DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, January 16, 2011

ရူမည် ပလောင်ရိုးရာလက်ထပ်ဓလေ့ထုံးတမ်းများ

ကျမတို့ပလောင်လူမျိုးတွေဟာ နေရာဒေသချင်းကွဲပြားသလို လက်ထပ်ထိမ်းမြားတဲ့အချိန်မှာလဲ ကွဲပြားတာကို တွေ့ရပါတယ်။ နမ့်ခမ်းဒေသမှာတော့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှကြတဲ့ လူပျိုတွေ အပျိုတွေကို သတို့သားဘက်က ခိုးရာလိုက်ပြေးတာရှိသလို သတို့သားဘက်က မိဘတွေကိုဖွင့်ပြောပြီး သက်ဆိုင်ရာလူကြီးတွေကနေတဆင့် သတို့သမီးမိဘထံ တောာင်းရမ်းတာကိုလဲရှိပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် မိန်းခလေးတွေက ညဘက်ဆိုရင် ဘယ်မိဘမဆို ကိုယ့်သမီးကို အပြင်သွားခွင့်မပြုပါဘူး။ ဒါကြောင့်မို့ အပျိုတွေ နေ့လည်ဘက် လယ်ယာ၊တောင်ယာသွားနေချိန်မှာ လူပျိုတွေက လမ်းတ၀က်မှာ ကြိုတင်သွားစောင့်နေတယ်။ အပျိုမတွေ လယ်ယာ၊ တောင်ယာသွားချိန်မှာ တွေ့ကြပြီး ခိုးရာလိုက်ပြေးကြပါတယ်။

သတို့သမီးကိုခိုးယူတဲ့အချိန်မှာ သတို့သားနဲ့လူပျိုသူငယ်ချင်းတွေဘဲဖြစ်ဖြစ် ကိုနဲ့ခင်မင်တဲ့အပေါင်းအဖော် ဖြစ်ဖြစ် အပျိုမလေးရှိတဲ့နေရာကို သွားရောက်ပြီး ခိုးယူလေ့ရှိပါတယ်။ ခိုးယူတဲ့အချိန်မှာဆိုရင် သတို့သားဘက်က သူငယ်ချင်းတစ်ယောက် နှစ်ယောက်ဖြစ်ဖြစ် လူပျိုနှင့် အပျိုခေါင်းဆောင်တွေကို အရင်အသိပေးရပါတယ်။ အသိပေးတဲ့အချိန်မှာဆိုရင် နို့ဆီ၊ သကြား၊ ဆေးပေါ့လိပ်၊ လက်ဖက်ခြောက် နဲ့ ပိုက်ဆံ(သတ်မှတ်ချက်မရှိ) ဖြစ်ဖြစ်သွားပေးရပါတယ်။ သည်လိုပေးခြင်းအားဖြင့် လူပျိုနှင့် အပျိုခေါင်းဆောင်တွေကို လက်ထပ်ခွင့်တောင်းတဲ့ သဘောကိုဆောင်တယ်။

အဲဒီညမှာ သတို့သားနဲ့သတို့သမီးက သူငယ်ချင်းတွေနဲ့အတူ တနေရာရာမှာ သွားနေပြီးစားသောက် ပျော်ပါးကြပါတယ်။ တခါတလေကျရင် သတို့သားက အပျိုးမိန်းခလေးကို မခိုးမီ မိန်းမခိုးလာမယ်ဆိုတဲ့အကြောင်းကို မိဘထံကိုယ်တိုင်ပြောပြီး သွားခိုးပါတယ်။ မိဘတွေလဲ ပြင်ဆင်တာလေးတွေရှိရင် ပြင်ဆင်ရအောင်ပေါ့။ တချို့ကျတော့ ခိုးတဲ့ညမှ သူငယ်ချင်းတွေကနေတဆင့် မိဘတွေကို သွားပြောခိုင်းပါတယ်။ အပျိုမိန်းခလေးဘက်ကလည်း ညဘက်ပျောက်လို့မနက်အထိပြန်မလာရင် ခိုးရာလိုက်ပြေးတယ်ဆိုတာ မိဘတွေနားလည်ထားပါတယ်။ ပြီးတော့လည်း အပျိုမိန်းခလေးမိဘတွေကိုလည်း သူငယ်ချင်းများက သွားပြောပါတယ်။

ညသန်းခေါင်ရောက်လာမှ သူငယ်ချင်းတွေနဲ့အတူ သတို့သမီးကို သတို့သားအိမ်ထံခေါ်ပြန်ပါတယ်။ အိမ်ရောက်ရင် သတို့သမီးက သတို့သားရဲ့မိဘကို ပန်းကို ဗန်း(သို့) ပန်းကန်ပြားတခုခုထဲထည့်ပြီး သတို့သားရဲ့မိဘတွေကို ကန်တော့ရပါတယ် အိမ်နီးချင်းတွေလည်း လာပြီးကြိုဆိုကြပါတယ်။ ချီးကျုးတယ် ဂုဏ်ယူတဲ့စကားတွေ ပြောပြီးကြိုဆိုကြတာပေါ့။ သတို့သားမိဘတွေလည်း ၀မ်းသာကြောင်း ပြောကြပါတယ်။

ညအိပ်ယာမ၀င်ခင် သတို့သမီးနဲ့ သူငယ်ချင်းတွေက မနက်စောစောထလာရင် ထမင်းဟင်းတွေချက်ဖို့ မီးဖိုချောင်ကိုသွားပြီးလေ့လာရပါတယ်။ ဆန်၊ဆီ၊စားကအစဘယ်နေရာရှိတယ်ဆိုတာကို ရှာဖွေရပါတယ်။ အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ကလည်း ပစ္စည်းတွေဘယ်နေရာမှာ ဘာထားတယ်ဆိုတာပြောပြပါတယ်။

အဲဒီညမှာတာ့ သတို့သားက သတို့သမီးကို မပိုင်သေးပါဘူး။ သတို့သမီးနဲ့ သူငယ်ချင်းတွေကို တခန်းတည်း ပေးအိပ်ပါတယ်။ သူတို့သားကလည်း အိမ်မှာလူပျိုသူငယ်ချင်းတွေနဲ့တစ်ခန်းတည်း အိပ်ကြပါတယ်။ သူငယ်ချင်းအိမ်မှာလည်း သွားအိပ်တာမျိုးလည်းရှိပါတယ်။ သတို့သမီးနဲ့ သူငယ်ချင်းတွေ ထမင်းဟင်းချက်ဖို့ မနက်စောစော ထလာမှ သတို့သားလည်းပြန်လာတယ်။

ခိုးပြေးပြီး မနက်မှတော့ သတို့သားဘက်က သက်ဆိုင်ရာလူကြီးမင်းတွေက သတို့သမီးမိဘထံ အကြောင်းကြားပါတယ်။ အကြောင်းကြားတဲ့အချိန်မှာလဲ လက်ဖက်ခြောက်၊ ဆေးပေါ့လိပ်၊ သကြား၊ နို့မှုန့်၊ ပိုက်ဆံ (တန်ဖိုးပမာဏ မသတ်မှတ်ပါ) တွေနဲ့အတူ ကန်တော့ပွဲလိုထဲ့ပြီး ကန်တော့ရပါတယ်။ ဒါကတော့ သတို့သားနဲ့သတို့သမီး ပေါင်းသင်းနိုင်ရန်အတွက် မိဘတွေထံပြန်ပြီး ခွင့်တောင်းတဲ့သဘောကို ဆောင်ပါတယ်။ သတို့သမီးမိဘတွေက ကန်တော့တာကို လက်ခံတယ်ဆိုရင် သတို့သားနဲ့သတို့သမီး ပေါင်းသင်းနိုင်ရန်အတွက် ခွင့်ပြုတဲ့သဘောကို ဆောင်ပါတယ်။

နောက်တညမှ သတို့သမီးနဲ့ အိမ်နီးနားချင်း သူငယ်ချင်းနဲ့ သတို့သားရဲ့ အဒေါ်တော်စပ်သူတွေနဲ့ သတို့သမီးကို သူ့မိဘထံပြန်အပ်ပြီး ကန်တော့ပါတယ်။ မိဘတွေရဲ့ ဆုံးမသြ၀ါဒတွေကိုနာခံပြီးမှ သတို့သမီးကို သတို့သားအိမ်ထံပြန်ခေါ်လာကြပါတယ်။ သတို့သားကတော့ မလိုက်သွားပါဘူး။ မင်္ဂလာမဆောင်မချင်း သတို့သမီးအိမ်ကိုသွားလေ့မရှိပါဘူး။

ခိုးပြေးပြီး တစ်ပတ်နှစ်ပတ်ကြာမှာတော့ သတို့သားဘက်ကလည်း မင်္ဂလာဆောင်ရန်အတွက် သတို့သမီးကို သက်ဆိုင်ရာလူကြီးတွေကိုခေါ်ပြီး တင်တောင်းရပြန်ပါတယ်။ တင်တောင်းတဲ့အချိန်မှာလဲ သူတို့သမီးဘက်ကလည်း (ကျာင်းနန်း) ကိုထာပေးရပါတယ်။ သတို့သားဘက်ကလည်းဘဲ (ကျာင်းနန်း) ထားပေးရပါတယ်။

(ကျာင်းနန်း ဆိုတာက သတို့သားနဲ့ သတို့သမီး မင်္ဂလာကိစ္စကို ဖြစ်မြောက်အောင်၊ နှစ်ဖက်မိဘတွေနဲ့ ကူညီဆောင်ရွက်ပေးတဲ့သူပါ။ အကယ်၍ နောင်တချိန်မှာ ကွာရှင်းပြတ်စဲဖြစ်ခဲ့ရင်လည်း ကျာင်းနန်းက သတို့သမီးနဲ့ သတို့သား ကွာရှင်းပြတ်စဲကြောင်းကို နှစ်ဦးမိဘတွေကို အသိပေးရတယ်။ ပြီးတော့ သားမက်တော်စပ်သူကဘဲ ကျာင်းနန်းဖြစ်ပိုင်ခွင့်ရှိတယ်။ )

သတို့သမီးဘက်ကလည်း လိုချင်တဲ့ငွေတန်ဖိုးပမာဏကို တင်တောင်းပိုင်ခွင့်ရှိတယ်။ သတို့သားဘက်ကလည်း ပေးနိုင်တဲ့ ငွေတန်ဖိုးပမာဏကို တင်ပြပိုင်ခွင့်ရှိတယ်။ တခါလေကျရင် သတို့သားနဲ့ သတို့သမီးတို့ခိုးရာလိုက်မပြေးခင်မှာ လက်ထပ်မယ်ဆိုရင် ဘယ်လောက်တင်တောင်းရမယ်ဆိုတာကိုလည်း သဘောတူထားလေ့ရှိတယ်။ သက်ဆိုင်ရာလူကြီးတွေကလည်း နှစ်ဦးနှစ်ဘက်အတွက်မျှတအောင် ဆောင်ရွက်ပေးပါတယ်။

တင်တောင်းပြီး သတို့သားဘက်က တင်တောင်းတဲ့ငွေပမာဏကို သတို့သမီးမိဘတွေက လက်ခံပါတယ်။ ဒါပေမဲ့ သတို့သားဘက်က တင်တောင်းတဲ့ငွေကို သတို့သမီးမိဘတွေက မင်္ဂလာဆောင်ခန်းဝင်ပစ္စည်းမှန်သမျှ ပြန်ပြင်ဆင်ပေးရပါတယ်။ ဥပမာ- အိပ်ယာခင်း၊ ဗီဒို၊ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်၊ အိုး၊ခွက်၊ ပန်းကန်၊ အ၀တ်အထည်စသည့်ဖြင့် ၀ယ်ပေးရပါတယ်။

မင်္ဂလာမဆောင်ခင် တစ်နှစ်ရက်မှာ သတို့သမီးက မင်္ဂလာဆောင်အတွက် မိဘအိမ်ကိုပြန်နေရပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သားက သတို့သမီးကို ပြန်သွားခေါ်ရပါတယ်။ သတို့သမီးဘက်က သက်ဆိုင်ရာလူကြီးနဲ့ တာကျောင်းဆုံးမသည့် မင်္ဂလာစကားကို နာကြားပြီးမှ ပြန်လာရပါတယ်။

မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သမီးကိုပေးလိုက်တဲ့ပစ္စည်းတွေကို သတို့သမီးရဲ့ အဒေါ်တော်စပ်သူက သူ နိုင်သလောက် သယ်ပေးရပါတယ်။ ပြီးရင်သူ့ကို ကန်တော့တဲ့ငွေပြန်ပေးရပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာဘဲ မင်္ဂလာယူပြီးရင် သတို့သမီးရဲ့အဒေါ်တော်စပ်သူတစ်ယောက်ယောက်က သတို့သမီးကို သတို့သားရဲ့မိဘထံပြန်လည်အပ်နှံရပါတယ်။ အပ်နှံတဲ့အချိန်မှာတော့ သတို့သမီးကို လိုအပ်တာရှိရင် ဆုံးမသွင်သင်နိုင်တယ်ဆိုတဲ့ စကားတွေကိုပြောတယ်။ သတို့သမီးကလည်းဘဲ သတို့သားမိဘတွေရဲ့သမီးဖြစ်ကြောင်းကိုပြောပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သမီးနဲ့ သတို့သားတို့ရဲ့ အိပ်ယာခင်းတွေကို အပျိုသူငယ်ချင်းများက ၀ိုင်းပြီးခင်ပေးပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်အခမ်းနားပြီးသွားလို့ သတို့သမီးနဲ့ သတို့သားကို အိပ်ယာခင်းဖိုးပြန်တောင်းတဲ့ဓလေ့ရှိပါတယ်။ သတို့သမီးနဲ့သတို့သားလည်း သူငယ်ချင်းများပျော်ရွှင်စွာစရာလေးဖြစ်အောင် အိပ်ယာခင်းပေးတဲ့သူငယ်ချင်းတွေ တောင်းတဲ့ငွေမမာဏကို ပျော်ရွှင်စွာနဲ့ဘဲ ပေးပါတယ်။ ဒါတွေကတော့ကတော့ လက်ထပ်မင်္ဂလာထိမ်းမြားတဲ့သူတိုင်းအတွက် ပျော်ရွှင်စရာလေးတွေကို ဖန်တီးပေးတဲ့သဘောပါ။ သတို့သားနဲ့သတို့သမီး ရာသက်ပန်အထိ ပေါင်းသင်းနိုင်ပါစေလို့လည်သူငယ်ချင်းများကး ဆုတောင်းပေးကြပါတယ်။

မင်္ဂလာဆောင်တဲ့အချိန်မှာလဲ ကျာင်းနန်း နဲ့ တာကျောင်း နှစ်ဦးကိုလည်း မရှိမဖြစ်လိုအပ်ပါတယ်။ တာကျောင်းဆိုတာက မင်္ဂလာဆောင်တဲ့နေ့မှာ မင်္ဂလာယူရန် မင်္ဂလာစကားကို ဟောကြားပေးတဲ့သူပါ။

သတို့သမီးကိုတင်တောင်းပုံကတော့ မေတ္တာချင်းမျှတဲ့ လူပျိုနှင့်အပျိုတွေက မိန်းခလေးဘက်က တင်တောင်းရန်အတွက် ယောက်ကျားလေးကို တောင်းဆိုနိုင်တယ်။ အထူးသဖြင့် ချမ်းသာတဲ့အသိုင်းအ၀ိုင်းနဲ့ ပညာတတ်အသိုင်းအ၀ိုင်းက တောင်းရမ်းတာကို ပြုလုပ်လေ့ရှိတယ်။ တောင်းရမ်းတဲ့အချိန်မှာ သတို့သမီးက သူငယ်ချင်းဖြစ်ဖြစ်၊ အဒေါ်ဖြစ်ဖြစ်၊ မိမိအိမ်နီးနားချင်းက တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး သူ၏မိဘတွေကို ဘယ်သူရဲ့သားက သူတို့သမီးကို လာတင်တောင်းမယ်ဆိုတာကို ပြောခိုင်းပါတယ်။

ပြီးမှ သတို့သားဘက်က ကျာင်းနန်းနဲ့ သက်ဆိုင်ရာလူကြီးတွေက သတို့သမီးကို တင်တောင်းပါတယ်။ သတို့သမီးဘက်က လိုချင်သည့်ငွေပမာဏကို တင်တောင်းနိုင်သလို သတို့သားဘက်ကလည်း တင်တောင်းနိုင်တဲ့ငွေမမာဏကို တင်ပြပိုင်ခွင့်ရှိပါတယ်။ မင်္ဂလာမဆောင်မချင်းတော့ သတို့သမီးက သူတို့သားအိမ်ကို သွားနေပိုင်ခွင့်မရှိသလို သတို့သားကလည်းဘဲ သတို့သမီးကို မပိုင်ဆိုင်သေးပါဘူး။ တင်တောင်းမယ်ဆိုတဲ့နေ့ကနေစပြီး သတို့သားလည်း သတို့သမီးအိမ်ကိုသွားလို့မရသတို သတို့သားကလည်း သတို့သမီအိမ်ကိုလည်း သွားခွင့်မရှိပါဘူး။ မင်္ဂလာဆောင်တဲ့နေ့ကျရင် သတို့သားက သတို့သမီးကို သွားခေါ်ရတယ်။ သတို့သမီးဘက်က သက်ဆိုင်ရာလူကြီးနဲ့ တာကျောင်းဆုံးမသည့် မင်္ဂလာစကားကို နာကြားပြီးမှ ပြန်လာရပါတယ်။ သတို့သမီးလည်းဘဲ သတို့သားလာခေါ်မှာ လိုက်သွားရတယ်။ မင်္ဂလာဆောင်တဲ့နေ့ကနေစပြီး သတို့သားက သတို့သမီးကို ပိုင်ဆိုင်ခွင့်ရှိတယ်။

မင်္ဂလာဆောင်တဲ့အချိန်မှာ မင်္ဂလာအခမ်းနားတော့ တူပါတယ်။ တင်တောင်းပုံနဲ့ ခိုးသူပုံကသာ အနည်းအကျဉ်းကွာခြားပါတယ်။
Read more »

ပလောင်တို့၏ မင်္ဂလာပွဲအခမ်းအနား

PDF Print E-mail
မင်္ဂလာနေ့တွင် သတိုးသားအိမ်နှင့် သတိုးသမီးအိမ် နှစ်အိမ်စလုံး ရန်ခိုက်ဒေါသဖြစ်ခြင်း၊ ငိုကြွေးခြင်း၊ အမင်္ဂလာစကား ပြောဆိုခြင်းတို့ကို အလျဉ်းမပြုလုပ်ကြရပေ။ သတိုးသားအိမ်၌ သတိုသားဘက်က ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် သတို့သမီးအိမ်၌ သတို့သမီးဘက်က ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များကို မျှစ်ချဉ်၊ ကြက်သွန်ဖြူစိမ်း၊ု ကုဇွန်ခြောက်နှင့် ငရုပ်သီးမှုန့်တို့ဖြင့် သုတ်ထားသော “လဆုတ်” ခေါ် လက်သုတ်နှင့်သော်လည်းကောင်း၊ ရာသီအလိုက်ပေါ်သော ဟင်းသီးဟင်းရွက်များကို ပေါင်း၍ ပဲပုပ်မှန်း မျှစ်ချဉ်ရေနှင့် သုတ်ထားသော “တူးကဆူးကဗါလ်” ခေါ် ဟင်းရွက်ပေါင်းအသုတ်နှင့်သော်လည်းကောင်း လက်ဖက်ရည်ကြမ်းနှင့် ကျွေးမွေးဧည့်ခံလေ့ရှိကြသည်။
ပစ္စည်းဥစ္စာ ပြည့်စုံသူများနှင့် မြို့ကြီး အရပ်ကြီးများ၌ ကော်ဖီ၊ လက်ဖက်ရည်အချို၊ မုန့်မျိုးစုံတို့ဖြင့် ကုလာထိုင်များ ခင်းကျင်းကာ ဧည့်ခံကြသည်။

ဧည့်ခံကျွေးမွေးပြီးနောက် မင်္ဂလာအချိန်ရောက်သောအခါ မင်္ဂလာအကျိုးဆောင်က ရှေ့ဆောင်၍ သတို့သားနှင့် ဧည့်ပရိသတ်များပါ သိုက်သိုက်ဝန်းဝန်းဖြင့် သတို့သမီးအိမ်သို့ သွားကြရပါသည်။ သတို့သမီးအိမ်ရှိ ပရိသတ်များထဲတွင် “တာကျယ်” ခေါ် သမာဓိလူကြီးများရှိပါသည်။ မင်္ဂလာအခမ်းအနားတွင် နှစ်ဘက်သော မိဘများက မည်သို့မျှ ၀င်ရောက်ပြောဆိုခြင်း၊ မပြုကြဘဲ မင်္ဂလာအကျိုးဆောင်နှင့် သမာဓိလူကြီးများသာ ပြောဆိုကြပေသည်။

ရှေးဦးစွာ မင်္ဂလာအကျိုးဆောင်က ကွမ်းးစားဆေးထည့်သော ကလပ်ကို လူကြီးများရှေ့တွင်ချထားသည် ပြီးနောက် သူ၏ ဦးရစ်ဗေါင်းထုပ်ကို ချွတ်၍ ဒူးထောက်က ဦးသုံးကြိမ်ညွတ် အရိုအသေပြုလျက် နှုတ်တိုက် အရကျက်ထားသော ပလောင်သာဖြင့် လင်္ကာများကို ဟောပြောပါသည်။ ဗမာဘာသာဖြင့် လိုရင်းအဓိပါယ်မှာ ခေါင်းငုံ့ရိုကြိုး မာန်လျှိုးပါ၏။ ခြေဖ၀ါးတော်အောက် ရိုသေစွာ ၀ပ်လျှိုးပါ၏။ ကျနော်များသည် ကံသုံးပါးဖြင့် မပြစ်မှားမိစေရန် အလိုငှါ၊ ဓလေ့ထုံးစံကို အမှားအယွင်းမရှိစေရအောင် ယခုပွဲတိုင် ကြွရောက်တော်မူကြသော (၇)သားသမီး၊ အဖိုးအဖွား၊ သက်ကြီးရွယ်အို ၃ဦး၊ အဓိပတိ လူကြီးများထံမှောက်သို့ လာရောက်ကြပါသည် ရွှေနှုတ်တော်က ချိုသားစွာမှတ်မည့် မိန့်ခွန်းတော်သံကို ကျနော်များတို့ အဆင်သင့် နာခံပါရန် ရောက်ရှိလာရပါကြောင်းကို ရုံးပေါင်း၍ ခေါင်းငုံ့ကာ ၀ပ်လျှိုးပြီး အစီရင်တော် ခံအပ်ပါသည် ဂုဏ်သရေရှိလူမင်းခများ။

မင်္ဂလာအကျိုးဆောင်က ရှေးဦးစွာ နိဒါန်းသဖွယ် မင်္ဂလာဆောင်စကားပြောပြီးနောက် သမဓိ လူကြီးမင်းများထဲမှ တယောက်ယောက်က ပလောင်ဘာသာဖြင့် လင်္ကာများကို ပြန်လည်း ရွက်ဆိုထားပါသည်။

အသင်တို့သည် ယခုကဲ့သို့ အဖိုး၊ အဖွား၊ ဆွေမျိုး ညာတကာတို့ရှေ့မှောက်သို့ လာရောက်ကြပြီးနောက် ဦးသုံးကြိမ်ညွတ်ကာ ၀ပ်လျှိုး တောင်းပန်ကြသော စကားဖြင့် အမိန့်သံကို နာခံလိုကြောင့် သိရပေသည်။ သို့သော်လည်း မချွန်သောဝါးကို ပန္နက်အတွက် အသုံးမချ၊ ချွန်ထက်သောဝါးမှ ပန္နက်အတွက် အသုံးပြုသကဲ့သို့ လလိမ္မာတတ် သိနားလည်သော သူကိုမှသာ ရှေ့ဆောင်ရှေ့ရွက် အသုံးပြုသဖြင့် အမောင်တို့ အလိုရှိအပသော အကြာင်းအရာများကို ရှင်းရှင်းနှင့်လင်းလင်းပြောဆိုရန် အခွင့်ပေးပါ၏။ အစရှိသဖြင့် သမာဓိလူကြီးနှင့် မင်္ဂလာအကျိုးဆောင်တို့ အပြန်အလှန် လင်္ကာပတ်တမ်းနှင့် မင်္ဂလာစကားပြောဆိုကြသည်။ ထိုသို့ ပြောဆိုကြသည်မှာ ၂နာရီနီးပါးခန့် ကြာလေသည်။

မင်္ဂလာအကျိုးဆောင်က သတို့သားသည်၊ သတို့သမီးတို့အား အိမ်ထောင်ရှင်ဖြစ်ကြပြီးဖြစ်၍ ရတနာသုံးပါး မိဘ၊ ဆရာသမားတို့ကို ရိုသေကိုင်းရှိုင်းပြီး ဆိုဆုံးမစကားကို ကျိုးနွံစွာ လိုက်နာ၍ တယောက်နှင့်တယောက် သစ္စာမဖောက်ဘဲ အမျိုးအနွယ်ကို စောင့်ရှောက်ပြီး လောကအလယ်မှာ တင့်တယ်စွာ သွားလာနေထိုင်နိုင်အောင် ပစ္စည်းရှာဖွေ စုဆောင်းခြင်းများကို ပြောဆိုဆုံးမ သြ၀ါဒပေးပါသည်။

သတို့သားနှင့် သတို့သမီးတို့က ဆိုဆုံးမသည်ကို နာယူပြီး လူကြီးမိဘ၊ ဆရာသမား၊ သက်ကြီးရွယ်အိုးများကို လက်အုပ်ချီ ကန်တော့ကြလေသည်။ ပရိသတ်များကလည်း မင်္ဂလာ ဆုပေးခြင်းပြုကြသည်။ မင်္ဂလာအခမ်းအနားလည်း ပြီးဆုံးလေသည်။

မင်္ဂလာအခမ်းအနားတွင် သတို့သမီး မိခင်နို့ဖိုးကို ပေးရပါသည်။ ကိုယ်တတ်နိုင်သလောက်ပေးဆောင်ရပါသည်။ သတို့သမီးဖက်မှ သက်ဆိုင်သူလူကြီးများဝေယူရန် ကန်တော့ကြေးအဖြစ်လည်း ပြန်ပေးရပါသည်။ ထို့ပြင် နှီးနှင့်ရက်ထားသော ရာဇမတ်ငယ်ကေးလတခု၊ ကြံပင်၊ ငှက်ပျောပင်ငယ်၊ တွန်ခပ်ခေါ် ထမင်းစေ့ကြမ်းပင်အကိုင်းတကိုင်း “လငွီး” ခေါ် သတို့သမီးခေါင်းဆောင် ခြုံထည်တထည်နှင့် သတို့သားခေါင်းပေါင်း တထည်ကိုပါ ကန်တော့ပွဲတွင် ထည့်ရလေသည်။

ကန်တော့ပွဲတွင် ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်၊ “တွန်ခပ်” ထမင်းစေ့ကြမ်းပင် အကိုင်းတကိုင်း၊ သတို့သမီးခေါင်းခြုံထည်နှင့် သတို့သားခေါင်းပေါင်း ထည့်ရသော ထုံးစံမှာ ရှေးသရောအခါ ပလောင် လုလင်ပျိုတဦးနှင့် ပလောင်လုံမပျိုတဦးတို့ မေတ္တာမျှ၍ လုလင်ပျိုက ခိုးယူသော ညတွင် သူမ၏ အိမ်ဝင်းထရံ ရာဇမတ်ကို ဖျက်ဆီး၍ ၀င်ပြီး  ကြံပင်၊ ငှက်ပျောပင်များကို တိုးဝှေ့ဖြတ်ကျော်ကာ ခိုးယူသွားရာ၊ ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ချစ်သူနှစ်ယောက်သည် ထမင်းစေ့ကြမ်း ပင်အောက်သို့ရောက်သောအခါ ခရီးတလျှောက်နားရာတွင် လုလင်၏ ခေါင်းပေါင်းနှင့် သူမ၏ ခေါင်းဆောင်းခြုံထည် ကျကျန်ရစ်ခဲ့သည်။

နံနက်မိုးလင်းသောအခါ သူမ၏မိဘများက လိုက်ရှာကြရာ ပျက်စီးနေသော ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များနှင့် ထမင်းစေ့ကြမ်းပင်အောက်တွင် ခေါင်းပေါင်းနှင့် ခေါင်းဆောင်းခြုံထည်ကိုပါ တွေ့ရှိကြရ၍ လူကြီးစုံရာကို သက်သေခံအဖြစ် တင်ပြပြီးနောက် မင်္ဂလာလက်ထပ်ပေးခဲ့သော ရှေးအစဉ်အလာ ဓလေ့ထုံးစံရှိခဲ့သည့်အတိုင်း လက်ထပ်မင်္ဂလာပွဲတွင် ၄င်းပစ္စည်းများထည့်ရလေသည်။

ထမင်းစေ့ကြမ်းပင်ကို ပလောင်ဘသာဖြင့် “တွန်ခပ်” ပင်ခေါ်သည်။ “တွန်” အပင် “ခပ်” လက်ထပ်ခြင်း။ လက်ထပ်ပေးသောအပင် အဓိပါယ်ဖြစ်သည် မြန်မာများက ထမင်းစေ့ကြမ်းပင်ဟုခေါ်သည်။ အချို့သောဒေသများတွင် ဆပ်ပြာပင်ဟုလည်းခေါ်သည်။

၎င်းတွန်ခပ်ပင်ခေါ် ထမင်းစေ့ကြမ်းပင် (သို့) ဆပ်ပြာပင်သည် တရော်ခုနှစ်မျိုးတွင်ပါသည်။ တရော်ခုနှစ်မျိုးမှာ (၁) တရော်နီ (၂) တရော်ညို (၃) တရော်ဖြူ (၄) တလိုင်းတရော် (၅) နှစ်ပင်တရော် (၆) နတ်သမီးတရော် (၇) ဆပ်ပြာပင်ရွက်တို့ပါဝင်ပြီး ၄င်းတို့ကို သနတ်သရော်ဟုလည်း ခေါ်သေးသည်။
မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။
Read more »

တအာင်းရိုးရာပွဲတော်ရှိုး

Read more »

တအာင်းရိုးရာသိုင်းအက

Read more »

တအာင်းမောင်မယ်ရိုးရာစုံတွဲဖက်ရှင်

Read more »

နှံက်ဆဲ;

Read more »

ကမေဲ;အံဝ်း

Read more »

Friday, January 14, 2011

တအာင်းမောင်မယ်ဖက်ရှင်ရှိုး

Read more »

တအာင်းရိုးရာပွဲတော်

Read more »

Ta'ang Traditional Dance

Read more »

Palaung tribe full moon party Myanmar

Read more »

Thursday, January 13, 2011

၄၈နှစ်မြောက်တအာင်းအမျိုးသားတော်လှန်ရေးနေ့ ပလာင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်

ပလောင်တမျိုးသားလုံး လွတ်မြောက်ရန်အတွက် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို စတင်တွန်းလှန်တိုက်ခိုက်လာခဲ့ကြသည်မှာ ၄၈ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ တန်းတူညီမျှရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ပလောင်တမျိုးသားလုံးတို့ ရည်မှန်းချက်ပန်းတိုင်သို့မရောက်မချင်း တော်လှန်ရေးသစ္စာဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ရန် နှိုးဆော်တပ်လှန့်လိုက်သော ပလောင်အမျိုးသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ပလောင်အမျိုးသားတို့၏ အမျိုးသားတော်လှန်ရေးခရီး ၄၈ နှစ်တာ ကာလအတွင်း အသက်သွေးချွေး၊ အိုးအိမ်စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီး လှူဒါန်းခဲ့ကြသော မျိုးချစ်ပလောင်ပြည်သူလူထုနှင့် ပလောင်အာဇာနည်ခေါင်းဆောင်များ၊ ရဲဘော်ရဲမေအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
အမျိုးသားလွတ်မြောက်ရေး ၄၈ နှစ်တာကာလအတွင်း အခက်အခဲ အကျပ်အတည်းပေါင်းစုံရင်ဆိုင်ခဲ့ကြရပြီး၊ အောင်မြင်မှု၊ ရှူံးနိမ့်မှု မျိုးစုံနှင့်တွေ့ကြုံခဲ့ကြရပါသည်။ ဘုံရန်သူ စစ်အုပ်စု၏ ကောက်ကျစ်သည့် ပရိယာယ်သွေးခွဲမှုများ၊ မိမိတို့၏ အားနည်းချက်များကြောင့် တော်လှန်ရေး အရှိန်နိမ့်ကျခဲ့ရပါသည်။ ထိုကဲ့သို့သော မှားယွင်းမှုဒါဏ်ကို ပလောင်ပြည်သူလူထုတို့ ဆိုးရွားစွာခံစားနေကြရပါသည်။ မိမိတို့၏ လက်ရှိ
အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ဆီသို့ ဦးတည်ဆောင်ရွက်ရန် အလွန်အရေးကြီးသော ကာလ ဖြစ်ပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အနေဖြင့် စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို အကောင် အထည်ဖော်မည့် နိုင်ငံရေးဖြစ်စဉ်များအားလုံးကို လုံးဝ လက်ခံမည်မဟုတ်ဘဲ ဆန့်ကျင်ကန့်ကွက်တိုက်ဖျက်သွားမည်ဖြစ်သည်။ မကြာမှီ အချိန်
တွင် ခေါ်ယူဖွဲ့စည်းမည့် ပါလီမန်လွှတ်တော်နှင့်အစိုးရသည် ဟန်ပြအတုအယောင်သာဖြစ်ပြီး ပြည်သူလူထု၏အကျိုးကို အမှန်တကယ် ကာကွယ် ဆောင်ရွက်နိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။
ထို အတုယောင်နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်နေသည့် တအာင်း(ပလောင်)အမျိုးသားပါတီ အနေဖြင့် ပလောင်ပြည်သူလူထု အကျိုးစီးပွားကို ရည်မှန်းထားသည့်အတိုင်းဆောင်ရွက်ပိုင်ခွင့်ကို စစ်အုပ်စုက မည်သည့်အချိန်မှ ခွင့်ပြုသဘောတူလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် အတိဒုက္ခရောက်နေသော ပလောင်မိဘပြည်သူများ၏ ဘ၀ကိုစာနာပြီး ပလောင်အမျိုးသားလွတ်မြောက်ရေးအတွက် ခုခံကာကွယ် ဆောင်ရွက် ရန် အလေးအနက်ပန်ကြားအပ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာတွေ့ဆုံဖြေရှင်းရန် ကြိုးပမ်းသော်လည်း၊ စစ်အုပ်စု က တဘက်သတ်အင်အားသုံးအကျပ်ကိုင်နေခြင်းကြောင့် နှစ်ဘက်တင်းမာမှု ပိုမိုကြီးမားလာခဲ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်အုပ်စုအား တဖွဲ့ချင်းထိပ်တိုက်ရင်ဆိုင်သည်ထက် စုပေါင်းအားဖြင့် လုပ်ဆောင်မှသာလျှင် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ တပ်ဦး
အနေဖြင့်လည်း အားလုံးနှင့်လက်တွဲကာ ဘုံရန်သူစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ၀ိုင်းဝန်းချေမှုန်း ဖိအားပေးသွားမည်ဖြစ်သည်။ ထိုအတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ဦးဆောင်ကြိုးပမ်းနေသည့် ဒုတိယပင်လုံညီလာခံ (၀ါ) ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးသည် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆုံချက်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ဦးတည်
သော လုပ်ငန်းစဉ်အဖြစ် မိမိတို့ တပ်ဦးမှ ထောက်ခံဝန်းရံသွားမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် ပလောင်ပြည်သူလူထုတရပ်လုံး အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရန်အတွက် ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤ (၄၈) နှစ်မြောက် တအာင်း (ပလောင်) အမျိုးသားတော်လှန်ရေး နှစ်ပတ်လည်နေ့တွင် အလေးအနက်ကတိပြုရင်း တပ်ဦး၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
အာဏာရှင်စနစ် မုချကျဆုံးရမည်။
အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီ တော်လှန်ရေး မုချအောင်မြင်ရမည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
ဇန္န၀ါရီလ၊ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်။ ပြာသိုလဆန်း ၈ ရက်၊ ၁၃၇၂ ခုနှစ်။
Read more »

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ရဲ့ ပလောင်နိုင်ငံရေးအခြေအနေ သုံးသပ်တင်ပြချက်

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့မှာ ပလောင်အမျိုးသားတော်လှန်ရေးတိုက်ပွဲဆင်နွှွှွှဲလာခဲ့တာ ၄၈ နှစ် ပြည့်မြောက် လာခဲ့ပါပြီ။ တော်လှန်ရေးဦးတည်ချက်ဖြစ်တဲ့ ပလောင်ပြည်နယ်ရရှိရေး၊ တန်းတူညီမျှရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးရရှိရေး တွေတော့မရရှိသေးပါ။ သို့သော် ကျေးဇူးကြီးမားလှတဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးများအစပြုခဲ့တဲ့ တော်လှန်ရေးရည်မှန်းချက်
ပန်းတိုင်ကို မယိုင်မလဲ ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။ တဗိုလ်ဆင်း တဗိုလ်တက်နဲ့ တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင်ကြိုးပမ်းရမှာပါပဲ။ တော်လှန်ရေးပုခုံး ပြောင်းတာဝန်ကို မျိုးဆက်သစ်အဆက်ဆက်က ဆက်လက်ခံယူပြီး အောင်မြင်မှုပန်းတိုင်ဆီကို လျှောက်လှမ်း ကြရမှာဖြစ်ပါတယ်။
တော်လှန်ရေးအဆက်ဆက်မှာ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ် ပေးလှူခဲ့ကြတဲ့ ရဲဘော် အာဇာနည်ခေါင်းဆောင်နဲ့ ပလောင် မိဘပြည်သူကို အစဉ်ဦးညွတ်ဂုဏ်ပြုပါတယ်။ တော်လှန်ရေးခရီးအစပြုခြင်း
မြန်မာပြည်လွတ်လပ်ရေးရပြီးစ ပလောင်တော်လှန်ရေးသမိုင်းရဲ့ အစကနဦး အခြေအနေကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ပလောင် လူမျိုးတွေရဲ့ နိုင်ငံရေးတက်ကြွမှုဟာ ရိုးရှင်းတည်ငြိမ်လွန်းခဲ့ပါတယ်။ တောခေါင် တောင်အမြင့်မှာ ငြိမ်းချမ်းတဲ့လူနေမှုဘ၀ကို တည်ဆောက် သာယာကြပါတယ်။ ဒါပေမဲ့ ၁၉၆၀ ၀န်းကျင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မျိုးချစ်ပလောင်ခေါင်းဆောင်တွေဟာ ပလောင်တောင်ပိုင်
ဒေသနဲ့ ပလောင်လူမျိုးကို ရရာလက်နက်နဲ့ ကာကွယ်ဖို့ တော်လှန်ရေးစခဲ့ကြရပါတယ်။
တာခွန်သောင်း တို့ မျိုးချစ်ပလောင်ခေါင်းဆောင်တွေ ကချင်တော်လှန်ရေးအဖွဲ့ရဲ့ အကူအညီနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်လှုပ်ရှားလာသလို ပလောင်တောင်ပိုင်စော်ဘွားမျိုးနွယ်ဖြစ်တဲ့ တာခွန်အေး၊ တာခွန်လီတို့လို မျိုးချစ်ခေါင်းဆောင်တွေက ရှမ်းတော်လှန်ရေး အဖွဲ့တွေရဲ့ အကူအညီနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။ ပလောင်အမျိုးသားတပ်ဦးကနေ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ အထိ ပလောင်အမျိုးသားတော်လှန်ရေးအလံကို မြင့်မြင့်မား
မားလွှွှင့်ထူပြီး ဦးဆောင်ခဲ့ပါတယ်။ ပလောင်မိဘပြည်သူတရပ်လုံးကလည်း ပလောင်တော်လှန်ရေးလှုပ်ရှားမှုကို လူအား၊ ငွေအား အသက်၊ သွေး၊ ချွေး အားပေါင်းစုံနဲ့ ထောက်ခံဝန်းရံပံ့ပိုးခဲ့ပါတယ်။ ပလောင်ပြည်နယ်ရရှိဖို့၊ ပလောင်စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ဖို့၊ ပလောင် မိဘ ပြည်သူတွေရဲ့ စားဝတ်နေရေး စီးပွားရေး အခြေအနေတွေ ကာကွယ်မြှင့်တင်ဖို့ စတဲ့ ပလောင်အမျိုးသားရေးကို အားကောင်းမောင်းသန် စုပေါင်း
ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ တော်လှန်ရေးအလှည့်အပြောင်းကြီးမားမှုအောက်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ကြီး ၁၉၉၁ နှစ်ဦးမှာ အပစ်ခတ်ရပ်စဲ ခဲ့ရပါတယ်။ စစ်အုပ်စုတွေအမြဲဂုဏ်ယူပြီးပြောတာကတော့ တောတွင်းလက်နက်ကိုင်သောင်းကျန်းသူတွေ ဥပဒေဘောင်တွင်း ၀င်ရောက်တယ်။ ခံသာအောင်သုံးသပ်ကြတာကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကြိုးစားကြည့်တဲ့သဘောပါ။ တကယ်တမ်းကြတော့ နိုင်ငံရေးအရဆွေးနွေးဖို့ ဘာလမ်းစမှ မရခဲ့ပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားချိနဲ့သွားစေမဲ့ နိဒါန်းတွေ
ချမိသွားတာပါပဲ။ တော်လှန်ရေးသတိ အားနည်းချို့တဲ့မှုဒါဏ်ကို လက်တွေ့အကျိုးခံစားရတာပါ။
အပစ်ရပ်ကာလ အစကနဦးမှာတော့ ဒေသဖွံ့ဖြိုးမှုတွေ၊ စည်းရုံးရေးတွေ လုပ်နိုင်ခဲ့ပေမဲ့ ၂၀၀၅ နှစ်ဦးမှာတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ လက်နက်ဖြုတ်သိမ်းခံရပြီး နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ရပါတယ်။
နှစ်သုံးဆယ်ကာလအတွင်း ပလောင်မိဘပြည်သူတွေရဲ့ အသက်သွေးချွေးနဲ့ ခဲရာခဲဆစ်တည်ဆောက်ခဲ့တဲ့ ပလောင်တပ်မတော်ကြီး ပြိုလဲခဲ့ရတယ်။ ပျက်စီးခဲ့ရတယ်။ စစ်အုပ်စုရဲ့အမဲဖျက်သလို ဖျက်ဆီးတာ ခံခဲ့ကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပလောင်လူမျိုးတွေရဲ့ တော်လှန်တဲ့စိတ်ဓါတ်ကိုရှင်သန်စေခဲ့တဲ့ တော်လှန်ရေးအစ ၁၉၆၃ ကနေ အပစ်ရပ်စဲခဲ့တဲ့ ၁၉၉၁ ထိ ဦးဆောင်ပေးဆပ်ခဲ့ကြတဲ့ ပလောင်ခေါင်းဆောင်ကြီးတွေ ရဲဘော်ရဲမေတွေကိုတော့ ပလောင်မိဘပြည်သူတရပ်လုံးက အမြဲတမ်း
အောက်မေ့တမ်းတနေရမဲ့ သမိုင်းမှတ်တိုင်ကြီးပါ။ ပလောင်အမျိုးသားတော်လှန်ရေးမှာ အစဉ်ဦးညွတ်အလေးပြုရမဲ့ ခေါင်းဆောင်ပုဂ္ဂိ္ဂ္ဂ္ဂုလ် ပလောင်အာဇာနည်ကြီးတွေပါ။
ပလောင်တော်လှန်ရေးအတွက် မျှော်လင့်ချက်ရှင်သန်ဖို့ မှန်ကန်တဲ့လုပ်ရပ်တခုကတော့ တော်လှန်ရေးလုပ်ငန်းတွေဆက်လုပ်ဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးနဲ့ လူငယ်အမျိုးသမီးခေါင်းဆောင်တွေ မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပါတယ်။

ဟန်ပြရွေးကောက်ပွဲ ဝဲဂယက်ထဲက ပလောင်နိုင်ငံရေး

အတုအယောင်ရွေးကောက်ပွဲဆိုတာ အားလုံးအသိဖြစ်နေပေမဲ့ စစ်အုပ်စုဖွင့်ပေးတဲ့လမ်းအတိုင်း လမ်းစတခုအဖြစ် ပါဝင်ခဲ့ကြတာပါပဲ။ လက်နက်ကိုင်တပ်တခုလုံးကိုတောင် အပ်နှံဖျက်ဆီးခံဝံ့ခဲ့တဲ့ ခေါင်းဆောင်တချို့ဟာ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်တာ မထူးဆန်းပါဘူး။
စစ်အုပ်စုပေးတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဟာ အတုယောင်ဆိုတာ သိနေပေမဲ့လည်း စားကျက်မြေတောင် လွတ်လွတ်လပ်လပ်စီမံခွင့် မရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ၀မ်းသာခဲ့ကြပါတယ်။
စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တအာင်း(ပလောင်)အမျိုးသားပါတီ (တီအန်ပီ) တရပ် နအဖ ဥပဒေအရ ထွက်ပေါ်လာပါတယ်။ နမ့်ဆန်၊ မန်တုံ ဒေသမှာ အမျိုးသားလွှွှတ်တော် ၁ ဦး၊ ပြည်သူ့လွှွှတ်တော် ၁ ဦးနဲ့ ပြည်နယ်လွှွှတ်တော် ၄ ဦး၊ ပေါင်း ၆ ဦးရပါတယ်။ တီအန်ပီ ခေါင်းဆောင်တွေအလျှောက်ကောင်းတာကြောင့် စစ်အုပ်စုပေးတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ အရသာကို ပလောင် လူထုတွေ မခံစားလိုက်ရပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်ကနေ ရွေးချယ်ရမဲ့ ကိုယ်စားလှယ် ၇ ဦးမှာ နမ့်ဆန်ပြည်သူ့လွတ်တော်အတွက် ၁ ဦးကို
စစ်အုပ်စု ဒုတပ်ချုပ်ရဲ့ကတော်နဲ့ ဆွေမျိုးတော်သူ လူမှုကယ်ဆယ်ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ ကိုပေးရပြီး၊ ပလောင်မိဘပြည်သူတွေရဲ့ မဲပေးခွင့်တွေ ကို အဆုံးသတ်ခဲ့ပါတယ်။ ပြိုင်ဘက်မရှိ တီအန်ပီ ၆ ဦး၊ ကြံ့ဖွံ့ ၁ ဦး ခွဲဝေခဲ့ကြပါတယ်။ လူထုမဲနဲ့ဆုံးဖြတ်အနိုင်ရခဲ့တာ မဟုတ်ပါ။ ဒီတဘက်သတ်ရလာဒ်ကို ပလောင်ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်မယ်။ လက်မခံနိုင်ဘူး ဆိုတာ ဧကန်မုချပါပဲ။
နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ မြို့တွေမှာ ကြံ့ဖွံ့ရဲ့မဲမသမာမှုနဲ့ စည်းရုံးရေးအားနည်းမှု တွေကြောင့် တီအန်ပီ မဲ မနိုင် ခဲ့ပါဘူး။ ဒီမိုကရေစီရွေးကောက်ပွဲ၊ စည်းရုံးရေးနဲ့ နိုင်ငံရေးပါတီ လုပ်ငန်းတွေ တိုးတက်နားလည်အောင် လုပ်ဆောင်ကြရပါမယ်။ ၉၀ ရွေးကောက်ပွဲတုန်းကအနိုင်ရခဲ့တဲ့ ပလောင်အမတ် ဦးထွန်းကျော် ဟာ တီအန်ပီရဲ့ အမျိုးသားလွှွှတ်တော်အမတ်အဖြစ် နေပြည် တော်ကို သွားရမှာပါ။ ဦးထွန်းကျော် ဟာ နှစ် ၂၀ လုံးလုံး စစ်အုပ်စု စီစဉ်တွေ့ဆုံခိုင်းတဲ့ နိုင်ငံတကာ ဧည့်သည်တွေကို ဒိုင်ခံတွေ့ခဲ့ ရတာပါ။
တီအန်ပီ ရဲ့ တဦးတည်းသော ပြည်သူ့လွှွှတ်တော်ကိုယ်စားလှယ်အမတ် ဦးအိုက်မုန်း ဟာ စစ်အုပ်စုရဲ့ ပါလီမန်လွှွှတ်တော်မှာ ပလောင်အမျိုးသားရေးအတွက်ကိုယ်စားပြုခွင့် ရရှိမှာဖြစ်တယ်။ နှစ်ပေါင်းများစွာရင်းနှီးတည်ထောင်ထားတဲ့ ပလောင်တပ်မတော်တခုလုံးကို
စစ်အုပ်စုတွေဆီ အပြီးအပိုင် ဦးဆောင်အပ်နှံပြီးတဲ့နောက် ပလောင်လူထုအတွက် ဘယ်လိုအကာအကွယ်တွေပေးနိုင်မလဲ။ ပလောင်တောင်တန်းကြီးတွေကို ထိုးနှံအပ်ပြီး ဘယ်လို စီးပွားလုပ်မလဲ စဉ်းစားရခက်မှာပါ။ စောင့်ကြည့်ရမှာပါ။ တီအန်ပီ ရဲ့ ပြည်နယ်လွှွှတ်တော်အမတ် ၄ ဦးဟာ စစ်ယူနီဖောင်းဝတ် သုံးပုံတပုံပါတဲ့ ရှမ်းပြည်နယ်လွှွှတ်တော်ကို တက်ရောက်ရမှာပါ။ ပြီးတော့ ၁၀ ဦးနဲ့ဖွဲ့စည်းမဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဦးစီးအဖွဲ့မှာ စစ်ဗိုလ်တွေနဲ့အတူ ပူးတွဲစီမံခန့်ခွဲရမယ်။ တီအန်ပီ ပါတီဟာ စစ် ခေါင်းဆောင်တွေနဲ့ ပိုမိုရင်းနှီးခွင့်ရလာမှာဖြစ်ပြီး ပလောင်ပြည်သူလူထုတွေ စစ်ဖိနှိပ်မှုဒါဏ်ကနေ ဘယ်လိုအကာကွယ်ပေးမလဲ။ သို့တည်း မဟုတ် စစ်ခေါင်းဆောင်တွေနဲ့ ဘာအကျိုးစီးပွားတွေလုပ်နိုင်မလဲ။ လုပ်နိုင်ခွင့် အတော်ကျဉ်းမြောင်းပါတယ်။ နအဖ စစ်အုပ်စုရဲ့ကန့်သတ်ဖိနှိပ်မှုတွေအောက်မှာ တီအန်ပီ ရဲ့လုပ်ပိုင်ခွင့်က အကန့်အသတ်ကြီးမားပါတယ်။ ဘာပဲဖြစ်ဖြစ် ပလောင်မျိုးချစ်ပုဂ္ဂ္ဂ္ဂ္ဂိုလ်၊ လူငယ်၊ ပညာတတ်တွေကို တီအန်ပီ အနေနဲ့နိုင်ငံရေးတက်ကြွလာအောင် စည်းရုံးနိုင်ခဲ့တာက
တော့ တီအန်ပီအတွက် မှတ်တိုင်တခုဖြစ်ပါတယ်။ တီအန်ပီ ပါတီမှာ ပလောင်လူမျိုး ဖွံ့ဖြိုးတိုးတက် ကောင်းစားဖို့အတွက် ရိုးသားစွာ အလုပ်လုပ် ချင်တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေလည်း မြောက်များစွာပါ။
သေချာတာကတော့ အကန့်အသတ်တွေကြားကပဲ ပလောင်လူမျိုးတွေရဲ့အကျိုးစီးပွားအတွက် တီအန်ပီ တကယ်အလုပ်လုပ်ရမှာပါ။မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းနိုင်ငံရေးအလှည့်အပြောင်း
ထဲက ပလောင်နိုင်ငံရေးထဲက ပလောင်နိုင်ငံရေးထဲက ပလောင်နိုင်ငံရေးထဲက ပလောင်နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုတက်ကြွလှုပ်ရှား အသက်ဝင်လာပါတယ်။ လူထုနဲ့ ပိုမိုဆက်စပ်နိုင်မဲ့လမ်းကြောင်းကွန်ယက်တွေ၊ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လုပ်ငန်းစဉ်တွေ ပိုအားကောင်းတာတွေ့ရပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ အစပြုတဲ့ ကလေးမြို့ကြေညာစာတမ်း ပါ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးဟာ နိုင်ငံရေးစုစည်းမှု ဆုံချက်ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က တာဝန်ခံပြီး လုပ်ဆောင်မယ့် သဘောတူညီချက်တွေရလာတော့ ဒုတိယ ပင်လုံညီလာခံ (၀ါ) ၂၁ ရာစု ပင်လုံညီလာခံ ဟာ တကယ်ကိုအားကောင်းတဲ့ နိုင်ငံရေးဆုံချက်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ပိုမိုဦးတည်လာပါတယ်။ အပစ်ရပ်အဖွဲ့ကြီးတွေကတော့ နယ်ခြားစောင့်တပ်လက်မခံဘူး။ စစ်အုပ်စုနဲ့ နှစ်ဖက်တင်းမာမှုဖြစ်နေပါတယ်။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့ အထိလက်နက်ကိုင်ပဋ္ဋိပက္ခမကြီးထွားသေးပါ။ ဒီကေဘီအေ တပ်မဟာ ၅ ကတော့ စစ်အုပ်စုကိုပြန်လည်တိုက်ပွဲဝင်နေတာ ရွေးကောက်ပွဲနေ့ ကတည်းကပါပဲ။ စစ်တိုက်ပွဲအရှိန် ဆက်လက်အားကောင်းနေပါတယ်။ အပစ်ရပ်နဲ့ တိုက်ပွဲဝင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေ စုဆုံပြီး အားကောင်းတဲ့လက်နက်ကိုင်အင်အားစုဆုံချက်အဖြစ် ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီ တရပ်ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းစွာဆွေးနွေးဖို့ နှစ် ၂၀ နီးပါး အချိန်ဖြုန်း ကြိုးပမ်းလာ
တာ မဖြစ်နိုင်တဲ့အဆုံး နဂိုမူရင်းဘ၀မှန် လက်နက်ကိုင်တော်လှန်ရေးမှာ ဆုံချက်ပြန်ဖြစ်မဲ့ အလားအလာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့တိုင်းကတော့ အပစ်ရပ်အခြေအနေကို နောက်ဆုံးမိနစ်ထိ ထိန်းထားချင်တဲ့ဆန္ဒထင်ရှားပါတယ်။ အရေးကြီးတာက တဖွဲ့ဖွဲ့ကိုစစ်အုပ်စုက စတိုက်ပြီဆိုရင် ကျန်တဲ့အပစ်ရပ်အဖွဲ့တွေအားလုံး နိုင်ငံအနှံ့စစ်ပွဲတွေစတင်ဖို့လိုပါတယ်။
ဒါကတော့ ၂၀၁၁ ထဲဝင်လာတဲ့ တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုတွေရဲ့ အားရစရာ နိုင်ငံရေးအခင်းအကျင်းပါ။ ဒီနိုင်ငံရေးအခင်းအကျင်းထဲ ပလောင်နိုင်ငံရေးက ဘယ်ရှုထောင့်ကနေ ဘယ်လိုလိုက်ပါမလဲ။ နိုင်ငံရေးတန်းတူညီမျှရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးရရှိရေး တို့ဆိုတာ သက်ဆိုင်ရာပုဂ္ဂ္ဂ္ဂ္ဂိုလ်၊ လူမျိုး ကိုယ်တိုင် လုပ်မှ ရတာပါ။ မြန်မာပြည်ကြီး ဒီမိုကရက်
တစ် ပြည်ထောင်စုတကယ်ထူထောင်တဲ့အချိန်မှာ သက်ဆိုင်ရာ လူမျိုးတိုင်း၊ နိုင်ငံသားတိုင်းက လိုက်ပါဆောင်ရွက် ပူးပေါင်းကြရမှာပါ။ ဘယ် လူမျိုး ကြီးငယ်ကိုမှ ချန်ထားလို့ မေ့ထားလို့မရပါဘူး။
အဲဒီလို လိုက်ပါနိုင်ဖို့က ပလောင်တွေ နိုင်ငံရေးအခြေအနေ မှန်မှန်ကန်ကန်သုံးသပ်ပြီး လက်တွေ့ကျတဲ့ လုပ်ငန်းတွေ စည်းရုံးရေး တွေ ပိုလုပ်ဖို့လိုပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတူလိုက်ပါဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးအားကို ဘယ်နေရာကနေ ဘယ်လိုစုမှာလဲ။ မာနယ်ပလော မှာ စုဖွဲ့ခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဟာ အခြေအနေအပြောင်းအလဲတွေကြောင့် လက်နက်ကိုင်
တော်လှန်ရေးအတွက် တပ်ဖွဲ့တွေကိုစံနစ်တကျ ရေရှည် မလုပ်နိုင်ခဲ့ပါဘူး။ ပေါ်လိုက်ပျောက်လိုက်၊ အားကောင်းလိုက်၊ ပြန်လျော့လိုက်ပါပဲ။ ၂၀၀၅ မှာ မိခင်ပါတီ ပီအက်အယ်အေ အပြီးအပိုင်လက်နက်စွန့်တော့ အမိမဲ့သား ရေနဲငါးဖြစ်ခဲ့ရတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို အဓိကပံ့ပိုးပေးတဲ့အားက လက်နက်ကိုင်တပ်ဖွဲ့ အားဖြစ်တယ်။ တိုင်းရင်းသားတွေ အမျိုးသားလွတ်မြောက်ရေးအတွက် စုပေါင်းဖွဲ့စည်းလှုပ်ရှားမဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်လာရင် အတူလိုက်ပါဖို့ ပလောင်တပ်ဦး အဆင်သင့်ပြင်ဖို့လိုပါတယ်။ အခက်အခဲကြားကပဲ အလုပ်တွေပိုလုပ်ကြရပါမယ်။ လူငယ်အား၊ အမျိုးသမီးအား၊ တပ်ဦးအား တွေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကြားမှာ ပလောင်နိုင်ငံရေးအရှိန်ကိုမြှင့်တင်ကြရပါ
လိမ့်မယ်။ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်း အသင်းအပင်းတွေနဲ့ ပိုပြီးလက်တွေ့ကျကျပူးပေါင်းလှုပ်ရှား ကြရပါလိမ့်မယ်။ နဂိုအလုပ်တွေ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆထက်တိုးပြီး လုပ်ကြရပါလိမ့်မယ်။ တကယ်ကို အတိဒုက္ခရောက်နေတဲ့ ပလောင်မိဘပြည်သူတွေ၊ ကျဆင်းနေတဲ့ ပလောင်အမျိုးသားနိုင်ငံရေးအခြေအနေတွေ အားလုံး ကိုပြန်လည်တည်ဆောက်ဖို့ ပလောင်နိုင်ငံရေး တော်လှန်ရေးအင်အားစုတွေ တကယ်အနစ်နာခံပြီး စုစည်းလှုပ်ရှားကြရပါမယ်။
ပလောင်လူမျိုးရဲ့ နိုင်ငံရေးအား၊ လက်နက်ကိုင်တော်လှန်ရေးအား မကောင်းလာသေးဘူးဆိုရင်တော့ ရည်မှန်းချက်ရောက်ဖို့ အချိန် ပိုကြာပါလိမ့်မယ်။ မြန်မာ့နိုင်ငံရေးမှာ လူမျိုးစုငယ်တွေအတွက် လက်နက်ကိုင်အားကောင်းမှ နိုင်ငံရေးမြှင့်တက်ဖို့ ပိုနီးစပ်တာပါ။
အခုတော့ စစ်အုပ်စုက အတုအယောင်ပါလီမန်ခေါ်ပါတော့မယ်။ ဟန်ပြအရပ်သားအစိုးရလဲ ဖွဲ့မှာပါ။ သေချာသလောက်ပါပဲ။ ဘယ်လိုအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါစေ ပလောင် တပ်ဦး၊ လူငယ်၊ အမျိုးသမီးတွေ တောင့်ခံပြီး အလုပ်ပိုလုပ်ဖို့၊ ကိုယ့်လူထုနဲ့ တသားတည်းကျအောင် စည်းရုံးလှုပ်ရှားဖို့ အဓိကကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဦးဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဒုတိယ ပင်လုံညီလာခံ ကြိုးပမ်းမှုတွေကို ထောက်ခံဝန်းရံကြရပါမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်မဲ့ ကြိုးပမ်းမှု တွေ အတွက် စွမ်းနိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြရမှာပါ။ အမျိုးသားလွတ်မြောက်ရေး၊ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်စုဖွဲ့မှုတွေနဲ့အတူ၊ ဒီမိုကရေစီအင်အားစုများနဲ့အတူ စုစည်းညီညွတ်မှုတွေ တည်ဆောက်ပြီး ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။ တပ်ဦးရဲ့ လတ်တလော ရပ်တည်ချက်တွေဖြစ်တဲ့ -
- စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအားနဲ့ ဆက်လက်ဆန့်ကျင်တိုက်ဖျက်ပစ်ရမယ်။
- ၂၀၁၀ ရွေးကောက်ပွဲရလာဒ်နဲ့ ပေါ်ပေါက်လာမဲ့ ဟန်ပြအရပ်သားအစိုးရကို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ပစ်ရမယ်။ ဒီအတိုင်းဆက်လက်ရပ်တည်ပြီး ပလောင်လူထုကို စည်းရုံးပြီး တော်လှန်ရေးအရှိန်ကို ဆတိုးမြှင့်တင်ကြရမှာဖြစ်ပါတယ်။ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ကြီးတဲ့အတွက် ပလောင် တပ်ဦး၊ လူငယ်၊ အမျိုးသမီးတွေရဲ့ လက်ရှိအင်အား၊ စည်းရုံးရေးအား နဲ့တော့ ဘယ်လိုမှ မလုံလောက်ပါဘူး။ ပလောင်လူထုတရပ်လုံးကို တကယ်လက်တွေ့ကျကျ စည်းရုံးတိုးမြှင့်ပြီး ဘုံရန်သူ စစ်အုပ်စုကို
ထိပ်တိုက်ရင်ဆိုင်ကြရမှာ ဧကန်မုချမလွဲပါ။

““““က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်က်ုဇောည်ရဲင် က်ုထဲင်နှာမ် စာပ်ုရ်လောတ်က်ုပီုန်အယ်အယ်အယ်အယ်တအာင်းတအာင်းတအာင်းတအာင်း””””

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
ဇန္န၀ါရီလ၊ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်။ ပြာသိုလဆန်း ၈ ရက်၊ ၁၃၇၂ ခုနှစ်။
Read more »

Wednesday, January 12, 2011

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ တတိယအကြိမ်မြောက်ညီလာခံ ထုတ်ပြန်ကြေညာချက်




တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ တတိယအကြိမ်မြောက်ညီလာခံကို ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၈ မှ ၃၀ ရက်နေ့အထိ (၃) ရက်တိုင်တိုင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ညီလာခံကြီးသို့ တအာင်း ကျောင်းသားနှင့်လူငယ်များ အစည်း
အရုံးမှ အဖွဲ့ဝင်ကိုယ်စားလှယ် (၄၆) Uီးနှင့်အကြံပေးအဖွဲ့ဝင်(၃)Uီး၊ ပလောင်အမျိုးသမီးအစည်းအရုံး မှ လေ့လာသူ (၁) Uီး စုစုပေါင်း (၄၉) Uီး တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင်
အဖွဲ့ဝင်ကိုယ်စားလှယ်များမှ အဖွဲ့အစည်း၏ မူဝါဒ၊ Uီးတည်ချက်၊ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျU်းတို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်ခြင်း၊ နိုင်ငံရေးအစီရင်ခံစာ၊ လုပ်ငန်းဌာနများ၏အစီရင်ခံစာများနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို တင်သွင်းဆွေးနွေးသုံးသပ်ခြင်းနှင့်အတူ ရှေ့လုပ်ငန်းစU်များတို့ကို ဆွေးနွေးချမှတ်အတည်ပြုနိုင်ခဲ့ကြပါသည်။ တိုင်းရင်းသားတန်းတူညီမျှ
ရေး၊ စစ်
အာဏာရှင်စံနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် နှင့် တအာင်းပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် စားဝတ်နေရေးကြပ်တည်းမှု ပြဿနာများ၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်စိုက်ပျိုးသည့်ပြဿနာများ ဖြေးရှင်း သွားနိုင်ရန်အတွက်ရှေ့လုပ်ငန်းစU်များကို ခိုင်မာစွာချမှတ်ခဲ့ကြပါသည်။တိုင်းရင်းသားနိုင်ငံရေးပါတီများစတင်အဆိုပြုသည့်ကလေးမြို့ကြေညာစာတမ်းက အခြေခံသည့် ဒေါ်အောင်ဆန်းစုကြည် Uီးဆောင် အကောင်အထည်ဖော်မည့် ၂၁ရာစုပင်လုံညီလာခံဖြစ် ပေါ်လာရေးနှင့် အပစ်ခတ်ရပ်စဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ စုစည်းပေါင်းစုံမှုကို ညီလာခံကြီးမှ တခဲနက်ထောက်ခံကြိုဆိုလိုက်ပါသည်။ ထို
အတူ ကုလသမဂ္ဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် အဆိုပြုကြိုးပမ်းနေသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိုလည်းကြိုဆိုပြီး ထိုကော်မရှင်ပေါ်ပေါက်လာပါက အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ စစ်အုပ်စု၏ တရားမျှတမှုကင်းမဲ့သော ၂၀၁၀-ရွေးကောက်ပွဲနှင့် ထို ရွေးကောက်ပွဲရလာဒ်ကအခြေခံသော လုပ်ဆောင်မှုများအားလုံးကို ညီလာခံကြီးမှ ဆန့်ကျင်ကန့်ကွက်လိုက်ပါသည်။ လက်ရှိ တအာင်းပြည်သူများ ရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများ၊ စားဝတ်နေရေး နှင့်အခြားသောအကြပ်အတည်းများကို မှန်ကန်စွာ ဖြေရှင်းသွားနိုင်ရန် အတွက် လူမှုရေးအဖွဲ့အစည်းများ၊ တက်ကြွသူတအာင်းလူငယ်များ၊ ခေါင်းဆောင်များ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်Uီး၊ပလောင်အမျိုးသမီးအစည်းအရုံး အစရှိသည့်အဖွဲ့အစည်းများ နှင့်အတူ တအာင်းပြည်သူလူထုတရပ်လုံးတို့မှ အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် ညီလာခံကြီးမှ အလေးအနက်ပန်ကြားအပ်ပါသည်။ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ညီလာခံကို ပုံမှန်အားဖြင့် (၂)နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ကြပါသည်။ ယခု တတိယအကြိမ်မြောက်ညီလာခံသတ်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်မည့် လူငယ်ခေါင်းဆောင်သစ်များဖြင့် အတွင်းရေးမှူးအဖွဲ့Uီးဆောင်သည့်အလုပ်အမှုဆောင်ကော်မီတီဝင်(၉)Uီးနှင့် အလုပ်အမုဆောင် ကော်မီတီဝင်(၂)Uီး တို့ကို ဒီမိုကရေစီနည်းကျ ကိုယ်စားလှယ်များက လွတ်လပ်မျှတစွာမဲပေးရွေးချယ်ခဲ့ပါသည်။

အလုပ်အမှုဆောင်ကော်မတီ
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်
ဆက်သွယ်ရန်။ ။ အထွေထွေအတွင်းရေးမှူး ၀၈၀-၁၁၈၄၄၇၉၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၀၈၀-၀၅၈ ၀၇၂၀
Ta'ang Students and Youth Organization-TSYO
်
Read more »

Monday, November 29, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိ TNP နေပြည်တော်သို့ တိုင်ကြားမည်


PDF Print E-mail

နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တရားမျှတမှုလုံးဝမရှိကြောင်း တအာင်းအမျိုးသားပါတီမှ နေပြည်တော်သို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားမည်ဟု သိရသည်။


ရွေးကောက်ပွဲအပြီးတွင် ကြိုတင်မဲ မသမာမှုများရှိခြင်း၊ မဲရုံကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်စားပြုဆန္ဒမဲပေးခြင်း နှင့် မဲဆန္ဒရှင်များက မြိုနယ်ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ပေးအပ်လိုက်သော ပုဂ္ဂိုလ်များဖြစ်သည့် မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်ခံရခြင်းများရှိသည်ဟု တွေ့ မြင်လိုက်သည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ပါတီစုံ ရွေးကောက်ပွဲမှ တရားမျှမှုမရှိကြောင်း TNP မှ နေပြည်တော်သို့ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိပါသည်။

မှတ်ချက်= အပြည့်အစုံရရှိရန် ဆက်လက်စုံးစမ်းနေဆဲ

Read more »

မဲလက်မှတ် အရေ (၅၀၀) လျှို့ ဝှက်သိမ်းဆည်းနေ


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာနှင့် မိုင်းပူးကျေးရွာတွင် တအာင်း အမျိုးသားပါတီ “TNP” ၊ “USDP”ပါတီ၊ “တစည”ပါတီ နှင့် “ကျားဖြူ” ပါတီတို့ဝင်ရောက်ယှဉ် ပြိုင်ရာမှာ “USDP” ပါတီစည်းရုံးရေး မှူးတစ်ဦး ဖြစ်သော ပန်းဆေး ဦးကျော်မြင့်က မဲလက်မှတ် အရေအတွက် (၅၀၀) လျှို့ဝှတ်သိမ်းဆည်းထား ကြောင်း အမည်မဖေါ်လိုသူတစ်ဦး ထံသိရသည်။


ထို့အပြင် ပန်းဆေး ဦးကျော်မြင့်သည် ရွေးကောက်ပွဲစည်းကမ်းချက်အရ အသက်မပြည့်သေးသောကလေးများကို မဲထည့် ပိုင်ခွင့်မရှိဟုဆိုထား သော်လည်း ၄င်းက ထည့်ခိုင်းသည်၊ ဒ့ါအပြင် မဲဆန္ဒရှင်တစ်ဦးလျှင် မဲတစ်ခါမက သုံးလေးခါ ထည့်ခိုင်းသည်ဟု အဆိုပါ အမည်မဖေါ်လိုသူက အခုလိုပြောသည်။

"မနေ့က မဲပေးတဲ့အချိန်မှာ ပန်းဆေး ဦးကျော်မြင့်က အသက်မပြည့်သေးတဲ့သူတွေပါ မဲထည့်ခိုင်းတယ် မဲထည့် စာရင်းထဲမှာ မပါတဲ့သူတွေပေါ့ ပြီးတော့မှ လူတစ်ယောက်ကို မဲခဏခဏထည့်ခိုင်းတယ်" ဟု သူကပြောပြသည်။

အသက်မပြည့်သေးသောသူများနှင့် အသက်ပြည့်ပြီးသောသူများကိုပါ ယခုလို ထပ်ခါထပ်ခါ မဲပေးနိုင်တာဟာ ၄င်းဦးကျော်မြင့် ၀ှက်ထားသော မဲလက်မှတ် အရေအတွက်( ၅၀၀)တွင်သုံး၍ ပေးခိုင်းတာဖြစ်မည်ဟု မသင်္ကာသူများက ဝေဖန်းပြောဆိုသည်။

လက်ရှိအခြေအနေတွင် အဆိုပါ ဦးကျော်မြင့် လျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)အား ကြံ့ဖွံ့ ပါတီထဲ ရောက်မသွားအောင် တအာင်းအမျိးပါတီ TNPနှင့် ကျားဖြူပါတီ က ၄င်းမဲပြားကိုလိုက်လံ စုံးစမ်းနေပြီး မဲထည့်၍ မရသေးသော ဒေသခံကို တွေ့ဆုံမည် မေးမြန်းမည်ဟု ပြောကြောင်း သိရသည်။

ဤပြသာနာကြောင့် တအာင်းအမျိုးသားပါတီ ၊ တစည ပါတီ နှင့် ကျားဖြူပါတီတို့က ၄င်းလျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)ကို ပယ်မဲအဖြစ် လုပ်ဆောင်နိုင်ရန် ပူးပေါင်းတိုင်ပင်နေကြသည်ဟုသိရသည်။

Read more »

မဲမပေးချင်လည်း နေလို့ မရ


PDF Print E-mail

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာမှ ဒေသခံများသည် ရွေးကောက်ပွဲ စည်းကမ်းအရ မဲပေးချင်သောဆန္ဒမရှိပါက မဲမပေးပဲနေနိုင်ခြင်း အခွင့်အရေး မရှိကြောင်းသိရသည်။ ထို့အပြင် ပြစ်မှုနှင် အကျဉ်းကျခံနေသော အကျဉ်းသားများကိုယ်စား ပါ ကိုယ်စားမဲထည့်ပေးရခြင်းဖြစ်သည်။


ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ပုဒ်မ ၇ (ခ) ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ ဟုရေးထားပြီးသော်လည်း ၄င်းဒေသတွင် ပြစ်မှုနှင့် အကျဉ်းကျနေသော အကျဉ်းသားများအတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင်မှာလည်း ကိုယ်စားပြု ကြိုတင်မဲ ထည့်ခိုင်းခြင်းပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် မဲလက်မှတ်များကို ကျေးရွာ ဥက္ကဌ အဖွဲ့ ဦဆောင်ပြီး ဒေသခံများထံ လိုက်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲ စည်းကမ်းချက်အရဆိုရင် မဲမထည့်ချင်ရင် နေလို့ရတယ်လို့ကြားရတယ် ဒါပေမဲ့ ဖာလင်ကျေးရွာ မှာတော့ မဲထည့်နိုင်သူများ အားလုံး မဲမထည့်မနေရဖြစ်သည်" ဟု ဒေသခံရွားသား တစ်ယောက်က ပြောခဲ့ပါသည်။

ဖာလင်ကျေးရွာမှာ လာရောက်အရွေးခံမည့် ပါတီများကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ကျားဖြူပါတီများ ဖြစ်ကြပါသည်။ ၄င်းပါတီများ ၄ ခုသည် တအာင်းအမျိုး သားပါတီက မဲအများဆုံး ရနိုင်သည့်အခြေအနေရှိကြောင်းသိရသည်။

တအာင်းလူမျိုးဖြစ်သည့် ရွာသားတစ်ယောက်က လေးပါတီထဲက ဘယ်သူ့ကို မဲပေးချင်လည်း မေးမြန်းခဲ့သည်မှာ “ကျတော်က တအာင်းလူမျိုးကိုပဲချစ်တယ်။ တအာင်းအမျိုးသားပါတီ လက်ဖတ်ရွက်ပဲ မဲပေးမယ်။ တခြားပါတီတွေ မဲပေးရင်တော့ တအာင်းလူမျိုးတွေမှ ကိုယ်စားမှမပြုတာ။ တအာင်းပါတီကိုမဲပေးရင် ကျတော်တို့နယ်မြေ လည်းရမယ်။ ကျတော်တို့ တအာင်းပါတီက တအာင်းလူမျိုးတိုးတက်ဖို့အတွက် လုပ်သွားနိုင်မယ်လို့ ယုံကြည်တယ်" ဟုသူက ပြောသည်။

Read more »

ခရီးလွန်သူများ ကိုယ်စား မဲပေးနိုင်


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် မဲပေးသူဒေသခံများက မိသားစုကိုယ်စား အိမ်ထောင် ဦးစီးဖြစ်သူတစ်ဦးကသာ မဲသွားပေးနိုင်ကြသည် ဒါ့အပြင် အိမ်ထောင် ဦးစီးက မိသားစုမှခရီးလွန်သူများ အတွက်ပါ မဲပေးရကြောင်းသိရသည်။


မန်အောင်ကျေးရွာရှိ မဲရုံနှစ်ခုသည် ဓမ္မာရုံ နှင့် အထက်တန်းကျောင်းကိုနေရာယူလုပ်ဆောင်ပြီး လုံခြုံရေးလည်း
အများအပြားချ ထားကြောင်းသိရသည်။

အဆိုပါ ကိုယ်စားမဲပေးနိုင်ခြင်းနှင့်ပါတ်သက်၍ သွားရောက်မဲပေးသောဒေသခံတစ်ဦးက" သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက မဲရုံကို မနက် ၅ နာရီကတည်းကစဖွင့်တယ် ကျတော်ရောက်တဲ့အချိန်မှာ မဲပေးပြီးသူဦးရေ ၅၀၀ လောက်ရှိပြီး အများအားဖြင့် က လ္ဘက်ညွန့် တံဆိတ်ကိုသာ အဓိကထားပြီးပေးကြတယ် သိပ်တော့မခက်ပါဘူး တချို့ဆိုရင် သူတို့မိသားစုအတွက် လာပေးကြတယ် တချို့လူတွေ ကျတော့ ကိုယ်တိုင်သွားပေးချင်တယ်ဆိုရင် သွားပေးကြတယ် ဒါပေမဲ့ အဲဒီမဲတွေက ဘယ်လိုဖြစ်လာမလဲတော့မသိဘူးလို့ သူကပြော သွားသည်။

မဲရုံတွင် လုံးခြုံရေးအပြည့်ချထားသော်လည်း မဲပေးသည့်အခါတွင် ခြိမ်းခြောက်မှုများပြုလုပ်တာမရှိဘဲ လွတ်လွတ်လပ်လပ် ပေးနိုင် ကြကြောင်းဟု သူကဆက်ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ တွင် တအာင်းအမျိုးသားပါတီ ၊ ကျားဖြူပါတီ ၊ USDP ပါတီ နှင့် တစည ပါတီတို့ မှ မန်အောင် ကျေးရွာတွင် ကြိုတင်မဲကောက်ခံရာမှာ တအာင်းအမျိုးသားပါတီက မဲရေ ၅၀၀ ဖြင့် ရရှိပြီး ကျန်ရှိပါတီများက မဲအနည်း အကျဉ်းသာရရှိကြောင်း သိရသည်။

ထိုအပြင် USDP ပါတီက မန်အောင်ကျေးရွာရှိ အချို့ကျေးရွာအုပ်စု ဒေသခံများကို ငွေပေးပြီး မဲထည့်ခိုင်းတာမျိုး လည်းရှိကြောင်း အဆိုပါဒေသခံကပြောသည် အလားတူ အခြားအုပ်စုရှိ မဲရုံတွင်လည်း အသက်ကြီးသူများကိုယ်စား မဲရုံးမှူးများက ကိုယ်စား မဲပေးနေခြင်းရှိကြောင်းသိရသည်။


Read more »

မဲရုံမှူးများမှ ကိုယ်စားပြုမဲထည့်ပေး


PDF Print E-mail

ရုမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးများမှ ဒေသခံအသက် ကြီးသူများနှင့် စာမဖတ်တတ်သူများအတွက် ကိုယ်စားပြုမဲထည့်ပေးနေ ကြောင်းသိရသည်။


၎င်းဒေသခံ အသက် (၆၀)ရှိ အဖွားတစ်ယောက်မှ ပြောပြရာတွင် “အဖွားကတော့ စာမဖတ်တတ်သည့်အတွက် ပလောင်ပါတီကို မဲထည့်ပေးပါလို့ မဲရုံအဖွဲ့တွေကို ပြောလိုက်တယ်။ သူတို့က ဘယ်ပါတီမဲ ထည့်တယ်ဆိုတာ စာရွက်မပြတော့ဘူး ဒီတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟု ပြောပြသည်။

ထို့အတူ အခြားအသက်ကြီးဒေသခံများလည်း ထိုနည်းတူ မဲရုံကော်မရှင်များက ကိုယ်စားမဲပေးနေကြ သူအများ အပြားရှိသည်ဟု သူကဆက်ပြောသည်။

ဖာလင်ရွာတွင် ကြံ့ဖွံ့ပါတီ ကျားဖြူပါတီ တစည နှင့် TNP တို့မှ ၀င်ရောက မဲယှဉ်ပြိုင်နေကြောင်းသိရှိရပါသည်။

အခြားကျေးရွာတွင်လည်း အလားတူပင် ကိုယ်စားမဲပေးနိုင်ကြသည် ထို့အပြင် USDPပါတီက ပလောင် ဒေသခံတစ်ဦးအား ကျပ်ငွေ ၅သိန်းပေးပြီး မဲပေါင်း (၁၀၀၀) ၀ယ်ပေးရန်အတွက် ငွေးပေးထားပြီး ဒေသခံတစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ ပေးပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ပါဟုစည်းရုံးခိုင်းကြောင်းသိရသည်။


Read more »

Saturday, May 29, 2010

USDA party hand in incentive and canvass in Namhsan Township

17/5/2010

U Khun Pont led Namhsan USDA party is canvassing for coming election in Shan state (north), Kyaukme district, in Namhsan township of villages.

Further more, as the Namhsan USDA party is organizing and canvassing in community they have request and promise to the village youth leader and village based CBO, USDA member teacher that they will support the material and money for who organize and canvass the people to come and vote for government political party of USDA. Additionally, Namhsan USDA party has started their canvassing since April and they almost finished that process.

Particularly, U Khun Pont led Namhsan USDA party said that they will give a computer, hand phone, as well as transportation fee and some amount of money; in total approximately it will be fifteen hundred thousands (150000)Kyats for every person who organize and canvass villagers to come and vote for USDA party in 2010 general election.

“Not only right now they come persuade us but also they have came and persuade us in previous time too. For instant, school committee and teacher, than some villager who concern with TPDC have shared us about the good points of USDA and how excellent of USDA. According to their word, they said if we vote for USDA we will have more opportunities in our town or village” said one of local man

However, some local people report that they do not trust on issue that if we voted for government’s USDA party; it will support us in our future freedom and community development in anyway.

Information and documentation department

Ta’ang Student and Youth Organization

Contact; ph 080 118 4479/ 082 887 8443
Read more »

Innocent villagers arrested, tortured and accused of drug trafficking by Militia

We have concrete news that on May 16th, 2010, Tun Myat lay militia group who are based in Nahsam Township, Nonsai village accused and arrested three villagers for using opium. However, they did not have any evidence that the villagers were using opium. The three villagers, U chit Shwe, U Aik Hlaing and U Own Pae, are from upper Man Lawi village. These three villagers were tortured and abused by Tun Myat lay’s militia group, although, they did not use any illegal opium.

“Yes, that right we have an addict in our village, but I believe these three people did not use it. Because we are in the village and we know each other, if they used opium, we will hear the news as we have heard about others addicts” said a villager who was concerned with this case.

“Even though they were arrested, they were only suspected by militia. When they were arrested, there was no evidence of opium use. They did not have any opium in their possession. Afterwards, the militia told us that if we be able to give money of over three hundred thousands Kyat (300,000) or four hundred thousand Kyat (400,000), they will release them” said a person who was concerned with the case.

Since early April, the three villagers arrested are still being detained. The families of the detainees could not afford to give four hundred thousand Kyat (400,000), which the militia asked of them.

Local communities mainly depend on tea for an income and on previous occasions when there have been arrests it cost a lot of money for the cases to be resolved or paid off. Like wise, this year in Ta’ang region there was less rain and thus less production of tea. As a result in local people are in financial difficulty and unfortunately they are suspected and being detained by militia. Consequently, the local communities’ are really anxious about the future.

Information and documentation department

Ta’ang Students and youth Organizations

Contact; ph 08011844799

0828878443
Read more »

Authorities putting security in place around Ruili electric power a cause of community discontent

12/May/2010

According to local authority’s orders the police and militia are watching the Ruili electric power very closely. This has been happening since third week of April 2010 in Shan State (north), Muse district, Numkham Township in Mantak Ruili electric power.

The reason for this occurrence is because when the communities are using the electric from china they have a rapport, and after they have to change and use the Myanmar Ruili electric power, they are often faced with a shortage of electricity problem. Although, this happens the community still have to pay for electricity every month. Moreover, Myanmar Ruili electric power fee is not pleasant for the community and even though, they are giving the electric fee regularly, they oftentimes do not have electricity for whole month. As a result of this, the communities around the Ruili electric power are discontent.

“Currently, we have heard a lot of explosions, the communities do not get the electricity from this Ruili electric power and they are discontent. We worry that the local people will detonate the Ruili electric power called Ruili dam and the militia will come and take a security base here.” said a guard of Ruili electric power.

”After we have changed the electric meter box, we do not get the electric regularly. Thus, even we do not get it we have to give one thousand for meter box maintenance not only that one but also the community people are really discontent because of the change of electricity supply. During Myanmar water festival, we did not have any electric and the Kaung Tak villagers went and argued with electrical office. Therefore, they put all at Ruili dam at a security risk because they afraid of that local people will detonate the Ruili dam” one woman who lives in Namkham Township said

“Some villages have asked the authority if they can return their meter box fee and some have got one third of their money, some do not get anything they are discontent” she continued to say.

The bombs that explored during water festival do not have any benefit to the people and it result is only losing the damming electricity. For this reason, the authority put in security at Ruili dam.

Information and documentation department

Ta’ang Students and Youth Organization

Contact: ph 08011844799

0828878443
Read more »

Thursday, May 20, 2010

နမ့်ဆန်မြို့နယ်အတွင်း ကြံ့ဖွံ့ အဖွဲ့ ဝင်များ မက်လုံးပေးမဲဆွယ်

၁၇၊ ၅၊ ၂၀၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့ နယ်ရှိ ကျေးရွာအများစုကို နမ့်ဆန်အခြေစိုက်“ဦးခွန်ပွင့်” ဦးဆောင်
သော ကြံ့ဖွံ့ အဖွဲ့ ဝင်များသည် မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြောင်း ယမန်နေ့ က စုံးစမ်းသိရှိရသည်။

အဆိုပါကြံ့ဖွံ့ အဖွဲ့ များသည် ဧပြီလမှစ၍ စည်းရုံးမှုဆင်းကာ ယခုလအတွင်းတွင် ပြီးစီးသလောက်ရှိပြီဖြစ်ကြောင်းလည်း
ဖြစ်သည်။ ထိုသို့ ” ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များ သည် ကျေးရွာများတွင်ရှိသော လူငယ့်ခေါင်းဆောင် ၊
ရွာဖွံ့ ဖြိုရေးလုပ်ဆောင်နေသည့် ရွာတွင်းအဖွဲ့ ငယ်များ နှင့်ကြံ့ဖွံ့ အဖွဲ့ ဝင်ကျောင်းဆရာ ၊ မ များကိုပါ နိုင်ငံတော်၏
ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို ဒေသခံမိဘပြည်သူများက မဲပေးလာနိုင်ရန်အတွက်စည်းရုံးပေးမည်ဆိုလျှင် ပစွည်းများနှင့်
ငွေပါ ကူညီပေးသွားမည် ဟု ကတိပေးခဲ့ကြောင်းလည်းသိရှိရသည်။

ထို “ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များသည် ၂၀၁၀ရွေးကောက်ပွဲတွင် မှတ်ပုံတင်ပြီးသွားသည့်ကြံ့ဖွံ့ ပါတီကို
မဲပေးလာနိုင်ရန်အတွက်မဲဆွယ်စည်းရုံးပေးနိုင်သူတိုင်း ကွန်ပျူတာ ၊ လက်ကိုင်ဖုန်း နှင့် လာရောက်မဲပေးသည့်အချိန်
အသွားအပြန်ဆိုင်ကယ်ဆီဖိုးနှင့် ငွေများ ပေးမည်ဟု ခန့် မှန်းငွေအားဖြင့် တစ်ရွာ လျှင်ဆယ်သိန်းခွဲ (၁၅၀၀၀၀)ကျပ်ဖြစ်
မက်လုံးပေးစည်းရုံးသွားသည်ဟုသိရသည်။

ရွာသားတစ်ဦးက “ အရင်ကလည်း ကြံ့ဖွံ့ ပါတီတွေရဲ့ ကောင်းကြောင်းကိုလာပြီးပြောပြတာတော့ရှိပါတယ်။ ဥပမာ
ကျောင်းကော်မတီ တို့ ကျောင်းဆရာ၊ မတို့ ပေါ့လေ နောက်မြို့ က မယက နဲ့ ဆက်စပ်မှုရှိတဲ့ ရွာကလူတစ်ချို့လည်း
ပါတယ်။ အေပေါ့ သူတို့ ပြောပုံကဆိုရင် ဒီရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ ကြံ့ဖွံ့ ပါတီကို မဲပေးရင် ကျနော်တို့ ရွာတွေမြို့ တွေ
လုပ်ပိုင်ခွင့်ပိုရလာမယ်” ဟု ပြောပြသည်။

အချို့ ပြည်သူများကလည်း နိုင်ငံတော်၏ ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို မဲပေးမည်ဆိုလျှင် ကျတော်တို့၏ အနာဂါတ်
လွတ်လပ်ခွင့် နှင့် ကျနော်တို့ ဒေသဖွ့ံဖြိုရေးအတွက် အထောက်ကူပြုမှု တစ်စုံတစ်ရာရှိလာမည်မယုံကြည်ကြောင်း
သိရှိရသည်။

သတင်းနှင့်ပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
ဆက်သွယ်ရန် 080 118 4479/ 082 887 8443
Read more »

အပြစ်မဲ့ပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးညှင်းပန်းနေ

နမ့်ဆန်မြို့ နယ် ငွန်စိုင်းကျေးရွာ အခြေစိုက် ပြည့်သူစစ်ခေါင်ဆောင် “ထွန်မြတ်လေး” ဦးဆောင်သောပြည်သူစစ်အဖွဲ့ 
သားများသည် အထက်မန်လွယ်ကျေးရွာနေ ဦးချစ်ဆွေ ၊ ဦးအိုက်လှိုင် နှင့်ဦးအုန်းဖေတို့ ဖြစ်ကြသည့် ရွာသားများကို
သက်သေမရှိဘဲမူးယစ်ဆေးဝါးသုံးဆောင်နေသည့်ဟု အကြောင်းပြပြီးမတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း
မေ. ၁၆ .၂၀၁၀ ရက်နေ့ တွင် စုံးစမ်းသိရှိရသည်။

၎င်းအဖမ်းခံရသည့် ရွာသား သုံးယောက်သည် ထိုစွပ်စွဲမှု မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုမပြုလုပ်မသုံးစွဲဘဲ
” ထွန်းမြတ်လေး “ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းကို
ခံရခြင်းဖြစ်သည်။

အဆိုပါအကြောင်းရာနှင့်ပါတ်သက်၍ “ ဟုတ်ပါတယ် ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေရှိတယ်ဆိုတာမှန်ပါတယ်
ဒါပေမဲ့လေ အခုအဖမ်းခံရတဲ့ လူလေးယောက်က မသုံးစွဲဘူးဆိုတာယုံတယ်။ဘာဖြစ်လဲဆိုတော့ ကျနော်တို့ က
တစ်ရွာထဲသားတွေပဲ တကယ်လို့ သူတို့ သုံးစွဲနေတယ်ဆိုရင်သူတို့ သတင်းတွေကြားရမှာပေါ့ တစ်ချို့ သုံးစွဲနေတဲ့
လူတွေရဲ့ သတင်းကြားရသလိုပေါ့ “ ဟု အဖမ်းခံရသူနှင့်တစ်ရွာတည်းန်ေရွာသားတစ်ဦးပြောပြချက်အရသိရသည်။

“အခုသူတို့ ကိုဖမ်းသွားတယ်ဆိုတာလည်း ဘာမူးယစ်ဆေးမှ သူတို့ လက်ထဲမိတာမရှိဘူး သံသယဖြစ်ပြီးဖမ်းသွား
တာပဲ။ တစ်ယောက်ကို ကျပ်ငွေ( ၃၀၀၀၀၀ ) ကျော် ( ၄၀၀၀၀၀) ပေးနိုင်မယ်ဆိုရင်လွတ်ပေးမယ်လို့  “ဟု
၎င်းအဖမ်းခံသူ တစ်ရွာတည်းနေတဲ့ ရွာသားတစ်ဦးကဆက်ပြောသည်။

အဖမ်းခံရသည့်ရွားသားသုံးယောက်သည် ဧပြီလဆန်ပိုင်းမှ ဖမ်းဆီးချုပ်နှောင်ခံရသော်လည်း ပြည်သူစစ်တောင်းထား
သောငွေ ( ၄၀၀၀၀၀) ကိုမပေးနိုင်သဖြင့် ယခုချိန်ထိ၎င်းတို့ ၏ဖမ်းဆီးချုပ်နှောင်းခြင်းကိုခံနေရဆဲဖြစ်သည်။

လက်ဖက်ကိုအဓိကစိးပွားရေးအဖြစ်လုပ်ကိုင်စားသောက်နေသည့်ဒေသခံမိဘပြည်သူများသည် ယခင်ကလည်း
မတရားဖမ်းဆီမှုကိုခံနေရပြိး ငွေအမြောက်များကုန်ခံနေရသည်။ အလားတူယခုနှစ်တွင်လည်း မိုးနည်းသော
ကြောင့်လက်ဖက်ထွက်နုန်းလျော့ကျသဖြင့် မိသားစု စီးပွားရေးပြသာနာရင်ဆိုင်နေရသည့်ကြားတွင် အခုလို
သံသယအဖြစ် ဖမ်းဆီးချူပ်နှောင်နေရသည်ကို၎င်းမိသားစုတို့ ၏ အနာဂါတ်စီးပွားရေးနှင့် စားဝတ်နေရေး
အလွန်ပင်စိုးရိမ်နေရကြောင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ။ph:၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃
Read more »

ရွှေလီရေအားလျှပ်စစ် အပေါ် ပြည်သူတွေ မကျေမနပ်ဖြစ်သောကြောင့် အာဏာပိုင်များကလုံခြုံရေးချ

12-မေလ-၂၀၁၀
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်အတွင်း မန်တပ်ရွှေလီရေအားလျှပ်စစ်ရေကာတာ၏ပတ်ပတ်လည်တွင်
အပေါ်ကအာဏာပိုင်အမိန့် အရ ရဲများနှင့် ပြည်သူ့ စစ်တို့ ကို ၂၀၁၀ဧပြီလတတိယအပတ်မှ စ၍ လုံခြုံရေးကင်းလှည့်ခိုင်း
ကြောင်းသိရသည်။

အဆိုပါကင်းလှည့်စောင့်ရခြင်းသည် မြန်မာလျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာဖိုးကို ငွေပမာဏမနည်း လစဉ်ပုံမှန်
ဆောင်ခိုင်းပြီး မီးတစ်လလုံးလုံးမလာဘဲပျက်နေသည်ကိုလည်းရှိသဖြင့် ၄င်းလျှပ်စစ်ရေကာတာ ပတ်ဝန်းကျင်တွင်
နေထိုင်သည့် မိဘပြည်သူများ မကျေနပ်ကြပေ။ ထိုဒေသခံပြည်သူများ တရုတ်မီးသုံးနေစဉ်တွင် အဆင်ပြေမူရှိပြီး
လက်ရှိမြန်မာရွှေလီရေကာတားရေအားလျှပ်စစ် ပြောင်းသုံးသည့်အခါ မီးခကိုပုံမှန်ဆောင်ရပြီး မီးပုံမှန်မလာဘဲ
ခဏခဏပျက်နေသည်ဟုသိရသည်။

ဤအကြောင်းရာနှင့်ပါတ်သက်၍ ကင်းစောင့်တစ်ဦးက “ အခုလက်ရှိအခြေနေမှာ ဗုံးပေါက်ကွဲမူခဏခဏကြားနေရ
တယ်လေ အဲတော့ အခုလို ဒီရွှေလီရေအားလျှပ်စစ်ကရလာတဲ့မီးကလည်း ပုံမှန်မလာတဲ့အတွက်ကြောင့် ရွာကလူတွေ
မကျေနပ်ချင်ကြဘူး။ ပြည်သူတွေ ဒီရေကာတာကို ဖေါက်ခွဲမှာစိုးလို့ ကျတော်တို့ ကိုလုံခြုံရေးအဖြစ် ကင်းစောင့်ခိုင်း
တယ်” ဟု ပြောပြသည်။

နမ့်ခမ်းမြို့ဒေသခံတဦးက “ကျမတို့ မီးမီတာ ပြောင်းပြီးနောက်ပိုင်းမှာ မီးက ပုံမှန်မလာတော့ဘူး။ မီတာထိန်းသိမ်းခ
၁၀၀၀ကျပ်လဲ ပုံမှန်ပေးရသေးတယ် မီးမီတာ ပြောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လူထုတွေ သိပ်ပြီးမကျေနပ်
ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်ကာလအတွင်းမှာ မီးလုံးဝမလာဘူး ပြီးတော့ ကောင်းတပ်ရွာက လူတွေဆိုရင်
လျှပ်စစ်ရုံးမှာ သွားပြီး စကာများရန်ဖြစ်တာရှိသေးတယ်ဆိုတော့ ပြည်သူတွေ ဖေါက်ခွဲမူလုပ်မှာကြောက်လို့ သူတို့ 
အခုလိုရွှေလီရေအားလျှပ်စစ်ရေကာတာကို လုံခြုံရေးတွေချနေတာ” ဟုပြောပြသည်။

“တချို့ ရွာကလူတွေ ပေးဆောင်ရတဲ့ မီတာခ ကုန်ကျငွေတွေကိုပြန်တောင်းတယ်သုံးပုံတစ်ပုံပြန်ရတဲ့လူတွေရှိသလို
ဘာမှပြန်မရတဲ့လူတွေလည်းရှိတော့ လူတွေကမကျေနပ်ကြဘူး “ ဟု သူကဆက်ပြောသည်။

၂၀၁၀ သင်္ကြန်ကာလအတွင်း ဖြစ်ပြတ်ခဲ့သည့် ဗုံးပေါက်ကွဲမူများသည် ပြည်သူတွေအတွက်အကျိုးမရှိ ဆုံးရှုံးမူသာ
ရရှိပြီး တည်ဆောက်ထားသည့် ရေအာလျှပ်စစ်ရေကာတာ များကို ဖေါက်ခွဲမူဖြစ်သည့်အတွက် သို့ ဖြစ်၍ယခုလို
ရွေလီရေအားလျှပ်စစ်ရေကာတာကိုလုံခြုံရေးချခြင်းဖြစ်သည်။

တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး
သတင်းပြန်ကြာရေးဌာန
Read more »

ပလောင်ဒေသတွင် ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်အတင်းဖွဲ့ပေးခြင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းများ ပြုလုပ်နေ

၎ရက်၊ ဧပြီလ၊ ၂၀၁၀ခုနှစ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်ရှိ မန်တပ်အခြေစိုက်သော ခလရ ၁၄၄ နှင့်
ရဲများပူးပေါင်း၍ ၂၀၁၀ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်လူဦးရေ ပိုမိုများပြားလာရန်အတွက် နမ့်ခမ်းမြို့နယ်ရှိ
စယ်လုံကျေးရွာနှင့် ပန်ကူကျေးရွာရှိ ရွာသူ၊ သားများကို တအိမ်လျှင် လူငယ်တဦး ပြည်သူစစ်အသင်းဝင်ရန်အတွက်
စာရင်းကောက်ခံပြီး ရွာသားများကို စစ်သုံးသော သေနတ်များ စစ်တပ်သုံး စစ်လက်နက်များတပ်ဆင်ပေးထားသည်ဟု
သတင်းရရှိပါသည်။

ရွာသားတဦးပြောပြချက်အရ “သေနတ်ပေးတဲ့အချိန်မှာ နောက်လိုအပ်ရင် သုံးဖို့နဲ့ မိမိလုံခြုံရေးအတွက်နဲ့ ကိုယ့်ကိုယ်ကို
ကာကွယ်ဖို့ဆိုပြီး ပေးသွားတယ်။ မယူလို့လဲမရဘူး။ ပြီးတော့ တအိမ်ကိုတယောက် သေနတ်ယူထားရပါတယ်။”
ဟု့ပြောသည်။

ရွာသားများသည် မိမိဆန္ဒမပါဘဲ ပြည်သူ့စစ်လုပ်ရန် အတင်းအဓမ္မ နာမည်စာရင်းသွင်းခံရခြင်းဖြစ်သည်။ ထို့ပြင်
ပြည်သူ့ဝင်သော သူများကို လစာတစ်လလျှင် ကျပ်ငွေ ၃၀၀၀၀ (သုံးသောင်း)ထောက်ပံ့မည်ဟု သိရရှိရပါသည်။

ထိုနည်းတူစွာဖြင့် ၃၀ရက်နေ့၊ ဧပြီလ၊ ၂၀၁၀ခုနှစ် နမ့်ခမ်းမြို့နယ် နမ့်စိပ်ဘက်မှ မန်စပ်ကျေးရွာကို နမ့်ခမ်းမြို့နယ်တွင်းရှိ
ကြံ့ဖွံ့အသင်းများက ရောက်လာ၍ ရပ်ရွာလူကြီးများနှင့် အစည်းအဝေးပြုလုပ်ပါသည်။ အစည်းအဝေး အကြောင်းအရာ
များပြည်သူ့စစ်အဖွဲ့ဝင်လိုသူများအတွက် ၀င်နိုင်ကြောင်း၊ မှတ်ပုံတင်မရှိသေးသော လူငယ်များကိုလည်း မှတ်ပုံတင်
ကဒ်ပြား ထုတ်ပေးမည်ဟုလည်း ဆွေးနွေးခဲ့ပါသည်။ ဤပုံမှတ်တင်ထုတ်ပေးခြင်းသည် ၂၀၁၀ရွေးကောက်ပွဲအတွက်
အရေးပေါ်ထုတ်ပေးသည်ဟု သိရရှိရပါသည်။

”တကယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင်ရင် မှတ်ပုံတင်ကဒ်ပြားထုတ်ပေးမယ်။ အဲဒီမှတ်ပုံတင်ကို ကိုင်ဆောင်တဲ့သူက
မြန်မာနိုင်ငံတခုလုံး ဘယ်နေရာပဲ သွားသွား၊ ဘယ်ဂိတ်ပဲဖြတ်ဖြတ် တာဝန်ခံဂိတ်တွေ မစစ်ဆေးဘဲ ကိုယ်သွားချင်တဲ့
နေရာကို လွတ်လွတ်လပ်လပ်သွားနိုင်“ဟု ဒေသခံတဦးက ပြောခဲ့ပါသည်။ ”မှတ်ပုံတင်မရှိတဲ့ လူတွေကို အရေးပေါ်
ထုတ်ပေးတယ်ဆိုတာ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖြစ်ပါတယ်“ နောက်ဒေသခံတဦးက ပြောပြခဲ့ပါသည်။

ထိုနည်းတူစွာဖြင့် နမ့်ခမ်းမြို့နယ်၊ ပန်ခါးအုပ်စု၊ ဟိုနားကျေးရွာရှိ ကျေးရွာဥက္ကဌများသည် အထက်ကပေးထားသော
အမိန့်နှင့် ၈တန်းအောင်သော ကျောင်းသားများဖြစ်၍ အသက်၂၅နှစ်အောက် လူငယ်များကို ရဲဝန်ထမ်းလုပ်ဆောင်ရန်
အတွက်လိုက်လံစည်းရုံးသည်ဟု သတင်းရရှိပါသည်။ ”ရဲလုပ်ရင် လစာတစ်လကို ၅၀၀၀၀ကျပ်(ငါးသောင်း)ရမယ်တဲ့။
ပြီးတော့ တခြားသော ကြားပေါက်ဝင်ငွေလည်း ရှာတတ်ရင် ရဦးမယ်“ ဟု စည်းရုံးခံရသည့် လူငယ်တစ်ဦးက
ပြောပြခဲ့ပါသည်။

၂၀၁၀ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်များ တိုးချဲ့ခြင်း၊ ရဲများလုပ်ဆောင်ရန် စည်းရုံးခြင်း၊ အရေးပေါ်မှတ်ပုံတင်
ပြုလုပ်ပေးခြင်းသည် အမြတ်ရမည်ကို ပြောပြီး မက်လုံသွားသည်ဟု သိရရှိရပါသည်။

ယခင်တွင်လည်း မန်စပ်ကျေးရွာတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်များသည် မန်စပ်ကျေးရွာတွင် ရပ်ရွာလုံခြုံရေး
အတွက် အိမ်တိုင်းကို တစ်လလျှင် ကျပ်ငွေ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျပ်ဖြင့် အတင်းအဓမ္မကောက်ခံခဲ့သည်။
ကောက်ခံရရှိသော ပိုက်ဆံကို မည်သည့်နေရာတွင် အသုံးပြုသည်ကို ရွာသူ၊ သားများက သေသေချာချာ
မသိပေ၊ ပြည်သူ့စစ် လုံခြုံရေးအတွက်ဆိုပြီး လုံခြုံရေးကင်းလှည့်တာကိုလည်းမတွေ့ဟု ရွာသာများ၏
ပြောပြချက်အရ သိရရှိရပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းနှင်သုတေသနဌာန
ဆက်သွယ်ရန်-၀၈၂၁၆၄၈၁၁၅
Read more »

ပလောင်ဒေသရှိ နအဖတပ်ရင်များမှ ပြည်သူ့စစ်ကောက်ခံပြီး စစ်သင်တန်းပို့ချ

ကျောက်မဲမြို့ အခြေဆိုက် ခလရ (၅၀၁၊ ၅၀၂) မှ မိုင်းငေါ့မြို့နယ် ကျေးရွာအုပ်စု နှစ်ခုဖြစ်သော မြို့သစ်ကျေးရွာအုပ်စုနှင့်
အုမ်းမဆွန်ကျေးရွာ အုပ်စုတို့တွင် ၂၀၁၀ ဧပြီလ အတွင်း (၅) ရက် ကြာ စစ်သင်တန်း နှစ်ကြိမ် ပေးသွားသည် ဟုသိရသည်။

“ ကျနော်တို့ ရွာမှာက ပြည်သူစစ်ခေါင်းဆောင် ဦးကျော်အုန်း ဦးဆောင်ပြီးတော့ပေါ့ အုပ်စုဝင် ရွာတွေဖြစ်တဲ့ ရွာငါးရွာက
ပြည်သူ့စစ် (၆၀) ကို ၅၀၁၊ ၅၀၂ က စစ်သားတွေနဲ့ ဒီမှာ သင်တန်း ပေးတာပေါ့ အဲ့ဒီ စစ်သားတွေရဲ့ ရာထူးနဲ့ နာမည်
ကိုတော့ ကျနော်လည်း မပြောတတ်ဘူး ၄ ရက် ကနေ ၈ရက် နေ့ထိ(၅) ရက်သင်တန်းပေးသွားတယ်။ လိုအပ်တဲ့
ရိက္ခာနဲ့ စစ်ဝတ်စုံတွေကိုတော့ ရွာကလူတွေဆီဘဲ ပိုက်ဆံကောက်ပြီး လုပ်သွားတယ် ” ဟု အုမ်းမဆွန် ကျေးရွာမှရွာ
သားတစ်ဦး မှပြောပြသည်။

ယင်း ခလရ (၅၀၁၊ ၅၀၂) မှ စစ်သားများကပင် အုမ်းမဆွန် အုပ်စု ပြည်သူ့စစ်များအား စစ် သင်တန်းပေးအပြီး
ဧပြီလ ၁၀ ရက်မှ ၁၅ ရက်ထိ မြိုသစ်ကျေးရွာအုပ်စု တွင်လည်း မြို့သစ် ကျေးရွာအပါအ၀င် ရွာလေးရွာမှ ပြည်သူစစ်
အင်အား (၅၀)အား စစ်သင်တန်းပေးခဲ့သည်ဟု သိရသည်။ သင်တန်းအပြီးတွင်လည်း တစုံတရာ လက်နက်ပေးထား
ခြင်းမရှိကြောင်းလည်း သိရသည်။

ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက “ ဒါသူတို့က ရပ်ရွာလုံခြုံရေးလို့ပြောနေပေမဲ့ သူတို့ရဲ့ တကယ် ရည်ရွယ် ချက်က ရှမ်းတွေ၊
ကချင်တွေနဲ့ စစ်ဖြစ်ရင် အခုစစ်သင်တန်းတက်တဲ့လူ ပြည်သူစစ်တွေကို ရှေ့ တန်းမှာ အသုံးပြုဖို့ လုပ်နေတာတယ် ပြီးရင်
၂၀၁၀ ရွေကောက်ပွဲကို ဆန့်ကျင့်မည့်သူများကို ဖော် ထုတ်ရန်ဖြစ်သည့်” ဟု ဆက်လက်ပြောပြသည်။

ကျောက်မဲခရိုင် မိုင်းငေါ့ မြို့ ၊ နမ့်ဆန်မြို့ ၊ မန်တုန်းမြို နယ်များအတွင်းရှိကျေးရွာများတွင်ယခင်က ကျေးရွာလုံးခြုံ ဟု
အကြောင်းပြပြီး ပြည်သူစစ်များစုဆောင်နေသော်လည်းယခု အချိန်လောက် မိဘပြည်သူတွေ ထိတ်လန့် စိုးရိမ်နေရ
ခြင်းမရှိပေ။ ယခုခါတွင်နယ်ခြားစောင့် တပ်အသွင်ကူး ပြောင်း ရေး နှင့်ပါတ်သက်ပြီးစစ်ရေးအရအသုံးချနိုင်ရန် အခုလို
ပြည်သူစစ်စုဆောင်မူ အရှိုန်မြှင့်တင် နေ တာဖြစ်သည်ဟု မိဘပြည်သူများကသံသယရှိနေခြင်းဖြစ်သည်။

ယင်းစစ်သင်တန်းအတွက် ကုန်ကျစရိတ်အားလုံးအား ကျေးရွာ ဥက္ကဌ မှ ၄င်းတို့၏ အုပ်စုဝင်ကျေးရွာ များထံမှ
ပြန်လည်ကောက်ခံရသည်ဟုလည်း သိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇ ၄၄၃
Read more »

မိုးသည်းထန်ခြင်းနှင့် လေပြင်းစွာတိုက်ခတ်

၇-မေလ-၂၀၁၀ခုနှစ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ် ရှိ နောင်စန်.ရပ် ကွက်၊ဟိုကတ်ရပ်ကွက်နှင့်
ဆာလုရွာ ၊ မန်ခမ်းရွာ ၊ ဖာလင်ရွာနှင့် လွယ်အင်ကျေးရွာ စသည့်နေရာများတွင် အနောက်ရပ်မှ မိုးပြင်း၊ လေပြင်းများ
( ၃ ) နာရီခန့်  ၀င်ရေက်တိုက်ခတ်သွားခဲ့သည်။

၎င်းတိုက်ခတ်မူကြောင့် ပြည်သူများအချို့ ကောက်ပဲသီးနံ နှင့် အိုးအိမ်များ ထိခိုက်ဆုံးရှုံး သွားသည်။ နမ့်ခမ်းမြို့ အတွင်းရှိ
ဓါတ်တိုင်များပြိုလဲခြင်း ၊ စိုက်ထူထားသော စည်ပင်ဆိုင်းဘုတ်များပြိုလဲခြင်း နှင့် လျှပ်စစ် ပြတ်တောက် မူများလည်
ကြုံတွေ့ သည်ဟုသိရသည်။

လေပြင်းမုန်တိုင်းတိုက်ခတ်မူဒဏ်ကို မြို့ ခံတစ်ဦးက “ တော်တော်ကိုဆိုးပါတယ်ကွာ စတိုက်ချိန်မှာ ဘယ်လောက်
မှမပြင်းဘူး တစ်နာရီ နီးပါးလောက်ကြာမှ တိုက်ခတ်မူကအရှိုန်တစ်ဖြည်းဖြည်းနဲ့ ပြင်းလာ တယ် အဲနောက် ပိုင်းအချို့ 
အိမ်တွေ ဓါတ်တိုင်တွေ အပေါ်ကကျိုးကျလာတဲ့သစ်ကိုင် ကြီးရိုက်ခတ်မူ ကြောင့် စပြီးပြိုကျ ပျက်စီး တော့တာပဲ”

ထိုတိုက်ခတ်မူကြောင့် ထိခိုက်နစ်နာကြုံတွေ့ နေရသော အိမ်ထောင်စုစုပေါင်း ( ၅၀ ) ခန့် ဖြစ်ပြီး လေပြင်း တိုက်ခတ်
နေချိန်ကာလတွင် မိုးသည်းထန်ပြီး မိုးသီးများပါကျလာပြီး ရေကြီးမှုများဖြစ်သောကြောင့် စိုက်ထားသည့် အချို့ သီးနှံများ
နှင့် အချိုးခူးလို့ မပြီးသေးသည့်လက်ဖက်များလည်း ပျက်စီးခြင်းရှိသည် ဟုလည်း သူက ဆက်ပြောသည်။

ယခုလိုလေပြင်းထန်စွာတိုက်ခတ်ခြင်းနှင့် အလားတူ ပြိးခဲ့သည့်လ တတိယအပါတ်တွင် မန်တုန်မြို့ နယ် နှင့်
မူဆယ်မြို့ နယ် မှာလည်းကြုံတွေ့ ခဲ့ရပြီး အဆောက်အဦးနှင့် ပြည်သူအချို့ များမှထိခိုက်ဒဏ် ရာရပြီး ဆေးရုံး
တက်ရ သူများရှိခဲ့ပါသည်။

၎င်းဒေသခံပြည်သူများသည် စီးပွားရေးအဆင်မပြေမူ နှင့်အတူ ယခုလို လေပြင်းတိုက်ခတ်ဒဏ်ကြုံတွေ့ နေရ
သောကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့ နေရပါသည်၊၊

သတင်နှင့်းပြန်ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇၈ ၄၄၃
Read more »

Sunday, May 9, 2010

နမ့်ဆန် ပညာရေး ၀န်ထမ်းများအား ရွေးကောက်ပွဲ ကြည့်ကြပ်ရေး သင်တန်းပေးနေ

ဧပြီ ၃၀ ရက် ၂၀၁၀ တွင် နမ့်ဆန် ပညာရေးမှူး ဦးသိန်းဟန် မှ နမ့်ဆန်မြို့နယ် နှင့် မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု
(၁၀) ခုရှိ ပညာရေး ၀န်ထမ်းများအား သင်ကြားမှု စွမ်းရည်မြင့်တင်ရေးနှင့် ပတ်သက်သည့်သင်တန်းဟု အကြောင်းပြ၍
ရွေးကောက်ပွဲ ကြည့်ကြပ်ရေးနှင့် ပက်သက်သည့် သင်တန်းများပေးနေသည်ဟု သိရသည်။

“ ပညာရေးမှူး ဦးသိန်းဟန် က မြေပြန်ကနေ ရောက်လာပြီး ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်
၏တွေက တဆင့် အဲ့ဒီသင်တန်းတက်ဖို့ကျနော်တို့ကိုခေါ်တာလေ ဧပြီ ၃၀ ရက် နေ့ကစာရောက်တယ် မေလ ၂ ရက် နေ့
ပညာရေးမှူးရုံးကို အရောက်လာ ရမယ်ပေါ့” ဟု နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု ပညာရေးဝန်ထမ်းတစ်ဦးက
ပြောပြသည်။

“ကျောက်ဖြူ၊ အရမ်၊ ဟိုချောင်း၊ ဘုရားကြီး၊ ဟူခင်၊ မန်လုံး၊ ကယာလမ်း၊ ပန်စရီ၊ အပါအ၀င် အုပ်စု (၁၀)ခုက
ပညာရေးဝန်ထမ်း (၂၀၀) ကျော်လောက် လာတက်ကြမယ် ပညာရေးမှူးရုံး မှာဘဲပေါ့ ၃ရက်နေ့ ကနေ ၉ ရက်နေ့ထိ
(၇) ရက် သင်တန်းပေါ့ သင်ကြားမှုစွမ်းရည် မြင့်တင်ရေး သင်တန်း လို့တော့ ပြောတယ် ဒါပေမဲ့ ကျနော်သိရ
သလောက်တော့ ဒီရွေးကောက်ပွဲ ဖြစ်လာရင် ကြည့်ကြပ်ဖို့အတွက် သင်တန်းပေးမှာဖြစ်တယ်လို့ သိရတယ်” ဟု
နမ့်ဆန်မြို့ ပေါ်ရှိ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောပြသည်။

ပြီးခဲသော ၂၀၀၈ လုထု ဆန္ဒခံယူပွဲတွင်လည်း ပညာရေး ၀န်ထမ်းများသာလျှင်ကြည့်ကြပ် ခဲ့ရပြီး ယခု ၂၀၁၀
ရွေးကောက်ပွဲဖြစ်လာလျှင်လည်း ပညာရေးဝန်ထမ်းများသာလျှင် အသုံးပြုမည်ဖြစ်သဖြင့် ယခုကဲ့ သို့ သင်တန်း
ပေးနေခြင်းဖြစ်သည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်။
၀၈၀ ၁၁၈ ၄၄၇၉
Read more »

စစ်အစိုးရရုံးများပြင်ဆင်ရန် ပြည်သူများထံ အတင်းအဓမ္မငွေကောက်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်မြို့နယ်တွင် ၁၇ ရက် ဧပြီလ ၂၀၁၀ ညနေ (၃) နာရီမှ (၅) နာရီထိ ခလရ (၁၃၀)
တပ်ကုန်းအား ဗဟိုပြုပြီးပြင်းထန်သောလေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်ခဲ့သည်။ ထို တိုက်ခတ်မှုကြောင့်
အစိုးရရုံး၊ စစ်စခန်း၊ လ္ဘက်စက်ရုံနှင့် လူနေအိမ်များ ပျက်စီးဆုံးရှူံးခဲ့သည်။

ထိုတိုက်ခတ်မှုကြောင့် ဆုံးရှုံမှုများကို ရွာသားတဦးက “မန်တုန်မြို့တွင်း လ္ဘက်စက်ရုံတစ်ရုံ၊ အိမ်ခြေပေါင်း (၃၀)၊
စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ အထက်တန်းကျောင်း နှင့်စစ်တပ်တွင်းမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ကုန်တယ်။
ကာလငွေတန်ဖိုး ကျပ်သိန်း (၃၀၀) ကျော် လောက် ဆုံးရှုံးမယ်” ဟုပြောခဲ့သည်။

စည်ပင်ရုံးနှင့်စိုက်ပျိုးရေးကို ပြန်လည်ပြုပြင်ရန်အတွက် မယက ဥက္ကဌ မှ မေလ (၁) ရက်နေ့ တွင် သက်ဆိုင်ရာ
မြိုနယ်ရပ်ကွက် လူကြီးများနှင့် အစည်းအဝေးပြုလုပ်ပြီး ရွာသားများထံမှ ငွေကောက်ခံ ခိုင်းကြောင်းသိရှိရသည်။
ထိုကောက်ခံငွေများကို မေလ(၇) ရက်နေ့ နောက်ဆုံးထားပြီး ငွေအပ်ရမည်” ဟုလည်းအမိန့်ထုတ် ထားသည်။

ငွေကောက်ခံရာတွင် ဆင်းရဲသားမိသားစုများကို ကျပ် ၂ သောင်း၊ လူလတ်တန်းစားများကို ၅ သောင်း နှင့် ချမ်းသာတဲ့
မိသားစု(၁)သိန်း၊သစ်ကုန်သည်တရုတ်သူဌေးများထံ(၅)သောင်း၊ ကုန်စုံဆိုင် အသေးစားတွေဖွင့် ထားတဲ့ပလောင
်မိသားစုများထံမှ ကျပ်ငွေ(၁)သိန်းကောက်ခံသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ် နေသည်။

ဒေသခံတဦးပြောပြရာတွင် “ပလောင်လ္ဘက်စက်ရုံပိုင်ရှင်တစ်ယောက်ဆိုရင် အမိုးတွေ လေနဲ့ ပါပြီးပျောက်ကုန်လို့
သွပ် အချပ် (၂၅၀) ကျော်လောက်ပြန်ဝယ်ပြီး လက်ဖက်စက်ရုံကိုပြန်မိုးရ လို့ ငွေကုန်ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မယက
ဥက္ကဌ က ‘မင်းစက်ရုံပြိုတာ မင်းကိစ္စ အခု ပြိုသွားတဲ့ ရုံးတွေပြုပြင်ဖို့ အတွက် မင်း ငွေ (၅) သောင်းပေးရမယ်’ လို့
ခြိမ်းခြောက်ပြောဆိုခဲ့သည်။ထိုစက်ရုံပိုင်ရှင်က အဆင်မပြေကြောင်း မယကဥက္ကဌ ကိုတောင်းပန်သော်လည်း
လက်မခံခဲ့ဘူး”

ထိုရက်အတွင်းတိုက်ခတ်ခဲ့သောလေဆင်နှာမောင်းသည် စစ်တပ်စခန်းအား (၃) ကြိမ် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး
မြို့တွင်းတစ်ခါသာလျှင် တိုက်ခတ်ခံရသည်ဟုသိရသည်။ ထိုလေးပြင်းတိုက်ခိုက်မှုကြောင်း ဖြစ်ပေါ်သော ဆုံးရုံးမှုများ
ကိုမည်သည့်အဖွဲမှဝင်ရောက်ကူညီမှု မရှိသေးကြောင်းသိရသည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈ ၇၈၄၄၃
Read more »

Thursday, April 29, 2010

ကွတ်ခိုင် ခလရ(၄၅) ဗျူဟာမှူး ခြိမ်းခြောက်စာပို့ခံရ

၂၆ ရက် ၄လ ၂၀၁၀ တွင် ကွတ်ခိုင်မြို့နယ် ခလရ(၄၅) ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်း ကိုအမည်မသိလူတစ်ဦးမှ
စစ်တပ်အတွင်းဗုံးလာခွဲမည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်းကို မြို့ခံတစ်ဦးထံ၏ ပြောပြချက်အရ သိရှိရပါသည်။

“အဲ့ဒီလူက ကလေးတစ်ယောက်ကို ခိုင်းလိုက်တာလေ၊ အဲ့ဒီစာအိတ်ကို ဟိုမှာစောင့်နေတဲ့ စစ်သားကို သွားပေးလိုက်
ဆိုပြီးတော့ပေါ့၊ ကလေးကလည်း ဘာမှမသိတော့ အဲ့ဒီမှာစောင့်နေတဲ့ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ တပ်ထိန်းကို
သွားပေးလိုက်တာပေါ့၊ တပ်ထိန်းကလည်း ဗျူဟာမှူးကို လိပ်မူထားတဲ့စာဆိုတော့ ဖွင့်မဖတ်ရဲဘဲနဲ့ တခါတည်းဗျူဟာမှူး
ကိုသွားပေး လိုက်တာပေါ့”

“စာထဲမှာက ခလရ(၄၅) စစ်တပ်အတွင်းကို ဗုံးလာခွဲ မယ်လို့ကိုရေးထားတာ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်းလည်း
တစ်ခါမှအဲ့ဒီလို ခြိမ်းခြောက်စာပို့ခံရတာမျိုးမရှိတော့ အတော့်ကို လန့်သွားတယ်ပြောတယ်ပြီးတော့ အဲ့ဒီစာလာပို့ပေးတဲ့
တပ်ထိန်းကိုလည်း တစ်ခါတည်း အချုပ်ထဲ ထဲ့ထားလိုက် တော့တာပါဘဲ” ဟုပြောပြသည်။

ထိုစာအား မည်သူမည်ဝါ ပေးပို့သည်ကို မသိရဘဲ စစ်တပ်အတွင်း အသံအမျိုးမျိုးကြားနေရ သည်။ တချို့က စစ်တပ်
အချင်းချင်းဖန်တီးသည့် လုပ်ကြံခြိမ်းခြောက်မှုဟုထင်၍ တချို့မှာလည်း ကချင်နှင့် ရှမ်း လက်နက်ကိုင် ငြိမ်းအဖွဲ့တို့၏
လက်ချက်ဟုထင်နေကြသည်။

သင်္ကြန်အတွင်း ရန်ကုန်မြို့နှင့် မူဆယ်တွင် ဆက်တိုက်ဆိုသလို ဗုံးကွဲပြီးနောက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့အထွက်
ခလရ(၂၄၁)အနီး အေးရှားဝေါလ်ဂိတ်တွင် သာသနာရေးဝန်ကြီးဌာန၊ မြေစာရင်းဌာန၊ အားကစားမှူးမှအစ ဌာနအလိုက်
ပါဝင်ပြီး စီမံချက်ဖြင့် ရဟန်းရှင်လူခရီးသွားများအား တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်ကြားမှ ယခုကဲ့သို့ခြိမ်းခြောက်
စာပေးပို့ခံခဲ့ ရခြင်းဖြစ်သည်။

သတင်းနှင့် ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး

ဆက်သွယ်ရန်။ ။ ၀၈၀ ၁၁၈ ၄၄၇၉
၀၈၂ ၈၈၇ ၈၄၄၃
Read more »

အကြောင်းပြချက်မရှိ ကျေးရွာလူအ၀င်အထွက်စာရင်း ကောက်ခံခိုင်း

နမ့်ဆန်မြို့ အတွင်း ငွန်ဆိုင်ကျေးရွာအခြေစိုက် ပြည်သူစစ်ခေါင်းဆောင် ထွန်မြတ်လေး ဦးဆောင်သော ပြည်သူစစ်
အဖွဲ့ သားများသည် နမ့်ဆန်မြို့ အရှေ့ ပိုင်း ပလောင်ကျေးရွာများဖြစ်သည့် နမ့်လင်း၊ အောက်မန်လွယ်၊
အထက်မန်လွယ်၊ ခေးခင်၊လုံတောက်စသည့် ကျေးရွာဥက္ကဌများကို ဇန်န၀ါရီလ အတွင်းတွင် လူအ၀င်အထွက်စာရင်း
ကောက်ခံခိုင်းကြောင်းသိရရသည်။

ဒီလိုလူအ၀င်အထွက်စာရင်း ကောက်ခံသည်မှာ ဘာအတွက်ကြောင့်ကောက်ခံရမည်ကို မေးခွင့်မရသောကြောင့်
ဒေသခံများသည် တိတိကျကျမသိရပေ၊ ထိုလူအ၀င်အတွက်စာရင်းပြုစုကောက်ခံရာတွင်လည်း လူအမည်၊ အသက်၊
ကျား၊ မ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် စသည့်အချက်များပြည့်စုံရမည်ဟုလည်း အမိန့်ပေးသွားခြင်းဖြစ်သည်၊

“သူတို့ ကိုယ်တိုင်တော့မကောက်ဘူးပေါ့ ကွာ ထွန်မြတ်လေး ကသူရဲ့တပည့်တွေကို ဦးဆောင်ပြိးတော့ ကျတော်တို့ ရဲ့ 
ရွာဥက္ကဌကို ကောက်ခိုင်းလိုက်တာပါ၊ တော်တော်တော့ ခက်ပါတယ်ဗျာ တကယ်လို့  ကျတော်တို့ စာရင်းတိတိကျကျ
မကောက်နိုင်ရင် သူတို့ ကရွာဥက္ကဌကော ရွာသူရွာသားတွေကအစ ခေါ်တွေ့ပြီး အရေးယူမယ်လို့ လည်း ရွာဥက္ကဌကို
ကြိမ်းဆိုလိုက်တယ် “ဟု ရွာသားတစ်ဦးပြောပြချက်အရ သိရသည်၊

အဆိုပါရွာများသည် ယခုလိုအကြောင်းပြချက်တိတိကျကျမရှိဘဲ ခြိမ်းခြောက်မူ. အမိန့် အောက်က လုပ်ပေးရသော
ခိုင်းစေခြင်းကို အမိန့် အတိုင်းလွဲချော်မူတစ်ခုခုရှိပါက ဒဏ်ငွေပမာဏမနည်း ပေးရခြင်းသည် ယခင်ကအတွေ့ကြုံ နှင့်
အလာတူကြောင်းသိရှိရသည်၊

ယခုလိုရွာအတော်များများတွင် လူအ၀င်အထွက်စာရင်း တိကျခက်ခဲလှသည့်အချက်လက်များကိုကောက်ခံခြင်းသည်
လာမဲ့ရွေးကောက်ပွဲ နှင့် ပယောဂမကင်းကြောင်းဟု ဒေသခံပြည်သူများက ယုံကြည့်ကြသည်၊

တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
သတင်းပြန့် ကြားရေးဌာန
Read more »

ဘုန်းတော်ကြီးကျောင်းမီးလောင်

၁၀-မတ်-၂၀၁၀
နမ့်ဆန်မြို့နယ်အတွင်းရှိ အားရမ်းကျေးရွာတွင်ရှိသော ဘုန်းတော်ကြီးကျောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ 
ညနေ ၅ နာရီ လောက်တွင်မီးလောင်သွားကြောင်းစုံးစမ်းသိရှိ ရသည်။

ဤဘုန်းတော်ကြီးကျောင်းမီးလောင်ရခြင်းနှင့်ပတ်သက်၍ အားရမ်းရွာသားတစ်ဦးက “ဟုတ်တယ် လူတွေတော်တော်
များများက လက်ဖက်ခြံသွားကြတယ်လေ ကျတော်တို့ လည်းသွားတယ။် ညနေ လက်ဖက်ခြံကနေပြန်လာပြီး
ရွာအ၀င်မှာရောက်တော့ ဘုန်းကြီးကျောင်းမီးလောင်နေတာကို မြင်ရတယ် ကျတော်တို့ ရွာကလူတွေ ၀ိုင်းငြိမ်းတယ်
ဒါပေမဲ့ မနိုင်ဘူး၊ အစက ကပ်ဆက်ရှော့ဖြစ်တာကို ဓါတ်ဆီ ပုလင်းနဲ့ တိုက်မိပြီး စလောင်တော့တာပါပဲ၊ နောက်အခြား
သိုလှောင်ထားတဲ့ လောင်စာဆီနေရာမှာကူးသွားတော့ မီးကမငြိမ်းနိုင်လောက်အောင်တောက်ပြီး တစ်ကျောင်းလုံး
လောင်ကျွမ်းသွားတယ်” ဟု ပြောပြသည်၊

နမ်ဆန့် မြို့နယ်အတွင်းရှိ ကျေးရွာများသည်လည်း အားရမ်းရွာကဘုန်းတော်ကြီးကျောင်းမီးလောင်ခြင်းနှင့် ပတ်သက်ပြီး
အလုငွေများ တစ်ရွာတွင် (၅၀၀၀၀) ခန့် ကူညီလုဒါန်းခဲ့သည်၊ ဘုန်းတော်ကြီးကျောင်းမီးလောင်ပြီး ဆုံးရှုံးသွားသည့်
ပစ္စည်းများသည် ငွေပမာဏ သိန်း ( ၅၀၀) ခန့် မနည်းဆုံးရှုံးသွားကြောင်းလည်း သိရသည်၊

နမ့်ဆန့်မြို့ပေါ်တွင် မီးသတ်ကား နှစ်စီးရှိသော်လည်း လမ်းပန်ဆက်သွယ်ရေးအဖြစ်လည်းကောင်း တာဝန်အဖြစ်သော်
လည်းကောင်း မည်သည်မျှအကူညီမရခြင်းဖြစ်သည်၊ ထိုမီးလောင်သည့် အချိန်ကာလတွင် ၀န်ကြီးခရီးစဉ်ကာလဖြစ်
သောကြောင့် ငွေအနည်းငယ်ဖြင့်ကူညီပေးပြီး ၂၀၁၀ အတွက်စည်းရုံးရေးပါ လုပ်ဖြစ်သွားကြောင်းသိရသည်၊

သတင်းပြန့် ကြားရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး
Read more »

ယခင်ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း လက်ရှိဆေးရုံး ဖျက်ဆီး

၁၀-မတ်-၂၀၁၀
နမ့်ဆန်မြို့နယ်တွင်းရှိ ယခင်က ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း ဆေးရုံးအဖြစ်တည်ဆောက်ထားသည့်
လက်ရှိပြည့်သူဆေးရုံးကြီးသည် ယိုယွင်းခြင်းမရှိဘဲ အထက်ကအမိန့် ဖြင် ဖေဖေါ်ဝါရီလအတွင်းတွင် ဖျက်ဆီးထား
ကြောင်းသိရသည်။

အထက်ပါအကြောင်းနှင့်ပတ်သက်၍ မည့်သည့်ဌာနမှ ဦးဆောင်လာရောက်သိမ်းယူ ဖျက်ဆီးသည်ကို ရှင်းရှင်းလင်းလင်း
မရှိဘဲ သွပ်မိုးပင်မက အခြားသောအဆောက်အဦး ပစ္စည်းများကိုလည်း ဖျက်ဆီးသိမ်းဆည်းထားသည်၊ ထိုယိုယွင်းမူမရှိ
ဆေးရုံးကို ဖျက်ဆီးထားသည်မှာ အသစ်တည်ဆောက်မွမ်းမံရန် အစီစဉ်ရှိသည်ဟုဆိုထားသောလည်း အခုချိန်ထိ
အချိန်ဆွဲ ကြန့် ကြာနေခြင်းဖြစ်သည်၊

ဤဆေးရုံးကြီးဖျက်ဆီးခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်ကို အများကပြည်သူဆီက မရှင်းပြဘဲ
ဆောင်ရွက်သွားသည်၊ တွေ့ရှိသူများလည်း ထိုသို့ ပြည်သူ့ ဆေးရုံးကြီးဖြစ်သောကြောင့်စိတ်မကျေမနပ်ဖြစ်သည်
ဟုလည်းသိရသည်၊

ထိုဆေးရုံးကြီးသည် ယခင်ကပလောင်စော်ဘွား ဟော်နန်းဖြစ်ပြီး နှစ်အကြာမှာ ဆေးရုံးအဖြစ်ဆောက်လုပ်ရာတွင်
ပလောင်အမျိုးသားများက စိတ်မကျေမနပ်ဖြစ်ခဲ့ပြီး အလာတူအခုလက်ရှိဆေးရုံးကိုလည်း အကြောင်းပြချက်မရှိ
ဖျက်ဆီးခြင်းလည်း ပလောင်လူမျိုးများ သမိုင်းကြောင်းကို ဖျက်ဆီးရာဖျက်ဆီးကြောင်းသိသာထင်ရှားသည်၊

ယခုလို ယိုယွင်းခြင်းမရှိဆေးရုံးကြီးကို အသစ်မွမ်မံရန်ဟုအကြောင်းပြချက်ပေးပြီး ၂၀၁၀ အတွက်လိုမဲ့အဆောက်အဦး
များပြုပြင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ယုံကြည်ထားသည်ကိုလည်းသိရသည်၊

သတင်းပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
Read more »

Wednesday, April 21, 2010

စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေးစနစ်အပေါ်ထုတ်ပြန်ကြေညာချက်

Posted By admin on April 20, 2010

တအာင်းလူငယ်များ၏ ယနေ့ထုတ်ပြန်သည့် အလင်းမဲ့ဘဝ ပညာရေးအစီရင်ခံစာသည် စစ်အုပ်စု၏ထိန်းချူပ်မှုအောက်
ဆိုးဝါးနိမ့်ကျ နေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလူမျိုးတို့ပညာရေးစနစ်အကြောင်းကို အများပြည်သူသိရှိ
စေရန် ထုတ်ဖော်ထားပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံ စသည့် မြို့နယ်သုံးမြို့နယ်မှ
ရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၁၇၅ ဦးတို့ကို တွေ့ဆုံ မေးမြန်းမှူအပေါ် အခြေခံပြီး အချက်အလက်များ
ကောက်ယူခဲ့ပါသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ ယခုအစီရင်ခံစာသည် စစ်အုပ်စု၏တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ
အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်းပြည်သူလူထုတို့၏ဘဝ အနာဂတ်မဲ့နေကြရသည်ကို အချက်အလက်
စုစည်းတင်ပြထားပါသည်။ တအာင်းဒေသတွင် စာသင်ကျောင်းအနည်းငယ်သာရှိပြီး ကျောင်းသုံးပစ္စည်းလည်း
မပြည့်စုံပါ။ နအဖ စစ်အုပ်စုသည် အရည်အချင်း ပြည့်ဝသော ဆရာများထားရှိခြင်း၊ ဆရာများကိုလေ့ကျင့်သင်ကြား
ပေးခြင်း၊ ပညာရေးသင်ထောက်ကူများပံ့ပိုးခြင်း အစရှိသည့် ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင်
မရှိသလောက်အလွန်နည်းပါသည်။ ကျောင်းသင်ထောက်ကူပစ္စည်းအတွက် ပညာသင်ကြားသည့် တအာင်းကျောင်းသား
လူငယ်များထံသာ ကောက်ခံခဲ့ကြပါသည်။

ကျောင်းတကျောင်းတွင် ၂ဝဝဝ ခုနှစ်တွင် စတင်ပညာသင်ကြားခဲ့သော ကျောင်းသူ/သား ၁၇၂ ဦးသည် ၂ဝဝ၉ ခုနှစ်
ရောက်သောအခါ ကျောင်းသူ /သား ၃ ဦးခန့်သာ ဆယ်တန်းအထိရောက်ရှိသင်ကြားနိုင်ခဲ့သည်ကို အစီရင်ခံစာ
အတွက် လေ့လာသုတေသန ပြုသည့် အဖွဲ့မှ လေ့လာတွေ့ရှိရပါသည်။ ထိုအတူ ပညာရေးသင်ရိုးညွန်တမ်းတွင်
တိုင်းရင်းသားလူမျိုးများအား ကိုယ်ပိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုများကို တရားဝင်လေ့လာသင်ယူခွင့်ကို
တားမြစ်ပိတ်ပင်ထားပြီး စာသင်ကျောင်းများတွင်လည်း မြန်မာစာ ကိုသာ အခြေခံ အသုံးပြု၍ သင်ကြားနေသည်။

နအဖ စစ်အုပ်စုသည် ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးထက် စစ်အင်အားပြင်ဆင်တိုးချဲ့ရေးတွင်
နိုင်ငံ့ဘဏ္ဌာငွေကို အဆ ပေါင်းများစွာ အသုံးပြုထားပြီး၊ နိုင်ငံထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ၏ ၁.၄ ရာခိုင်းနုန်းသာ
ပညာရေးနှင့်ကျန်မာရေးအတွက် သုံးစွဲသည် ကိုတွေ့ရှိရပါသည်။ ပညာသင်ကြားသော ကျောင်းသာလူငယ်များမှာ
အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်းသွတ်သွင်းခြင်းအပြင် လူ့အခွင့်အရေးချိုး
ဖောက်မှုများစွာ ခံစားနေကြရသည်ကိုလည်း တွေ့ရှိရပါသည်။

ပညာရေးအခြေအနေမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အဘက်ဘက်တွင် ဆိုးရွားစွာ ဆက်လက်ဖိနှိပ်ချိုးနှိမ်ခံ
ထားရပါသည်။ စာသင်ကျောင်းတွင် အချိန်ကြာမြင့်စွာသင်ယူခဲ့သည့် ကျောင်းသားတစ်ယောက်အတွက် ဆက်လက်ပြီး
တဆင့်မြှင့်ပညာသင်ကြားရန် အခြေအနေလုံးဝ မရှိသလောက် နည်းပါးလှပါသည်။ “ကျနော်သင်ကြားခဲ့တဲ့
ပညာရေးဟာ ကျနော်လုပ်နေတဲ့အလုပ်နဲ့ ဘာမှ မဆက်စပ် ပါဘူး။ တက္ကသိုလ် မှာ ဥပဒေပညာကို သင်ယူခဲ့ပြီး
အခုလက်ဖက်ရောင်းနေပါတယ်။ ပညာရေးဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက် အာမခံချက်လုံးဝ မရှိဘူး။ အခုပညာ
ရေးစနစ်ဟာ အစိုးရကို ကြောက်လန့်အောင်၊ အမိန့်နာခံအောင်ပဲ သင်ပေးပါတယ်။ လာဘ်စားမှု တွေလဲ အင်မတန်
များပါတယ်” ဟု အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခံခဲ့သူ လူငယ်တဦးပြောပြပါသည်။

“နအဖ စစ်အုပ်စု ရဲ့ ပညာရေးစနစ်ကို အချိန်မှီပြုပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုရင် ပညာရေးဟာအလျှင်အမြန် ယိုယွင်း
ပျက်ဆီး သွားမှာဖြစ်ပါတယ်၊ ဒေသခံပြည်သူလူထုတွေရဲ့ ပညာရေးအခြေအနေဟာ ဘတ်ဂျတ်မရှိလို့ကျောင်းပိတ်တာ၊
ဘတ်ဂျတ်ငွေကြေး မတတ်နိုင်လို့ကျောင်းထွက်ရတာ၊ ပညာရေးအတွက် အခြားဘာမှ ရွေးချယ်စရာအခွင့်အလမ်း
မရှိတော့တာတွေဟာ လုံးဝစိတ်ဓါတ် ကျဆင်းစရာဖြစ်နေပါတယ်” ဟု တအာင်းတအာင်းကျောင်းသားနှင့်လူငယ်များ
အစည်းအရုံး၏ ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်း မှ စစ်အုပ်စု၏ မှားယွင်းသော ပညာရေးစနစ်ကို အချိန်မှ
ပြုပြင်ရန် ထောက်ပြပြောဆိုထားပါသည်။

Contact:
Mai Mao Dang -၆၆-ဝ၈၇ ၅၂၄ ၆ဝ၇၂
Mai Aung Ko – ၆၆-၀၈၀ ၁၁၈၄၄၇၉
The full report lightless Life can viewed at www.palaungland.org
Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger