DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Thursday, April 29, 2010

ယခင်ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း လက်ရှိဆေးရုံး ဖျက်ဆီး

၁၀-မတ်-၂၀၁၀
နမ့်ဆန်မြို့နယ်တွင်းရှိ ယခင်က ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း ဆေးရုံးအဖြစ်တည်ဆောက်ထားသည့်
လက်ရှိပြည့်သူဆေးရုံးကြီးသည် ယိုယွင်းခြင်းမရှိဘဲ အထက်ကအမိန့် ဖြင် ဖေဖေါ်ဝါရီလအတွင်းတွင် ဖျက်ဆီးထား
ကြောင်းသိရသည်။

အထက်ပါအကြောင်းနှင့်ပတ်သက်၍ မည့်သည့်ဌာနမှ ဦးဆောင်လာရောက်သိမ်းယူ ဖျက်ဆီးသည်ကို ရှင်းရှင်းလင်းလင်း
မရှိဘဲ သွပ်မိုးပင်မက အခြားသောအဆောက်အဦး ပစ္စည်းများကိုလည်း ဖျက်ဆီးသိမ်းဆည်းထားသည်၊ ထိုယိုယွင်းမူမရှိ
ဆေးရုံးကို ဖျက်ဆီးထားသည်မှာ အသစ်တည်ဆောက်မွမ်းမံရန် အစီစဉ်ရှိသည်ဟုဆိုထားသောလည်း အခုချိန်ထိ
အချိန်ဆွဲ ကြန့် ကြာနေခြင်းဖြစ်သည်၊

ဤဆေးရုံးကြီးဖျက်ဆီးခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်ကို အများကပြည်သူဆီက မရှင်းပြဘဲ
ဆောင်ရွက်သွားသည်၊ တွေ့ရှိသူများလည်း ထိုသို့ ပြည်သူ့ ဆေးရုံးကြီးဖြစ်သောကြောင့်စိတ်မကျေမနပ်ဖြစ်သည်
ဟုလည်းသိရသည်၊

ထိုဆေးရုံးကြီးသည် ယခင်ကပလောင်စော်ဘွား ဟော်နန်းဖြစ်ပြီး နှစ်အကြာမှာ ဆေးရုံးအဖြစ်ဆောက်လုပ်ရာတွင်
ပလောင်အမျိုးသားများက စိတ်မကျေမနပ်ဖြစ်ခဲ့ပြီး အလာတူအခုလက်ရှိဆေးရုံးကိုလည်း အကြောင်းပြချက်မရှိ
ဖျက်ဆီးခြင်းလည်း ပလောင်လူမျိုးများ သမိုင်းကြောင်းကို ဖျက်ဆီးရာဖျက်ဆီးကြောင်းသိသာထင်ရှားသည်၊

ယခုလို ယိုယွင်းခြင်းမရှိဆေးရုံးကြီးကို အသစ်မွမ်မံရန်ဟုအကြောင်းပြချက်ပေးပြီး ၂၀၁၀ အတွက်လိုမဲ့အဆောက်အဦး
များပြုပြင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ယုံကြည်ထားသည်ကိုလည်းသိရသည်၊

သတင်းပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger