Posted by ဆန၀်းနော;မှေဲမ်း on 9:45:00 PM
|
နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တရားမျှတမှုလုံးဝမရှိကြောင်း တအာင်းအမျိုးသားပါတီမှ နေပြည်တော်သို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားမည်ဟု သိရသည်။  ရွေးကောက်ပွဲအပြီးတွင် ကြိုတင်မဲ မသမာမှုများရှိခြင်း၊ မဲရုံကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်စားပြုဆန္ဒမဲပေးခြင်း နှင့် မဲဆန္ဒရှင်များက မြိုနယ်ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ပေးအပ်လိုက်သော ပုဂ္ဂိုလ်များဖြစ်သည့် မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်ခံရခြင်းများရှိသည်ဟု တွေ့ မြင်လိုက်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ပါတီစုံ ရွေးကောက်ပွဲမှ တရားမျှမှုမရှိကြောင်း TNP မှ နေပြည်တော်သို့ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိပါသည်။ မှတ်ချက်= အပြည့်အစုံရရှိရန် ဆက်လက်စုံးစမ်းနေဆဲ
|
0 comments:
Post a Comment