DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Wednesday, March 24, 2010

ထွေ/အုပ် စာရေး ပလောင်ကျေးရွာများတွင် မူယစ်ရမ်းကား ဆပ်ကြေးတောင်း

၉ ရက် မတ်လ ၂၀၁၀တွင် တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ် အထွေထွေအုပ်ချူပ်ရေးဌာနမှ အုပ်စုစာရေး
ဦးစိုင်းမြင့်အောင်နှင့် အဖွဲ့ (၃)ယောက်နှင့် မြေစာရင်းဌာနမှ (၂) ယောက်တို့သည် မန်တုံမြို့နယ် အတွင်းရှိမြို့နှင့်ဝေး
သည့် ကျေးရွာများတွင် ဘိန်းအားအကြောင်းပြ၍ ဆပ်ကြေးကောက်ခြင်း၊ မူးယစ်သောင်းကျန်းခြင်း၊ ပလောင်အမျိုးသမီး
ငယ်များအား နှောက်ယှက်များပြူလုပ်ပြီး မကျေမနပ်ဖြစ်နေသော ဒေသခံလူငယ် များအားလည်း ၎င်းတို့အား အတင်း
အဓမ္မ ပြန်တောင်းပန်ခိုင်းခြင်းများ ပြုလုပ်ခံ့ကြသည်ဟု မန်တုံမြို့နယ်အတွင်းရှိ ရွာသားတစ်ဦးထံမှ သိရသည်။

“သူတို့က ဘိန်းစိုက်တဲ့ မြေခွန် ဆိုပြီးတော့ မန်တုံမြို့နယ် လွယ်ကြူကျေးရွာအုပ်စုမှာရှိတဲ့ တောနေ ရွာသူကြီးကို
ကျပ်ငွေ တစ်သိန်းငါးသောင်း (၁၅၀၀၀၀ကျပ်) တောင်းသွားတယ်၊ ပြီးတော့ သူတို့က အဲ့ဒီရွာမှာ (၃)ရက် အိပ်တယ်
သူတို့တွေ အရက်သောက် မူးပြီးတော့ အဲ့ဒီရွာက လူငယ်တွေကိုရန်ရှာတယ် ရွာခံလူငယ်တွေပြန်ပြောတော့ သူတို့က
မကျေမနပ်ဖြစ်ပြီး သူတို့ကို အတင်းပြန်တောင်းပန်ခိုင်းတယ်၊ သူတို့က အစိုးရ၀န်ထမ်းတွေဆိုတော့ လူငယ်တွေက
ကြောက်ပြီး တောင်းပန်ရတယ် အဲ့ဒီ အုပ်စုစာရေး ဦးစိုင်းမြင့်အောင်ကိုယ်တိုင်” မင်းတို့ကျေနပ်လား၊ မကျေနပ်လည်း
ဒီကိစ္စ ဒီမှာဘဲ ပြီးပါစေ “ဆိုပြီးတော့ ပြောဆိုခြိမ်းခြောက်သေးတယ်”

ရွာသားတစ်ဦးမှ “သူတို့လာတဲ့အချိန်က မင်္ဂလာဆောင်ပွဲနဲ့တိုးတော့ အဲ့ဒီမှာလည်း ဦးစိုင်းမြင့်အောင် ကိုယ်တိုင်ဘဲ
အရက်မူးမူးနဲ့ မင်္ဂလာဆောင်လာတဲ့ လူငယ်တွေ၊ အမျိုးသမီးငယ်တွေနဲ့၊ အဘိုးကြီး၊ အဘွားကြီး၊ အဘွားကြီးတွေပါ
မကျန်တွေ့တဲ့ သူတွေကို သင်္ကြန်မဟုတ်ဘဲနဲ့ ရေတွေလောင်းတယ် မင်္ဂလာပွဲလုက်နေလို့ မလောင်းနဲ့လို့ တောင်းပန်း
လည်း မရဘူး၊ ပြန်ပြောတော့လည်း ရန်ရှာပြီးပြန် တောင်းပန်ခိုင်းတယ်၊ ပြီးတော့ ရွာက အပျိုမလေးတွေကိုလည်း သူတို့
ရဲ့ ခွင့်ပြုချက်မတောင်းဘဲနဲ့ ဆန္ဒမပါဘဲနဲ့ အတင်းဓာတ်ပုံတွေ လိုက်ရိုက်ပြီးတော့ အနှောက်အယှက်တွေပေးတယ်”
ဟုပြောပြသည်။

“သူတို့အလုပ်တာဝန်နဲ့ ကောင်းကောင်းမွန်မွန်နေရင် ကျွန်တော်တို့က သူတို့ကိုကျွေးမွေးရတာ ကိစ္စမရိုပါဘူး၊
အခုတော့ဗျာ ကျွေးလည်းကျွေးရသေးတယ်၊ ကိုယ့်တိုင်လည်း ရန်ရှာသွားသေးတယ်ဆိုတော့ ကြာလာသော့ ဘယ်သည်း
ခံနိုင်တော့မလဲ၊ ပေးလိုက်ရတဲ့ ဆပ်ကြေးတွေကလည်း အများကြီး ဘာလုပ်စားလို့လုပ်စားရမှန်တောင် မသိတော့ဘူး၊
မန်တုံမြို့နယ်က ဌာနဆိုင်ရာ တွေဆိုလည်း တဖွဲ့ပြီးတဖွဲ့ ဘာကြေးညာကြေးဆိုပြီး လာလာတောင်းတယ် အမျိုးမျိုးဘဲ
ဒါတောင် မန်တုံမှာ ဗိုလ်ချူပ်သိန်းစိန် ပြောသလိုမျိုး ရွေးကောက်ပွဲ တောင်မလုပ်ရသေးဘူး သူတို့က ကျနော်တို့ကို
အမျိုးမျိုး နှောက်ယှတ်နှိပ်စက်နေတယ် ပြီးရင် ဘယ်လိုလာမလဲ မသိဘူး ဒီထက်ပိုဆိုးမယ်ထင်တာဘဲ”ဟု အဆိုပါဒေသခံမှ ပြောပြသည်။

အဆိုပါ ဦးစိုင်းမြင့်အောင်သည် မန်တုံမြို့နယ်နှင့် ဝေးလံသော ကျေးရွာများတွင် (အထူးသဖြင့် လွယ်ကြူကျေးရွာအုပ်စု
ဖြစ်သော တောနေ၊ လွယ်မွန်း၊ လွယ်ခွါန်၊ မန်စော၊ ပန်ကော်၊ မန်အီ) ငွေကြေးခဏခဏ ကောက်ခံခြင်း၊ ယခင်နှစ်များ
တွင်လည်း မန်တုံမြိုနယ်မှ ဆန်စက်တစ်လုံးလျှင် ကျပ် တစ်သောင်း (၁၀၀၀၀) သာကောက်ရန် ချမှတ်ထားသော်လည်း
ကျပ် သုံးသောင်း (၃၀၀၀၀) ထိကောက်ခံခြင်းများ ပြုလုပ်ခဲ့ဖူးပြီး ယခုလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

သတင်းနှင့် ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger