DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, August 26, 2011

မြန်မာစစ်တပ်၏မှားယွင်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး

မြန်မာစစ်တပ်ဖက်မှစစ်သားများ မှားယွင်းပစ်ခတ်မှုကြောင့်  အပြစ်မဲ့ရွာသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုန်မြို့နယ်၊ လွယ်ဆောင်ကျေးရွာမှ ၂ဝ၁၁ခုနှစ်၊  သြဂုတ်လ၊  ၁၆ရက်နေ့တွင် မန်တုန်အခြေစိုက် ခလရ တပ်ရင်း(၁၃ဝ) ဗိုလ်မှူးကျော်ဇေယျာထွန်း ဦးဆောင်သောအဖွဲ့မှ စစ်သားများသည် စစ်ပွဲမဖြစ်ပွားသည့် မန်တုန်ဒေသတဝိုက်တွင် ကချင်စစ်သားများနှင့် ရှမ်းစစ်သားများ ခိုအောင်းနေသည်ဟုယူဆပြီး လိုက်လံရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေစဉ် လွယ်ဆောင်ရှိပလောင်ရွာသို့ ခေတ္တခဏရပ်နားခဲ့ပြီး ရွာသားများကို ပေါ်တာဆွဲခဲ့သည်။ ချောဆွဲခံရမည်ကိုကြောက်ရွံ့ပြီး ပုန်းအောင်းနေသည့် ရွာသားကို ရှမ်း(သို့) ကချင်စစ်သားဟု ထင်မှတ်ပြီး ပစ်ခတ်လိုက်သည်ဟု ရွာသူတစ်ဦးမှ ပြောပြခဲ့ပါသည်။

“မြန်မာစစ်တပ်အဖွဲ့က ကချစ်စစ်သား ဒါမှမဟုတ် ရှမ်းစစ်သားတွေကိုလိုက်လံရှာဖွေရင်းနဲ့ ကျွန်မတို့ရွာကို ခဏလာနားတယ်၊၊ ပြီးတော့ ရွာထဲက လူတွေကိုချောဆွဲကြတယ်၊၊ အဲဒီအချိန်မှာ မိုင်းအိုက်ဆမ်ပီးက သူချောဆွဲခံရမှာကြောက်ပြီး ပုန်းနေတာ။ သူပုန်းနေတာကို စစ်သားတွေတွေ့တော့ ရှမ်းနှင့်ကချင်စစ်သားလို့ထင်ပြီး ပစ်လိုက်တယ်၊၊ သုံးချက်လောက်ပစ်တော့ အိုက်ဆမ်ပီးက ပွဲချင်းပြီးသေသွားတယ်။ မွန်းလွဲ ၃နာရီလောက်သေတယ်။”

သေဆုံးသွားသည့် ရွာသားအတွက် လျှော်ကြေး ကျပ်ငါးထောင်သာ ပေးခဲ့သည်။ ဤလျော်ကြေးနှင့်ပတ်သက်၍ ၄င်းသေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးတာကျောင်းနှင့် ရွာသူရွာသားများမှ ကျေနပ်မှုမရှိသော်လည်း စစ်တပ်ကိုအလွန်ကြောက်ရွံ့သောကြောင့် ဘာမှစောဒကမတက်ရဲကြချေ။ ဒေသခံအာဏာပိုင်များမှ ဘာတခုမှ မလုပ်ဆောင်ပေးသည့်အပြင် မသိသလိုပင်နေကြသည်ဟု ပလောင်ဒေသခံတစ်ဦးမှ ပြောကြားချက်အရ သိရှိရသည်။

၂ဝ၁၁ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာစစ်တပ်နှင့် ရှမ်းစစ်တပ်ကြားတင်းမာမှုကြောင့် စစ်ပွဲများ ဖြစ်ပွားခဲ့သည်မှာ ယခုအချိန်ထိ ပင်ဖြစ်သည်။

www.palaungwomen.com တွင်လည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger