ရပါတယ်။ သတို့သမီးဘက်က သက်ဆိုင်ရာလူကြီးနဲ့ တာကျောင်းဆုံးမသည့် မင်္ဂလာစကားကို နာကြားပြီးမှ ပြန်လာရပါတယ်။

မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သမီးကိုပေးလိုက်တဲ့ပစ္စည်းတွေကို သတို့သမီးရဲ့ အဒေါ်တော်စပ်သူက သူ နိုင်သလောက် သယ်ပေးရပါတယ်။ ပြီးရင်သူ့ကို ကန်တော့တဲ့ငွေပြန်ပေးရပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာဘဲ မင်္ဂလာယူပြီးရင် သတို့သမီးရဲ့အဒေါ်တော်စပ်သူတစ်ယောက်ယောက်က သတို့သမီးကို သတို့သားရဲ့မိဘထံပြန်လည်အပ်နှံရပါတယ်။ အပ်နှံတဲ့အချိန်မှာတော့ သတို့သမီးကို လိုအပ်တာရှိရင် ဆုံးမသွင်သင်နိုင်တယ်ဆိုတဲ့ စကားတွေကိုပြောတယ်။ သတို့သမီးကလည်းဘဲ သတို့သားမိဘတွေရဲ့သမီးဖြစ်ကြောင်းကိုပြောပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သမီးနဲ့ သတို့သားတို့ရဲ့ အိပ်ယာခင်းတွေကို အပျိုသူငယ်ချင်းများက ၀ိုင်းပြီးခင်ပေးပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်အခမ်းနားပြီးသွားလို့ သတို့သမီးနဲ့ သတို့သားကို အိပ်ယာခင်းဖိုးပြန်တောင်းတဲ့ဓလေ့ရှိပါတယ်။ သတို့သမီးနဲ့သတို့သားလည်း သူငယ်ချင်းများပျော်ရွှင်စွာစရာလေးဖြစ်အောင် အိပ်ယာခင်းပေးတဲ့သူငယ်ချင်းတွေ တောင်းတဲ့ငွေမမာဏကို ပျော်ရွှင်စွာနဲ့ဘဲ ပေးပါတယ်။ ဒါတွေကတော့ကတော့ လက်ထပ်မင်္ဂလာထိမ်းမြားတဲ့သူတိုင်းအတွက် ပျော်ရွှင်စရာလေးတွေကို ဖန်တီးပေးတဲ့သဘောပါ။ သတို့သားနဲ့သတို့သမီး ရာသက်ပန်အထိ ပေါင်းသင်းနိုင်ပါစေလို့လည်သူငယ်ချင်းများကး ဆုတောင်းပေးကြပါတယ်။

မင်္ဂလာဆောင်တဲ့အချိန်မှာလဲ ကျာင်းနန်း နဲ့ တာကျောင်း နှစ်ဦးကိုလည်း မရှိမဖြစ်လိုအပ်ပါတယ်။ တာကျောင်းဆိုတာက မင်္ဂလာဆောင်တဲ့နေ့မှာ မင်္ဂလာယူရန် မင်္ဂလာစကားကို ဟောကြားပေးတဲ့သူပါ။

သတို့သမီးကိုတင်တောင်းပုံကတော့ မေတ္တာချင်းမျှတဲ့ လူပျိုနှင့်အပျိုတွေက မိန်းခလေးဘက်က တင်တောင်းရန်အတွက် ယောက်ကျားလေးကို တောင်းဆိုနိုင်တယ်။ အထူးသဖြင့် ချမ်းသာတဲ့အသိုင်းအ၀ိုင်းနဲ့ ပညာတတ်အသိုင်းအ၀ိုင်းက တောင်းရမ်းတာကို ပြုလုပ်လေ့ရှိတယ်။ တောင်းရမ်းတဲ့အချိန်မှာ သတို့သမီးက သူငယ်ချင်းဖြစ်ဖြစ်၊ အဒေါ်ဖြစ်ဖြစ်၊ မိမိအိမ်နီးနားချင်းက တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး သူ၏မိဘတွေကို ဘယ်သူရဲ့သားက သူတို့သမီးကို လာတင်တောင်းမယ်ဆိုတာကို ပြောခိုင်းပါတယ်။

ပြီးမှ သတို့သားဘက်က ကျာင်းနန်းနဲ့ သက်ဆိုင်ရာလူကြီးတွေက သတို့သမီးကို တင်တောင်းပါတယ်။ သတို့သမီးဘက်က လိုချင်သည့်ငွေပမာဏကို တင်တောင်းနိုင်သလို သတို့သားဘက်ကလည်း တင်တောင်းနိုင်တဲ့ငွေမမာဏကို တင်ပြပိုင်ခွင့်ရှိပါတယ်။ မင်္ဂလာမဆောင်မချင်းတော့ သတို့သမီးက သူတို့သားအိမ်ကို သွားနေပိုင်ခွင့်မရှိသလို သတို့သားကလည်းဘဲ သတို့သမီးကို မပိုင်ဆိုင်သေးပါဘူး။ တင်တောင်းမယ်ဆိုတဲ့နေ့ကနေစပြီး သတို့သားလည်း သတို့သမီးအိမ်ကိုသွားလို့မရသတို သတို့သားကလည်း သတို့သမီအိမ်ကိုလည်း သွားခွင့်မရှိပါဘူး။ မင်္ဂလာဆောင်တဲ့နေ့ကျရင် သတို့သားက သတို့သမီးကို သွားခေါ်ရတယ်။ သတို့သမီးဘက်က သက်ဆိုင်ရာလူကြီးနဲ့ တာကျောင်းဆုံးမသည့် မင်္ဂလာစကားကို နာကြားပြီးမှ ပြန်လာရပါတယ်။ သတို့သမီးလည်းဘဲ သတို့သားလာခေါ်မှာ လိုက်သွားရတယ်။ မင်္ဂလာဆောင်တဲ့နေ့ကနေစပြီး သတို့သားက သတို့သမီးကို ပိုင်ဆိုင်ခွင့်ရှိတယ်။

မင်္ဂလာဆောင်တဲ့အချိန်မှာ မင်္ဂလာအခမ်းနားတော့ တူပါတယ်။ တင်တောင်းပုံနဲ့ ခိုးသူပုံကသာ အနည်းအကျဉ်းကွာခြားပါတယ်။
Read more »

ပလောင်တို့၏ မင်္ဂလာပွဲအခမ်းအနား

PDF Print E-mail
မင်္ဂလာနေ့တွင် သတိုးသားအိမ်နှင့် သတိုးသမီးအိမ် နှစ်အိမ်စလုံး ရန်ခိုက်ဒေါသဖြစ်ခြင်း၊ ငိုကြွေးခြင်း၊ အမင်္ဂလာစကား ပြောဆိုခြင်းတို့ကို အလျဉ်းမပြုလုပ်ကြရပေ။ သတိုးသားအိမ်၌ သတိုသားဘက်က ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် သတို့သမီးအိမ်၌ သတို့သမီးဘက်က ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များကို မျှစ်ချဉ်၊ ကြက်သွန်ဖြူစိမ်း၊ု ကုဇွန်ခြောက်နှင့် ငရုပ်သီးမှုန့်တို့ဖြင့် သုတ်ထားသော “လဆုတ်” ခေါ် လက်သုတ်နှင့်သော်လည်းကောင်း၊ ရာသီအလိုက်ပေါ်သော ဟင်းသီးဟင်းရွက်များကို ပေါင်း၍ ပဲပုပ်မှန်း မျှစ်ချဉ်ရေနှင့် သုတ်ထားသော “တူးကဆူးကဗါလ်” ခေါ် ဟင်းရွက်ပေါင်းအသုတ်နှင့်သော်လည်းကောင်း လက်ဖက်ရည်ကြမ်းနှင့် ကျွေးမွေးဧည့်ခံလေ့ရှိကြသည်။
ပစ္စည်းဥစ္စာ ပြည့်စုံသူများနှင့် မြို့ကြီး အရပ်ကြီးများ၌ ကော်ဖီ၊ လက်ဖက်ရည်အချို၊ မုန့်မျိုးစုံတို့ဖြင့် ကုလာထိုင်များ ခင်းကျင်းကာ ဧည့်ခံကြသည်။

ဧည့်ခံကျွေးမွေးပြီးနောက် မင်္ဂလာအချိန်ရောက်သောအခါ မင်္ဂလာအကျိုးဆောင်က ရှေ့ဆောင်၍ သတို့သားနှင့် ဧည့်ပရိသတ်များပါ သိုက်သိုက်ဝန်းဝန်းဖြင့် သတို့သမီးအိမ်သို့ သွားကြရပါသည်။ သတို့သမီးအိမ်ရှိ ပရိသတ်များထဲတွင် “တာကျယ်” ခေါ် သမာဓိလူကြီးများရှိပါသည်။ မင်္ဂလာအခမ်းအနားတွင် နှစ်ဘက်သော မိဘများက မည်သို့မျှ ၀င်ရောက်ပြောဆိုခြင်း၊ မပြုကြဘဲ မင်္ဂလာအကျိုးဆောင်နှင့် သမာဓိလူကြီးများသာ ပြောဆိုကြပေသည်။

ရှေးဦးစွာ မင်္ဂလာအကျိုးဆောင်က ကွမ်းးစားဆေးထည့်သော ကလပ်ကို လူကြီးများရှေ့တွင်ချထားသည် ပြီးနောက် သူ၏ ဦးရစ်ဗေါင်းထုပ်ကို ချွတ်၍ ဒူးထောက်က ဦးသုံးကြိမ်ညွတ် အရိုအသေပြုလျက် နှုတ်တိုက် အရကျက်ထားသော ပလောင်သာဖြင့် လင်္ကာများကို ဟောပြောပါသည်။ ဗမာဘာသာဖြင့် လိုရင်းအဓိပါယ်မှာ ခေါင်းငုံ့ရိုကြိုး မာန်လျှိုးပါ၏။ ခြေဖ၀ါးတော်အောက် ရိုသေစွာ ၀ပ်လျှိုးပါ၏။ ကျနော်များသည် ကံသုံးပါးဖြင့် မပြစ်မှားမိစေရန် အလိုငှါ၊ ဓလေ့ထုံးစံကို အမှားအယွင်းမရှိစေရအောင် ယခုပွဲတိုင် ကြွရောက်တော်မူကြသော (၇)သားသမီး၊ အဖိုးအဖွား၊ သက်ကြီးရွယ်အို ၃ဦး၊ အဓိပတိ လူကြီးများထံမှောက်သို့ လာရောက်ကြပါသည် ရွှေနှုတ်တော်က ချိုသားစွာမှတ်မည့် မိန့်ခွန်းတော်သံကို ကျနော်များတို့ အဆင်သင့် နာခံပါရန် ရောက်ရှိလာရပါကြောင်းကို ရုံးပေါင်း၍ ခေါင်းငုံ့ကာ ၀ပ်လျှိုးပြီး အစီရင်တော် ခံအပ်ပါသည် ဂုဏ်သရေရှိလူမင်းခများ။

မင်္ဂလာအကျိုးဆောင်က ရှေးဦးစွာ နိဒါန်းသဖွယ် မင်္ဂလာဆောင်စကားပြောပြီးနောက် သမဓိ လူကြီးမင်းများထဲမှ တယောက်ယောက်က ပလောင်ဘာသာဖြင့် လင်္ကာများကို ပြန်လည်း ရွက်ဆိုထားပါသည်။

အသင်တို့သည် ယခုကဲ့သို့ အဖိုး၊ အဖွား၊ ဆွေမျိုး ညာတကာတို့ရှေ့မှောက်သို့ လာရောက်ကြပြီးနောက် ဦးသုံးကြိမ်ညွတ်ကာ ၀ပ်လျှိုး တောင်းပန်ကြသော စကားဖြင့် အမိန့်သံကို နာခံလိုကြောင့် သိရပေသည်။ သို့သော်လည်း မချွန်သောဝါးကို ပန္နက်အတွက် အသုံးမချ၊ ချွန်ထက်သောဝါးမှ ပန္နက်အတွက် အသုံးပြုသကဲ့သို့ လလိမ္မာတတ် သိနားလည်သော သူကိုမှသာ ရှေ့ဆောင်ရှေ့ရွက် အသုံးပြုသဖြင့် အမောင်တို့ အလိုရှိအပသော အကြာင်းအရာများကို ရှင်းရှင်းနှင့်လင်းလင်းပြောဆိုရန် အခွင့်ပေးပါ၏။ အစရှိသဖြင့် သမာဓိလူကြီးနှင့် မင်္ဂလာအကျိုးဆောင်တို့ အပြန်အလှန် လင်္ကာပတ်တမ်းနှင့် မင်္ဂလာစကားပြောဆိုကြသည်။ ထိုသို့ ပြောဆိုကြသည်မှာ ၂နာရီနီးပါးခန့် ကြာလေသည်။

မင်္ဂလာအကျိုးဆောင်က သတို့သားသည်၊ သတို့သမီးတို့အား အိမ်ထောင်ရှင်ဖြစ်ကြပြီးဖြစ်၍ ရတနာသုံးပါး မိဘ၊ ဆရာသမားတို့ကို ရိုသေကိုင်းရှိုင်းပြီး ဆိုဆုံးမစကားကို ကျိုးနွံစွာ လိုက်နာ၍ တယောက်နှင့်တယောက် သစ္စာမဖောက်ဘဲ အမျိုးအနွယ်ကို စောင့်ရှောက်ပြီး လောကအလယ်မှာ တင့်တယ်စွာ သွားလာနေထိုင်နိုင်အောင် ပစ္စည်းရှာဖွေ စုဆောင်းခြင်းများကို ပြောဆိုဆုံးမ သြ၀ါဒပေးပါသည်။

သတို့သားနှင့် သတို့သမီးတို့က ဆိုဆုံးမသည်ကို နာယူပြီး လူကြီးမိဘ၊ ဆရာသမား၊ သက်ကြီးရွယ်အိုးများကို လက်အုပ်ချီ ကန်တော့ကြလေသည်။ ပရိသတ်များကလည်း မင်္ဂလာ ဆုပေးခြင်းပြုကြသည်။ မင်္ဂလာအခမ်းအနားလည်း ပြီးဆုံးလေသည်။

မင်္ဂလာအခမ်းအနားတွင် သတို့သမီး မိခင်နို့ဖိုးကို ပေးရပါသည်။ ကိုယ်တတ်နိုင်သလောက်ပေးဆောင်ရပါသည်။ သတို့သမီးဖက်မှ သက်ဆိုင်သူလူကြီးများဝေယူရန် ကန်တော့ကြေးအဖြစ်လည်း ပြန်ပေးရပါသည်။ ထို့ပြင် နှီးနှင့်ရက်ထားသော ရာဇမတ်ငယ်ကေးလတခု၊ ကြံပင်၊ ငှက်ပျောပင်ငယ်၊ တွန်ခပ်ခေါ် ထမင်းစေ့ကြမ်းပင်အကိုင်းတကိုင်း “လငွီး” ခေါ် သတို့သမီးခေါင်းဆောင် ခြုံထည်တထည်နှင့် သတို့သားခေါင်းပေါင်း တထည်ကိုပါ ကန်တော့ပွဲတွင် ထည့်ရလေသည်။

ကန်တော့ပွဲတွင် ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်၊ “တွန်ခပ်” ထမင်းစေ့ကြမ်းပင် အကိုင်းတကိုင်း၊ သတို့သမီးခေါင်းခြုံထည်နှင့် သတို့သားခေါင်းပေါင်း ထည့်ရသော ထုံးစံမှာ ရှေးသရောအခါ ပလောင် လုလင်ပျိုတဦးနှင့် ပလောင်လုံမပျိုတဦးတို့ မေတ္တာမျှ၍ လုလင်ပျိုက ခိုးယူသော ညတွင် သူမ၏ အိမ်ဝင်းထရံ ရာဇမတ်ကို ဖျက်ဆီး၍ ၀င်ပြီး  ကြံပင်၊ ငှက်ပျောပင်များကို တိုးဝှေ့ဖြတ်ကျော်ကာ ခိုးယူသွားရာ၊ ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ချစ်သူနှစ်ယောက်သည် ထမင်းစေ့ကြမ်း ပင်အောက်သို့ရောက်သောအခါ ခရီးတလျှောက်နားရာတွင် လုလင်၏ ခေါင်းပေါင်းနှင့် သူမ၏ ခေါင်းဆောင်းခြုံထည် ကျကျန်ရစ်ခဲ့သည်။

နံနက်မိုးလင်းသောအခါ သူမ၏မိဘများက လိုက်ရှာကြရာ ပျက်စီးနေသော ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များနှင့် ထမင်းစေ့ကြမ်းပင်အောက်တွင် ခေါင်းပေါင်းနှင့် ခေါင်းဆောင်းခြုံထည်ကိုပါ တွေ့ရှိကြရ၍ လူကြီးစုံရာကို သက်သေခံအဖြစ် တင်ပြပြီးနောက် မင်္ဂလာလက်ထပ်ပေးခဲ့သော ရှေးအစဉ်အလာ ဓလေ့ထုံးစံရှိခဲ့သည့်အတိုင်း လက်ထပ်မင်္ဂလာပွဲတွင် ၄င်းပစ္စည်းများထည့်ရလေသည်။

ထမင်းစေ့ကြမ်းပင်ကို ပလောင်ဘသာဖြင့် “တွန်ခပ်” ပင်ခေါ်သည်။ “တွန်” အပင် “ခပ်” လက်ထပ်ခြင်း။ လက်ထပ်ပေးသောအပင် အဓိပါယ်ဖြစ်သည် မြန်မာများက ထမင်းစေ့ကြမ်းပင်ဟုခေါ်သည်။ အချို့သောဒေသများတွင် ဆပ်ပြာပင်ဟုလည်းခေါ်သည်။

၎င်းတွန်ခပ်ပင်ခေါ် ထမင်းစေ့ကြမ်းပင် (သို့) ဆပ်ပြာပင်သည် တရော်ခုနှစ်မျိုးတွင်ပါသည်။ တရော်ခုနှစ်မျိုးမှာ (၁) တရော်နီ (၂) တရော်ညို (၃) တရော်ဖြူ (၄) တလိုင်းတရော် (၅) နှစ်ပင်တရော် (၆) နတ်သမီးတရော် (၇) ဆပ်ပြာပင်ရွက်တို့ပါဝင်ပြီး ၄င်းတို့ကို သနတ်သရော်ဟုလည်း ခေါ်သေးသည်။
မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။
Read more »

တအာင်းရိုးရာပွဲတော်ရှိုး

Read more »

တအာင်းရိုးရာသိုင်းအက

Read more »

တအာင်းမောင်မယ်ရိုးရာစုံတွဲဖက်ရှင်

Read more »

နှံက်ဆဲ;

Read more »

ကမေဲ;အံဝ်း

Read more »

Friday, January 14, 2011

တအာင်းမောင်မယ်ဖက်ရှင်ရှိုး

Read more »

တအာင်းရိုးရာပွဲတော်

Read more »

Ta'ang Traditional Dance

Read more »

Palaung tribe full moon party Myanmar

Read more »

Thursday, January 13, 2011

၄၈နှစ်မြောက်တအာင်းအမျိုးသားတော်လှန်ရေးနေ့ ပလာင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်

ပလောင်တမျိုးသားလုံး လွတ်မြောက်ရန်အတွက် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို စတင်တွန်းလှန်တိုက်ခိုက်လာခဲ့ကြသည်မှာ ၄၈ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ တန်းတူညီမျှရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ပလောင်တမျိုးသားလုံးတို့ ရည်မှန်းချက်ပန်းတိုင်သို့မရောက်မချင်း တော်လှန်ရေးသစ္စာဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ရန် နှိုးဆော်တပ်လှန့်လိုက်သော ပလောင်အမျိုးသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ပလောင်အမျိုးသားတို့၏ အမျိုးသားတော်လှန်ရေးခရီး ၄၈ နှစ်တာ ကာလအတွင်း အသက်သွေးချွေး၊ အိုးအိမ်စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီး လှူဒါန်းခဲ့ကြသော မျိုးချစ်ပလောင်ပြည်သူလူထုနှင့် ပလောင်အာဇာနည်ခေါင်းဆောင်များ၊ ရဲဘော်ရဲမေအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
အမျိုးသားလွတ်မြောက်ရေး ၄၈ နှစ်တာကာလအတွင်း အခက်အခဲ အကျပ်အတည်းပေါင်းစုံရင်ဆိုင်ခဲ့ကြရပြီး၊ အောင်မြင်မှု၊ ရှူံးနိမ့်မှု မျိုးစုံနှင့်တွေ့ကြုံခဲ့ကြရပါသည်။ ဘုံရန်သူ စစ်အုပ်စု၏ ကောက်ကျစ်သည့် ပရိယာယ်သွေးခွဲမှုများ၊ မိမိတို့၏ အားနည်းချက်များကြောင့် တော်လှန်ရေး အရှိန်နိမ့်ကျခဲ့ရပါသည်။ ထိုကဲ့သို့သော မှားယွင်းမှုဒါဏ်ကို ပလောင်ပြည်သူလူထုတို့ ဆိုးရွားစွာခံစားနေကြရပါသည်။ မိမိတို့၏ လက်ရှိ
အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ဆီသို့ ဦးတည်ဆောင်ရွက်ရန် အလွန်အရေးကြီးသော ကာလ ဖြစ်ပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အနေဖြင့် စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို အကောင် အထည်ဖော်မည့် နိုင်ငံရေးဖြစ်စဉ်များအားလုံးကို လုံးဝ လက်ခံမည်မဟုတ်ဘဲ ဆန့်ကျင်ကန့်ကွက်တိုက်ဖျက်သွားမည်ဖြစ်သည်။ မကြာမှီ အချိန်
တွင် ခေါ်ယူဖွဲ့စည်းမည့် ပါလီမန်လွှတ်တော်နှင့်အစိုးရသည် ဟန်ပြအတုအယောင်သာဖြစ်ပြီး ပြည်သူလူထု၏အကျိုးကို အမှန်တကယ် ကာကွယ် ဆောင်ရွက်နိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။
ထို အတုယောင်နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်နေသည့် တအာင်း(ပလောင်)အမျိုးသားပါတီ အနေဖြင့် ပလောင်ပြည်သူလူထု အကျိုးစီးပွားကို ရည်မှန်းထားသည့်အတိုင်းဆောင်ရွက်ပိုင်ခွင့်ကို စစ်အုပ်စုက မည်သည့်အချိန်မှ ခွင့်ပြုသဘောတူလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် အတိဒုက္ခရောက်နေသော ပလောင်မိဘပြည်သူများ၏ ဘ၀ကိုစာနာပြီး ပလောင်အမျိုးသားလွတ်မြောက်ရေးအတွက် ခုခံကာကွယ် ဆောင်ရွက် ရန် အလေးအနက်ပန်ကြားအပ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာတွေ့ဆုံဖြေရှင်းရန် ကြိုးပမ်းသော်လည်း၊ စစ်အုပ်စု က တဘက်သတ်အင်အားသုံးအကျပ်ကိုင်နေခြင်းကြောင့် နှစ်ဘက်တင်းမာမှု ပိုမိုကြီးမားလာခဲ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်အုပ်စုအား တဖွဲ့ချင်းထိပ်တိုက်ရင်ဆိုင်သည်ထက် စုပေါင်းအားဖြင့် လုပ်ဆောင်မှသာလျှင် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ တပ်ဦး
အနေဖြင့်လည်း အားလုံးနှင့်လက်တွဲကာ ဘုံရန်သူစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ၀ိုင်းဝန်းချေမှုန်း ဖိအားပေးသွားမည်ဖြစ်သည်။ ထိုအတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ဦးဆောင်ကြိုးပမ်းနေသည့် ဒုတိယပင်လုံညီလာခံ (၀ါ) ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးသည် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆုံချက်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ဦးတည်
သော လုပ်ငန်းစဉ်အဖြစ် မိမိတို့ တပ်ဦးမှ ထောက်ခံဝန်းရံသွားမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် ပလောင်ပြည်သူလူထုတရပ်လုံး အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရန်အတွက် ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤ (၄၈) နှစ်မြောက် တအာင်း (ပလောင်) အမျိုးသားတော်လှန်ရေး နှစ်ပတ်လည်နေ့တွင် အလေးအနက်ကတိပြုရင်း တပ်ဦး၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
အာဏာရှင်စနစ် မုချကျဆုံးရမည်။
အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီ တော်လှန်ရေး မုချအောင်မြင်ရမည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
ဇန္န၀ါရီလ၊ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်။ ပြာသိုလဆန်း ၈ ရက်၊ ၁၃၇၂ ခုနှစ်။
Read more »

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ရဲ့ ပလောင်နိုင်ငံရေးအခြေအနေ သုံးသပ်တင်ပြချက်

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့မှာ ပလောင်အမျိုးသားတော်လှန်ရေးတိုက်ပွဲဆင်နွှွှွှဲလာခဲ့တာ ၄၈ နှစ် ပြည့်မြောက် လာခဲ့ပါပြီ။ တော်လှန်ရေးဦးတည်ချက်ဖြစ်တဲ့ ပလောင်ပြည်နယ်ရရှိရေး၊ တန်းတူညီမျှရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးရရှိရေး တွေတော့မရရှိသေးပါ။ သို့သော် ကျေးဇူးကြီးမားလှတဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးများအစပြုခဲ့တဲ့ တော်လှန်ရေးရည်မှန်းချက်
ပန်းတိုင်ကို မယိုင်မလဲ ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။ တဗိုလ်ဆင်း တဗိုလ်တက်နဲ့ တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင်ကြိုးပမ်းရမှာပါပဲ။ တော်လှန်ရေးပုခုံး ပြောင်းတာဝန်ကို မျိုးဆက်သစ်အဆက်ဆက်က ဆက်လက်ခံယူပြီး အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်လှမ်း ကြရမှာဖြစ်ပါတယ်။
တော်လှန်ရေးအဆက်ဆက်မှာ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ် ပေးလှူခဲ့ကြတဲ့ ရဲဘော် အာဇာနည်ခေါင်းဆောင်နဲ့ ပလောင် မိဘပြည်သူကို အစဉ်ဦးညွတ်ဂုဏ်ပြုပါတယ်။ တော်လှန်ရေးခရီးအစပြုခြင်း
မြန်မာပြည်လွတ်လပ်ရေးရပြီးစ ပလောင်တော်လှန်ရေးသမိုင်းရဲ့ အစကနဦး အခြေအနေကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ပလောင် လူမျိုးတွေရဲ့ နိုင်ငံရေးတက်ကြွမှုဟာ ရိုးရှင်းတည်ငြိမ်လွန်းခဲ့ပါတယ်။ တောခေါင် တောင်အမြင့်မှာ ငြိမ်းချမ်းတဲ့လူနေမှုဘ၀ကို တည်ဆောက် သာယာကြပါတယ်။ ဒါပေမဲ့ ၁၉၆၀ ၀န်းကျင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မျိုးချစ်ပလောင်ခေါင်းဆောင်တွေဟာ ပလောင်တောင်ပိုင်
ဒေသနဲ့ ပလောင်လူမျိုးကို ရရာလက်နက်နဲ့ ကာကွယ်ဖို့ တော်လှန်ရေးစခဲ့ကြရပါတယ်။
တာခွန်သောင်း တို့ မျိုးချစ်ပလောင်ခေါင်းဆောင်တွေ ကချင်တော်လှန်ရေးအဖွဲ့ရဲ့ အကူအညီနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်လှုပ်ရှားလာသလို ပလောင်တောင်ပိုင်စော်ဘွားမျိုးနွယ်ဖြစ်တဲ့ တာခွန်အေး၊ တာခွန်လီတို့လို မျိုးချစ်ခေါင်းဆောင်တွေက ရှမ်းတော်လှန်ရေး အဖွဲ့တွေရဲ့ အကူအညီနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။ ပလောင်အမျိုးသားတပ်ဦးကနေ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ အထိ ပလောင်အမျိုးသားတော်လှန်ရေးအလံကို မြင့်မြင့်မား
မားလွှွှင့်ထူပြီး ဦးဆောင်ခဲ့ပါတယ်။ ပလောင်မိဘပြည်သူတရပ်လုံးကလည်း ပလောင်တော်လှန်ရေးလှုပ်ရှားမှုကို လူအား၊ ငွေအား အသက်၊ သွေး၊ ချွေး အားပေါင်းစုံနဲ့ ထောက်ခံဝန်းရံပံ့ပိုးခဲ့ပါတယ်။ ပလောင်ပြည်နယ်ရရှိဖို့၊ ပလောင်စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ဖို့၊ ပလောင် မိဘ ပြည်သူတွေရဲ့ စားဝတ်နေရေး စီးပွားရေး အခြေအနေတွေ ကာကွယ်မြှင့်တင်ဖို့ စတဲ့ ပလောင်အမျိုးသားရေးကို အားကောင်းမောင်းသန် စုပေါင်း
ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ တော်လှန်ရေးအလှည့်အပြောင်းကြီးမားမှုအောက်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ကြီး ၁၉၉၁ နှစ်ဦးမှာ အပစ်ခတ်ရပ်စဲ ခဲ့ရပါတယ်။ စစ်အုပ်စုတွေအမြဲဂုဏ်ယူပြီးပြောတာကတော့ တောတွင်းလက်နက်ကိုင်သောင်းကျန်းသူတွေ ဥပဒေဘောင်တွင်း ၀င်ရောက်တယ်။ ခံသာအောင်သုံးသပ်ကြတာကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကြိုးစားကြည့်တဲ့သဘောပါ။ တကယ်တမ်းကြတော့ နိုင်ငံရေးအရဆွေးနွေးဖို့ ဘာလမ်းစမှ မရခဲ့ပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားချိနဲ့သွားစေမဲ့ နိဒါန်းတွေ
ချမိသွားတာပါပဲ။ တော်လှန်ရေးသတိ အားနည်းချို့တဲ့မှုဒါဏ်ကို လက်တွေ့အကျိုးခံစားရတာပါ။
အပစ်ရပ်ကာလ အစကနဦးမှာတော့ ဒေသဖွံ့ဖြိုးမှုတွေ၊ စည်းရုံးရေးတွေ လုပ်နိုင်ခဲ့ပေမဲ့ ၂၀၀၅ နှစ်ဦးမှာတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ လက်နက်ဖြုတ်သိမ်းခံရပြီး နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ရပါတယ်။
နှစ်သုံးဆယ်ကာလအတွင်း ပလောင်မိဘပြည်သူတွေရဲ့ အသက်သွေးချွေးနဲ့ ခဲရာခဲဆစ်တည်ဆောက်ခဲ့တဲ့ ပလောင်တပ်မတော်ကြီး ပြိုလဲခဲ့ရတယ်။ ပျက်စီးခဲ့ရတယ်။ စစ်အုပ်စုရဲ့အမဲဖျက်သလို ဖျက်ဆီးတာ ခံခဲ့ကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပလောင်လူမျိုးတွေရဲ့ တော်လှန်တဲ့စိတ်ဓါတ်ကိုရှင်သန်စေခဲ့တဲ့ တော်လှန်ရေးအစ ၁၉၆၃ ကနေ အပစ်ရပ်စဲခဲ့တဲ့ ၁၉၉၁ ထိ ဦးဆောင်ပေးဆပ်ခဲ့ကြတဲ့ ပလောင်ခေါင်းဆောင်ကြီးတွေ ရဲဘော်ရဲမေတွေကိုတော့ ပလောင်မိဘပြည်သူတရပ်လုံးက အမြဲတမ်း
အောက်မေ့တမ်းတနေရမဲ့ သမိုင်းမှတ်တိုင်ကြီးပါ။ ပလောင်အမျိုးသားတော်လှန်ရေးမှာ အစဉ်ဦးညွတ်အလေးပြုရမဲ့ ခေါင်းဆောင်ပုဂ္ဂိ္ဂ္ဂ္ဂုလ် ပလောင်အာဇာနည်ကြီးတွေပါ။
ပလောင်တော်လှန်ရေးအတွက် မျှော်လင့်ချက်ရှင်သန်ဖို့ မှန်ကန်တဲ့လုပ်ရပ်တခုကတော့ တော်လှန်ရေးလုပ်ငန်းတွေဆက်လုပ်ဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးနဲ့ လူငယ်အမျိုးသမီးခေါင်းဆောင်တွေ မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပါတယ်။

ဟန်ပြရွေးကောက်ပွဲ ဝဲဂယက်ထဲက ပလောင်နိုင်ငံရေး

အတုအယောင်ရွေးကောက်ပွဲဆိုတာ အားလုံးအသိဖြစ်နေပေမဲ့ စစ်အုပ်စုဖွင့်ပေးတဲ့လမ်းအတိုင်း လမ်းစတခုအဖြစ် ပါဝင်ခဲ့ကြတာပါပဲ။ လက်နက်ကိုင်တပ်တခုလုံးကိုတောင် အပ်နှံဖျက်ဆီးခံဝံ့ခဲ့တဲ့ ခေါင်းဆောင်တချို့ဟာ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်တာ မထူးဆန်းပါဘူး။
စစ်အုပ်စုပေးတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဟာ အတုယောင်ဆိုတာ သိနေပေမဲ့လည်း စားကျက်မြေတောင် လွတ်လွတ်လပ်လပ်စီမံခွင့် မရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ၀မ်းသာခဲ့ကြပါတယ်။
စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တအာင်း(ပလောင်)အမျိုးသားပါတီ (တီအန်ပီ) တရပ် နအဖ ဥပဒေအရ ထွက်ပေါ်လာပါတယ်။ နမ့်ဆန်၊ မန်တုံ ဒေသမှာ အမျိုးသားလွှွှတ်တော် ၁ ဦး၊ ပြည်သူ့လွှွှတ်တော် ၁ ဦးနဲ့ ပြည်နယ်လွှွှတ်တော် ၄ ဦး၊ ပေါင်း ၆ ဦးရပါတယ်။ တီအန်ပီ ခေါင်းဆောင်တွေအလျှောက်ကောင်းတာကြောင့် စစ်အုပ်စုပေးတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ အရသာကို ပလောင် လူထုတွေ မခံစားလိုက်ရပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်ကနေ ရွေးချယ်ရမဲ့ ကိုယ်စားလှယ် ၇ ဦးမှာ နမ့်ဆန်ပြည်သူ့လွတ်တော်အတွက် ၁ ဦးကို
စစ်အုပ်စု ဒုတပ်ချုပ်ရဲ့ကတော်နဲ့ ဆွေမျိုးတော်သူ လူမှုကယ်ဆယ်ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ ကိုပေးရပြီး၊ ပလောင်မိဘပြည်သူတွေရဲ့ မဲပေးခွင့်တွေ ကို အဆုံးသတ်ခဲ့ပါတယ်။ ပြိုင်ဘက်မရှိ တီအန်ပီ ၆ ဦး၊ ကြံ့ဖွံ့ ၁ ဦး ခွဲဝေခဲ့ကြပါတယ်။ လူထုမဲနဲ့ဆုံးဖြတ်အနိုင်ရခဲ့တာ မဟုတ်ပါ။ ဒီတဘက်သတ်ရလာဒ်ကို ပလောင်ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်မယ်။ လက်မခံနိုင်ဘူး ဆိုတာ ဧကန်မုချပါပဲ။
နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ မြို့တွေမှာ ကြံ့ဖွံ့ရဲ့မဲမသမာမှုနဲ့ စည်းရုံးရေးအားနည်းမှု တွေကြောင့် တီအန်ပီ မဲ မနိုင် ခဲ့ပါဘူး။ ဒီမိုကရေစီရွေးကောက်ပွဲ၊ စည်းရုံးရေးနဲ့ နိုင်ငံရေးပါတီ လုပ်ငန်းတွေ တိုးတက်နားလည်အောင် လုပ်ဆောင်ကြရပါမယ်။ ၉၀ ရွေးကောက်ပွဲတုန်းကအနိုင်ရခဲ့တဲ့ ပလောင်အမတ် ဦးထွန်းကျော် ဟာ တီအန်ပီရဲ့ အမျိုးသားလွှွှတ်တော်အမတ်အဖြစ် နေပြည် တော်ကို သွားရမှာပါ။ ဦးထွန်းကျော် ဟာ နှစ် ၂၀ လုံးလုံး စစ်အုပ်စု စီစဉ်တွေ့ဆုံခိုင်းတဲ့ နိုင်ငံတကာ ဧည့်သည်တွေကို ဒိုင်ခံတွေ့ခဲ့ ရတာပါ။
တီအန်ပီ ရဲ့ တဦးတည်းသော ပြည်သူ့လွှွှတ်တော်ကိုယ်စားလှယ်အမတ် ဦးအိုက်မုန်း ဟာ စစ်အုပ်စုရဲ့ ပါလီမန်လွှွှတ်တော်မှာ ပလောင်အမျိုးသားရေးအတွက်ကိုယ်စားပြုခွင့် ရရှိမှာဖြစ်တယ်။ နှစ်ပေါင်းများစွာရင်းနှီးတည်ထောင်ထားတဲ့ ပလောင်တပ်မတော်တခုလုံးကို
စစ်အုပ်စုတွေဆီ အပြီးအပိုင် ဦးဆောင်အပ်နှံပြီးတဲ့နောက် ပလောင်လူထုအတွက် ဘယ်လိုအကာအကွယ်တွေပေးနိုင်မလဲ။ ပလောင်တောင်တန်းကြီးတွေကို ထိုးနှံအပ်ပြီး ဘယ်လို စီးပွားလုပ်မလဲ စဉ်းစားရခက်မှာပါ။ စောင့်ကြည့်ရမှာပါ။ တီအန်ပီ ရဲ့ ပြည်နယ်လွှွှတ်တော်အမတ် ၄ ဦးဟာ စစ်ယူနီဖောင်းဝတ် သုံးပုံတပုံပါတဲ့ ရှမ်းပြည်နယ်လွှွှတ်တော်ကို တက်ရောက်ရမှာပါ။ ပြီးတော့ ၁၀ ဦးနဲ့ဖွဲ့စည်းမဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဦးစီးအဖွဲ့မှာ စစ်ဗိုလ်တွေနဲ့အတူ ပူးတွဲစီမံခန့်ခွဲရမယ်။ တီအန်ပီ ပါတီဟာ စစ် ခေါင်းဆောင်တွေနဲ့ ပိုမိုရင်းနှီးခွင့်ရလာမှာဖြစ်ပြီး ပလောင်ပြည်သူလူထုတွေ စစ်ဖိနှိပ်မှုဒါဏ်ကနေ ဘယ်လိုအကာကွယ်ပေးမလဲ။ သို့တည်း မဟုတ် စစ်ခေါင်းဆောင်တွေနဲ့ ဘာအကျိုးစီးပွားတွေလုပ်နိုင်မလဲ။ လုပ်နိုင်ခွင့် အတော်ကျဉ်းမြောင်းပါတယ်။ နအဖ စစ်အုပ်စုရဲ့ကန့်သတ်ဖိနှိပ်မှုတွေအောက်မှာ တီအန်ပီ ရဲ့လုပ်ပိုင်ခွင့်က အကန့်အသတ်ကြီးမားပါတယ်။ ဘာပဲဖြစ်ဖြစ် ပလောင်မျိုးချစ်ပုဂ္ဂ္ဂ္ဂ္ဂိုလ်၊ လူငယ်၊ ပညာတတ်တွေကို တီအန်ပီ အနေနဲ့နိုင်ငံရေးတက်ကြွလာအောင် စည်းရုံးနိုင်ခဲ့တာက
တော့ တီအန်ပီအတွက် မှတ်တိုင်တခုဖြစ်ပါတယ်။ တီအန်ပီ ပါတီမှာ ပလောင်လူမျိုး ဖွံ့ဖြိုးတိုးတက် ကောင်းစားဖို့အတွက် ရိုးသားစွာ အလုပ်လုပ် ချင်တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေလည်း မြောက်များစွာပါ။
သေချာတာကတော့ အကန့်အသတ်တွေကြားကပဲ ပလောင်လူမျိုးတွေရဲ့အကျိုးစီးပွားအတွက် တီအန်ပီ တကယ်အလုပ်လုပ်ရမှာပါ။မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းနိုင်ငံရေးအလှည့်အပြောင်း
ထဲက ပလောင်နိုင်ငံရေးထဲက ပလောင်နိုင်ငံရေးထဲက ပလောင်နိုင်ငံရေးထဲက ပလောင်နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုတက်ကြွလှုပ်ရှား အသက်ဝင်လာပါတယ်။ လူထုနဲ့ ပိုမိုဆက်စပ်နိုင်မဲ့လမ်းကြောင်းကွန်ယက်တွေ၊ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လုပ်ငန်းစဉ်တွေ ပိုအားကောင်းတာတွေ့ရပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ အစပြုတဲ့ ကလေးမြို့ကြေညာစာတမ်း ပါ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးဟာ နိုင်ငံရေးစုစည်းမှု ဆုံချက်ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က တာဝန်ခံပြီး လုပ်ဆောင်မယ့် သဘောတူညီချက်တွေရလာတော့ ဒုတိယ ပင်လုံညီလာခံ (၀ါ) ၂၁ ရာစု ပင်လုံညီလာခံ ဟာ တကယ်ကိုအားကောင်းတဲ့ နိုင်ငံရေးဆုံချက်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ပိုမိုဦးတည်လာပါတယ်။ အပစ်ရပ်အဖွဲ့ကြီးတွေကတော့ နယ်ခြားစောင့်တပ်လက်မခံဘူး။ စစ်အုပ်စုနဲ့ နှစ်ဖက်တင်းမာမှုဖြစ်နေပါတယ်။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့ အထိလက်နက်ကိုင်ပဋ္ဋိပက္ခမကြီးထွားသေးပါ။ ဒီကေဘီအေ တပ်မဟာ ၅ ကတော့ စစ်အုပ်စုကိုပြန်လည်တိုက်ပွဲဝင်နေတာ ရွေးကောက်ပွဲနေ့ ကတည်းကပါပဲ။ စစ်တိုက်ပွဲအရှိန် ဆက်လက်အားကောင်းနေပါတယ်။ အပစ်ရပ်နဲ့ တိုက်ပွဲဝင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေ စုဆုံပြီး အားကောင်းတဲ့လက်နက်ကိုင်အင်အားစုဆုံချက်အဖြစ် ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီ တရပ်ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းစွာဆွေးနွေးဖို့ နှစ် ၂၀ နီးပါး အချိန်ဖြုန်း ကြိုးပမ်းလာ
တာ မဖြစ်နိုင်တဲ့အဆုံး နဂိုမူရင်းဘ၀မှန် လက်နက်ကိုင်တော်လှန်ရေးမှာ ဆုံချက်ပြန်ဖြစ်မဲ့ အလားအလာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့တိုင်းကတော့ အပစ်ရပ်အခြေအနေကို နောက်ဆုံးမိနစ်ထိ ထိန်းထားချင်တဲ့ဆန္ဒထင်ရှားပါတယ်။ အရေးကြီးတာက တဖွဲ့ဖွဲ့ကိုစစ်အုပ်စုက စတိုက်ပြီဆိုရင် ကျန်တဲ့အပစ်ရပ်အဖွဲ့တွေအားလုံး နိုင်ငံအနှံ့စစ်ပွဲတွေစတင်ဖို့လိုပါတယ်။
ဒါကတော့ ၂၀၁၁ ထဲဝင်လာတဲ့ တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုတွေရဲ့ အားရစရာ နိုင်ငံရေးအခင်းအကျင်းပါ။ ဒီနိုင်ငံရေးအခင်းအကျင်းထဲ ပလောင်နိုင်ငံရေးက ဘယ်ရှုထောင့်ကနေ ဘယ်လိုလိုက်ပါမလဲ။ နိုင်ငံရေးတန်းတူညီမျှရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးရရှိရေး တို့ဆိုတာ သက်ဆိုင်ရာပုဂ္ဂ္ဂ္ဂ္ဂိုလ်၊ လူမျိုး ကိုယ်တိုင် လုပ်မှ ရတာပါ။ မြန်မာပြည်ကြီး ဒီမိုကရက်
တစ် ပြည်ထောင်စုတကယ်ထူထောင်တဲ့အချိန်မှာ သက်ဆိုင်ရာ လူမျိုးတိုင်း၊ နိုင်ငံသားတိုင်းက လိုက်ပါဆောင်ရွက် ပူးပေါင်းကြရမှာပါ။ ဘယ် လူမျိုး ကြီးငယ်ကိုမှ ချန်ထားလို့ မေ့ထားလို့မရပါဘူး။
အဲဒီလို လိုက်ပါနိုင်ဖို့က ပလောင်တွေ နိုင်ငံရေးအခြေအနေ မှန်မှန်ကန်ကန်သုံးသပ်ပြီး လက်တွေ့ကျတဲ့ လုပ်ငန်းတွေ စည်းရုံးရေး တွေ ပိုလုပ်ဖို့လိုပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတူလိုက်ပါဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးအားကို ဘယ်နေရာကနေ ဘယ်လိုစုမှာလဲ။ မာနယ်ပလော မှာ စုဖွဲ့ခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဟာ အခြေအနေအပြောင်းအလဲတွေကြောင့် လက်နက်ကိုင်
တော်လှန်ရေးအတွက် တပ်ဖွဲ့တွေကိုစံနစ်တကျ ရေရှည် မလုပ်နိုင်ခဲ့ပါဘူး။ ပေါ်လိုက်ပျောက်လိုက်၊ အားကောင်းလိုက်၊ ပြန်လျော့လိုက်ပါပဲ။ ၂၀၀၅ မှာ မိခင်ပါတီ ပီအက်အယ်အေ အပြီးအပိုင်လက်နက်စွန့်တော့ အမိမဲ့သား ရေနဲငါးဖြစ်ခဲ့ရတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို အဓိကပံ့ပိုးပေးတဲ့အားက လက်နက်ကိုင်တပ်ဖွဲ့ အားဖြစ်တယ်။ တိုင်းရင်းသားတွေ အမျိုးသားလွတ်မြောက်ရေးအတွက် စုပေါင်းဖွဲ့စည်းလှုပ်ရှားမဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်လာရင် အတူလိုက်ပါဖို့ ပလောင်တပ်ဦး အဆင်သင့်ပြင်ဖို့လိုပါတယ်။ အခက်အခဲကြားကပဲ အလုပ်တွေပိုလုပ်ကြရပါမယ်။ လူငယ်အား၊ အမျိုးသမီးအား၊ တပ်ဦးအား တွေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကြားမှာ ပလောင်နိုင်ငံရေးအရှိန်ကိုမြှင့်တင်ကြရပါ
လိမ့်မယ်။ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်း အသင်းအပင်းတွေနဲ့ ပိုပြီးလက်တွေ့ကျကျပူးပေါင်းလှုပ်ရှား ကြရပါလိမ့်မယ်။ နဂိုအလုပ်တွေ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆထက်တိုးပြီး လုပ်ကြရပါလိမ့်မယ်။ တကယ်ကို အတိဒုက္ခရောက်နေတဲ့ ပလောင်မိဘပြည်သူတွေ၊ ကျဆင်းနေတဲ့ ပလောင်အမျိုးသားနိုင်ငံရေးအခြေအနေတွေ အားလုံး ကိုပြန်လည်တည်ဆောက်ဖို့ ပလောင်နိုင်ငံရေး တော်လှန်ရေးအင်အားစုတွေ တကယ်အနစ်နာခံပြီး စုစည်းလှုပ်ရှားကြရပါမယ်။
ပလောင်လူမျိုးရဲ့ နိုင်ငံရေးအား၊ လက်နက်ကိုင်တော်လှန်ရေးအား မကောင်းလာသေးဘူးဆိုရင်တော့ ရည်မှန်းချက်ရောက်ဖို့ အချိန် ပိုကြာပါလိမ့်မယ်။ မြန်မာ့နိုင်ငံရေးမှာ လူမျိုးစုငယ်တွေအတွက် လက်နက်ကိုင်အားကောင်းမှ နိုင်ငံရေးမြှင့်တက်ဖို့ ပိုနီးစပ်တာပါ။
အခုတော့ စစ်အုပ်စုက အတုအယောင်ပါလီမန်ခေါ်ပါတော့မယ်။ ဟန်ပြအရပ်သားအစိုးရလဲ ဖွဲ့မှာပါ။ သေချာသလောက်ပါပဲ။ ဘယ်လိုအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါစေ ပလောင် တပ်ဦး၊ လူငယ်၊ အမျိုးသမီးတွေ တောင့်ခံပြီး အလုပ်ပိုလုပ်ဖို့၊ ကိုယ့်လူထုနဲ့ တသားတည်းကျအောင် စည်းရုံးလှုပ်ရှားဖို့ အဓိကကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဦးဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဒုတိယ ပင်လုံညီလာခံ ကြိုးပမ်းမှုတွေကို ထောက်ခံဝန်းရံကြရပါမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်မဲ့ ကြိုးပမ်းမှု တွေ အတွက် စွမ်းနိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြရမှာပါ။ အမျိုးသားလွတ်မြောက်ရေး၊ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်စုဖွဲ့မှုတွေနဲ့အတူ၊ ဒီမိုကရေစီအင်အားစုများနဲ့အတူ စုစည်းညီညွတ်မှုတွေ တည်ဆောက်ပြီး ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။ တပ်ဦးရဲ့ လတ်တလော ရပ်တည်ချက်တွေဖြစ်တဲ့ -
- စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအားနဲ့ ဆက်လက်ဆန့်ကျင်တိုက်ဖျက်ပစ်ရမယ်။
- ၂၀၁၀ ရွေးကောက်ပွဲရလာဒ်နဲ့ ပေါ်ပေါက်လာမဲ့ ဟန်ပြအရပ်သားအစိုးရကို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ပစ်ရမယ်။ ဒီအတိုင်းဆက်လက်ရပ်တည်ပြီး ပလောင်လူထုကို စည်းရုံးပြီး တော်လှန်ရေးအရှိန်ကို ဆတိုးမြှင့်တင်ကြရမှာဖြစ်ပါတယ်။ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ကြီးတဲ့အတွက် ပလောင် တပ်ဦး၊ လူငယ်၊ အမျိုးသမီးတွေရဲ့ လက်ရှိအင်အား၊ စည်းရုံးရေးအား နဲ့တော့ ဘယ်လိုမှ မလုံလောက်ပါဘူး။ ပလောင်လူထုတရပ်လုံးကို တကယ်လက်တွေ့ကျကျ စည်းရုံးတိုးမြှင့်ပြီး ဘုံရန်သူ စစ်အုပ်စုကို
ထိပ်တိုက်ရင်ဆိုင်ကြရမှာ ဧကန်မုချမလွဲပါ။

