DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, November 29, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိ TNP နေပြည်တော်သို့ တိုင်ကြားမည်

နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တရားမျှတမှုလုံးဝမရှိကြောင်း တအာင်းအမျိုးသားပါတီမှ နေပြည်တော်သို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားမည်ဟု သိရသည်။ ရွေးကောက်ပွဲအပြီးတွင် ကြိုတင်မဲ မသမာမှုများရှိခြင်း၊ မဲရုံကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်စားပြုဆန္ဒမဲပေးခြင်း နှင့် မဲဆန္ဒရှင်များက မြိုနယ်ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ပေးအပ်လိုက်သော ပုဂ္ဂိုလ်များဖြစ်သည့် မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်ခံရခြင်းများရှိသည်ဟု တွေ့ မြင်လိုက်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ပါတီစုံ ရွေးကောက်ပွဲမှ တရားမျှမှုမရှိကြောင်း TNP မှ နေပြည်တော်သို့...
Read more »

မဲလက်မှတ် အရေ (၅၀၀) လျှို့ ဝှက်သိမ်းဆည်းနေ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာနှင့် မိုင်းပူးကျေးရွာတွင် တအာင်း အမျိုးသားပါတီ “TNP” ၊ “USDP”ပါတီ၊ “တစည”ပါတီ နှင့် “ကျားဖြူ” ပါတီတို့ဝင်ရောက်ယှဉ် ပြိုင်ရာမှာ “USDP” ပါတီစည်းရုံးရေး မှူးတစ်ဦး ဖြစ်သော ပန်းဆေး ဦးကျော်မြင့်က မဲလက်မှတ် အရေအတွက် (၅၀၀) လျှို့ဝှတ်သိမ်းဆည်းထား ကြောင်း အမည်မဖေါ်လိုသူတစ်ဦး ထံသိရသည်။ ထို့အပြင် ပန်းဆေး ဦးကျော်မြင့်သည် ရွေးကောက်ပွဲစည်းကမ်းချက်အရ အသက်မပြည့်သေးသောကလေးများကို မဲထည့် ပိုင်ခွင့်မရှိဟုဆိုထား သော်လည်း ၄င်းက ထည့်ခိုင်းသည်၊ ဒ့ါအပြင် မဲဆန္ဒရှင်တစ်ဦးလျှင် မဲတစ်ခါမက သုံးလေးခါ ထည့်ခိုင်းသည်ဟု အဆိုပါ အမည်မဖေါ်လိုသူက...
Read more »

မဲမပေးချင်လည်း နေလို့ မရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာမှ ဒေသခံများသည် ရွေးကောက်ပွဲ စည်းကမ်းအရ မဲပေးချင်သောဆန္ဒမရှိပါက မဲမပေးပဲနေနိုင်ခြင်း အခွင့်အရေး မရှိကြောင်းသိရသည်။ ထို့အပြင် ပြစ်မှုနှင် အကျဉ်းကျခံနေသော အကျဉ်းသားများကိုယ်စား ပါ ကိုယ်စားမဲထည့်ပေးရခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ပုဒ်မ ၇ (ခ) ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ ဟုရေးထားပြီးသော်လည်း ၄င်းဒေသတွင် ပြစ်မှုနှင့် အကျဉ်းကျနေသော အကျဉ်းသားများအတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင်မှာလည်း ကိုယ်စားပြု ကြိုတင်မဲ ထည့်ခိုင်းခြင်းပြုလုပ်ခဲ့သည်။...
Read more »

ခရီးလွန်သူများ ကိုယ်စား မဲပေးနိုင်

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် မဲပေးသူဒေသခံများက မိသားစုကိုယ်စား အိမ်ထောင် ဦးစီးဖြစ်သူတစ်ဦးကသာ မဲသွားပေးနိုင်ကြသည် ဒါ့အပြင် အိမ်ထောင် ဦးစီးက မိသားစုမှခရီးလွန်သူများ အတွက်ပါ မဲပေးရကြောင်းသိရသည်။ မန်အောင်ကျေးရွာရှိ မဲရုံနှစ်ခုသည် ဓမ္မာရုံ နှင့် အထက်တန်းကျောင်းကိုနေရာယူလုပ်ဆောင်ပြီး လုံခြုံရေးလည်းအများအပြားချ ထားကြောင်းသိရသည်။ အဆိုပါ ကိုယ်စားမဲပေးနိုင်ခြင်းနှင့်ပါတ်သက်၍ သွားရောက်မဲပေးသောဒေသခံတစ်ဦးက" သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက မဲရုံကို မနက် ၅ နာရီကတည်းကစဖွင့်တယ် ကျတော်ရောက်တဲ့အချိန်မှာ မဲပေးပြီးသူဦးရေ ၅၀၀ လောက်ရှိပြီး အများအားဖြင့် က...
Read more »

မဲရုံမှူးများမှ ကိုယ်စားပြုမဲထည့်ပေး

ရုမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးများမှ ဒေသခံအသက် ကြီးသူများနှင့် စာမဖတ်တတ်သူများအတွက် ကိုယ်စားပြုမဲထည့်ပေးနေ ကြောင်းသိရသည်။ ၄င်းဒေသခံ အသက် (၆၀)ရှိ အဖွားတစ်ယောက်မှ ပြောပြရာတွင် “အဖွားကတော့ စာမဖတ်တတ်သည့်အတွက် ပလောင်ပါတီကို မဲထည့်ပေးပါလို့ မဲရုံအဖွဲ့တွေကို ပြောလိုက်တယ်။ သူတို့က ဘယ်ပါတီမဲ ထည့်တယ်ဆိုတာ စာရွက်မပြတော့ဘူး ဒီတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟု ပြောပြသည်။ ထို့အတူ အခြားအသက်ကြီးဒေသခံများလည်း ထိုနည်းတူ မဲရုံကော်မရှင်များက ကိုယ်စားမဲပေးနေကြ သူအများ အပြားရှိသည်ဟု သူကဆက်ပြောသည်။ ဖာလင်ရွာတွင် ကြံ့ဖွံ့ပါတီ ကျားဖြူပါတီ တစည နှင့် TNP...
Read more »

Pages 261234 »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger