DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, November 29, 2010

မဲရုံမှူးများမှ ကိုယ်စားပြုမဲထည့်ပေး


PDF Print E-mail

ရုမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးများမှ ဒေသခံအသက် ကြီးသူများနှင့် စာမဖတ်တတ်သူများအတွက် ကိုယ်စားပြုမဲထည့်ပေးနေ ကြောင်းသိရသည်။


၎င်းဒေသခံ အသက် (၆၀)ရှိ အဖွားတစ်ယောက်မှ ပြောပြရာတွင် “အဖွားကတော့ စာမဖတ်တတ်သည့်အတွက် ပလောင်ပါတီကို မဲထည့်ပေးပါလို့ မဲရုံအဖွဲ့တွေကို ပြောလိုက်တယ်။ သူတို့က ဘယ်ပါတီမဲ ထည့်တယ်ဆိုတာ စာရွက်မပြတော့ဘူး ဒီတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟု ပြောပြသည်။

ထို့အတူ အခြားအသက်ကြီးဒေသခံများလည်း ထိုနည်းတူ မဲရုံကော်မရှင်များက ကိုယ်စားမဲပေးနေကြ သူအများ အပြားရှိသည်ဟု သူကဆက်ပြောသည်။

ဖာလင်ရွာတွင် ကြံ့ဖွံ့ပါတီ ကျားဖြူပါတီ တစည နှင့် TNP တို့မှ ၀င်ရောက မဲယှဉ်ပြိုင်နေကြောင်းသိရှိရပါသည်။

အခြားကျေးရွာတွင်လည်း အလားတူပင် ကိုယ်စားမဲပေးနိုင်ကြသည် ထို့အပြင် USDPပါတီက ပလောင် ဒေသခံတစ်ဦးအား ကျပ်ငွေ ၅သိန်းပေးပြီး မဲပေါင်း (၁၀၀၀) ၀ယ်ပေးရန်အတွကငွေးပေးထားပြီး ဒေသခံတစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ ပေးပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ပါဟုစည်းရုံးခိုင်းကြောင်းသိရသည်။


0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger