DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, August 26, 2011

မြန်မာစစ်တပ်၏မှားယွင်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး

မြန်မာစစ်တပ်ဖက်မှစစ်သားများ မှားယွင်းပစ်ခတ်မှုကြောင့်  အပြစ်မဲ့ရွာသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုန်မြို့နယ်၊ လွယ်ဆောင်ကျေးရွာမှ ၂ဝ၁၁ခုနှစ်၊  သြဂုတ်လ၊  ၁၆ရက်နေ့တွင် မန်တုန်အခြေစိုက် ခလရ တပ်ရင်း(၁၃ဝ) ဗိုလ်မှူးကျော်ဇေယျာထွန်း ဦးဆောင်သောအဖွဲ့မှ စစ်သားများသည် စစ်ပွဲမဖြစ်ပွားသည့် မန်တုန်ဒေသတဝိုက်တွင် ကချင်စစ်သားများနှင့် ရှမ်းစစ်သားများ ခိုအောင်းနေသည်ဟုယူဆပြီး လိုက်လံရှာဖွေခဲ့ပါသည်။ ထိုသို့ရှာဖွေစဉ် လွယ်ဆောင်ရှိပလောင်ရွာသို့ ခေတ္တခဏရပ်နားခဲ့ပြီး ရွာသားများကို ပေါ်တာဆွဲခဲ့သည်။ ချောဆွဲခံရမည်ကိုကြောက်ရွံ့ပြီး ပုန်းအောင်းနေသည့် ရွာသားကို ရှမ်း(သို့) ကချင်စစ်သားဟု ထင်မှတ်ပြီး ပစ်ခတ်လိုက်သည်ဟု ရွာသူတစ်ဦးမှ ပြောပြခဲ့ပါသည်။ “မြန်မာစစ်တပ်အဖွဲ့က ကချစ်စစ်သား ဒါမှမဟုတ် ရှမ်းစစ်သားတွေကိုလိုက်လံရှာဖွေရင်းနဲ့ ကျွန်မတို့ရွာကို...
Read more »

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ဈေးဆိုင်များ အခွန်စတင်ကောက်ခံ

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်မြို့နယ်အတွင်း အချို့နေရာများတွင် ဈေးဆိုင်အခွန်များကို ဇွန်လကုန်မှစ၍ ကောက်ခံနေကြောင်းသိရှိရသည်။ "နမ့်ဆန်မြို့နယ်တစ်ခုလုံးတော့ မကောက်သေးဘူး၊ လောလောဆယ် နမ့်ဆန်မြောက်ဘက်ခြမ်းဖြစ်တဲ့ ပန်းစရီရွာ၊ ဇယန်းမြောက်(ပန်းလော)၊ အနောက်ကင်းအုပ်စုတို့ဘက်မှာ ဆိုင်တဆိုင်ကို (၆၀၀၀၀) ကျပ် ကောက်တယ်၊ ဆိုင်ကြီး ဆိုင်ငယ် အတူတူပဲပေးရတယ်" ဟုဆိုင်ရှင်တစ်ဦးမှပြောပြခဲ့သည်။ " အန်တီဆိုင်က ကုန်စုံဆိုင်သေးသေးလေးပဲ၊ တနေ့မှ အမြတ်ငွေ(၁၀၀၀) ကျပ်လောက် မြတ်ချင်မှမြတ်မယ်၊ ဒါပေမယ့် အခွန်က(၆၀၀၀၀) ပေးဆောင်ရမယ်ဆိုတော့ ဆိုင်ပိတ်လိုက်ရတယ်"ဟု ဇယန်းမြောက် လမ်းဘေး ကုန်စုံဆိုင်ပိုင်ရှင် မှပြောပြခဲ့သည်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ညွန်းကြားချက်ဖြင့် ရဲတွေ လာကောက်တယ်လို့သိရသည်။ သို့သော် နမ့်ဆန်မြို့နယ်တစ်ခုလုံးကို ကောက်ခံတာမျိုးမဟုတ်သေးဘဲ...
Read more »

ဂတ်(စ်)ပိုက်လိုင်းတလျှေက်ရှိ လူနေအိမ်များရွေ့ပြောင်းရဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ဇိုင်းခေါင်ကျေးရွာ အုပ်စုတွင်း လူနေအိမ်(၄)အိမ် ရွေ့ပြောင်းရန် ရာထားခံရသည်ဟု သိရသည်။ ဇွန်လ.၁၂.၂၀၁၁.နေ့တွင် ရေနံပိုက်လိုင်းဖောက်လုပ်ရန်အတွက် တရုတ်-မြန်မာ တာဝန်ရှိ သူများမှ နမ္မတူမြို့နယ် ဇိုင်းခေါင်ကျေးရွာအုပ်စုတွင်း လူနေအိမ် (၄) အိမ်အား ရွေ့ပြောင်း ခိုင်းခြင်း ဖြစ်သည်။ လျှော်ကြေးပေးမည်  ဆိုပြီးယခုချိန်ထိ ဘာလျှော်ကြေးမှပေးခြင်းမရှိသောကြောင့် ၂၀၁၁ခုနှစ်၊ဇွန်လ၊၂၉ရက်နေ့တွင် ဇိုင်းခေါင်ကျေးရွာအုပ်စုရှိ ပန်ဝိုးရွာနှင့်မြန်မာရွာ တို့စုပေါင်းပြီး အထက်သို့တိုင်ကြားခဲ့သော်လည်း ယခုချိန်ထိ အထက်မှ တစ်စုံတစ်ရာအကြောင်းပြန်ခြင်း မရှိသေးပါ။ ဇိုင်းခေါင်ကျေးရွာအုပ်စုရှိ  ကျေးရွာလူထုများလည်း  အိမ်ဖြတ်သိမ်းခံရမည်ကို အလွန်စိုးရိန်နေ သည့်အပြင် အခြားကျေးရွာအုပ်စု အတွင်းလည်း ဂတ်(စ်)ပိုက်လိုင်း ဖြတ်မည့်တလျောက်တွင် ထက်မံပြောင်းရွေ့ရမည်ကို...
Read more »

Pages 261234 »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger