DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, August 26, 2011

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ဈေးဆိုင်များ အခွန်စတင်ကောက်ခံ

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်မြို့နယ်အတွင်း အချို့နေရာများတွင် ဈေးဆိုင်အခွန်များကို ဇွန်လကုန်မှစ၍ ကောက်ခံနေကြောင်းသိရှိရသည်။

"နမ့်ဆန်မြို့နယ်တစ်ခုလုံးတော့ မကောက်သေးဘူး၊ လောလောဆယ် နမ့်ဆန်မြောက်ဘက်ခြမ်းဖြစ်တဲ့ ပန်းစရီရွာ၊ ဇယန်းမြောက်(ပန်းလော)၊ အနောက်ကင်းအုပ်စုတို့ဘက်မှာ ဆိုင်တဆိုင်ကို (၆၀၀၀၀) ကျပ် ကောက်တယ်၊ ဆိုင်ကြီး ဆိုင်ငယ် အတူတူပဲပေးရတယ်" ဟုဆိုင်ရှင်တစ်ဦးမှပြောပြခဲ့သည်။

" အန်တီဆိုင်က ကုန်စုံဆိုင်သေးသေးလေးပဲ၊ တနေ့မှ အမြတ်ငွေ(၁၀၀၀) ကျပ်လောက် မြတ်ချင်မှမြတ်မယ်၊ ဒါပေမယ့် အခွန်က(၆၀၀၀၀) ပေးဆောင်ရမယ်ဆိုတော့ ဆိုင်ပိတ်လိုက်ရတယ်"ဟု ဇယန်းမြောက် လမ်းဘေး ကုန်စုံဆိုင်ပိုင်ရှင် မှပြောပြခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ညွန်းကြားချက်ဖြင့် ရဲတွေ လာကောက်တယ်လို့သိရသည်။ သို့သော် နမ့်ဆန်မြို့နယ်တစ်ခုလုံးကို ကောက်ခံတာမျိုးမဟုတ်သေးဘဲ နမ့်ဆန်မြောက်ဘက်ခြမ်းကိုသာ ကောက်ခံနေကြောင်း တွေ့ရသည်။

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေ ပုဒ်မ ၁၉၆ (ဇယား ၃) အရ ကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးအဖွဲ့၏ ဥပဒေပြုခွင့် အာဏာ (၁၀)ခုထဲမှ တခုဖြစ်တဲ့ မြို့များနှင့်ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စကို လက်တွေ့စတင်ကျင့်သုံးခြင်း ဖြစ်သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger