DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Thursday, April 29, 2010

ကွတ်ခိုင် ခလရ(၄၅) ဗျူဟာမှူး ခြိမ်းခြောက်စာပို့ခံရ

၂၆ ရက် ၄လ ၂၀၁၀ တွင် ကွတ်ခိုင်မြို့နယ် ခလရ(၄၅) ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်း ကိုအမည်မသိလူတစ်ဦးမှစစ်တပ်အတွင်းဗုံးလာခွဲမည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်းကို မြို့ခံတစ်ဦးထံ၏ ပြောပြချက်အရ သိရှိရပါသည်။“အဲ့ဒီလူက ကလေးတစ်ယောက်ကို ခိုင်းလိုက်တာလေ၊ အဲ့ဒီစာအိတ်ကို ဟိုမှာစောင့်နေတဲ့ စစ်သားကို သွားပေးလိုက်ဆိုပြီးတော့ပေါ့၊ ကလေးကလည်း ဘာမှမသိတော့ အဲ့ဒီမှာစောင့်နေတဲ့ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ တပ်ထိန်းကိုသွားပေးလိုက်တာပေါ့၊ တပ်ထိန်းကလည်း ဗျူဟာမှူးကို လိပ်မူထားတဲ့စာဆိုတော့ ဖွင့်မဖတ်ရဲဘဲနဲ့ တခါတည်းဗျူဟာမှူးကိုသွားပေး လိုက်တာပေါ့”“စာထဲမှာက ခလရ(၄၅) စစ်တပ်အတွင်းကို ဗုံးလာခွဲ မယ်လို့ကိုရေးထားတာ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်းလည်းတစ်ခါမှအဲ့ဒီလို ခြိမ်းခြောက်စာပို့ခံရတာမျိုးမရှိတော့ အတော့်ကို လန့်သွားတယ်ပြောတယ်ပြီးတော့ အဲ့ဒီစာလာပို့ပေးတဲ့တပ်ထိန်းကိုလည်း တစ်ခါတည်း အချုပ်ထဲ ထဲ့ထားလိုက် တော့တာပါဘဲ” ဟုပြောပြသည်။ထိုစာအား...
Read more »

အကြောင်းပြချက်မရှိ ကျေးရွာလူအ၀င်အထွက်စာရင်း ကောက်ခံခိုင်း

နမ့်ဆန်မြို့ အတွင်း ငွန်ဆိုင်ကျေးရွာအခြေစိုက် ပြည်သူစစ်ခေါင်းဆောင် ထွန်မြတ်လေး ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများသည် နမ့်ဆန်မြို့ အရှေ့ ပိုင်း ပလောင်ကျေးရွာများဖြစ်သည့် နမ့်လင်း၊ အောက်မန်လွယ်၊အထက်မန်လွယ်၊ ခေးခင်၊လုံတောက်စသည့် ကျေးရွာဥက္ကဌများကို ဇန်န၀ါရီလ အတွင်းတွင် လူအ၀င်အထွက်စာရင်းကောက်ခံခိုင်းကြောင်းသိရရသည်။ဒီလိုလူအ၀င်အထွက်စာရင်း ကောက်ခံသည်မှာ ဘာအတွက်ကြောင့်ကောက်ခံရမည်ကို မေးခွင့်မရသောကြောင့်ဒေသခံများသည် တိတိကျကျမသိရပေ၊ ထိုလူအ၀င်အတွက်စာရင်းပြုစုကောက်ခံရာတွင်လည်း လူအမည်၊ အသက်၊ကျား၊ မ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် စသည့်အချက်များပြည့်စုံရမည်ဟုလည်း အမိန့်ပေးသွားခြင်းဖြစ်သည်၊“သူတို့ ကိုယ်တိုင်တော့မကောက်ဘူးပေါ့ ကွာ ထွန်မြတ်လေး ကသူရဲ့တပည့်တွေကို ဦးဆောင်ပြိးတော့ ကျတော်တို့ ရဲ့ ရွာဥက္ကဌကို ကောက်ခိုင်းလိုက်တာပါ၊ တော်တော်တော့ ခက်ပါတယ်ဗျာ တကယ်လို့  ကျတော်တို့ စာရင်းတိတိကျကျမကောက်နိုင်ရင် သူတို့ ကရွာဥက္ကဌကော...
Read more »

ဘုန်းတော်ကြီးကျောင်းမီးလောင်

၁၀-မတ်-၂၀၁၀နမ့်ဆန်မြို့နယ်အတွင်းရှိ အားရမ်းကျေးရွာတွင်ရှိသော ဘုန်းတော်ကြီးကျောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီ လောက်တွင်မီးလောင်သွားကြောင်းစုံးစမ်းသိရှိ ရသည်။ဤဘုန်းတော်ကြီးကျောင်းမီးလောင်ရခြင်းနှင့်ပတ်သက်၍ အားရမ်းရွာသားတစ်ဦးက “ဟုတ်တယ် လူတွေတော်တော်များများက လက်ဖက်ခြံသွားကြတယ်လေ ကျတော်တို့ လည်းသွားတယ။် ညနေ လက်ဖက်ခြံကနေပြန်လာပြီးရွာအ၀င်မှာရောက်တော့ ဘုန်းကြီးကျောင်းမီးလောင်နေတာကို မြင်ရတယ် ကျတော်တို့ ရွာကလူတွေ ၀ိုင်းငြိမ်းတယ်ဒါပေမဲ့ မနိုင်ဘူး၊ အစက ကပ်ဆက်ရှော့ဖြစ်တာကို ဓါတ်ဆီ ပုလင်းနဲ့ တိုက်မိပြီး စလောင်တော့တာပါပဲ၊ နောက်အခြားသိုလှောင်ထားတဲ့ လောင်စာဆီနေရာမှာကူးသွားတော့ မီးကမငြိမ်းနိုင်လောက်အောင်တောက်ပြီး တစ်ကျောင်းလုံးလောင်ကျွမ်းသွားတယ်” ဟု ပြောပြသည်၊နမ်ဆန့် မြို့နယ်အတွင်းရှိ ကျေးရွာများသည်လည်း အားရမ်းရွာကဘုန်းတော်ကြီးကျောင်းမီးလောင်ခြင်းနှင့် ပတ်သက်ပြီးအလုငွေများ တစ်ရွာတွင်...
Read more »

ယခင်ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း လက်ရှိဆေးရုံး ဖျက်ဆီး

၁၀-မတ်-၂၀၁၀နမ့်ဆန်မြို့နယ်တွင်းရှိ ယခင်က ပလောင်တောင်ပိုင်းစော်ဘွား ဟော်နန်း ဆေးရုံးအဖြစ်တည်ဆောက်ထားသည့်လက်ရှိပြည့်သူဆေးရုံးကြီးသည် ယိုယွင်းခြင်းမရှိဘဲ အထက်ကအမိန့် ဖြင် ဖေဖေါ်ဝါရီလအတွင်းတွင် ဖျက်ဆီးထားကြောင်းသိရသည်။အထက်ပါအကြောင်းနှင့်ပတ်သက်၍ မည့်သည့်ဌာနမှ ဦးဆောင်လာရောက်သိမ်းယူ ဖျက်ဆီးသည်ကို ရှင်းရှင်းလင်းလင်းမရှိဘဲ သွပ်မိုးပင်မက အခြားသောအဆောက်အဦး ပစ္စည်းများကိုလည်း ဖျက်ဆီးသိမ်းဆည်းထားသည်၊ ထိုယိုယွင်းမူမရှိဆေးရုံးကို ဖျက်ဆီးထားသည်မှာ အသစ်တည်ဆောက်မွမ်းမံရန် အစီစဉ်ရှိသည်ဟုဆိုထားသောလည်း အခုချိန်ထိအချိန်ဆွဲ ကြန့် ကြာနေခြင်းဖြစ်သည်၊ဤဆေးရုံးကြီးဖျက်ဆီးခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်ကို အများကပြည်သူဆီက မရှင်းပြဘဲဆောင်ရွက်သွားသည်၊ တွေ့ရှိသူများလည်း ထိုသို့ ပြည်သူ့ ဆေးရုံးကြီးဖြစ်သောကြောင့်စိတ်မကျေမနပ်ဖြစ်သည်ဟုလည်းသိရသည်၊ထိုဆေးရုံးကြီးသည် ယခင်ကပလောင်စော်ဘွား ဟော်နန်းဖြစ်ပြီး နှစ်အကြာမှာ ဆေးရုံးအဖြစ်ဆောက်လုပ်ရာတွင်ပလောင်အမျိုးသားများက...
Read more »

Wednesday, April 21, 2010

စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေးစနစ်အပေါ်ထုတ်ပြန်ကြေညာချက်

Posted By admin on April 20, 2010တအာင်းလူငယ်များ၏ ယနေ့ထုတ်ပြန်သည့် အလင်းမဲ့ဘဝ ပညာရေးအစီရင်ခံစာသည် စစ်အုပ်စု၏ထိန်းချူပ်မှုအောက်ဆိုးဝါးနိမ့်ကျ နေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလူမျိုးတို့ပညာရေးစနစ်အကြောင်းကို အများပြည်သူသိရှိစေရန် ထုတ်ဖော်ထားပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံ စသည့် မြို့နယ်သုံးမြို့နယ်မှရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၁၇၅ ဦးတို့ကို တွေ့ဆုံ မေးမြန်းမှူအပေါ် အခြေခံပြီး အချက်အလက်များကောက်ယူခဲ့ပါသည်။တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ ယခုအစီရင်ခံစာသည် စစ်အုပ်စု၏တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာအခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်းပြည်သူလူထုတို့၏ဘဝ အနာဂတ်မဲ့နေကြရသည်ကို အချက်အလက်စုစည်းတင်ပြထားပါသည်။ တအာင်းဒေသတွင် စာသင်ကျောင်းအနည်းငယ်သာရှိပြီး ကျောင်းသုံးပစ္စည်းလည်းမပြည့်စုံပါ။ နအဖ စစ်အုပ်စုသည် အရည်အချင်း ပြည့်ဝသော ဆရာများထားရှိခြင်း၊ ဆရာများကိုလေ့ကျင့်သင်ကြားပေးခြင်း၊...
Read more »

Pages 261234 »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger