DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Thursday, April 29, 2010

ကွတ်ခိုင် ခလရ(၄၅) ဗျူဟာမှူး ခြိမ်းခြောက်စာပို့ခံရ

၂၆ ရက် ၄လ ၂၀၁၀ တွင် ကွတ်ခိုင်မြို့နယ် ခလရ(၄၅) ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်း ကိုအမည်မသိလူတစ်ဦးမှ
စစ်တပ်အတွင်းဗုံးလာခွဲမည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်းကို မြို့ခံတစ်ဦးထံ၏ ပြောပြချက်အရ သိရှိရပါသည်။

“အဲ့ဒီလူက ကလေးတစ်ယောက်ကို ခိုင်းလိုက်တာလေ၊ အဲ့ဒီစာအိတ်ကို ဟိုမှာစောင့်နေတဲ့ စစ်သားကို သွားပေးလိုက်
ဆိုပြီးတော့ပေါ့၊ ကလေးကလည်း ဘာမှမသိတော့ အဲ့ဒီမှာစောင့်နေတဲ့ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ တပ်ထိန်းကို
သွားပေးလိုက်တာပေါ့၊ တပ်ထိန်းကလည်း ဗျူဟာမှူးကို လိပ်မူထားတဲ့စာဆိုတော့ ဖွင့်မဖတ်ရဲဘဲနဲ့ တခါတည်းဗျူဟာမှူး
ကိုသွားပေး လိုက်တာပေါ့”

“စာထဲမှာက ခလရ(၄၅) စစ်တပ်အတွင်းကို ဗုံးလာခွဲ မယ်လို့ကိုရေးထားတာ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်းလည်း
တစ်ခါမှအဲ့ဒီလို ခြိမ်းခြောက်စာပို့ခံရတာမျိုးမရှိတော့ အတော့်ကို လန့်သွားတယ်ပြောတယ်ပြီးတော့ အဲ့ဒီစာလာပို့ပေးတဲ့
တပ်ထိန်းကိုလည်း တစ်ခါတည်း အချုပ်ထဲ ထဲ့ထားလိုက် တော့တာပါဘဲ” ဟုပြောပြသည်။

ထိုစာအား မည်သူမည်ဝါ ပေးပို့သည်ကို မသိရဘဲ စစ်တပ်အတွင်း အသံအမျိုးမျိုးကြားနေရ သည်။ တချို့က စစ်တပ်
အချင်းချင်းဖန်တီးသည့် လုပ်ကြံခြိမ်းခြောက်မှုဟုထင်၍ တချို့မှာလည်း ကချင်နှင့် ရှမ်း လက်နက်ကိုင် ငြိမ်းအဖွဲ့တို့၏
လက်ချက်ဟုထင်နေကြသည်။

သင်္ကြန်အတွင်း ရန်ကုန်မြို့နှင့် မူဆယ်တွင် ဆက်တိုက်ဆိုသလို ဗုံးကွဲပြီးနောက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့အထွက်
ခလရ(၂၄၁)အနီး အေးရှားဝေါလ်ဂိတ်တွင် သာသနာရေးဝန်ကြီးဌာန၊ မြေစာရင်းဌာန၊ အားကစားမှူးမှအစ ဌာနအလိုက်
ပါဝင်ပြီး စီမံချက်ဖြင့် ရဟန်းရှင်လူခရီးသွားများအား တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်ကြားမှ ယခုကဲ့သို့ခြိမ်းခြောက်
စာပေးပို့ခံခဲ့ ရခြင်းဖြစ်သည်။

သတင်းနှင့် ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး

ဆက်သွယ်ရန်။ ။ ၀၈၀ ၁၁၈ ၄၄၇၉
၀၈၂ ၈၈၇ ၈၄၄၃

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger