မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်တုံမြို့ နယ်တွင် ဗိုလ်မှူးကြီးတင်မောင်ဝင်းကိုယ်တိုင်ဦးဆောင် သည့် ခလရ တပ်ရင်း(၁၃၀)၏ တပ်သားများသည် မန်တုံမြို့ နယ်နှင့် နမ့်ဆန်မြို့ နယ် ကျေးရွာအတွင်း ရှိလူငယ်များကိုစစ်တပ်ထဲသို့ ဝင်ရောက်ရန်အတွက်(၁၉)ရက်နေ့စက်တင်ဘာမှစတင်ပြီးယခုနိုဝင်ဘာ ၂၀၀၈ ခုနှစ်အထိ အတင်းအဓမ္မတစ်အိမ် တက်တစ်အိမ်ဆင်းကာလိုက်လံစည်း ရုံးနေကြောင်းသိရှိရ ပါသည်၊ ထိုသို့ လိုက်လံစည်းရုံး ကောက်ခံသောနေရာများမှာ မန်တုံမြို့ နယ်နှင့် နမ့်ဆန်မြို့ နယ်အတွင်းရှိသော ဟိုးမိန်း၊ မန်းမိုင်း၊ မန်းကွိန်း၊ ဟိုးခင်း၊ မန်းစပ်၊ ထန်းမဆိုင်၊ ပန်လုံရွာစသည့်ကျေးရွာများတွင် တစ်အိမ် တစ်ယောက် မ၀င်မနေရအမိန့် ထိုတ်ပြီးဆက်လက်ကောက်ခံနေကြပါသည်။ ရွာသားတစ်ဦး၏ပြောပြချက်အရ “ဗိုလ်မှူးကြီးတင်မောင်ဝင်းကိုယ်ကိုင်ပြောခဲ့ပါတယ်ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင်း ပလောင်ဒေသတွင်ကိုယ်ကိုင်အုပ်ချူပ်ရေးရမှာဖြစ်ပါတယ်၊...