““““က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်အယ်အယ်အယ်အယ်တအာင်းတအာင်းတအာင်းတအာင်း””””

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
ဇန္န၀ါရီလ၊ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်။ ပြာသိုလဆန်း ၈ ရက်၊ ၁၃၇၂ ခုနှစ်။
Read more »

Wednesday, January 12, 2011

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ တတိယအကြိမ်မြောက်ညီလာခံ ထုတ်ပြန်ကြေညာချက်




တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ တတိယအကြိမ်မြောက်ညီလာခံကို ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၈ မှ ၃၀ ရက်နေ့အထိ (၃) ရက်တိုင်တိုင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ညီလာခံကြီးသို့ တအာင်း ကျောင်းသားနှင့်လူငယ်များ အစည်း
အရုံးမှ အဖွဲ့ဝင်ကိုယ်စားလှယ် (၄၆) Uီးနှင့်အကြံပေးအဖွဲ့ဝင်(၃)Uီး၊ ပလောင်အမျိုးသမီးအစည်းအရုံး မှ လေ့လာသူ (၁) Uီး စုစုပေါင်း (၄၉) Uီး တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင်
အဖွဲ့ဝင်ကိုယ်စားလှယ်များမှ အဖွဲ့အစည်း၏ မူဝါဒ၊ Uီးတည်ချက်၊ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျU်းတို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်ခြင်း၊ နိုင်ငံရေးအစီရင်ခံစာ၊ လုပ်ငန်းဌာနများ၏အစီရင်ခံစာများနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို တင်သွင်းဆွေးနွေးသုံးသပ်ခြင်းနှင့်အတူ ရှေ့လုပ်ငန်းစU်များတို့ကို ဆွေးနွေးချမှတ်အတည်ပြုနိုင်ခဲ့ကြပါသည်။ တိုင်းရင်းသားတန်းတူညီမျှ
ရေး၊ စစ်
အာဏာရှင်စံနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် နှင့် တအာင်းပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် စားဝတ်နေရေးကြပ်တည်းမှု ပြဿနာများ၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်စိုက်ပျိုးသည့်ပြဿနာများ ဖြေးရှင်း သွားနိုင်ရန်အတွက်ရှေ့လုပ်ငန်းစU်များကို ခိုင်မာစွာချမှတ်ခဲ့ကြပါသည်။တိုင်းရင်းသားနိုင်ငံရေးပါတီများစတင်အဆိုပြုသည့်ကလေးမြို့ကြေညာစာတမ်းက အခြေခံသည့် ဒေါ်အောင်ဆန်းစုကြည် Uီးဆောင် အကောင်အထည်ဖော်မည့် ၂၁ရာစုပင်လုံညီလာခံဖြစ် ပေါ်လာရေးနှင့် အပစ်ခတ်ရပ်စဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ စုစည်းပေါင်းစုံမှုကို ညီလာခံကြီးမှ တခဲနက်ထောက်ခံကြိုဆိုလိုက်ပါသည်။ ထို
အတူ ကုလသမဂ္ဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် အဆိုပြုကြိုးပမ်းနေသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိုလည်းကြိုဆိုပြီး ထိုကော်မရှင်ပေါ်ပေါက်လာပါက အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ စစ်အုပ်စု၏ တရားမျှတမှုကင်းမဲ့သော ၂၀၁၀-ရွေးကောက်ပွဲနှင့် ထို ရွေးကောက်ပွဲရလာဒ်ကအခြေခံသော လုပ်ဆောင်မှုများအားလုံးကို ညီလာခံကြီးမှ ဆန့်ကျင်ကန့်ကွက်လိုက်ပါသည်။ လက်ရှိ တအာင်းပြည်သူများ ရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများ၊ စားဝတ်နေရေး နှင့်အခြားသောအကြပ်အတည်းများကို မှန်ကန်စွာ ဖြေရှင်းသွားနိုင်ရန် အတွက် လူမှုရေးအဖွဲ့အစည်းများ၊ တက်ကြွသူတအာင်းလူငယ်များ၊ ခေါင်းဆောင်များ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်Uီး၊ပလောင်အမျိုးသမီးအစည်းအရုံး အစရှိသည့်အဖွဲ့အစည်းများ နှင့်အတူ တအာင်းပြည်သူလူထုတရပ်လုံးတို့မှ အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် ညီလာခံကြီးမှ အလေးအနက်ပန်ကြားအပ်ပါသည်။ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ညီလာခံကို ပုံမှန်အားဖြင့် (၂)နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ကြပါသည်။ ယခု တတိယအကြိမ်မြောက်ညီလာခံသတ်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်မည့် လူငယ်ခေါင်းဆောင်သစ်များဖြင့် အတွင်းရေးမှူးအဖွဲ့Uီးဆောင်သည့်အလုပ်အမှုဆောင်ကော်မီတီဝင်(၉)Uီးနှင့် အလုပ်အမုဆောင် ကော်မီတီဝင်(၂)Uီး တို့ကို ဒီမိုကရေစီနည်းကျ ကိုယ်စားလှယ်များက လွတ်လပ်မျှတစွာမဲပေးရွေးချယ်ခဲ့ပါသည်။

အလုပ်အမှုဆောင်ကော်မတီ
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်
ဆက်သွယ်ရန်။ ။ အထွေထွေအတွင်းရေးမှူး ၀၈၀-၁၁၈၄၄၇၉၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၀၈၀-၀၅၈ ၀၇၂၀
Ta'ang Students and Youth Organization-TSYO
်
Read more »

Monday, November 29, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိ TNP နေပြည်တော်သို့ တိုင်ကြားမည်


PDF Print E-mail

နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တရားမျှတမှုလုံးဝမရှိကြောင်း တအာင်းအမျိုးသားပါတီမှ နေပြည်တော်သို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားမည်ဟု သိရသည်။


ရွေးကောက်ပွဲအပြီးတွင် ကြိုတင်မဲ မသမာမှုများရှိခြင်း၊ မဲရုံကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်စားပြုဆန္ဒမဲပေးခြင်း နှင့် မဲဆန္ဒရှင်များက မြိုနယ်ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ပေးအပ်လိုက်သော ပုဂ္ဂိုလ်များဖြစ်သည့် မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်ခံရခြင်းများရှိသည်ဟု တွေ့ မြင်လိုက်သည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ပါတီစုံ ရွေးကောက်ပွဲမှ တရားမျှမှုမရှိကြောင်း TNP မှ နေပြည်တော်သို့ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိပါသည်။

မှတ်ချက်= အပြည့်အစုံရရှိရန် ဆက်လက်စုံးစမ်းနေဆဲ

Read more »

မဲလက်မှတ် အရေ (၅၀၀) လျှို့ ဝှက်သိမ်းဆည်းနေ


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာနှင့် မိုင်းပူးကျေးရွာတွင် တအာင်း အမျိုးသားပါတီ “TNP” ၊ “USDP”ပါတီ၊ “တစည”ပါတီ နှင့် “ကျားဖြူ” ပါတီတို့ဝင်ရောက်ယှဉ် ပြိုင်ရာမှာ “USDP” ပါတီစည်းရုံးရေး မှူးတစ်ဦး ဖြစ်သော ပန်းဆေး ဦးကျော်မြင့်က မဲလက်မှတ် အရေအတွက် (၅၀၀) လျှို့ဝှတ်သိမ်းဆည်းထား ကြောင်း အမည်မဖေါ်လိုသူတစ်ဦး ထံသိရသည်။


ထို့အပြင် ပန်းဆေး ဦးကျော်မြင့်သည် ရွေးကောက်ပွဲစည်းကမ်းချက်အရ အသက်မပြည့်သေးသောကလေးများကို မဲထည့် ပိုင်ခွင့်မရှိဟုဆိုထား သော်လည်း ၄င်းက ထည့်ခိုင်းသည်၊ ဒ့ါအပြင် မဲဆန္ဒရှင်တစ်ဦးလျှင် မဲတစ်ခါမက သုံးလေးခါ ထည့်ခိုင်းသည်ဟု အဆိုပါ အမည်မဖေါ်လိုသူက အခုလိုပြောသည်။

"မနေ့က မဲပေးတဲ့အချိန်မှာ ပန်းဆေး ဦးကျော်မြင့်က အသက်မပြည့်သေးတဲ့သူတွေပါ မဲထည့်ခိုင်းတယ် မဲထည့် စာရင်းထဲမှာ မပါတဲ့သူတွေပေါ့ ပြီးတော့မှ လူတစ်ယောက်ကို မဲခဏခဏထည့်ခိုင်းတယ်" ဟု သူကပြောပြသည်။

အသက်မပြည့်သေးသောသူများနှင့် အသက်ပြည့်ပြီးသောသူများကိုပါ ယခုလို ထပ်ခါထပ်ခါ မဲပေးနိုင်တာဟာ ၄င်းဦးကျော်မြင့် ၀ှက်ထားသော မဲလက်မှတ် အရေအတွက်( ၅၀၀)တွင်သုံး၍ ပေးခိုင်းတာဖြစ်မည်ဟု မသင်္ကာသူများက ဝေဖန်းပြောဆိုသည်။

လက်ရှိအခြေအနေတွင် အဆိုပါ ဦးကျော်မြင့် လျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)အား ကြံ့ဖွံ့ ပါတီထဲ ရောက်မသွားအောင် တအာင်းအမျိးပါတီ TNPနှင့် ကျားဖြူပါတီ က ၄င်းမဲပြားကိုလိုက်လံ စုံးစမ်းနေပြီး မဲထည့်၍ မရသေးသော ဒေသခံကို တွေ့ဆုံမည် မေးမြန်းမည်ဟု ပြောကြောင်း သိရသည်။

ဤပြသာနာကြောင့် တအာင်းအမျိုးသားပါတီ ၊ တစည ပါတီ နှင့် ကျားဖြူပါတီတို့က ၄င်းလျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)ကို ပယ်မဲအဖြစ် လုပ်ဆောင်နိုင်ရန် ပူးပေါင်းတိုင်ပင်နေကြသည်ဟုသိရသည်။

Read more »

မဲမပေးချင်လည်း နေလို့ မရ


PDF Print E-mail

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာမှ ဒေသခံများသည် ရွေးကောက်ပွဲ စည်းကမ်းအရ မဲပေးချင်သောဆန္ဒမရှိပါက မဲမပေးပဲနေနိုင်ခြင်း အခွင့်အရေး မရှိကြောင်းသိရသည်။ ထို့အပြင် ပြစ်မှုနှင် အကျဉ်းကျခံနေသော အကျဉ်းသားများကိုယ်စား ပါ ကိုယ်စားမဲထည့်ပေးရခြင်းဖြစ်သည်။


ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ပုဒ်မ ၇ (ခ) ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ ဟုရေးထားပြီးသော်လည်း ၄င်းဒေသတွင် ပြစ်မှုနှင့် အကျဉ်းကျနေသော အကျဉ်းသားများအတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင်မှာလည်း ကိုယ်စားပြု ကြိုတင်မဲ ထည့်ခိုင်းခြင်းပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် မဲလက်မှတ်များကို ကျေးရွာ ဥက္ကဌ အဖွဲ့ ဦဆောင်ပြီး ဒေသခံများထံ လိုက်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲ စည်းကမ်းချက်အရဆိုရင် မဲမထည့်ချင်ရင် နေလို့ရတယ်လို့ကြားရတယ် ဒါပေမဲ့ ဖာလင်ကျေးရွာ မှာတော့ မဲထည့်နိုင်သူများ အားလုံး မဲမထည့်မနေရဖြစ်သည်" ဟု ဒေသခံရွားသား တစ်ယောက်က ပြောခဲ့ပါသည်။

ဖာလင်ကျေးရွာမှာ လာရောက်အရွေးခံမည့် ပါတီများကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ကျားဖြူပါတီများ ဖြစ်ကြပါသည်။ ၄င်းပါတီများ ၄ ခုသည် တအာင်းအမျိုး သားပါတီက မဲအများဆုံး ရနိုင်သည့်အခြေအနေရှိကြောင်းသိရသည်။

တအာင်းလူမျိုးဖြစ်သည့် ရွာသားတစ်ယောက်က လေးပါတီထဲက ဘယ်သူ့ကို မဲပေးချင်လည်း မေးမြန်းခဲ့သည်မှာ “ကျတော်က တအာင်းလူမျိုးကိုပဲချစ်တယ်။ တအာင်းအမျိုးသားပါတီ လက်ဖတ်ရွက်ပဲ မဲပေးမယ်။ တခြားပါတီတွေ မဲပေးရင်တော့ တအာင်းလူမျိုးတွေမှ ကိုယ်စားမှမပြုတာ။ တအာင်းပါတီကိုမဲပေးရင် ကျတော်တို့နယ်မြေ လည်းရမယ်။ ကျတော်တို့ တအာင်းပါတီက တအာင်းလူမျိုးတိုးတက်ဖို့အတွက် လုပ်သွားနိုင်မယ်လို့ ယုံကြည်တယ်" ဟုသူက ပြောသည်။

Read more »

ခရီးလွန်သူများ ကိုယ်စား မဲပေးနိုင်


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် မဲပေးသူဒေသခံများက မိသားစုကိုယ်စား အိမ်ထောင် ဦးစီးဖြစ်သူတစ်ဦးကသာ မဲသွားပေးနိုင်ကြသည် ဒါ့အပြင် အိမ်ထောင် ဦးစီးက မိသားစုမှခရီးလွန်သူများ အတွက်ပါ မဲပေးရကြောင်းသိရသည်။


မန်အောင်ကျေးရွာရှိ မဲရုံနှစ်ခုသည် ဓမ္မာရုံ နှင့် အထက်တန်းကျောင်းကိုနေရာယူလုပ်ဆောင်ပြီး လုံခြုံရေးလည်း
အများအပြားချ ထားကြောင်းသိရသည်။

အဆိုပါ ကိုယ်စားမဲပေးနိုင်ခြင်းနှင့်ပါတ်သက်၍ သွားရောက်မဲပေးသောဒေသခံတစ်ဦးက" သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက မဲရုံကို မနက် ၅ နာရီကတည်းကစဖွင့်တယ် ကျတော်ရောက်တဲ့အချိန်မှာ မဲပေးပြီးသူဦးရေ ၅၀၀ လောက်ရှိပြီး အများအားဖြင့် က လ္ဘက်ညွန့် တံဆိတ်ကိုသာ အဓိကထားပြီးပေးကြတယ် သိပ်တော့မခက်ပါဘူး တချို့ဆိုရင် သူတို့မိသားစုအတွက် လာပေးကြတယ် တချို့လူတွေ ကျတော့ ကိုယ်တိုင်သွားပေးချင်တယ်ဆိုရင် သွားပေးကြတယ် ဒါပေမဲ့ အဲဒီမဲတွေက ဘယ်လိုဖြစ်လာမလဲတော့မသိဘူးလို့ သူကပြော သွားသည်။

မဲရုံတွင် လုံးခြုံရေးအပြည့်ချထားသော်လည်း မဲပေးသည့်အခါတွင် ခြိမ်းခြောက်မှုများပြုလုပ်တာမရှိဘဲ လွတ်လွတ်လပ်လပ် ပေးနိုင် ကြကြောင်းဟု သူကဆက်ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ တွင် တအာင်းအမျိုးသားပါတီ ၊ ကျားဖြူပါတီ ၊ USDP ပါတီ နှင့် တစည ပါတီတို့ မှ မန်အောင် ကျေးရွာတွင် ကြိုတင်မဲကောက်ခံရာမှာ တအာင်းအမျိုးသားပါတီက မဲရေ ၅၀၀ ဖြင့် ရရှိပြီး ကျန်ရှိပါတီများက မဲအနည်း အကျဉ်းသာရရှိကြောင်း သိရသည်။

ထိုအပြင် USDP ပါတီက မန်အောင်ကျေးရွာရှိ အချို့ကျေးရွာအုပ်စု ဒေသခံများကို ငွေပေးပြီး မဲထည့်ခိုင်းတာမျိုး လည်းရှိကြောင်း အဆိုပါဒေသခံကပြောသည် အလားတူ အခြားအုပ်စုရှိ မဲရုံတွင်လည်း အသက်ကြီးသူများကိုယ်စား မဲရုံးမှူးများက ကိုယ်စား မဲပေးနေခြင်းရှိကြောင်းသိရသည်။


Read more »

မဲရုံမှူးများမှ ကိုယ်စားပြုမဲထည့်ပေး


PDF Print E-mail

ရုမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးများမှ ဒေသခံအသက် ကြီးသူများနှင့် စာမဖတ်တတ်သူများအတွက် ကိုယ်စားပြုမဲထည့်ပေးနေ ကြောင်းသိရသည်။


၎င်းဒေသခံ အသက် (၆၀)ရှိ အဖွားတစ်ယောက်မှ ပြောပြရာတွင် “အဖွားကတော့ စာမဖတ်တတ်သည့်အတွက် ပလောင်ပါတီကို မဲထည့်ပေးပါလို့ မဲရုံအဖွဲ့တွေကို ပြောလိုက်တယ်။ သူတို့က ဘယ်ပါတီမဲ ထည့်တယ်ဆိုတာ စာရွက်မပြတော့ဘူး ဒီတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟု ပြောပြသည်။

ထို့အတူ အခြားအသက်ကြီးဒေသခံများလည်း ထိုနည်းတူ မဲရုံကော်မရှင်များက ကိုယ်စားမဲပေးနေကြ သူအများ အပြားရှိသည်ဟု သူကဆက်ပြောသည်။

ဖာလင်ရွာတွင် ကြံ့ဖွံ့ပါတီ ကျားဖြူပါတီ တစည နှင့် TNP တို့မှ ၀င်ရောက မဲယှဉ်ပြိုင်နေကြောင်းသိရှိရပါသည်။

အခြားကျေးရွာတွင်လည်း အလားတူပင် ကိုယ်စားမဲပေးနိုင်ကြသည် ထို့အပြင် USDPပါတီက ပလောင် ဒေသခံတစ်ဦးအား ကျပ်ငွေ ၅သိန်းပေးပြီး မဲပေါင်း (၁၀၀၀) ၀ယ်ပေးရန်အတွက် ငွေးပေးထားပြီး ဒေသခံတစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ ပေးပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ပါဟုစည်းရုံးခိုင်းကြောင်းသိရသည်။


Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger