အဝေးကြီးကိုလည်းထွက်မပြေးရဲဘူး။ ။ အနီးနားမှာလည်းငါ…မဖြစ်နိုင်ဘူး။ ။ တိတ်တဆိတ်လေးချစ်ခဲ့တယ်။ ။ တိတ်တဆိတ်လေးပဲမင်းဆံနွယ်တွေ အနားငါ မူးမိုက်နေခဲ့တယ်။ ။ မင်းပတ်ဝန်းကျင်မင်းကောင်းကင်မှာလင်းနေသမျှလှနေသမျှကြယ်တစ်ပွင့်သာ မင်းဆိုရင်အခန်းဆီးနောက်ကွယ်ကအမြဲခိုးကြည့်မိသူက ငါပါ။ ။ တိတ်တဆိတ်ပဲ ငါချစ်ခဲ့တယ်တိတ်တဆိတ်ပဲ ငါလွမ်းနေတယ်တိတ်တဆိတ်လေးပဲ ကြည်နူးမိတယ်တိတ်တဆိတ်လေးပဲ မင်းအနားက ငါထွက်ခွါခဲ့တယ်တိတ်တဆိတ်ပဲ နာကျင်မှုလေးတစ်ချို့ ငါရခဲ့တယ်။ ။ ကြယ်ရောင်ပျောက်တဲ့ညမှာငါ့အချစ်တွေ အလွမ်းတွေနဲ့ကြည်နူးခြင်းတွေကိုတိတ်တဆိတ်လေး အာခေါင်ခြစ်အော်ညည်းပေမယ့်မျက်ရည်တစ်စက်က ငါ့ပါးပြင်ပေါ်လာကျတယ်။ ။ မင်းမရှိတဲ့ အခါမှ ရင်ဖွင့်ပြရဲတဲ့ သတ္တိက ငါ့နာကျင်မှုလေး ပါပဲကွာ။...